ဆာလံ ၁၁၀:၁-၇

  • မေလခိဇေဒက်လို ဘုရင်နဲ့ ပုရောဟိတ်

    • ‘ရန်သူတွေအလယ်မှာ အုပ်စိုး’ ()

    • စေတနာစိတ်ရှိတဲ့ လူငယ်တွေ နှင်းစက်နဲ့တူ ()

ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ ၁၁၀  ယေဟောဝါက “ရန်သူတွေကို မင်းရဲ့ခြေအောက်မှာ မချခင်အထိ+ ငါ့ညာဘက်မှာ ထိုင်နေပါ”+ လို့ ငါ့သခင်ကို ပြောတယ်။ ၂  ယေဟောဝါက ဇိအုန်ကနေ သခင့်ရဲ့ အာဏာတော်လှံတံကို ဆန့်ထုတ်ပြီး“ရန်သူတွေအလယ်မှာ သွားအုပ်စိုးပါ”+ လို့ ပြောလိမ့်မယ်။ ၃  စစ်သည်အလုံးအရင်းနဲ့ သခင်ချီတက်လာတဲ့နေ့မှာ လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်။ လူငယ်အမြောက်အမြားလည်း အရုဏ်ဦးမှာကျတဲ့ နှင်းစက်တွေအလားသန့်ရှင်းမှုကို ဆင်မြန်းပြီး သခင့်ဆီ လာကြလိမ့်မယ်။ ၄  ယေဟောဝါက “မင်းဟာ မေလခိဇေဒက်လို+ ပုရောဟိတ်မျိုး ထာဝစဉ်ဖြစ်ရလိမ့်မယ်”+ လို့ကျိန်ဆိုထားတယ်။ ဘုရားက စိတ်ပြောင်းလဲမှာ မဟုတ်ဘူး။ ၅  ယေဟောဝါက သခင့်ညာဘက်မှာ ရှိလိမ့်မယ်။+ အမျက်တော်ထွက်တဲ့နေ့မှာ ဘုရင်တွေကို နင်းခြေလိမ့်မယ်။+ ၆  လူမျိုးတွေကို တရားစီရင်မယ်။+ ပြည်ကို လူသေအလောင်းတွေနဲ့ ပြည့်စေမယ်။+ ကျယ်ပြောတဲ့ပြည်ရဲ့ ခေါင်းဆောင်ကို နင်းခြေမယ်။ ၇  သခင်က လမ်းတစ်လျှောက်မှာ စီးဆင်းနေတဲ့ စမ်းရေကို သောက်လိမ့်မယ်။ အဲဒီနောက် ခေါင်းကို မော့ထားလိမ့်မယ်။

အောက်ခြေမှတ်ချက်များ