ကမ္ဘာဦး ၇:၁-၂၄

  • သင်္ဘောထဲ ဝင်ခြင်း (၁-၁၀)

  • ကမ္ဘာချီ ရေလွှမ်းမိုးဘေး (၁၁-၂၄)

 အဲဒီနောက် ယေဟောဝါက နောဧကို “ဒီလူမျိုးဆက်ထဲမှာ မင်းဟာ ဖြောင့်မတ်သူပဲဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းနဲ့အိမ်သားတွေ သင်္ဘောထဲဝင်ပါ။+ ၂  သန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ ခုနစ်ကောင်စီ၊*+ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက တစ်မျိုးကို အထီးအမ နှစ်ကောင်စီ၊ ၃  ပျံတတ်တဲ့ သတ္တဝါတွေထဲက တစ်မျိုးကို အထီးအမ ခုနစ်ကောင်စီ* ခေါ်သွားပါ။ ဒါမှ မြေတစ်ပြင်လုံးမှာ သူတို့ အသက်ရှင် ကျန်ရစ်ပြီး မျိုးပွားနိုင်မယ်။+ ၄  နောက်ခုနစ်ရက်ကျရင် မြေပေါ်မှာ ရက်ပေါင်း ၄၀ ကြာ+ နေ့ညမပြတ် မိုးရွာစေမယ်။+ ငါဖန်ဆင်းခဲ့တဲ့ သတ္တဝါ မှန်သမျှကို မြေပေါ်ကနေ ဖယ်ရှားမယ်” လို့ပြောတယ်။+ ၅  နောဧလည်း ယေဟောဝါမှာတဲ့အတိုင်း လုပ်တယ်။ ၆  ကမ္ဘာမြေပေါ် ရေလွှမ်းမိုးတဲ့အခါ နောဧဟာ အသက် ၆၀၀ ရှိနေပြီ။+ ၇  ရေမလွှမ်းမိုးခင်မှာ နောဧက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်တယ်။+ ၈  သန့်ရှင်းတဲ့တိရစ္ဆာန်၊ မသန့်ရှင်းတဲ့တိရစ္ဆာန်၊ ပျံတတ်တဲ့သတ္တဝါ၊ မြေပေါ်သွားလာတဲ့ သတ္တဝါအမျိုးမျိုးထဲက၊+ ၉  အထီးအမအစုံလိုက် သင်္ဘောထဲ ဝင်ကြတယ်။ နောဧကို ဘုရားသခင် မှာထားတဲ့အတိုင်းပါပဲ။ ၁၀  ခုနစ်ရက်စေ့တဲ့အခါ ကမ္ဘာမြေပေါ် မိုးရွာချတော့တယ်။ ၁၁  နောဧ အသက် ၆၀၀ ပြည့်တဲ့နှစ်၊ ဒုတိယလ၊ ၁၇ ရက်နေ့မှာ ကောင်းကင်မှာရှိတဲ့ ရေထုကြီး ဒလဟောရွာချပြီး ကောင်းကင်ရေတံခါးတွေ ပွင့်ထွက်သွားတယ်။+ ၁၂  အရက် ၄၀ လုံးလုံး မြေပေါ်မှာ သဲကြီးမဲကြီး မိုးရွာချတော့တယ်။ ၁၃  အဲဒီနေ့မှာ နောဧက ဇနီး၊ သား ရှေမ၊ ဟာမ၊ ယာဖက်၊+ ချွေးမသုံးယောက်တို့နဲ့အတူ သင်္ဘောထဲ ဝင်တယ်။+ ၁၄  သားယဉ်တွေ၊ သားရဲတွေ၊ တွားသွားသတ္တဝါတွေ၊ ငှက်အမျိုးမျိုးနဲ့ ပျံတတ်တဲ့သတ္တဝါတွေလည်း အမျိုးအလိုက် သင်္ဘောထဲ ဝင်ကြတယ်။ ၁၅  အသက်စွမ်းအားရှိတဲ့ တိရစ္ဆာန်အမျိုးမျိုး သင်္ဘောထဲ အစုံလိုက် ဝင်ကြတယ်။ ၁၆  နောဧကို ဘုရားသခင်မှာထားတဲ့အတိုင်း တိရစ္ဆာန်အမျိုးမျိုး အစုံလိုက် ဝင်ကြတယ်။ အဲဒီနောက် ယေဟောဝါက တံခါးပိတ်လိုက်တယ်။ ၁၇  မြေပေါ်မှာ ရက် ၄၀ ကြာ ဆက်တိုက် မိုးရွာချပြီး ရေတွေတက်လာတဲ့အတွက် သင်္ဘောဟာ မြေပေါ်ကခွာပြီး ရေမှာ ပေါလောပေါ်နေတယ်။ ၁၈  ရေလွှမ်းမိုးပြီး ဆက်တိုက်ရေကြီးလာပေမဲ့ သင်္ဘောကတော့ ရေပြင်ပေါ်မှာ မျောနေတယ်။ ၁၉  မြေပေါ်မှာ အကြီးအကျယ် ရေလွှမ်းမိုးတဲ့အတွက် မြင့်မားတဲ့တောင်တွေအားလုံး ရေမြုပ်ကုန်တယ်။+ ၂၀  တောင်တွေရဲ့အထက် ၁၅ တောင်အထိ ရေတက်လာတယ်။ ၂၁  ဒါကြောင့် ပျံတတ်တဲ့သတ္တဝါတွေ၊ သားယဉ်တွေ၊ သားရဲတွေ၊ အုံဖွဲ့နေတတ်တဲ့ သတ္တဝါတွေ၊ လူသားတွေစတဲ့+ ကမ္ဘာပေါ်က သတ္တဝါမှန်သမျှ သေကျေပျက်စီးကုန်တယ်။+ ၂၂  အသက်စွမ်းအားရှိတဲ့ ကုန်းသတ္တဝါအားလုံး သေကုန်တယ်။+ ၂၃  ဒီလိုနဲ့ ဘုရားသခင်က လူတွေ၊ တိရစ္ဆာန်တွေ၊ တွားသွားသတ္တဝါတွေ၊ ပျံတတ်တဲ့ သတ္တဝါတွေအပါအဝင် သက်ရှိမှန်သမျှကို မြေပြင်ပေါ်ကနေ ပယ်ရှင်းလိုက်တယ်။ အားလုံး မြေပေါ်ကနေ ဖယ်ရှားခံရပြီး+ နောဧနဲ့ သင်္ဘောထဲရှိနေသူတွေပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။+ ၂၄  ကမ္ဘာပေါ်မှာ ရက်ပေါင်း ၁၅၀ ပတ်လုံး ရေလွှမ်းနေတယ်။+

အောက်ခြေမှတ်ချက်များ

“ခုနစ်စုံစီ” လည်းဖြစ်နိုင်။
“ခုနစ်စုံစီ” လည်းဖြစ်နိုင်။