ပင်တေကုတ္တေပွဲနေ့တွင်ပြုသော အံ့ဖွယ်အမှု
လူငယ်စာရှုသူများအတွက်
ပင်တေကုတ္တေပွဲနေ့တွင်ပြုသော အံ့ဖွယ်အမှု
ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။
အဖြစ်အပျက်ကို ဆန်းစစ်ပါ။—တမန်တော် ၂:၁-၂၁၊ ၃၈-၄၁ ကိုဖတ်ပါ။
“လေပြင်းတိုက်သံနှင့်တူသောအသံ၊” “မီးလျှာကဲ့သို့သောအရာများ” အကြောင်း ဖတ်ရှုရတဲ့အခါ သင့်စိတ်ထဲ ဘာပေါ်လာသလဲ။
․․․․․
တပည့်တွေ ဘာသာခြားစကားပြောဆိုနေတာကို ကြားရတဲ့အခါ လူတွေက တအံ့တဩနဲ့ ဘာတွေပြောဆိုနေကြမလဲဆိုတာ ကြားယောင်ကြည့်ပါ။
․․․․․
အခန်းငယ် ၁၃ မှာဖော်ပြထားတဲ့ သံသယဝင်သူတွေရဲ့ မျက်နှာနေမျက်နှာထားကို မြင်ယောင်ကြည့်ပါ။
․․․․․
ထပ်လေ့လာကြည့်ပါဦး။
ပင်တေကုတ္တေပွဲဆိုတာ ဘယ်လိုပွဲတော်မျိုးလဲ။ ဒီပွဲတော်က ဂျေရုဆလင်မြို့မှာစုရုံးရောက်နေတဲ့ လူအုပ်ရဲ့စိတ်နေစိတ်ထားအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။ (တရားဟောရာ ၁၆:၁၀-၁၂)
․․․․․
ပေတရုက ပရိသတ်ကိုဟောပြောတဲ့အခါ သူတို့ကိုလေးစားတယ်ဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။ နှစ်ဦးနှစ်ဖက်သဘောတူလက်ခံမယ့်အကြောင်းအရာကို သူ ဘယ်လိုပြောဆိုခဲ့သလဲ။ (တမန်တော် ၂:၂၉)
․․․․․
ပင်တေကုတ္တေပွဲနေ့မှာ ပေတရုတင်ပြတဲ့ရဲရင့်မှုက ယဇ်ပုရောဟိတ်မင်းရဲ့အိမ်ဝင်းမှာ သူကြုံခဲ့တဲ့အစောပိုင်းဖြစ်ရပ်နဲ့ ဘယ်လို သိသိသာသာကွာခြားသလဲ။ (မဿဲ ၂၆:၆၉-၇၅)
․․․․․
သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .
နားထောင်နေသူတွေ သဘောတူလက်ခံနိုင်မယ့်အကြောင်းအရာကို ရွေးချယ်ဖို့၊ တို့တွေရဲ့ ကျမ်းစာယုံကြည်ချက်တွေကိုဝေမျှတဲ့အခါ တလေးတစားပြောဆိုဖို့ လိုအပ်ပုံ။
․․․․․
သင် အတော်အတန်ရှက်ကြောက်နေရင်တောင် ယေဟောဝါရဲ့အကြောင်းကို ရဲရဲရင့်ရင့်သက်သေခံနိုင်စွမ်းရှိပုံ။
․․․․․
ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။
․․․․․
ထပ်ဆင့်ရှာဖွေလေ့လာရန်အတွက် ၁၉၉၆၊ စက်တင်ဘာ ၁၅ ရက်ထုတ်၊ ကင်းမျှော်စင်စာမျက်နှာ ၈-၉ တွင်ကြည့်ပါ။