ဆာလံ ၁၃၉:၁-၂၄
ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၃၉ အို ယေဟောဝါ၊ ကိုယ်တော်က ကျွန်တော့်ကို အသေအချာ စစ်ဆေးတယ်။ ကျွန်တော့်ကို သိတယ်။+
၂ ကျွန်တော်ထိုင်တာ၊ ထတာတွေကို သိတယ်။+
ကျွန်တော် ဘာတွေတွေးနေမှန်း အဝေးကနေ သိမြင်တယ်။+
၃ ကျွန်တော်ခရီးသွားတာ၊ လဲလျောင်းတာကို ဂရုတစိုက်ကြည့်တယ်။
ကျွန်တော့်ရဲ့ လမ်းစဉ်အားလုံးကို အကျွမ်းတဝင်ရှိတယ်။+
၄ ယေဟောဝါဘုရား၊ ကျွန်တော် စကားတစ်ခွန်းမှ မဟခင်ကိုယ်တော် သိနှင့်နေတယ်။+
၅ ကိုယ်တော်က ကျွန်တော့်ကို အရှေ့အနောက် ဝိုင်းရံထားတယ်။
ကျွန်တော့်အပေါ် လက်တင်ထားတယ်။
၆ အဲဒီလောက်ထိ သိနိုင်စွမ်းရှိတာကို ကျွန်တော့်ဉာဏ်နဲ့ မမီနိုင်ဘူး။
လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားလွန်းပါတယ်။+
၇ စွမ်းအားတော်နဲ့လွတ်အောင် ဘယ်မှာပုန်းနိုင်မလဲ။
ကိုယ်တော် မမြင်အောင် ဘယ်ကိုပြေးနိုင်မလဲ။+
၈ ကောင်းကင်ပေါ်တက်လည်း အဲဒီမှာ ကိုယ်တော်ရှိနေတယ်။
သင်္ချိုင်းမှာ အိပ်ရာခင်းမယ်ဆိုရင်လည်း အဲဒီမှာ ကိုယ်တော်ရှိနေတယ်။+
၉ ပင်လယ်အစွန်အဖျားမှာ သွားနေဖို့
အရုဏ်ဦးရဲ့တောင်ပံတွေ တပ်ပြီး ပျံသန်းမယ်ဆိုတော့၊
၁၀ အဲဒီမှာလည်း လက်တော်က ကျွန်တော့်ကို ဦးဆောင်လမ်းပြမှာပဲ။
ညာလက်တော်က ကျွန်တော့်ကို ဆုပ်ကိုင်ထားမှာပဲ။+
၁၁ “အမှောင်ထုက ငါ့ကိုဝှက်ထားမှာပါ” လို့ပြောရင်ကျွန်တော့်ပတ်လည်က ညအမှောင်ဟာ အလင်းဖြစ်လာမှာပဲ။
၁၂ အမှောင်ထုကြီးဟာ ကိုယ်တော့်အတွက် မမှောင်ပါဘူး။
ညဟာ နေ့အချိန်လို လင်းထိန်နေတယ်။+
အမှောင်ကလည်း ကိုယ်တော့်အတွက်တော့ အလင်းလိုပဲ။+
၁၃ ကိုယ်တော်က ကျွန်တော့်ကျောက်ကပ်တွေကို ဖန်ဆင်းခဲ့တယ်။
ကျွန်တော့်ကို မိခင်ရဲ့ဝမ်းထဲမှာ ကာရံထားပေးတယ်။*+
၁၄ ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်။+
ကိုယ်တော့် လုပ်ဆောင်မှုတွေဟာ အံ့သြစရာပဲဆိုတာ+ကျွန်တော် ကောင်းကောင်းသိတယ်။
၁၅ ကျွန်တော့်ကို လျှို့ဝှက်နေရာမှာ ဖန်ဆင်းပြီး+မိခင်ရဲ့ဝမ်းထဲမှာ ပုံသွင်းတဲ့အခါကျွန်တော့်အရိုးတွေကို ကိုယ်တော်မြင်ပါတယ်။
၁၆ ကျွန်တော် သန္ဓေသားလောင်းအရွယ်မှာတောင် ကိုယ်တော်မြင်တယ်။
အင်္ဂါအစိတ်အပိုင်းလေးတွေ တစ်ခုမှ မရှိခင်ကတည်းကဘယ်အပိုင်းလေးက ဘယ်နေ့မှာ ပုံပေါ်လာမယ်ဆိုတာကိုကိုယ်တော့်စာစောင်ထဲမှာ တစ်ခုမကျန် ရေးမှတ်ထားတယ်။
၁၇ အို ဘုရားသခင်၊ ကိုယ်တော့်အကြံအစည်တွေဟာ တန်ဖိုးရှိလိုက်တာ။+
အဲဒီအကြံအစည်တွေဟာ အတိုင်းမသိ များပြားလိုက်တာ။+
၁၈ ရေတွက်မယ်ဆိုရင် သဲပွင့်တွေထက် များပါတယ်။+
နိုးထလာချိန်အထိ ကျွန်တော် ရေတွက်နေရဆဲပါပဲ။*+
၁၉ အို ဘုရားသခင်၊ လူဆိုးတွေကို ကိုယ်တော် အဆုံးစီရင်လိုက်ရင် သိပ်ကောင်းမှာပဲ။+
ဒါဆိုရင် အကြမ်းဖက်သူတွေ ကျွန်တော့်ဆီကနေ ထွက်သွားပါလိမ့်မယ်။
၂၀ သူတို့က ကိုယ်တော့်မကောင်းကြောင်းကို မလိုတမာစိတ်နဲ့ ပြောနေကြတယ်။
နာမတော်ကို တလွဲသုံးနေတဲ့ ရန်သူတွေပါ။+
၂၁ ယေဟောဝါ၊ ကိုယ်တော့်ကို မုန်းတဲ့သူတွေကို ကျွန်တော် သိပ်မုန်းတယ်။+
ကိုယ်တော့်ကို ပုန်ကန်တဲ့သူတွေကို သိပ်ရွံတယ်။+
၂၂ သူတို့ကို အမုန်းကြီးမုန်းပါတယ်။+
ကျွန်တော့်အတွက်တော့ တကယ့်ရန်သူတွေပါ။
၂၃ အို ဘုရားသခင်၊ ကျွန်တော့်ကို အသေအချာ စစ်ဆေးလှည့်ပါ။ ကျွန်တော့်စိတ်ကို သိမြင်လှည့်ပါ။+
အသေအချာ ဆန်းစစ်ပြီး ပူပန်သောကတွေကို သိမြင်လှည့်ပါ။+
၂၄ ကျွန်တော့်စိတ်ဟာ အန္တရာယ်လမ်းကို ဦးတည်နေသလားဆိုတာ ကြည့်ရှုပေးပါ။+
ကျွန်တော့်ကို ထာဝရလမ်းထဲ ပို့ဆောင်ပေးပါ။+