ဆာလံ ၁၄၀:၁-၁၃

  • ခွန်အားကြီးတဲ့ ကယ်တင်ရှင် ယေဟောဝါ

    • လူယုတ်မာတွေဟာ မြွေနဲ့တူ ()

    • အကြမ်းဖက်သူတွေ ကျရှုံး (၁၁)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၄၀  အို ယေဟောဝါ၊ လူယုတ်မာတွေလက်ကနေ ကျွန်တော့်ကို ကယ်တင်ပါ။ အကြမ်းဖက်သူတွေလက်ကနေ ကာကွယ်ပေးပါ။+ ၂  သူတို့ ယုတ်မာတာတွေ ကြံစည်နေတယ်။+ ရန်ပွဲတွေဖြစ်အောင် တစ်နေ့လုံး ဆွပေးနေတယ်။ ၃  သူတို့က လျှာကို မြွေရဲ့ လျှာလိုဖြစ်အောင် သွေးထားတယ်။+ သူတို့ပါးစပ်ထဲမှာ မြွေပွေးအဆိပ် ရှိတယ်။+ (စဲလာ)  ၄  ယေဟောဝါဘုရား၊ လူဆိုးတွေလက်ကနေ ကာကွယ်ပေးပါ။+ ခလုတ်တိုက်လဲအောင် ကြံစည်နေသူတွေ၊အကြမ်းဖက်သူတွေ လက်ကနေ ကာကွယ်စောင့်ရှောက်ပေးပါ။ ၅  စိတ်နေမြင့်သူတွေ ကျွန်တော့်အတွက် ထောင်ချောက်ဆင်ထားတယ်။ လမ်းဘေးမှာ ကြိုးတွေနဲ့ ပိုက်ထောင်ထားတယ်။+ ကျော့ကွင်းတွေ ဆင်ထားတယ်။+ (စဲလာ) ၆  “အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ အသနားခံနေတာကို နားထောင်ပေးပါ” လို့ ယေဟောဝါကို ကျွန်တော်ပြောတယ်။+ ၇  အချုပ်အခြာအာဏာပိုင်ရှင်ယေဟောဝါ၊ ခွန်အားကြီးတဲ့ ကယ်တင်ရှင်၊ကိုယ်တော်က တိုက်ပွဲဝင်တဲ့နေ့မှာ ကျွန်တော့်ခေါင်းကို ကာကွယ်ပေးတယ်။+ ၈  အို ယေဟောဝါ၊ လူဆိုးတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးပါနဲ့။ သူတို့ အကောက်ကြံတာတွေ မအောင်မြင်ပါစေနဲ့။ ဒါမှ သူတို့ ဘဝင်မမြင့်နိုင်ကြမှာ။+ (စဲလာ) ၉  ကျွန်တော့်ကို ဝိုင်းထားသူတွေ ပြောနေတဲ့ မလိုတမာ စကားတွေသူတို့ခေါင်းပေါ်ပဲ ပြန်ရောက်ပါစေ။+ ၁၀  သူတို့အပေါ် မီးကျီးခဲတွေ ရွာကျပါစေ။+ မီးထဲ၊ တွင်းနက်ထဲ+ ပစ်ချခံရပါစေ။ ဘယ်တော့မှ ပြန်မထနိုင်ပါစေနဲ့။ ၁၁  အသရေဖျက်သူဟာ ကမ္ဘာပေါ်မှာ နေစရာ ရှာမတွေ့ပါစေနဲ့။+ ယုတ်မာမှုက အကြမ်းဖက်သူတွေကို လိုက်ဖမ်းပြီး ဒဏ်ခတ်ပါစေ။ ၁၂  ယေဟောဝါက နိမ့်ကျသူတွေဘက်ကနေ ခုခံကာကွယ်ပေးမယ်၊နွမ်းပါးသူတွေကို တရားသဖြင့် စီရင်ပေးမယ်ဆိုတာ ကျွန်တော်သိပါတယ်။+ ၁၃  ဖြောင့်မတ်သူတွေ နာမတော်ကို တကယ် ကျေးဇူးတင်ချီးမွမ်းကြလိမ့်မယ်။ စိတ်ရိုးဖြောင့်သူတွေ ရှေ့တော်မှာ နေထိုင်ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ