“ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
“ကျွန်ုပ်၏ယုံကြည်ခြင်း လိုနေသေးလျှင် ကူညီတော်မူပါ။”—မာ. ၉:၂၄။
၁။ ယုံကြည်ခြင်းက ဘယ်လောက် အရေးကြီးသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
‘ငါဟာ ကြီးစွာသောဒုက္ခကနေ ယေဟောဝါ ကယ်တင်ချင်တဲ့ လူစားမျိုးလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးဖူးသလား။ ကယ်တင်ခြင်းရဖို့ မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးတစ်ခုကတော့ ယုံကြည်ခြင်းဖြစ်တယ်လို့ တမန်တော်ပေါလုပြောတယ်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်” လို့ သူပြောတယ်။ (ဟေဗြဲ ၁၁:၆) လွယ်လွယ်လေးလို့ ထင်ရပေမဲ့ “ယုံကြည်ခြင်းသည် လူခပ်သိမ်းပိုင်ဆိုင်သောအရာ မဟုတ်” ဘူး။ (၂ သက်. ၃:၂) အဲဒီကျမ်းချက်နှစ်ချက်က ယုံကြည်ခြင်းခိုင်မာအောင်လုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်စေတယ်။
၂၊ ၃။ (က) ယုံကြည်ခြင်းရဲ့ အရေးကြီးမှုနဲ့ပတ်သက်ပြီး ပေတရု ဘာပြောခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။
၂ ယုံကြည်ခြင်းရဲ့ အရေးကြီးမှုအကြောင်း တမန်တော်ပေတရု အလေးပေးပြောခဲ့တယ်။ ‘စမ်းသပ်ခံရသော ယုံကြည်ခြင်းဖြင့် ယေရှုခရစ်ပေါ်ထွန်းချိန်တွင် ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဂုဏ်အသရေဖြစ်စေမည်အကြောင်းကို တွေ့နိုင်မည်’ လို့သူပြောတယ်။ (၁ ပေတရု ၁:၇ ကိုဖတ်ပါ။) ကြီးစွာသောဒုက္ခ သိပ်နီးနေပြီဖြစ်လို့ ကျွန်တော်တို့ဟာ “အသက်ဆက်ရှင်နိုင်ရန် ယုံကြည်ခြင်းရှိ” တဲ့လူစားမျိုးဖြစ်ချင်တယ်။ (ဟေဗြဲ ၁၀:၃၉) ဘုရင်ယေရှုခရစ် ပေါ်ထွန်းချိန်မှာ ဆုချခံချင်တယ်။ ဒါကြောင့် ယုံကြည်ခြင်းခိုင်မာအောင် ကြိုးစားဖို့ လိုအပ်တယ်။ “ကျွန်ုပ်၏ယုံကြည်ခြင်း လိုနေသေးလျှင် ကူညီတော်မူပါ” လို့ ယေရှုဆီ အသနားခံခဲ့တဲ့လူလို ကျွန်တော်တို့လည်း အသနားခံရမယ်။ (မာ. ၉:၂၄) “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” လို့ တမန်တော်တွေလို တောင်းခံရမယ်။—လု. ၁၇:၅။
၃ ဒီဆောင်းပါးမှာ အောက်ပါအချက်တွေကို ဆွေးနွေးပါမယ်– ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်လိုတည်ဆောက်နိုင်သလဲ။ ခိုင်မာတဲ့ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ ယုံကြည်ခြင်းတိုးပွားစေပါဆိုတဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
ယုံကြည်ခြင်းခိုင်မာအောင် တည်ဆောက်တာကို ဘုရားသခင်နှစ်သက်
၄။ ဘယ်ပုံနမူနာတွေက ယုံကြည်ခြင်းခိုင်မာအောင်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်သလဲ။
၄ ယုံကြည်ခြင်းရှိဖို့ အရေးကြီးလွန်းလို့ ကျမ်းစာမှာ ယုံကြည်ခြင်းပုံနမူနာများစွာကို ယေဟောဝါ ဖော်ပြထားတယ်။ “ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်” တယ်။ (ရော. ၁၅:၄) အာဗြဟံ၊ စာရာ၊ ဣဇာက်၊ ယာကုပ်၊ မောရှေ၊ ရာခပ်၊ ဂိဒေါင်၊ ဗာရက်နဲ့ တခြားသူတွေရဲ့ ပုံနမူနာတွေက ယုံကြည်ခြင်း ခိုင်မာအောင်လုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ (ဟေဗြဲ ၁၁:၃၂-၃၅) ရှေးခေတ်ပုံနမူနာတွေအပြင် ဒီနေ့ခေတ် ညီအစ်ကိုညီအစ်မတွေရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းပုံနမူနာတွေလည်း ရှိတယ်။ *
ဒီနေ့ခေတ် ညီအစ်ကိုညီအစ်မတွေရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်း ပုံနမူနာတွေရှိတယ်
၅။ ယေဟောဝါကို အခိုင်အမာ ယုံကြည်ကြောင်း ဧလိယ ဘယ်လိုဖော်ပြခဲ့သလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမေးသင့်သလဲ။
၅ ကျမ်းစာပုံနမူနာတစ်ခုကတော့ ပရောဖက်ဧလိယဖြစ်တယ်။ ယေဟောဝါကို အခိုင်အမာယုံကြည်ကိုးစားကြောင်း သူတင်ပြခဲ့တဲ့ အခြေအနေငါးခုကို သတိပြုကြည့်ပါ– (၁) တိုင်းပြည်မှာ ယေဟောဝါ မိုးခေါင်စေမယ့်အကြောင်း ဘုရင်အာဟပ်ကို ဧလိယ အသိပေးတဲ့အခါ ‘ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင် ယေဟောဝါ အသက်ရှင်တော်မူသည်အတိုင်း အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ’ လို့ သတ္တိရှိရှိ ပြောခဲ့တယ်။ (၃ ရာ. ၁၇:၁) (၂) မိုးခေါင်ချိန်အတွင်း သူနဲ့ တခြားသူတွေရဲ့ လိုအပ်ရာကို ယေဟောဝါ ပေးမယ်ဆိုတာ ဧလိယယုံကြည်တယ်။ (၃ ရာ. ၁၇:၄၊ ၅၊ ၁၃၊ ၁၄) (၃) မုဆိုးမရဲ့သားကို ယေဟောဝါ ထမြောက်ပေးနိုင်တယ်ဆိုတာလည်း ဧလိယ ယုံတယ်။ (၃ ရာ. ၁၇:၂၁) (၄) ကရမေလတောင်မှာ သူ့ရဲ့ယဇ်ကောင်အပေါ် ယေဟောဝါ မီးကျစေမယ်ဆိုတာ ဧလိယ အကြွင်းမဲ့စိတ်ချတယ်။ (၃ ရာ. ၁၈:၂၄၊ ၃၇) (၅) မိုးတစ်ပေါက်မှ မကျခင်မှာတောင် အာဟပ်ကို “မင်းကြီးသည် စားသောက်ခြင်းငှာ တက်သွားပါလော့။ များစွာသောမိုးရွာမည့်အသံရှိသည်” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောခဲ့တယ်။ (၃ ရာ. ၁၈:၄၁) ဒီအဖြစ်အပျက်တွေကို သုံးသပ်ပြီးနောက် ‘ငါ့ယုံကြည်ခြင်းက ဧလိယရဲ့ ယုံကြည်ခြင်းလောက် ခိုင်မာသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။
ယုံကြည်ခြင်းကို ဘယ်လိုတည်ဆောက်နိုင်သလဲ
၆။ ယုံကြည်ခြင်းကို တည်ဆောက်ဖို့ ယေဟောဝါဆီက ဘယ်အရာလိုအပ်သလဲ။
၆ ယုံကြည်ခြင်းကို ကိုယ့်အစွမ်းအစနဲ့ကိုယ် မတည်ဆောက်နိုင်တဲ့အတွက် ဘုရားသခင်ဆီမှာ သန့်ရှင်းသောစွမ်းအားတော် တောင်းခံဖို့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ခြင်းဟာ သန့်ရှင်းသောစွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်လို့ပဲ။ (ဂလ. ၅:၂၂) ယေရှုရဲ့ အကြံဉာဏ်အတိုင်း သန့်ရှင်းသောစွမ်းအားတော် ပိုရရှိဖို့ တောင်းခံတာ ပညာရှိရာရောက်တယ်။ ယေဟောဝါဟာ ‘တောင်းသောသူတို့အား သန့်ရှင်းသော စွမ်းအားတော်ကို ပေး’ မယ်လို့ ယေရှု အာမခံတယ်။—လု. ၁၁:၁၃။
ယေရှုရဲ့ အကြံဉာဏ်အတိုင်း သန့်ရှင်းသော စွမ်းအားတော် ပိုရရှိဖို့ တောင်းခံတာ ပညာရှိရာ ရောက်တယ်
၇။ ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုဆက်ထိန်းထားနိုင်တယ်ဆိုတာ ဖော်ပြပါ။
၇ ခိုင်မာတဲ့ယုံကြည်ခြင်းရှိပြီဆိုရင် အဲဒါကို ထိန်းသိမ်း
ထားဖို့ လိုအပ်တယ်။ ယုံကြည်ခြင်းကို မီးနဲ့နှိုင်းယှဉ်နိုင်တယ်။ မီးစမွှေးချိန်မှာ တဟုန်းဟုန်း တောက်လောင်နိုင်တယ်။ ဒါပေမဲ့ ထင်းထပ်မထည့်ဘူးဆိုရင် တဖြည်းဖြည်း မီးငြိမ်းပြီး ပြာဖုံးသွားနိုင်တယ်။ ထင်းပုံမှန်ထည့်နေမယ်ဆိုရင်တော့ မီးဆက်တောက်နေမှာဖြစ်တယ်။ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ ကျမ်းစာကို နေ့တိုင်း ဖတ်ရှုလေ့လာမယ်ဆိုရင် ကျမ်းစာနဲ့ ယေဟောဝါအပေါ်ထားတဲ့မေတ္တာ တိုးများလာမယ်။ ရလဒ်အနေနဲ့ ယုံကြည်ခြင်းခိုင်မာအောင် ဆက်ထိန်းထားနိုင်ပါလိမ့်မယ်။၈။ ယုံကြည်ခြင်းကို တည်ဆောက်ဖို့၊ ဆက်ထိန်းထားဖို့ ဘယ်အရာက ကူညီပေးမလဲ။
၈ ကျွန်တော်တို့ဟာ နှစ်ခြင်းမခံခင်က ဆည်းပူးထားတဲ့ အသိပညာလောက်နဲ့ပဲ ကျေနပ်မနေသင့်ဘူး။ (ဟေဗြဲ ၆:၁၊ ၂) ဥပမာ၊ ပြည့်စုံပြီးသား ပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်းကို တည်ဆောက်ဖို့၊ ဆက်ထိန်းထားဖို့ ကူညီပေးပါလိမ့်မယ်။ ယုံကြည်ခြင်းခိုင်,မခိုင် ဆိုတာကိုလည်း ကျမ်းစာသုံးပြီး ဆန်းစစ်နိုင်တယ်။—ယာကုပ် ၁:၂၅; ၂:၂၄၊ ၂၆ တို့ကိုဖတ်ပါ။
၉၊ ၁၀။ (က) ကောင်းတဲ့အပေါင်းအသင်းတွေက ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုကူညီပေးသလဲ။ (ခ) အသင်းတော်အစည်းအဝေးတွေက ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုကူညီပေးသလဲ။ (ဂ) ဟောပြောသွန်သင်ခြင်းက ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုကူညီပေးသလဲ။
၉ ခရစ်ယာန်တွေဟာ “ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေး” နိုင်တယ်လို့ တမန်တော်ပေါလုပြောတယ်။ (ရော. ၁:၁၂) ဘာကို ဆိုလိုသလဲ။ ညီအစ်ကိုညီအစ်မတွေနဲ့ အချိန်ပေးပေါင်းသင်းခြင်းအားဖြင့် အချင်းချင်းရဲ့ ယုံကြည်ခြင်းခိုင်မာလာအောင် ကူညီပေးနိုင်တယ်။ အထူးသဖြင့် “စမ်းသပ်ခံရ” ပြီးသားယုံကြည်ခြင်း ပိုင်ဆိုင်ထားသူတွေနဲ့ အချိန်ပေးပေါင်းသင်းသင့်တယ်။ (ယာ. ၁:၃) မကောင်းတဲ့အပေါင်းအသင်းတွေက ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တယ်။ ကောင်းတဲ့အပေါင်းအသင်းတွေကတော့ ယုံကြည်ခြင်းကို တည်ဆောက်ပေးတယ်။ (၁ ကော. ၁၅:၃၃) ဒါကြောင့် အစည်းအဝေးပုံမှန်တက်ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ အဲဒီမှာ “အချင်းချင်း အားပေး” နိုင်တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။) အစည်းအဝေးတွေမှာရရှိတဲ့ ညွှန်ကြားချက်က ယုံကြည်ခြင်းကို ခိုင်မာစေတယ်။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏” လို့ ကျမ်းစာပြောတယ်။ (ရော. ၁၀:၁၇) ဒါကြောင့် ‘ခရစ်ယာန်အစည်းအဝေးတွေဟာ ငါ့ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
၁၀ တခြားသူတွေကို ဟောပြောသွန်သင်ခြင်းအားဖြင့်လည်း ယုံကြည်ခြင်းခိုင်မာအောင် တည်ဆောက်နိုင်တယ်။ အစောပိုင်းခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်ကိုးစားဖို့၊ ဘယ်အခြေအနေမှာမဆို ရဲရင့်စွာဟောပြောဖို့ သင်ယူထားကြတယ်။—တ. ၄:၁၇-၂၀; ၁၃:၄၆။
၁၁။ ကာလက်နဲ့ ယောရှုရဲ့ ယုံကြည်ခြင်း ဘာကြောင့် ခိုင်မာလာသလဲ။ ကျွန်တော်တို့လည်း ဘယ်လိုနည်းအားဖြင့် သူတို့လို ဖြစ်နိုင်သလဲ။
၁၁ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လိုကူညီပေးမှန်း၊ ဆုတောင်းချက်တွေကို ဘယ်လိုအဖြေပေးမှန်း သိရှိခံစားရတဲ့အခါ ယုံကြည်ခြင်းတိုးများလာတယ်။ ကာလက်နဲ့ ယောရှု အဲဒီလိုဖြစ်ခဲ့တယ်။ ကတိထားရာပြည်ကို စုံစမ်းထောက်လှမ်းတဲ့အချိန်မှာ ယေဟောဝါကို ယုံကြည်ကြောင်း သူတို့ တင်ပြခဲ့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ယေဟောဝါ ကူညီပေးပုံကို မြင်တွေ့ရတဲ့အခါတိုင်း သူတို့ရဲ့ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ယောရှုက အစ္စရေးတွေကို ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံ’ ခဲ့တယ်လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောနိုင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း ‘ယေဟောဝါကို ကြောက်ရွံ့၍ ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ . . . ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ယေဟောဝါကိုသာ ဝတ်ပြုမည်’ လို့ ပြောခဲ့တယ်။ ယောရှု ၂၃:၁၄; ၂၄:၁၄၊ ၁၅) ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်တော့်အကူအညီကို သတ်သတ်မှတ်မှတ် ခံစားရတဲ့အခါ ယုံကြည်ခြင်းခိုင်မာလာပါလိမ့်မယ်။—ဆာ. ၃၄:၈။
(ယုံကြည်ခြင်း တင်ပြနိုင်ပုံ
၁၂။ ခိုင်မာတဲ့ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
၁၂ ခိုင်မာတဲ့ယုံကြည်ခြင်းရှိကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ “ငါ၏ယုံကြည်ခြင်းကို အကျင့်အားဖြင့် သင့်အား ပြမည်” လို့ တပည့်တော်ယာကုပ် ပြောတယ်။ (ယာ. ၂:၁၈) မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေက ခိုင်မာတဲ့ယုံကြည်ခြင်းရှိကြောင်း ဖော်ပြတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။
၁၃။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းက ယုံကြည်ခြင်းတင်ပြနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။
၁၃ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းက ယုံကြည်ခြင်းတင်ပြနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းမှာပါဝင်ခြင်းက အဆုံးနီးပြီ၊ ‘နောက်ကျမှာမဟုတ်ဘူး’ ဆိုတာကို ယုံကြည်ကြောင်း ဖော်ပြရာရောက်လို့ပဲ။ (ဟဗ. ၂:၃၊ ကဘ) ခိုင်မာတဲ့ယုံကြည်ခြင်း ရှိ,မရှိ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အခုလိုမေးနိုင်တယ်– ‘ဟောပြောခြင်းလုပ်ငန်းက ငါ့အတွက် ဘယ်လောက်အရေးကြီးသလဲ။ တခြားသူတွေကို ဟောပြောဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားနေသလား။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုပါဝင်နိုင်ဖို့ နည်းလမ်းတွေ ရှာနေသလား။’ (၂ ကော. ၁၃:၅) “ယုံကြည်ကြောင်း နှုတ်နှင့်ဝန်ခံ” ခြင်း၊ တစ်နည်းအားဖြင့် သတင်းကောင်းဟောပြောခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းအတိမ်အနက်ကို တင်ပြကြပါစို့။—ရောမ ၁၀:၁၀ ကိုဖတ်ပါ။
၁၄၊ ၁၅။ (က) နေ့စဉ်ဘဝအသက်တာမှာ ယုံကြည်ခြင်း ဘယ်လိုတင်ပြနိုင်သလဲ။ (ခ) ခိုင်မာတဲ့ယုံကြည်ခြင်းကို လုပ်ရပ်နဲ့တင်ပြတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြပါ။
၁၄ ဘဝအခက်အခဲတွေကို ခံရပ်ခြင်းအားဖြင့်လည်း ယေဟောဝါကိုယုံကြည်ကြောင်း တင်ပြနိုင်တယ်။ ဖျားနာမှု၊ စိတ်ဓာတ်ကျမှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ တခြားပြဿနာတွေ ကြုံရတဲ့အခါ ယေဟောဝါနဲ့ ယေရှု အချိန်ကိုက်ကူညီပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ (ဟေဗြဲ ၄:၁၆) ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီတောင်း ခြင်းအားဖြင့်လည်း ကိုယ်တော့်ကိုယုံကြည်ကြောင်း ဖော်ပြနိုင်တယ်။ ဘုရားရေးရာလိုအပ်ချက်တွေကိုပဲ ကူညီပေးမယ်လို့ ကိုယ်တော် မကန့်သတ်ထားဘူး။ “ယနေ့အတွက် အသက်မွေးလောက်သောအစာ” အပါအဝင် ရုပ်ပိုင်းလိုအပ်ချက်တွေအတွက်လည်း ဆုတောင်းနိုင်တယ်လို့ ယေရှုပြောတယ်။ (လု. ၁၁:၃) ကျွန်တော်တို့လိုအပ်တဲ့အရာကို ယေဟောဝါပေးနိုင်မှန်း ကျမ်းစာမှတ်တမ်းတွေက ဖော်ပြတယ်။ ဥပမာ၊ အကြီးအကျယ်မိုးခေါင်ချိန်အတွင်း ဧလိယအတွက် အစာနဲ့ရေကို ယေဟောဝါပြင်ဆင်ပေးခဲ့တယ်။ “ကျီးအတို့သည် နေ့တိုင်း နံနက်တစ်ခါ၊ ညဦးတစ်ခါ မုန့်နှင့်အမဲသားကို ဆောင်ခဲ့ကြ၏။ ချောင်းရေကိုလည်း သောက်ရ၏” လို့ ကျမ်းစာပြောတယ်။ (၃ ရာ. ၁၇:၃-၆) ကျွန်တော်တို့အတွက်လည်း လိုအပ်ရာတွေ ရရှိစေဖို့ ကိစ္စရပ်တွေကို ယေဟောဝါစီမံပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ယုံကြည်တယ်။
၁၅ ကျမ်းစာမူတွေကို လိုက်နာကျင့်သုံးခြင်းက မိသားစုရဲ့လိုအပ်ရာတွေ ရရှိအောင် ကူညီပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ယုံကြည်တယ်။ အာရှတိုက်မှာနေထိုင်တဲ့ အိမ်ထောင်သည်ညီအစ်မရေဗက္ကာ အဲဒီလိုကြုံတွေ့ခဲ့တယ်။ သူတို့မိသားစုဟာ မဿဲ ၆:၃၃ နဲ့ သုတ္တံ ၁၀:၄ မှာပါတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ကြတယ်။ ခင်ပွန်းဖြစ်သူက အလုပ်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေးထိခိုက်နိုင်တဲ့ အန္တရာယ် ကြုံရတဲ့အခါ အလုပ်ထွက်လိုက်တယ်။ ဒါပေမဲ့ ကျွေးမွေးစောင့်ရှောက်ရမယ့် သားသမီးလေးယောက် ရှိနေတော့ လင်မယားနှစ်ယောက် မုန့်လုပ်ရောင်းကြတယ်။ ကြိုးကြိုးစားစား အလုပ်လုပ်တဲ့အတွက် လိုအပ်ရာတွေ အမြဲရရှိခဲ့တယ်။ “ကျွန်မတို့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူးလို့ ခံစားရတယ်။ ကျွန်မတို့ ထမင်းတစ်နပ်မှ မငတ်ခဲ့ဘူး” လို့ ရေဗက္ကာပြောတယ်။ သင်လည်း ယုံကြည်ခြင်းခိုင်မာစေတဲ့ အလားတူဖြစ်ရပ်မျိုး တွေ့ကြုံဖူးသလား။
ကျမ်းစာမူ တွေကို လိုက်နာ ကျင့်သုံးခြင်းက မိသားစုရဲ့ လိုအပ်ရာတွေ ရရှိအောင် ကူညီပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်
၁၆။ ဘုရားသခင်ကို ယုံကြည်ကိုးစားရင် ဘာရလဒ်ရရှိမလဲ။
ဂလ. ၃:၁၁; ဟဗ. ၂:၄) ဒါကြောင့် အမှန်တကယ် ကူညီပေးနိုင်တဲ့အရှင်ကို ယုံကြည်ဖို့ အရေးကြီးတယ်။ ဘုရားသခင်ဟာ “ငါတို့၌ ပြုပြင်ဆောင်ရွက်သော တန်ခိုးတော်နှင့်အညီ ငါတို့တောင်းလျှောက်ကြံစည်သမျှထက် အလွန်များပြားစွာ ပြုနိုင်တော်မူသော ဘုရားသခင်” ဖြစ်တယ်လို့ ပေါလုပြောတယ်။ (ဧ. ၃:၂၀) ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အလိုတော်ထမ်းဆောင်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြပေမဲ့ အကန့်အသတ်တွေရှိတယ်ဆိုတာ နားလည်ကြတယ်။ ဒါကြောင့် ကိုယ့်ကြိုးစားမှုကို ကောင်းချီးပေးဖို့ ယေဟောဝါကို ကိုးစားကြတယ်။ ကျွန်တော်တို့နဲ့အတူ ကိုယ်တော်ရှိနေလို့ သိပ်ကို ကျေးဇူးတင်စရာပဲ။
၁၆ ယေဟောဝါရဲ့လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်ရင် ကိုယ်တော်ကူညီပေးမယ်ဆိုတာကို ဘယ်တော့မှ သံသယမဝင်သင့်ဘူး။ တမန်တော်ပေါလုက ဟဗက္ကုတ်ရဲ့ စကားတွေကို ကိုးကားပြီး “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရလိမ့်မည်” လို့ ပြောခဲ့တယ်။ (ယုံကြည်ခြင်းတိုးပွားစေပါဆိုတဲ့ ဆုတောင်းချက်တွေ ဖြေကြားခံရ
၁၇။ (က) တမန်တော်တွေရဲ့ တောင်းဆိုချက်ကို ယေရှု ဘယ်လိုဖြေကြားခဲ့သလဲ။ (ခ) ယုံကြည်ခြင်းတိုးပွားစေပါဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားမယ်လို့ ဘာကြောင့် မျှော်လင့်နိုင်သလဲ။
၁၇ အထက်ပါအချက်တွေကို လေ့လာပြီးနောက် “ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” လို့ တောင်းဆိုခဲ့တဲ့ တမန်တော်တွေလို ကျွန်တော်တို့ ခံစားရနိုင်တယ်။ (လု. ၁၇:၅) ယေရှုက တမန်တော်တွေရဲ့တောင်းဆိုချက်ကို အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ အထူးနည်းနဲ့ ဖြေကြားခဲ့တယ်။ သူတို့အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းတဲ့အခါ ဘုရားသခင့်ရည်ရွယ်ချက်ကို သူတို့ ပိုနားလည်နိုင်ခဲ့ကြတယ်။ အဲဒါက သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်မာစေခဲ့တယ်။ ဘာရလဒ်ရရှိခဲ့သလဲ။ အဲဒီအချိန်အခါမှာ ဟောပြောခြင်းလုပ်ငန်းကို အကြီးမားဆုံးအတိုင်းအတာနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ (ကော. ၁:၂၃) ယုံကြည်ခြင်းတိုးပွားစေပါဆိုတဲ့ ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေလည်း ဖြေကြားခံရမယ်လို့ မျှော်လင့်နိုင်သလား။ “အလိုတော်နှင့်အညီ” တောင်းရင် ဖြေကြားမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—၁ ယော. ၅:၁၄။
၁၈။ ယုံကြည်ခြင်းခိုင်မာအောင် တည်ဆောက်သူတွေကို ယေဟောဝါ ဘယ်လိုကောင်းချီးပေးသလဲ။
၁၈ ယေဟောဝါဟာ သူ့အပေါ် အကြွင်းမဲ့ယုံကြည်ကိုးစားသူတွေကို နှစ်သက်မြတ်နိုးတယ်ဆိုတာ ထင်ရှားတယ်။ ယုံကြည်ခြင်းတိုးပွားစေပါဆိုတဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးပါလိမ့်မယ်။ အဲဒီအခါ ကျွန်တော်တို့ဟာ ယုံကြည်ခြင်းခိုင်မာလာပြီး “ဘုရားသခင့်နိုင်ငံတော်နှင့် ထိုက်တန်သူများ” ဖြစ်လာပါလိမ့်မယ်။—၂ သက်. ၁:၃၊ ၅။
^ စာပိုဒ်၊ 4 ပုံနမူနာတချို့ကို သိချင်ရင်တော့ အဲဗား ယူးစက်ဖ်ဆန် (၁၉၉၈၊ ဇွန် ၁၊ ကင်းမျှော်စင်)၊ ဘရူနဲလာ အင်န်ကောန်ဒီတီ (၁၉၉၄၊ ဇူလိုင် ၁၊ ကင်းမျှော်စင်) နဲ့ ဂျိုစဖင်း အီလိယက်စ် (၂၀၀၉၊ စက်တင်ဘာ၊ နိုးလော့!) တို့ရဲ့ ဘဝအတ္ထုပ္ပတ္တိတွေကို ကြည့်ပါ။