ဆာလံ ၁၀၅:၁-၄၅
၁၀၅ ယေဟောဝါကို ကျေးဇူးတင်ကြ။+ နာမတော်ကိုခေါ်ပြီး ဆုတောင်းကြ။
ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+
၂ ဘုရားအတွက် သီချင်းဆိုကြ။ ချီးမွမ်းသီချင်းဆိုကြ။
အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း စဉ်းစားဆင်ခြင်ကြ။*+
၃ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ချီးမွမ်းရတာ ဂုဏ်ယူပါ။+
ယေဟောဝါကို ရှာတဲ့သူတွေ စိတ်ရွှင်လန်းပါစေ။+
၄ ယေဟောဝါနဲ့ အစွမ်းတန်ခိုးတော်ကို ရှာကြပါ။+
မျက်နှာသာတော်ရဖို့ ကြိုးစားကြပါ။
၅ ဘုရားလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ရာတွေ၊အံ့ဖွယ်လုပ်ရပ်တွေ၊ ချမှတ်ထားတဲ့ တရားစီရင်ချက်တွေကို သတိရကြပါ။+
၆ ဘုရားကျွန် အာဗြဟံရဲ့ မျိုးနွယ်တို့၊+
ဘုရားရွေးချယ်ထားတဲ့ ယာကုပ်ရဲ့ သားမြေးတို့။+
၇ ဘုရားသခင်ဟာ ငါတို့ရဲ့ဘုရား ယေဟောဝါပဲ။+
ကမ္ဘာတစ်ခွင်လုံးကို တရားစီရင်တယ်။+
၈ ဘုရားက မိမိရဲ့ပဋိညာဉ်ကို ထာဝစဉ် သတိရတယ်။+
ပေးခဲ့တဲ့ကတိကို လူမျိုးဆက် တစ်ထောင်တိုင်အောင် သတိရတယ်။+
၉ အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်၊+အိဇက်ကိုပေးခဲ့တဲ့ ကျိန်ဆိုချက်ကို သတိရတယ်။+
၁၀ အဲဒီကျိန်ဆိုချက်ကို ယာကုပ်အတွက် အမိန့်အဖြစ် တည်စေခဲ့တယ်။
အစ္စရေးအတွက် ထာဝရပဋိညာဉ်အဖြစ် တည်စေခဲ့တယ်။
၁၁ “ခါနန်ပြည်ကို+ အမွေအဖြစ်ငါခွဲဝေပေးမယ်”+ လို့ ဘုရားကျိန်ဆိုခဲ့တယ်။
၁၂ အဲဒီတုန်းက သူတို့ လူဦးရေ နည်းနည်းလေးပဲ။+
ခါနန်ပြည်မှာ တိုင်းတစ်ပါးသားတွေအဖြစ် နေထိုင်ခဲ့ရတယ်။+
၁၃ လူတစ်မျိုးကနေ တစ်မျိုး၊တစ်နိုင်ငံကနေ တစ်နိုင်ငံ လှည့်လည်သွားလာခဲ့ရတယ်။+
၁၄ သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ဘုရားခွင့်မပြုခဲ့ဘူး။+
သူတို့အတွက် ဘုရင်တွေကိုတောင် ဆုံးမပြီး၊+
၁၅ “ငါ ဘိသိက်ပေးထားသူတွေကို မထိကြနဲ့။
ငါ့ပရောဖက်တွေကို မကောင်းတာတစ်ခုမှ မလုပ်ကြနဲ့”+ လို့ပြောခဲ့တယ်။
၁၆ ဘုရားက တိုင်းပြည်မှာ အငတ်ဘေးဆိုက်စေတယ်။+
အစာရေစာ ပြတ်လပ်စေတယ်။*
၁၇ ကျွန်အဖြစ် ရောင်းစားခံရတဲ့ ယောသပ်ကိုသူတို့ရှေ့ကနေ ကြိုတင်စေလွှတ်ခဲ့တယ်။+
၁၈ ယောသပ်ဟာ ခြေကျဉ်းခတ်ခံရတယ်။+
သံကြိုးတွေနဲ့ တုပ်နှောင်ခံရတယ်။
၁၉ ယေဟောဝါရဲ့ ကတိစကား ပြည့်စုံမယ့်အချိန်အထိ+
နှုတ်တော်ထွက်စကားက ယောသပ်ကို သန့်စင်ပေးခဲ့တယ်။
၂၀ ဘုရင်က ယောသပ်ကိုလွှတ်ဖို့ အမိန့်ပေးတယ်။+
အုပ်စိုးရှင်က သူ့ကို လွှတ်ပေးတယ်။
၂၁ နန်းတော်အုပ်အဖြစ်၊ပိုင်ဆိုင်ရာမှန်သမျှကို စီမံကွပ်ကဲသူအဖြစ် သူ့ကိုခန့်တယ်။+
၂၂ သူက မင်းသားမှူးမတ်တွေကို စိတ်တိုင်းကျ အမိန့်ပေးနိုင်တယ်။
အကြီးအကဲတွေကို ဉာဏ်ပညာအကြောင်း သွန်သင်ပေးရတယ်။+
၂၃ အဲဒီနောက် အစ္စရေးက အီဂျစ်ပြည်ကို ရောက်လာတယ်။+
ယာကုပ်က ဟာမပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေထိုင်တယ်။
၂၄ ဘုရားသခင်က မိမိလူတွေကို အကြီးအကျယ် ပွားများစေတယ်။+
ရန်သူတွေထက် အင်အားကြီးစေတယ်။+
၂၅ ရန်သူတွေ စိတ်ပြောင်းလဲသွားတာကို ဘုရားခွင့်ပြုတဲ့အတွက်
သူတို့က ဘုရားရဲ့ ကျေးကျွန်တွေကို မုန်းတီးပြီး အကောက်ကြံကြတယ်။+
၂၆ ဘုရားက မိမိရဲ့ကျွန် မောရှေနဲ့+ရွေးချယ်ထားတဲ့ အာရုန်ကို+ စေလွှတ်တယ်။
၂၇ မောရှေနဲ့ အာရုန်က သူတို့အလယ်မှာ ထူးဆန်းတဲ့အရာတွေ လုပ်ပြတယ်။
ဟာမပြည်မှာ အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+
၂၈ မှောင်မိုက်ကို ဘုရားစေလွှတ်လိုက်တဲ့အခါ တိုင်းပြည် မှောင်မိုက်သွားတယ်။+
မောရှေနဲ့ အာရုန်က အမိန့်တော်ကို မလွန်ဆန်ကြဘူး။
၂၉ ဘုရားက ရေကို သွေးဖြစ်စေတယ်။
ငါးတွေကို သေစေတယ်။+
၃၀ သူတို့ပြည်မှာ၊ နန်းဆောင်တွေထဲမှာဖားတွေ အပြည့်ပဲ။+
၃၁ ဘုရား အမိန့်ပေးလိုက်တဲ့အခါယင်ရဲနဲ့ မှက်တွေ တိုင်းပြည်ထဲ ဝင်လာတယ်။+
၃၂ မိုးရေအစား မိုးသီးတွေ ရွာကျစေတယ်။
သူတို့ပြည်အပေါ် လျှပ်စီးလက်စေတယ်။+
၃၃ စပျစ်ပင်နဲ့ သဖန်းပင်တွေကို သေစေတယ်။
တိုင်းပြည်မှာရှိတဲ့ သစ်ပင်တွေကို ချိုးပစ်တယ်။
၃၄ ဘုရားအမိန့်ပေးလိုက်တဲ့အခါ အတိုင်းမသိများတဲ့ ကျိုင်းကောင်တွေ၊ကျိုင်းကောင်ပေါက်တွေတိုင်းပြည်ထဲ ဝင်လာပြီး၊+
၃၅ အပင်ရှိသမျှကို ကိုက်စားပစ်တယ်။
မြေထွက်သီးနှံတွေကိုလည်း ကိုက်စားပစ်တယ်။
၃၆ အဲဒီနောက် တိုင်းပြည်မှာရှိတဲ့ သားဦးတွေ၊ရင်သွေးဦးတွေကို တစ်ယောက်မကျန် ကွပ်မျက်တယ်။+
၃၇ ဘုရားက လူမျိုးတော်ကို ရွှေငွေတွေနဲ့ တစ်ပါတည်း ခေါ်ထုတ်သွားတယ်။+
ဘုရားရဲ့မျိုးနွယ်တွေထဲမှာ လဲကျတဲ့သူ တစ်ယောက်မှမရှိဘူး။
၃၈ အီဂျစ်တွေက အစ္စရေးတွေကို ကြောက်လာတဲ့အတွက်သူတို့ထွက်သွားတဲ့အခါ ဝမ်းသာကြတယ်။+
၃၉ ဘုရားက သူတို့ကို မိုးတိမ်နဲ့ကာဆီးပြီး ကာကွယ်ပေးတယ်။+
ညဘက်မှာ အလင်းရဖို့ မီးကိုပေးတယ်။+
၄၀ သူတို့တောင်းတဲ့အခါ ငုံးတွေကို ခေါ်လာတယ်။+
ကောင်းကင်ကမုန့်ကို ကျွေးပြီး ဗိုက်ဝစေခဲ့တယ်။+
၄၁ ကျောက်ဆောင်ကို ခွဲလိုက်တဲ့အခါ ရေတွေစီးထွက်လာပြီး+ကန္တာရမှာ မြစ်လိုစီးဆင်းသွားတယ်။+
၄၂ ဘုရားက ကျွန်ဖြစ်သူအာဗြဟံကို ပေးထားတဲ့ သန့်ရှင်းတဲ့ကတိကို သတိရတယ်။+
၄၃ ဒါကြောင့် မိမိရဲ့လူတွေကို အားရ ရွှင်လန်းခြင်းနဲ့အတူ ခေါ်ထုတ်သွားတယ်။+
ရွေးချယ်ထားသူတွေကို ရွှင်လန်းစွာ ကြွေးကြော်ခြင်းနဲ့အတူ ခေါ်ဆောင်သွားတယ်။
၄၄ အဲဒီနောက် သူတို့ကို လူမျိုးတွေရဲ့ပြည် ပေးတယ်။+
သူတစ်ပါး ပင်ပင်ပန်းပန်း လုပ်ကိုင်ထားတာတွေကိုသူတို့အမွေရကြတယ်။+
၄၅ အမိန့်တော်ကို သူတို့စောင့်ထိန်းနိုင်ဖို့၊+ပညတ်တွေကို လိုက်နာနိုင်ဖို့ အဲဒီလိုလုပ်ပေးခဲ့တယ်။
ယေဟောဝါကို ချီးမွမ်းကြ။*
အောက်ခြေမှတ်ချက်များ
^ “ပြောဆိုကြ” လည်းဖြစ်နိုင်။
^ မူရင်း၊ “မုန့်ချိတ်တံကို ချိုးလိုက်တယ်။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။
^ ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “ ‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။