ဆာလံ ၁၀၁:၁-၈

  • သမာဓိရှိရှိ လုပ်ဆောင်တဲ့ အုပ်စိုးရှင်

    • ‘မောက်မာမှုကို သည်းမခံ’ ()

    • “သစ္စာရှိသူတွေကို ကြည့်ရှု” ()

ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ ၁၀၁  အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာနဲ့ တရားမျှတခြင်းအကြောင်း ကျွန်တော် သီချင်းဆိုမယ်။ ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုမယ်။ ၂  အပြစ်ပြောစရာ မရှိအောင် မြော်မြင်ချင့်ချိန်မှုရှိရှိ လုပ်ဆောင်မယ်။ ကိုယ့်အိမ်မှာလည်း တည်ကြည်တဲ့စိတ်နဲ့ လျှောက်လှမ်းမယ်။+ ကျွန်တော့်ကို ကိုယ်တော် ဘယ်တော့ကူညီမှာလဲ။ ၃  အချည်းနှီးဖြစ်တဲ့အရာ တစ်ခုကိုမှ ကျွန်တော် မကြည့်ပါဘူး။ လမ်းမှန်ကနေ လွဲသွားသူတွေရဲ့ လုပ်ရပ်ကို မုန်းပါတယ်။+ သူတို့နဲ့ လုံးဝ မပတ်သက်ပါဘူး။ ၄  ကောက်ကျစ်တဲ့စိတ်ကို ဝေးဝေးရှောင်ပါတယ်။ မကောင်းမှုကို လက်မခံပါဘူး။ ၅  အိမ်နီးချင်းကို နောက်ကွယ်ကနေ အသရေဖျက်တဲ့သူကို+ နှုတ်ဆိတ်စေပါ့မယ်။ မောက်မာသူ၊ စိတ်နေမြင့်သူကို သည်းမခံပါဘူး။ ၆  ကမ္ဘာပေါ်က သစ္စာရှိသူတွေကို ကြည့်ရှုပေးမယ်။ သူတို့နဲ့အတူ နေထိုင်မယ်။ အပြစ်ပြောစရာမရှိတဲ့ လမ်းစဉ်မှာ လျှောက်လှမ်းသူဟာကျွန်တော့်ဆီမှာ အမှုထမ်းရလိမ့်မယ်။ ၇  ကျွန်တော့်နန်းတော်မှာ ကလိမ်ကျသူ တစ်ယောက်ကိုမှ နေထိုင်ခွင့်မပေးပါဘူး။ လူလိမ်တစ်ယောက်ကိုမှ ရှေ့မှာ မခစားခိုင်းပါဘူး။ ၈  ကမ္ဘာပေါ်က လူဆိုးမှန်သမျှကို မနက်တိုင်း နှုတ်ပိတ်ပစ်မယ်။ အမှားလုပ်သူမှန်သမျှကို ယေဟောဝါရဲ့ မြို့တော်ကနေ ရှင်းပစ်မယ်။+

အောက်ခြေမှတ်ချက်များ