စာရှုသူများထံမှ မေးခွန်းလွှာ
ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ အမှန်တရားမသိခင်က ကလေးလိုချင်လို့ ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုခဲ့တယ်။ ကျွန်တော်တို့ရဲ့ သန္ဓေအောင်မျိုးဥ (သန္ဓေသားလောင်း) အားလုံးကို အသုံးမပြုခဲ့ဘူး၊ တချို့ကို အေးခဲစေပြီး သိမ်းထားတယ်။ အဲဒါတွေကို ဆက်သိမ်းထားရမလား၊ စွန့်ပစ်လိုက်ရမလား။
အကယ်၍ မောင်နှံစုံတွေက ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုတယ်ဆိုရင် ဒါက သူတို့ ကြုံတွေ့ရတဲ့ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်။ မောင်နှံစုံတိုင်းက သူတို့ဘာလုပ်မယ်ဆိုတာကို ယေဟောဝါရှေ့မှာ တာဝန်ယူဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရစေနိုင်တဲ့ ဒီနည်းလမ်းအကြောင်း အကြမ်းဖျင်း လေ့လာကြည့်မယ်ဆိုရင် အထောက်အကူရပါလိမ့်မယ်။
၁၉၇၈ ခုနှစ်မှာ အင်္ဂလန်က အမျိုးသမီးတစ်ယောက်ဟာ သဘာဝအတိုင်းမဟုတ်တဲ့ ဒီနည်းလမ်းကိုသုံးပြီး ပထမဆုံး ကလေးမွေးဖွားနိုင်ခဲ့တယ်။ သူ့ရဲ့ သားအိမ်ပြွန်လမ်းကြောင်းက ပိတ်နေတဲ့အတွက် သူ့ရဲ့သားဥ(တွေ)က သုက်ပိုးနဲ့မပေါင်းစပ်နိုင်လို့ ကိုယ်ဝန်မဆောင်နိုင်ဘူး။ ဆေးဝန်ထမ်းတွေက သူ့ရဲ့မျိုးအောင်နိုင်တဲ့မမျိုးဥကို ခွဲစိတ်၊ ထုတ်ယူပြီး ဖန်ခွက်တစ်လုံးမှာ ထည့်ပြီး သူ့ခင်ပွန်းရဲ့သုက်ပိုးနဲ့ မျိုးစပ်လိုက်တယ်။ ဖြစ်ထွန်းလာတဲ့ သန္ဓေသားလောင်းကို ကြီးထွားရင့်သန်အောင်လုပ်ပြီးတဲ့အခါ အဲဒီအမျိုးသမီးရဲ့သားအိမ်နံရံမှာ မြှုပ်သွားနိုင်ဖို့ သားအိမ်ထဲ ထည့်ပေးလိုက်တယ်။ အချိန်တန်တဲ့အခါ သမီးမိန်းကလေးတစ်ယောက် မွေးဖွားလာတယ်။ ဒီနည်းလမ်းကို ဖန်ပြွန်သန္ဓေသား ဒါမှမဟုတ် အိုင်ဗွီအက်ဖ် (IVF) လို့ခေါ်တွင်ခဲ့တယ်။
အသေးစိတ်လုပ်ဆောင်ပုံတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပေမဲ့ ဖန်ပြွန်သန္ဓေသားနည်းလမ်းမှာ အကြမ်းဖျင်းအားဖြင့် ဒီအဆင့်တွေပါဝင်တယ်– ဇနီးဖြစ်သူရဲ့ မျိုးဥအိမ်တွေကနေ မျိုးဥအများကြီး ထုတ်ပေးနိုင်ဖို့ သူ့ကို သီတင်းပတ်အတော်ကြာအောင် မျိုးအောင်စေတဲ့ ဆေးဝါးတွေ တိုက်တယ်။ ခင်ပွန်းသည်က မိမိရဲ့လိင်အင်္ဂါကို လက်နဲ့လှုံ့ဆော်ပေးခြင်းဖြင့် သုက်ရည်အသစ်ရအောင် လုပ်ဆောင်ပေးရတယ်။ ရလာတဲ့သုက်ရည်ကို မမျိုးဥနဲ့ပေါင်းပြီး ဓာတ်ခွဲခန်းမှာ မျိုးစပ်တယ်။ မျိုးဥတွေက မျိုးအောင်ပြီး၊ စတင်ခွဲထွက်ပြီး လူ့သန္ဓေသားလောင်းတွေ ဖြစ်လာတယ်။ တစ်ရက် ဒါမှမဟုတ် တစ်ရက်ထက်မက ကြာပြီးနောက်မှာ ဖွံ့ဖြိုးခါစ သန္ဓေသားလောင်းတွေမှာ ချို့ယွင်းချက်ရှိသလား၊ ကျန်းမာသန်စွမ်းသလား၊ သားအိမ်နံရံမှာ တွယ်ကပ်ပြီး ကြီးထွားနိုင်မလားဆိုတာ သိရှိနိုင်ဖို့အတွက် သန္ဓေသားလောင်းတွေကို သေချာစစ်ဆေးတယ်။ တတိယနေ့မှာတော့ ကိုယ်ဝန်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံးသန္ဓေသားလောင်း နှစ်ခု ဒါမှမဟုတ် သုံးခုကို အမျိုးသမီးရဲ့သားအိမ်ထဲ ပြောင်းထည့်ပေးလေ့ရှိတယ်။ သန္ဓေသားလောင်း တစ်ခု ဒါမှမဟုတ် တစ်ခုထက်မက သားအိမ်နံရံမှာ တွယ်ကပ်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ပြီး အချိန်ရောက်တဲ့အခါ ကလေးမွေးနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ မသန်စွမ်းတဲ့ ဒါမှမဟုတ် ချို့ယွင်းချက်ရှိတဲ့ သန္ဓေသားလောင်းတွေအပါအဝင် သားအိမ်ထဲကိုမထည့်တဲ့ သန္ဓေသားလောင်းတွေကို ဘယ်လိုလုပ်မလဲ။ သားအိမ်ထဲမထည့်ဘဲ ဒီအတိုင်းထားတယ်ဆိုရင် ဒီသန္ဓေသားလောင်းတွေဟာ မကြာခင်မှာ ပျက်စီးသွားမှာဖြစ်တယ်။ အဲဒီလိုမဖြစ်စေဖို့ ပိုနေတဲ့သန္ဓေသားလောင်းတွေကို နိုက်ထရိုဂျင်အရည်ထဲမှာ အေးခဲစေပြီး သိမ်းထားမှာဖြစ်တယ်။ ဘာကြောင့်လဲ။ အကယ်၍ ပထမအကြိမ် ကြိုးစား * အိမ်ထောင်ဖက်တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံး သေဆုံးသွာတာ၊ နောက်အိမ်ထောင်ပြုတာတွေက ရှုပ်ထွေးတဲ့ပြဿနာတွေ ပေါ်ပေါက်စေနိုင်တယ်။ အများကြီး စဉ်းစားသုံးသပ်ပြီးနောက်မှာ တချို့မောင်နှံတွေက နှစ်နဲ့ချီပြီး သိမ်းထားဖို့ ထိန်းသိမ်းစရိတ်ဆက်ပေးကြတယ်။
ထားတဲ့ ဖန်ပြွန်သန္ဓေသားက မအောင်မြင်ဘူးဆိုရင် နောက်ထပ်အကုန်အကျမများအောင် သိမ်းဆည်းထားတဲ့ သန္ဓေသားလောင်းတွေကို မိခင်ရဲ့သားအိမ်ထဲ ထပ်ထည့်နိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ဒါက လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ပြဿနာတွေကို ပေါ်ပေါက်စေတယ်။ အထက်မှာပါတဲ့မေးခွန်းကို မေးခဲ့တဲ့မောင်နှံအပါအဝင် မောင်နှံများစွာဟာ အေးခဲထားတဲ့ သူတို့ရဲ့သန္ဓေသားလောင်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ အခက်တွေ့နေကြတယ်။ သူတို့ နောက်ထပ် ကလေးမလိုချင်တော့တာ ဖြစ်နိုင်တယ်။ မိဘတွေ အသက်ကြီးလာလို့ နောက်ထပ်ကလေးတစ်ယောက်ယူဖို့ မဖြစ်နိုင်တာ ဒါမှမဟုတ် ငွေကြေးအခြေအနေအရ နောက်ထပ်ကလေးတစ်ယောက်ကို မကျွေးမွေးနိုင်တာမျိုး ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့ဒွန်တွဲလာတဲ့ နောက်ဆက်တွဲအန္တရာယ်တွေ ကြုံတွေ့ရမှာကြောက်တာ ဖြစ်နိုင်တယ်။၂၀၀၈ ခုနှစ်မှာ သန္ဓေသားလောင်းပညာရှင်တစ်ဦးက သည် နယူးယောက်တိုင်းမ်းစ် သတင်းစာမှာ မိဘတွေဟာ ပိုနေတဲ့သန္ဓေသားလောင်းတွေကို ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရခက်နေတယ်လို့ ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးက ဒီလိုဆိုတယ်– “အနည်းဆုံး သန္ဓေသားလောင်း ၄၀၀,၀၀၀ ကို နိုင်ငံတစ်ဝန်းက ဆေးခန်းတွေမှာ အေးခဲစေပြီး သိမ်းထားတယ်၊ နေ့စဉ်နေ့တိုင်းလည်း အသစ်အသစ်တွေ ထပ်ရောက်လာတယ်။ . . . သေချာအေးခဲစေပြီး သိမ်းထားမယ်ဆိုရင် ဒီသန္ဓေသားလောင်းတွေဟာ ဆယ်နှစ် ဒါမှမဟုတ် အဲဒီထက်မက အသက်ရှင်နိုင်တယ်၊ ဒါပေမဲ့ အေးခဲရာကနေ အရည်ပျော်သွားပြီဆိုရင်တော့ ဆက်အသက်မရှင်နိုင်တော့ဘူး။” (ကျွန်ုပ်တို့ စာလုံးစောင်းထား။) အေးခဲရာကနေ အရည်ပျော်သွားတယ်ဆိုတဲ့အချက်က ခရစ်ယာန်တချို့အတွက် စဉ်းစားစရာဖြစ်စေတယ်။ ဘာကြောင့်လဲ။
ဖန်ပြွန်သန္ဓေသားနည်းလမ်းကိုသုံးလို့ ပြဿနာတွေ ကြုံတွေ့နေရတဲ့ ခရစ်ယာန်မောင်နှံတွေဟာ ဆေးပညာရပ်ရဲ့ ရှုပ်ထွေးတဲ့အခြေအနေ အရပ်ရပ်ကို ကောင်းကောင်း စဉ်းစားသုံးသပ်ရမှာဖြစ်တယ်။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ်ချစ်ရသူတစ်ဦး နောက်ဆုံးအခြေအနေ ရောက်နေတာ၊ အသက်ရှုကိရိယာအကူအညီနဲ့ အသက်ဆက်နေရတာ စတဲ့အခြေအနေမျိုးမှာ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်တယ်။ ခရစ်ယာန်စစ်တွေဟာ ဆေးဆက်မကုတော့ဘဲ လစ်လျူရှုတာမျိုး မလုပ်ဘူး၊ ထွက်မြောက်ရာ ၂၀:၁၃ နဲ့ ဆာလံ ၃၆:၉ အရ သူတို့က အသက်ကို တန်ဖိုးထားတယ်။ မေ ၈၊ ၁၉၇၄ နိုးလော့!မှာ ဒီလိုဖော်ပြထားတယ်– “သူတို့ဟာ အသက်ကိုတန်ဖိုးထားတဲ့ ဘုရားသခင့်အမြင်ကို လေးစားတဲ့အတွက်ကြောင့်၊ သူတို့ရဲ့သြတ္တပ္ပစိတ်ကြောင့်၊ အစိုးရဥပဒေတွေကို နာခံတဲ့အတွက်ကြောင့်၊ မိမိတို့ရဲ့ဘဝကို ကျမ်းစာမူတွေနဲ့အညီ ဖြစ်စေလိုတဲ့အတွက်ကြောင့် ညင်ညင်သာသာ အသက်သေဆုံးစေတဲ့နည်းကို ဘယ်တော့မှာ သုံးမှာမဟုတ်ဘူး။” အဲဒီနည်းက လူနာရဲ့အသက်ကို တမင်တကာ သတ်တာဖြစ်တယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ စက်ရဲ့အကူအညီရှိမှသာ ချစ်ရသူတစ်ဦး ဆက်အသက်ရှင်နိုင်တယ်။ အဲဒီအခါမှာ အသက်ဆက်ရှင်စေတဲ့ အဲဒီအထောက်အကူကိရိယာကို ဆက်သုံးမလား၊ ဆက်မသုံးဘူးလားဆိုတာကို မိသားစုဝင်တွေက ဆုံးဖြတ်ရမှာဖြစ်တယ်။
ဒါက ဖန်ပြွန်သန္ဓေသား နည်းလမ်းသုံးပြီး သန္ဓေသားလောင်းကို သိမ်းထားတဲ့ မောင်နှံစုံရဲ့ အခြေအနေနဲ့ မတူဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာနည်းလမ်းတစ်ခုအနေနဲ့ သန္ဓေသားလောင်းကို အသက်ရှင်သန်စေတဲ့ အေးခဲတဲ့နေရာကနေ ထုတ်လိုက်ဖို့ သူတို့ အကြံပြုခံရနိုင်တယ်။ အေးခဲနေတဲ့နေရာမှာ မဟုတ်ဘူးဆိုရင် သန္ဓေသားလောင်းဟာ ဆက်အသက်မရှင်နိုင်တဲ့ အခြေအနေမျိုး ရောက်သွားမယ်။ အဲဒီလိုလုပ်ခွင့်ပြုမပြုဆိုတာကို မောင်နှံစုံက ဆုံးဖြတ်ရမယ်။—ဂလ. ၆:၇။
မောင်နှံစုံတစ်စုံဟာ ကိုယ်သဘောနဲ့ကိုယ် ဖန်ပြွန်သန္ဓေသားနည်းလမ်းကို သုံးပြီး ကိုယ်ဝန်ဆောင်ဖို့နဲ့ ကလေးတစ်ယောက် မွေးဖွားဖို့ မျှော်လင့်ထားတဲ့အတွက်ကြောင့် ပိုနေတဲ့သန္ဓေသားလောင်းကို ဆက်ပြီးအေးခဲနေစေဖို့ အကုန်အကျခံပြီး ဆက်သိမ်းထားမလား ဒါမှမဟုတ် နောင်မှာ ကလေးတစ်ယောက်ထပ်မွေးဖို့ အဲဒါကို သုံးမလားဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်။ ဒါပေမဲ့ နောက်မောင်နှံတစ်စုံကတော့ သန္ဓေသားလောင်းကို အေးခဲတဲ့နေရာမှာ ထားတာက အသက်ဆက်ရှင်ဖို့အတွက် ပြင်ပအထောက်အကူပစ္စည်းရဲ့ အကူအညီယူတာဖြစ်တယ်လို့ ရှုမြင်မယ်၊ ဒါကြောင့် အေးခဲနေတဲ့ သန္ဓေသားလောင်းကို ဆက်မသိမ်းတော့ဘူးလို့ ဆုံးဖြတ်ကောင်းဆုံးဖြတ်မယ်။ ဒီဆုံးဖြတ်ချက်ကိုချရမယ့် ခရစ်ယာန်တွေဟာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သူတို့ရဲ့သြတ္တပ္ပစိတ်ကိုသုံးပြီး ဘုရားသခင်ရှေ့မှာ တာဝန်ယူဆုံးဖြတ်ရမှာဖြစ်တယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်က တခြားသူတွေရဲ့သြတ္တပ္ပစိတ်ကို ထောက်ထားရမှာဖြစ်သလို သူတို့ကိုယ်တိုင်ရဲ့သြတ္တပ္ပစိတ်ကိုလည်း အနှောင့်အယှက် မဖြစ်စေသင့်ဘူး။—၁ တိ. ၁:၁၉။
ဒီဆုံးဖြတ်ချက်ကိုချရမယ့် ခရစ်ယာန်တွေဟာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ သူတို့ရဲ့သြတ္တပ္ပစိတ်ကို သုံးပြီး ဘုရားသခင်ရှေ့မှာ တာဝန်ယူဆုံးဖြတ်ရမှာဖြစ်
ဇနီးမောင်နှံအများစုက “သူတို့ရဲ့ [အေးခဲနေတဲ့] သန္ဓေသားလောင်းကို ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့အတွက် စိတ်ရှုပ်ထွေးနေကြသလို တစ်ချိန်တည်းမှာ အရမ်းလည်း စိတ်ပူကြတယ်” ဆိုတာကို ဆေးပညာရှင်တစ်ဦး တွေ့ရှိခဲ့တယ်။ “မောင်နှံအများစုအတွက်တော့ မှန်ကန်တဲ့ဆုံးဖြတ်ချက် မရှိတဲ့ပုံပေါက်နေတယ်” လို့ သူပြောခဲ့တယ်။
ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုဖို့စဉ်းစားနေတဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ဒီနည်းပညာနဲ့ပတ်သက်လာတဲ့ အရေးကြီးတဲ့ အချက်အလက်အားလုံးကို ထည့်စဉ်းစားသင့်တယ်။ သမ္မာကျမ်းစာက ဒီလိုသွန်သင်တယ်– “လိမ္မာပါးနပ်သူက ဘေးဆိုးကိုကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံနည်းသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေ ခံစားရလိမ့်မယ်။”—သု. ၂၂:၃၊ ကဘ။
လက်မထပ်ဘဲ အတူနေတဲ့စုံတွဲတစ်တွဲဟာ ကျမ်းစာလေ့လာနေတယ်။ သူတို့က နှစ်ခြင်းခံလို့ရအောင် လက်ထပ်ချင်တယ်။ ဒါပေမဲ့ အမျိုးသားက အဲဒီနိုင်ငံမှာ တရားဝင်နေထိုင်သူမဟုတ်တဲ့အတွက် လက်ထပ်လို့မရဘူး။ အစိုးရက တရားမဝင်နေထိုင်သူတစ်ဦးကို လက်ထပ်ခွင့်မပေးဘူး။ သူတို့စုံတွဲက သစ္စာကတိခံဝန်ချက်ကို လက်မှတ်ရေးထိုးပြီး နှစ်ခြင်းခံလို့ ရမလား။
ဒါက ပြဿနာဖြေရှင်းနည်းလို့ ယူဆရပေမဲ့ ကျမ်းစာနည်းလမ်း မဟုတ်ဘူး။ အကြောင်းရင်းကိုနားလည်ဖို့အတွက် အရင်ဆုံး သစ္စာကတိခံဝန်ချက်လုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ အဲဒါကို ဘယ်လိုနေရာတွေမှာ အသုံးပြုသလဲဆိုတာကို လေ့လာကြည့်ကြစို့။
ဒီခံဝန်ချက်က တရားဝင်လက်ထပ်လို့မရတဲ့ စုံတွဲတစ်တွဲက သက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးရတဲ့ စာရွက်စာတမ်းဖြစ်တယ်၊ သူတို့ တရားဝင်လက်ထပ်လို့မရတဲ့အကြောင်းရင်းတွေကို အောက်မှာပါတဲ့စာပိုဒ်တွေမှာ ဖော်ပြထားတယ်။ သူတို့ အဲဒီခံဝန်ချက်ကို လက်မှတ်ရေးထိုးတာက ဘုရားသခင်နဲ့ လူသက်သေတွေရှေ့မှာ တစ်ဦးကိုတစ်ဦး သစ္စာရှိပါမယ်၊ သူတို့ရဲ့လက်ထပ်ထိမ်းမြားမှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်လို့ရတယ်ဆိုရင် လုပ်ပါမယ်ဆိုတာကို ကတိပေးတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အသင်းတော်က သူတို့ရဲ့လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်လက်ထပ်ထိမ်းမြားခြင်းအဖြစ် သတ်မှတ်မှာဖြစ်တယ်။
သစ္စာကတိခံဝန်ချက်ကို ဘယ်အချိန်မှာ အသုံးပြုသလဲ။ ဒီမေးခွန်းကိုဖြေဖို့အတွက် အရင်ဆုံး ထိမ်းမြားခြင်းနဲ့ ကွာရှင်းခြင်းကို ယေဟောဝါ ဘယ်လိုရှုမြင်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ လူသားတွေရဲ့လက်ထပ်ထိမ်းမြားမှုကို ယေဟောဝါ အစပြုပေးခဲ့တာဖြစ်ပြီး မ. ၁၉:၅၊ ၆၊ က. ၂:၂၂-၂၄) ယေရှု ဒီလိုဆက်ပြောတယ်– “မတရားမေထုန်ပြုခြင်းမှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏။” (မ. ၁၉:၉) ဒါကြောင့် “မတရားမေထုန်” ဒါမှမဟုတ် လိင်အကျင့်ပျက်ခြင်းကသာ ကွာရှင်းနိုင်တဲ့အကြောင်းရင်းဖြစ်တယ်လို့ ကျမ်းစာကဆိုတယ်။ ဥပမာ၊ ယောက်ျားတစ်ယောက်က သူ့ဇနီးမဟုတ်တဲ့သူနဲ့ လိင်အကျင့်ယိုယွင်းတယ်ဆိုရင် ကွာရှင်းမလား၊ မကွာရှင်းဘူးလားဆိုတာကို ဇနီးဖြစ်သူက ဆုံးဖြတ်နိုင်တယ်။ ဇနီးဖြစ်သူက ကွာရှင်းဖို့ ဆုံးဖြတ်တယ်ဆိုရင် သူမလည်း နောက်အိမ်ထောင် ထပ်ပြုနိုင်တယ်။
ကိုယ်တော် အဲဒါကို အရမ်းအလေးအနက်ထားတယ်။ ကိုယ်တော့်သားတော်က “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” လို့ပြောခဲ့တယ်။ (အထူးသဖြင့် အရင်တုန်းကဆိုရင် တချို့နိုင်ငံတွေမှာရှိတဲ့ အဓိကသြဇာလွှမ်းမိုးတဲ့ဘာသာက ကျမ်းစာခွင့်ပြုတဲ့ ဒီကွာရှင်းခြင်းကို လက်မခံဘူး။ ဘာအကြောင်းပြချက်နဲ့မှ ကွာရှင်းလို့မရဘူးလို့ သွန်သင်တယ်။ ဘာသာရေးခေါင်းဆောင်တွေ အရမ်းသြဇာလွှမ်းမိုးတဲ့ နိုင်ငံတွေမှာဆိုရင် ဥပဒေက ကွာရှင်းခွင့်မပေးဘူး၊ ယေရှုပြောတဲ့အကြောင်းပြချက်နဲ့တောင် ကွာရှင်းလို့မရဘူး။ တချို့နိုင်ငံမှာကျတော့ ဥပဒေအရ ကွာရှင်းလို့ရပေမဲ့ အရမ်းခက်တယ်၊ လုပ်ထုံးလုပ်နည်းတွေက အရမ်းရှုပ်ထွေးပြီး အချိန်ကြာတယ်။ ကွာရှင်းခွင့်ရဖို့ နှစ်အတော်ကြာအောင် စောင့်ရတယ်။ အဓိကသြဇာလွှမ်းမိုးတဲ့ ဘာသာနဲ့ အစိုးရက ဘုရားသခင်ခွင့်ပြုတဲ့အရာကို လူတွေမလုပ်နိုင်အောင် “တားဆီး” သလိုဖြစ်နေတယ်။—တ. ၁၁:၁၇။
ဥပမာ၊ စုံတွဲတစ်တွဲဟာ ကွာရှင်းခွင့်မပြုတဲ့ ဒါမှမဟုတ် ကွာရှင်းခွင့်ရဖို့ အရမ်းခက်တဲ့နိုင်ငံမှာ နေတယ်ဆိုပါစို့။ သူတို့က အရင်အိမ်ထောင်ဖက်နဲ့ ကွာရှင်းခွင့်ရဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ပြီး ကျမ်းစာအရလည်း ပြန်အိမ်ထောင်ပြုလို့ရတယ်ဆိုရင် သစ္စာကတိခံဝန်ချက်မှာ လက်မှတ်ထိုးနိုင်ပါတယ်။ အဲဒီလိုနိုင်ငံတွေအတွက် ယေဟောဝါရဲ့အဖွဲ့အစည်းက မေတ္တာပါစွာနဲ့ ဒီသစ္စာကတိခံဝန်ချက် အစီအစဉ်ကို ပြုလုပ်ပေးတာဖြစ်တယ်။ ဒီအစီအစဉ်က ကွာရှင်းခွင့်ရှိတဲ့နိုင်ငံတွေမှာ သုံးဖို့မဟုတ်ဘူး။ ကွာရှင်းဖို့အတွက် ငွေကုန်ကြေးကျများလွန်းတယ်၊ ဒါမှမဟုတ် အလုပ်ရှုပ်တယ်ဆိုပြီး ဒီအစီအစဉ်ကို အသုံးပြုလို့မရဘူး။
ကွာရှင်းလို့ရတဲ့နိုင်ငံမှာနေပြီး သစ္စာကတိခံဝန်ချက်အကြောင်း နားမလည်တဲ့သူတချို့ဟာ အလုပ်ရှုပ်မခံချင်လို့ သစ္စာကတိခံဝန်ချက်ကို လက်မှတ်ထိုးချင်ကြတယ်။ ဒါပေမဲ့ ဒါက ဒီသစ္စာကတိခံဝန်ချက်ကို အသုံးပြုလို့ရတဲ့ အကြောင်းပြချက်မဟုတ်ဘူး။
အထက်မှာဖော်ပြထားတဲ့ မေးခွန်းမေးတဲ့သူတွေရဲ့အခြေအနေကို ပြန်သုံးသပ်ကြည့်ကြစို့။ သူတို့နှစ်ယောက်က အတူနေနေကြပြီး လက်ထပ်ချင်ကြတယ်။ နှစ်ယောက်စလုံးက အရင်အိမ်ထောင် မရှိကြဘူး၊ ကျမ်းစာအရ လက်ထပ်လို့ရတဲ့ လွတ်လပ်သူတွေဖြစ်တယ်။ သူတို့ထဲက တစ်ယောက်ယောက်က ကွာရှင်းဖို့လိုတာ ဒါမှမဟုတ် ဥပဒေက ကွာရှင်းခွင့်မပေးတာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီစုံတွဲက သစ္စာကတိခံဝန်ချက်ကို လက်မှတ်ထိုးလို့မရဘူး။ သူတို့ရဲ့ပြဿနာက အမျိုးသားဟာ တရားဝင်နေထိုင်သူမဟုတ်လို့ အစိုးရက လက်ထပ်ထိမ်းမြားခွင့် မပေးတာဖြစ်တယ်။ (နိုင်ငံအတော်များများမှာတော့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးက ဒါမှမဟုတ် နှစ်ယောက်စလုံးက တရားဝင်နေထိုင်သူမဟုတ်ရင်တောင် အစိုးက လက်ထပ်ထိမ်းမြားခွင့်ပေးတယ်။) ဒါဆိုရင် ဒီစုံတွဲ ဘာလုပ်နိုင်သလဲ။ သူတို့နှစ်ဦးဟာ တရားဝင်လက်ထပ်ထိမ်းမြားခွင့်ပြုတဲ့ နိုင်ငံတစ်ခုခုကို သွားရမှာဖြစ်တယ်။ ဒါမှမဟုတ် အမျိုးသားက သူအခုနေထိုင်တဲ့နိုင်ငံမှာ တရားဝင်နေလို့ရအောင်လုပ်ပြီး အဲဒီနိုင်ငံမှာပဲ လက်ထပ်ထိမ်းမြားဖို့ဖြစ်တယ်။
ဒါကြောင့် ဒီစုံတွဲဟာ ဘုရားသခင့်ပညတ်နဲ့အညီဖြစ်ဖို့၊ ကဲသာရဲ့ဥပဒေနဲ့အညီဖြစ်ဖို့ သူတို့ရဲ့ဘဝပုံစံကို ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ (မာ. ၁၂:၁၇၊ ရော. ၁၃:၁) သူတို့တွေ တရားဝင်လက်ထပ်ထိမ်းမြားပြီးပြီဆိုရင် နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီမှာဖြစ်တယ်။—ဟေဗြဲ ၁၃:၄။
^ အပိုဒ်၊ 6 အကယ်၍ ကြီးထွားနေတဲ့ သန္ဓေသားက ချို့ယွင်းချက်ရှိပုံပေါက်နေတယ် ဒါမှမဟုတ် တစ်ခုထက်မကတဲ့ သန္ဓေသားလောင်းတွေက သားအိမ်မှာ ရှင်သန်နေတယ် ဆိုရင်ကော။ ကိုယ်ဝန်ကို တမင်တကာ ဖယ်ရှားပစ်တာက ကလေးဖျက်ချတာဖြစ်တယ်။ ဖန်ပြွန်သန္ဓေသားနည်းလမ်းကို သုံးတဲ့အခါ တစ်ယောက်ထက်မက ကိုယ်ဝန်ဆောင် (နှစ်မြွှာပူး၊ သုံးမြွှာပူး၊ ဒါမှမဟုတ် အဲဒီထက်ပို) တာက ဖြစ်လေ့ဖြစ်ထရှိပြီး လမစေ့ဘဲမွေးတာ၊ မိခင်ဖြစ်သူသွေးသွန်တာ စတဲ့အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ သန္ဓေသားတစ်ခုထက်မကကို ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ သန္ဓေသားတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို ဖျက်ဆီးပစ်ဖို့ တိုက်တွန်းခံရနိုင်တယ်။ ဒါဟာ တမင်တကာ ကလေးဖျက်ချတာဖြစ်ပြီး လူသတ်တာနဲ့တူတယ်။—ထွ. ၂၁:၂၂၊ ၂၃၊ ဆာ. ၁၃၉:၁၆။