သင့်ယုံကြည်ချက်များအတွက် ခိုင်မြဲစွာ ရပ်တည်ပါ
လူငယ်စာရှုသူများအတွက်
သင့်ယုံကြည်ချက်များအတွက် ခိုင်မြဲစွာ ရပ်တည်ပါ
ညွှန်ကြားချက်များ- ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။
အဓိကဇာတ်ကောင်များ- ယေရမိ၊ ဧဗဒမေလက်၊ ဘုရင်ဇေဒကိ
အကျဉ်းချုပ်- ခါလဒဲ (ဗာဗုလုန်) လူတွေကို ယုဒနိုင်ငံကလူတွေ အရှုံးပေးသင့်တယ်ဆိုတဲ့ ဘုရားသခင်ရဲ့သတင်းစကားကို ယေရမိ ကြေညာတဲ့အခါ ပြင်းထန်တဲ့အတားအဆီးတွေ သူကြုံခဲ့ရတယ်။
၁ အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယေရမိ ၃၈:၁-၅ ကိုဖတ်ပါ။
ယုဒနိုင်ငံကလူတွေကို ယေရမိ သတင်းစကားကြေညာတဲ့အခါ သူဘယ်လိုခံစားနေရမယ်လို့ သင်ထင်သလဲ။
․․․․․
ယေဟောဝါဘုရားသခင်ရဲ့သတိပေးချက်ကို ယေရမိကြေညာတဲ့အခါ သူ့ရဲ့လေသံက ဘယ်လိုဖြစ်နေမယ်လို့ သင်ထင်သလဲ။
․․․․․
ထပ်လေ့လာကြည့်ပါဦး။
အဲဒီလို ရဲရဲရင့်ရင့်ကြေညာနိုင်ခဲ့တာက ယေရမိမှာ ဘယ်လိုယုံကြည်ချက်မျိုးရှိထားလို့လဲ။
․․․․․
၂ အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယေရမိ ၃၈:၆-၁၃ ကိုဖတ်ပါ။
ယေရမိကို လျှောချခဲ့တဲ့ မြေတွင်းရဲ့ အကျယ်၊ အနက်၊ အနံ့အသက်တွေ ဘယ်လိုရှိနေမလဲဆိုတာကို စဉ်းစားကြည့်ပြီး ချရေးပါ။.
․․․․․
မြေတွင်းထဲက ‘ရွှံ့ထဲ ကျွံကျ’ သွားတဲ့အခါ ယေရမိ ဘာတွေတွေးနေမယ်လို့ သင်ထင်သလဲ။ (အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)
․․․․․
ထပ်လေ့လာကြည့်ပါဦး။
ကျမ်းစာခေတ်မှာ အသုံးပြုခဲ့တဲ့ မြေတွင်းတွေနဲ့ပတ်သက်ပြီး အရင်က သင်မသိခဲ့တဲ့အရာတွေအကြောင်း လက်လှမ်းမီသလောက် လေ့လာကြည့်ပါ။
․․․․․
ဧဗဒမေလက်က ကိုယ်တိုင်အစပြုပြီး ယေရမိကို ကယ်ဖို့လုပ်ဆောင်တာ သူ့မှာ ဘယ်လိုယုံကြည်ချက်မျိုးရှိခဲ့လို့လဲ။ (အခန်းငယ် ၇-၉ ကိုပြန်ဖတ်ပါ။)
․․․․․
ဘုရင်ဇေဒကိက အစပိုင်းမှာ မှူးမတ်တွေရဲ့စကားကို နားထောင်တယ်။ နောက်ပိုင်းမှာ ဧဗဒမေလက်ရဲ့စကားကို နားထောင်ပြန်တယ်။ တခြားသူတွေရဲ့စကားကို သူ ဘာကြောင့် ဒီလိုနားယောင်လွယ်တာလဲ။ (အခန်းငယ် ၅ နဲ့ ၁၀ ကိုပြန်ဖတ်ပါ။) ဒါက သူ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာ ပြသလဲ။ သူ့မှာ ခိုင်မာတဲ့ ယုံကြည်ချက်မရှိတာနဲ့ပတ်သက်ပြီးတော့ကော တို့တွေ ဘာသိရသလဲ။
․․․․․
ဒီမှတ်တမ်းမှာ ဘယ်သူတွေက ခိုင်မာတဲ့ ယုံကြည်ချက်ရှိပြီး ဘယ်သူက မရှိတာလဲ။ ဘာကြောင့် ဒီလိုဖြေရတာလဲ။
․․․․․
၃ သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာတွေကို ချရေးကြည့်ပါ။
ရဲစွမ်းသတ္တိ။
․․․․․
ခိုင်မာတဲ့ ယုံကြည်ချက်။
․․․․․
မကြောက်မရွံ့ နာခံတဲ့သူတွေကို ယေဟောဝါဘုရားသခင် ကာကွယ်ပေးပုံ။
․․․․․
ဖိအားပေးခံရတဲ့အခါ မှန်ရာကိုလုပ်နိုင်ဖို့ ခိုင်မာတဲ့ယုံကြည်ချက်ရှိခြင်းက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။
․․․․․
၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေကို သင်အနှစ်သက်ဆုံးလဲ။ ဘာကြောင့်လဲ။
․․․․․
သင်၌ သမ္မာကျမ်းစာ မရှိပါက ယေဟောဝါသက်သေများထံတောင်းခံပါ။ သို့မဟုတ် www.jw.org ဝက်ဘ်ဆိုက်တွင် အခြား ဘာသာ စကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ပါသည်