ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လော့
ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လော့
“ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ။”—ယောဟန် ၁၃:၁၅။
၁။ ယေရှုသည် ခရစ်ယာန်များ တုပထိုက်သည့် စံပြနမူနာ အဘယ်ကြောင့် ဖြစ်ရသနည်း။
လူ့သမိုင်းတစ်လျှောက်တွင် လူတစ်ဦးတည်းသာ တစ်သက်လုံး အပြစ်မရှိဘဲ နေထိုင်သွားခဲ့သည်။ ထိုသူကား ယေရှုပင်တည်း။ ယေရှုမှလွဲ၍ “မပြစ်မှားတတ်သောလူ တစ်ယောက်မျှမရှိ။” (၃ ဓမ္မရာဇဝင် ၈:၄၆; ရောမ ၃:၂၃) ထိုအကြောင်းကြောင့် ခရစ်ယာန်စစ်များသည် ယေရှုကို တုပထိုက်သည့် အကောင်းဆုံးစံပြနမူနာအဖြစ် ရှုမြင်ကြသည်။ မှန်ပါသည်၊ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့ ယေရှုမကွယ်လွန်မီလေးတွင် မိမိကိုတုပကြရန် နောက်လိုက်များအား မိန့်မှာ၏။ ကိုယ်တော်က “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှာ ပုံသက်သေကိုပြခဲ့ပြီ” ဟုဆိုသည်။ (ယောဟန် ၁၃:၁၅) ထိုနောက်ဆုံးညတွင် ယေရှုသည် ခရစ်ယာန်များ မိမိကဲ့သို့ဖြစ်ရန် ကြိုးစားသင့်သည့် နည်းလမ်းအတော်များများကို မိန့်မှာခဲ့၏။ ဤဆောင်းပါးတွင် အဆိုပါနည်းလမ်းများမှ အချို့ကို သုံးသပ်သွားကြမည်။
စိတ်နှိမ့်ချမှုလိုအပ်
၂၊ ၃။ ယေရှုသည် အဘယ်နည်းများဖြင့် ပြည့်စုံကောင်းမွန်သည့် စိတ်နှိမ့်ချမှုပုံသက်သေ ပြသခဲ့သနည်း။
၂ မိမိပြခဲ့သော ပုံသက်သေကို လိုက်ကြရန် တပည့်များအား ယေရှု တိုက်တွန်းသည့်အခါ စိတ်နှိမ့်ချမှုနှင့်ပတ်သက်၍ အထူးပြုမိန့်ဆိုခဲ့သည်။ စိတ်နှိမ့်ချမှုရှိကြရန် နောက်လိုက်များအား တစ်ကြိမ်ထက်မက ကိုယ်တော်ဆုံးမခဲ့သည့်အပြင် နိသန်လ ၁၄ ရက်ညတွင် တမန်တော်များ၏ခြေကို ဆေးပေးခြင်းဖြင့် ကိုယ်တော်၏စိတ်နှိမ့်ချမှုကို ပြသတော်မူခဲ့သည်။ ထို့နောက် ယေရှုက “ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်” ဟုမိန့်ဆိုခဲ့၏။ (ယောဟန် ၁၃:၁၄) ထို့နောက် ကိုယ်တော်က မိမိပြခဲ့သော ပုံသက်သေကို လိုက်ကြရန် တမန်တော်များအား မိန့်မှာလေသည်။ အလွန်ကောင်းမွန်သည့် စိတ်နှိမ့်ချမှုပုံသက်သေပင်!
၃ ကမ္ဘာမြေပေါ် မကြွလာမီက ယေရှုသည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်” ဟုတမန်တော်ပေါလုက ဆို၏။ မည်သို့ပင်ဆိုစေ၊ ကိုယ်တော်သည် မိမိဂုဏ်အသရေကိုစွန့်၍ နိမ့်ကျသောလူသားအဖြစ် ဖွားမြင်ခြင်းကို ခံတော်မူသည်။ ထိုမျှမက ကိုယ်တော်သည် “အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။” (ဖိလိပ္ပိ ၂:၆-၈) စဉ်းစားကြည့်ပါလေ။ စကြဝဠာတွင် ဒုတိယအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ယေရှုသည် ကောင်းကင်တမန်များထက် အဆင့်နိမ့်၊ ဘာမျှမစွမ်းဆောင်နိုင်သည့် နို့စို့ကလေးအနေနှင့် မွေးဖွား၊ မစုံလင်သောမိဘများကို လက်အောက်ခံ၍ ကြီးပြင်းလာကာ နောက်ဆုံးတွင် စက်ဆုပ်ဖွယ် ရာဇဝတ်သားအဖြစ် သေဆုံးရန်တို့ကို သဘောတူခဲ့သည်။ (ကောလောသဲ ၁:၁၅၊ ၁၆; ဟေဗြဲ ၂:၆၊ ၇) ထူးကဲသော စိတ်နှိမ့်ချမှုပင်! “ထိုစိတ်သဘောကို” တုပပြီး ထိုသို့သော “နှိမ့်ချသောစိတ်” မွေးနိုင်မည်လော။ (ဖိလိပ္ပိ ၂:၃-၅) မွေးနိုင်သော်လည်း လွယ်ကူမည်မဟုတ်ချေ။
၄။ အဘယ်အရာများသည် လူတို့ကို မာနကြီးစေသနည်း၊ သို့သော် မာနကြီးခြင်းသည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။
သု. ၆:၁၆-၁၉) မာနကြီးခြင်းကြောင့် စာတန် ကျဆုံးခဲ့ရ၏။ (၁ တိမောသေ ၃:၆) မာနကြီးခြင်းသည် လူ့နှလုံးထဲ အမြစ်စွဲဖို့ လွယ်ကူပြီး စွဲသွားသည်နှင့် ပြန်ထုတ်ဖို့ ခဲယဉ်းသွားသည်။ လူတို့သည် မိမိတို့၏နိုင်ငံ၊ လူမျိုး၊ ဥစ္စာပစ္စည်း၊ ပညာရေး၊ လောကအောင်မြင်မှုများ၊ လူမှုရေးအဆင့်အတန်း၊ ရုပ်ရည်၊ အားကစားစွမ်းရည်နှင့် အခြားအရာများစွာတို့ကြောင့် မာနကြီးကြသည်။ သို့တိုင် ထိုအရာရှိသမျှသည် ယေဟောဝါအတွက် အရေးမပါချေ။ (၁ ကောရိန္သု ၄:၇) ကျွန်ုပ်တို့သည် ၎င်းတို့ကြောင့် မာနကြီးမည်ဆိုလျှင် ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည်။ ‘ထာဝရဘုရားသခင်သည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးကသိတော်မူ၏။’—ဆာလံ ၁၃၈:၆; သု. ၈:၁၃။
၄ စိတ်နှိမ့်ချခြင်း၏ဆန့်ကျင်ဘက်မှာ မာနကြီးခြင်းဖြစ်သည်။ (ကျွန်ုပ်တို့ညီအစ်ကိုများကြား စိတ်နှိမ့်ချ
၅။ အကြီးအကဲများသည် စိတ်နှိမ့်ချမှုရှိဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။
၅ ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏အနေအထားများနှင့် အောင်မြင်မှုများကြောင့်ပင် မာနမကြီးသင့်ပေ; အသင်းတော်၏တာဝန်များကြောင့်လည်း မာနမကြီးသင့်ချေ။ (၁ ရာဇဝင်ချုပ် ၂၉:၁၄; ၁ တိမောသေ ၆:၁၇၊ ၁၈) အမှန်စင်စစ် ကျွန်ုပ်တို့၏တာဝန် သာ၍ကြီးလာလေ၊ နှိမ့်ချမှုရှိဖို့ ပို၍လိုလာလေဖြစ်သည်။ တမန်တော်ပေတရုက အကြီးအကဲများအား “ဘုရားသခင်ပိုင်ဆိုင်ရာတော်ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြလော့” ဟူ၍ အားပေးတိုက်တွန်းခဲ့သည်။ (၁ ပေတရု ၅:၃၊ ကဘ) အကြီးအကဲများသည် အာဏာထား၍ အုပ်ချုပ်ဖို့မဟုတ်ဘဲ အစေခံ၍ ပုံသက်သေပြဖို့ ခန့်အပ်ခံရကြ၏။—လုကာ ၂၂:၂၄-၂၆; ၂ ကောရိန္သု ၁:၂၄။
၆။ ခရစ်ယာန်အသက်တာ၏ အဘယ်ကဏ္ဍများတွင် စိတ်နှိမ့်ချမှုလိုအပ်သနည်း။
၆ အကြီးအကဲများသာ စိတ်နှိမ့်ချမှုပြဖို့မဟုတ်ချေ။ အသက်ကြီးသောသူတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ဉာဏ်ရည် သာ၍ထက်မြက်ခြင်း၊ ကာယခွန်အားသန်မာခြင်းတို့ကြောင့် မာနကြီးလာနိုင်ဖွယ်ရှိသည့် လူငယ်များကို ပေတရုက ဤသို့ရေးခဲ့သည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅) မှန်ပါသည်၊ ခရစ်တော်နည်းတူ ကျွန်ုပ်တို့အားလုံး နှိမ့်ချမှုရှိဖို့ အရေးကြီးသည်။ သတင်းကောင်းဟောပြောသည့်အခါ အထူးသဖြင့် ဥပေက္ခာပြုခံရ သို့မဟုတ် ရန်လိုခံရသည့်အခါ စိတ်နှိမ့်ချမှုရှိဖို့လိုသည်။ သွန်သင်ချက်ကို လက်ခံဖို့နှင့် ခရစ်ယာန်ဓမ္မအမှုတွင် တိုးချဲ့ပါဝင်နိုင်ရန် ဘဝကို ရိုးရှင်းစွာထားဖို့ နှိမ့်ချမှုလို၏။ ထို့ပြင် လူသိရှင်ကြား ပုတ်ခတ်ပြောဆိုမှု၊ တရားဥပဒေနှင့်ထိုးနှက်မှုများ သို့မဟုတ် ကြမ်းတမ်းသည့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို ခံရချိန်တွင် နှိမ့်ချမှုသာမက ရဲဝံ့သောယုံကြည်ခြင်းရှိဖို့လိုသည်။—၁ ပေတရု ၅:၆။
၇၊ ၈။ စိတ်နှိမ့်ချမှုကို ပျိုးထောင်နိုင်သည့် နည်းအချို့ကား အဘယ်နည်း။
၇ လူတစ်ဦးသည် မာနစိတ်ကို ချိုးနှိမ်ပြီး “သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်” နှင့်မည်သို့ပြုမူနိုင်သနည်း။ (ဖိလိပ္ပိ ၂:၃) မိမိကို ယေဟောဝါရှုမြင်သကဲ့သို့ ကိုယ့်ကိုယ်ကိုရှုမြင်ရမည်။ “ထိုနည်းတူ သင်တို့ဆောင်ရွက်ပြီးသော် ငါတို့သည် အသုံးမကျသောကျွန်များဖြစ်ကြ၏။ ဆောင်ရွက်ရန် ကိုယ့်တာဝန်ကိုသာဆောင်ရွက်ခဲ့ပြီဟူ၍ အောက်မေ့ကြ” ဟုယေရှုမိန့်ဆိုစဉ်က စိတ်ရင်းမှန်မှုကို ဖော်ပြခဲ့သည်။ (လုကာ ၁၇:၁၀၊ ကဘ) ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရာသည် ယေရှုလုပ်ဆောင်ခဲ့ရာနှင့် မည်သို့မျှ မယှဉ်နိုင်ကြောင်း သတိရပါ။ သို့တိုင် ယေရှုသည် စိတ်နှိမ့်ချမှုရှိတော်မူ၏။
၈ ထို့ပြင် မိမိကိုယ်ကို အမြင်မှန်ရှိနိုင်ရန် ယေဟောဝါ၏အကူအညီကို တောင်းခံနိုင်သည်။ ဆာလံဆရာနည်းတူ ကျွန်ုပ်တို့လည်း ဤသို့ဆုတောင်းနိုင်၏– “ပညတ်တော်များကို အကျွန်ုပ်ယုံကြည်ဆာလံ ၁၁၉:၆၆၊ သမ) ယေဟောဝါသည် ချင့်ချင့်ချိန်ချိန်နှင့် ဟန်ချက်ညီညီ ကျွန်ုပ်တို့ကိုယ်ကို ရှုမြင်တတ်ရန် ကူညီပေးပြီး ကျွန်ုပ်တို့၏စိတ်နှိမ့်ချမှုအတွက် ကောင်းချီးပေးလိမ့်မည်။ (သု. ၁၈:၁၂) ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။”—မဿဲ ၂၃:၁၂။
သည်ဖြစ်၍ ပိုင်းခြားသိမြင်သောဉာဏ်နှင့် အသိပညာ၌ သွန်သင်တော်မူပါ။” (အမှားအမှန်အပေါ် အမြင်မှန်
၉။ ယေရှုသည် အမှားအမှန်ကို မည်သို့ရှုမြင်ခဲ့သနည်း။
၉ ယေရှုသည် မစုံလင်သောလူသားများနှင့်အတူ ၃၃ နှစ်တိုင် နေထိုင်ခဲ့သော်လည်း “အပြစ်နှင့်ကင်းလွတ်တော်မူ၏။” (ဟေဗြဲ ၄:၁၅) မေရှိယအကြောင်း ပရောဖက်ပြုစဉ်က ဆာလံဆရာ ဤသို့ဆိုခဲ့သည်– “ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍ မတရားသောအမှုကို မုန်းတော်မူ၏။” (ဆာလံ ၄၅:၇; ဟေဗြဲ ၁:၉) ဤတွင်လည်း ယေရှုကို ခရစ်ယာန်များ ကြိုးစားတုပကြ၏။ သူတို့သည် အမှားအမှန်ကို သိရုံသာမက အမှားကို မုန်းပြီး အမှန်ကို နှစ်သက်ကြသည်။ (အာမုတ် ၅:၁၅) ၎င်းက သူတို့၏မွေးရာပါအပြစ်ပြုလိုသော သဘောထားများကို တွန်းလှန်နိုင်စေသည်။—ကမ္ဘာဦး ၈:၂၁; ရောမ ၇:၂၁-၂၅။
၁၀။ ကျွန်ုပ်တို့သည် နောင်တမယူဘဲ “ဆိုးယုတ်သောအကျင့်” ကိုပြုကျင့်နေမည်ဆိုလျှင် အဘယ်စိတ်သဘောကို ဖော်ပြနေရာရောက်သနည်း။
၁၀ ယေရှုသည် ဖာရိရှဲဖြစ်သူ နိကောဒင်ကို ဤသို့မိန့်ဆိုခဲ့သည်– ‘ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ အလင်းသို့မချဉ်းကပ်ကြ။ အမှန်တရားကိုကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်။’ (ယောဟန် ၃:၂၀၊ ၂၁) ယောဟန်သည် ယေရှုကို “ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ” အဖြစ် ဖော်ပြထားသည်ကို သုံးသပ်ကြည့်ပါ။ (ယောဟန် ၁:၉၊ ၁၀) သို့သော် ယေရှုက ကျွန်ုပ်တို့သည် ဘုရားသခင်လက်မခံသော အမှားများဖြစ်သည့် “ဆိုးယုတ်သောအကျင့်” ကိုပြုကျင့်နေမည်ဆိုလျှင် အလင်းကို မုန်းရာကျသည်ဟု မိန့်ဆိုခဲ့သည်။ ယေရှုနှင့် ကိုယ်တော်၏စံနှုန်းများကို မုန်းဖို့ သင်စိတ်ကူးကြည့်နိုင်သလော။ သို့တိုင် နောင်တမယူဘဲ အပြစ်ပြုသောအခါ ထိုသို့ဖြစ်နိုင်၏။ သူတို့သည် မုန်းသည်ဟု မရှုမြင်ကြသော်လည်း ယေရှုက ထိုသို့ပင် ရှုမြင်သည်မှာ ရှင်းပါသည်။
အမှားအမှန်အပေါ် ယေရှု၏အမြင်မျိုး ပျိုးထောင်နိုင်ပုံ
၁၁။ အမှားအမှန်အပေါ် ယေရှု၏အမြင်မျိုး ပျိုးထောင်ဖို့ဆိုလျှင် အဘယ်အရာက အရေးကြီးသနည်း။
၁၁ ကျွန်ုပ်တို့သည် အမှားအမှန်အပေါ် ယေဟောဝါ၏အမြင်ကို အသေအချာ နားလည်ဖို့လိုသည်။ ဘုရားသခင့်စကားတော် သမ္မာကျမ်းစာကို လေ့လာမှသာ ၎င်းကို နားလည်နိုင်မည်။ ဤသို့နည်းမှန်လမ်းကျလေ့လာသည့်အခါ ဆာလံဆရာနည်းတူ ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ’ ဟူ၍ ကျွန်ုပ်တို့လည်း ဆုတောင်းဖို့လိုသည်။ (ဆာလံ ၂၅:၄) သို့သော် ထိုစာတန်ပင် လှည့်စားတတ်ကြောင်း သတိရပါ။ (၂ ကောရိန္သု ၁၁:၁၄) သူသည် အမှားကို ဖုံးကွယ်ပြီး သတိမမူသောခရစ်ယာန်တစ်ဦးက ယင်းကို လက်ခံနိုင်ဖွယ်အဖြစ်မြင်လာစေရန် ဖန်တီးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ လေ့လာသိရှိရာကို အလေးအနက်ဆင်ခြင်တွေးတော၍ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏ဆုံးမစကားကို အနီးကပ်လိုက်နာဖို့လိုသည်။ (မဿဲ ၂၄:၄၅-၄၇) လေ့လာခြင်း၊ ဆုတောင်းခြင်းနှင့် သိရှိရာကို ဆင်ခြင်တွေးတောခြင်းတို့သည် ကျွန်ုပ်တို့ကို ရင့်ကျက်စေပြီး “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်းများသော” သူများအဝင် ဖြစ်စေနိုင်သည်။ (ဟေဗြဲ ၅:၁၄) ထိုအခါ အမှားကို မုန်းပြီး အမှန်ကို နှစ်သက်လာပါလိမ့်မည်။
၁၂။ အဘယ်ကျမ်းစာဆုံးမစကားက ကျွန်ုပ်တို့အား မတရားမှုကို မကျင့်သုံးစေသနည်း။
၁၂ အမှားကို မုန်းမည်ဆိုပါက ကျွန်ုပ်တို့၏နှလုံးတွင် အမှားပြုလိုသည့်ဆန္ဒကို ကြီးထွားစေခွင့်ပြုမည်မဟုတ်ချေ။ ယေရှုကွယ်လွန်ပြီး နှစ်များစွာအကြာတွင် တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့၏– ‘လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ ၁ ယောဟန် ၂:၁၅၊ ၁၆။
လောကစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။’—၁၃၊ ၁၄။ (က) လောကအရာများကို တပ်မက်ခြင်းသည် ခရစ်ယာန်များအဖို့ အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။ (ခ) ကျွန်ုပ်တို့သည် လောကအရာများ တပ်မက်ခြင်းကို မည်သို့ရှောင်နိုင်သနည်း။
၁၃ လောက၌ရှိသမျှအရာသည် အမှားချည်းမဟုတ်ဟူ၍ အချို့က ဆင်ခြေတက်ကြမည်။ ထိုသို့မှန်စေဦးတော့၊ လောကနှင့် လောက၏ဆွဲဆောင်မှုများသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်မှုမှ ကျွန်ုပ်တို့ကို အလွယ်တကူ သွေဖည်သွားစေနိုင်၏။ လောက၏ကမ်းလှမ်းရာရှိသမျှသည် ဘုရားသခင်ထံ ချဉ်းကပ်စေနိုင်သည်မဟုတ်။ သို့ဖြစ်၍ လောကအရာများကိုယ်နှိုက်က မမှားသည့်တိုင် ယင်းတို့ကို တပ်မက်လာလျှင် ကျွန်ုပ်တို့သည် အန္တရာယ်ရှိလမ်းပေါ် လျှောက်မိလျက်သားဖြစ်နေပြီ။ (၁ တိမောသေ ၆:၉၊ ၁၀) ထို့ပြင် လောကအရာအများစုသည် အမှန်ပင် မကောင်းသောအရာများဖြစ်၏၊ ကျွန်ုပ်တို့ကို ထိခိုက်ပျက်စီးစေနိုင်၏။ အကြမ်းဖက်မှု၊ ရုပ်ပစ္စည်းတပ်မက်မှု သို့မဟုတ် လိင်အကျင့်ယိုယွင်းမှုတို့ကို အသားပေးထားသည့် ရုပ်ရှင်များ သို့မဟုတ် ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်မည်ဆိုလျှင် ၎င်းတို့သည် လက်ခံနိုင်စရာဖြစ်လာပြီးနောက် ကျွန်ုပ်တို့ကို သွေးဆောင်နိုင်၏။ ဘဝပုံစံတိုးတက်ရေး သို့မဟုတ် စီးပွားတက်လမ်းဖန်တီးရေးဘက်တွင် အားသန်သူများနှင့် ပေါင်းသင်းမည်ဆိုလျှင် ယင်းတို့သည် ကျွန်ုပ်တို့အတွက်လည်း အဓိကအရေးကြီးရာများဖြစ်လာနိုင်သည်။—မဿဲ ၆:၂၄; ၁ ကောရိန္သု ၁၅:၃၃။
၁၄ တစ်ဖက်တွင်မူ၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏စကားတော်ကို ဖတ်ရှုခြင်း၌ ပျော်မွေ့နေမည်ဆိုလျှင် ‘ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ဝါကြွားခြင်းတို့’ ၏သွေးဆောင်မှုကို များစွာလျော့ပါးသွားစေလိမ့်မည်။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားသူများနှင့် ပေါင်းမည်ဆိုလျှင် ကျွန်ုပ်တို့သည် သူတို့နည်းတူ ဖြစ်လာပြီး သူတို့နှစ်သက်ရာကို နှစ်သက်၍ သူတို့ရှောင်ရှားရာကို ရှောင်ရှားလာလိမ့်မည်။—ဆာလံ ၁၅:၄; သု. ၁၃:၂၀။
၁၅။ ယေရှု၏အဖြစ်မှာကဲ့သို့ ဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး မတရားမှုကို မုန်းခြင်းသည် ကျွန်ုပ်တို့ကို မည်သို့အားရှိစေသနည်း။
၁၅ ယေရှုသည် မတရားမှုကို မုန်းပြီး ဖြောင့်မတ်မှုကို နှစ်သက်သောကြောင့် “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်း” ကိုအာရုံစိုက်နိုင်ခဲ့သည်။ (ဟေဗြဲ ၁၂:၂) ကျွန်ုပ်တို့လည်း ထိုနည်းတူဖြစ်နိုင်၏။ ‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်’ တော့မည်ကို ကျွန်ုပ်တို့ သိထားကြသည်။ ဤလောကမှပေးနိုင်သော မည်သည့်ပျော်ရွှင်သာယာမှုမဆို ခေတ္တယာယီမျှသာဖြစ်၏။ သို့သော် ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏။’ (၁ ယောဟန် ၂:၁၇) ယေရှုသည် ဘုရားသခင်၏အလိုတော် လုပ်ဆောင်ခဲ့သောကြောင့် လူသားများ ထာဝရအသက်ရရှိစေရန် လမ်းဖွင့်ပေးနိုင်ခဲ့သည်။ (၁ ယောဟန် ၅:၁၃) ကျွန်ုပ်တို့အားလုံး ကိုယ်တော့်ကို တုပပြီး ကိုယ်တော်၏သမာဓိမှ အကျိုးရနိုင်ကြပါစေ။
ညှဉ်းပန်းနှိပ်စက်မှုကို ခံရပ်ခြင်း
၁၆။ ယေရှုသည် အချင်းချင်းချစ်ကြရန် နောက်လိုက်များအား အဘယ်ကြောင့် တိုက်တွန်းခဲ့သနည်း။
၁၆ ယေရှုသည် တပည့်များ မိမိကိုတုပနိုင်သည့် တခြားနည်းကို ဖော်ပြကာ ဤသို့မိန့်မှာသည်– “ငါ့ပညတ်ဟူမူကား၊ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။” (ယောဟန် ၁၅:၁၂၊ ၁၃၊ ၁၇) ခရစ်ယာန်များသည် မိမိတို့၏ညီအစ်ကိုများကို ချစ်ရသည့် အကြောင်းရင်းများစွာရှိ၏။ ဤတစ်ချိန်၌ ယေရှု၏စိတ်ထဲတွင်ရှိနေသည့်အရာမှာ အခြားအရာများထက် လောကမှ သူတို့ခံရမည့် မုန်းတီးမှုဖြစ်၏။ ကိုယ်တော်က ဤသို့မိန့်မှာသည်– ‘လောကသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ ကျွန်သည် မိမိသခင်ထက် သာ၍ကြီးမြတ်သည်မဟုတ်၊ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။’ (ယောဟန် ၁၅:၁၈၊ ၂၀) မှန်ပါသည်၊ ညှဉ်းဆဲနှိပ်စက်မှုခံရခြင်းတွင်ပင်လျှင် ခရစ်ယာန်များသည် ယေရှုနှင့်တူကြသည်။ သူတို့သည် ထိုမုန်းတီးမှုကို ကြံ့ကြံ့ခံနိုင်ရန် ခိုင်မာသော မေတ္တာပါနှောင်ကြိုး ရစ်ပတ်နေဖို့လိုသည်။
၁၇။ လောကသည် ခရစ်ယာန်စစ်များကို အဘယ်ကြောင့် မုန်းကြသနည်း။
၁၇ လောကသည် ခရစ်ယာန်များကို အဘယ်ကြောင့် မုန်းကြသနည်း။ အကြောင်းမှာ သူတို့သည် ယေရှုနည်းတူ ယောဟန် ၁၇:၁၄၊ ၁၆) သူတို့သည် စစ်နှင့် နိုင်ငံရေးတွင် ကြားနေကြသည်၊ ကျမ်းစာမူများကို လိုက်လျှောက်ကြသည်၊ အသက်၏မြင့်မြတ်မှုကို တန်ဖိုးထားလေးစားပြီး မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းများအတိုင်း နေထိုင်လျက်ရှိကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၆:၉-၁၁) သူတို့၏အဓိကပန်းတိုင်များမှာ ရုပ်ပစ္စည်းမဟုတ်၊ ဝိညာဉ်ရေးရာဖြစ်၏။ သူတို့သည် ဤလောကတွင် အသက်ရှင်နေထိုင်ကြသော်လည်း ပေါလုရေးသားခဲ့သည့်အတိုင်း သူတို့သည် “ဤလောကကို အပြည့်အဝအသုံး” မပြုကြချေ။ (၁ ကောရိန္သု ၇:၃၁၊ ကဘ) မှန်၏၊ အချို့သူတို့သည် ယေဟောဝါသက်သေများ၏ မြင့်မားသောစံနှုန်းများကို ချီးကျူးပြောဆိုခဲ့ကြသည်။ သို့သော် ယေဟောဝါသက်သေများသည် အများ၏ချီးကျူးမှု သို့မဟုတ် နှစ်သက်လက်ခံမှုကိုရအောင် ဖန်တီးနေကြခြင်းမဟုတ်ချေ။ ထို့ကြောင့် လောကသားအများစုသည် သူတို့ကို နားမလည်နိုင်ကြချေ၊ အများက သူတို့ကို မုန်းပင်မုန်းကြ၏။
“ဤလောကနှင့်မဆက်ဆံ” ကြသောကြောင့်ဖြစ်၏။ (၁၈၊ ၁၉။ ယေရှု၏ပုံသက်သေကို လိုက်ကြသော ခရစ်ယာန်များသည် ဆန့်ကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို မည်သို့ရင်ဆိုင်ကြသနည်း။
၁၈ ယေရှုကိုဖမ်းပြီး ကွပ်မျက်ချိန်၌ ဤလောက၏ခါးသီးသောမုန်းတီးမှုအပြင် ထိုမုန်းတီးမှုကို ယေရှုမည်သို့ရင်ဆိုင်ခဲ့ပုံကိုလည်း ကိုယ်တော်၏တမန်တော်များ မြင်တွေ့ခဲ့ကြ၏။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုကို ရန်ပြုသောဘာသာရေးသမားများသည် ကိုယ်တော့်ကို ဖမ်းဆီးရန် ရောက်ရှိလာကြသည်။ ပေတရုသည် ဓားဆွဲ၍ ကိုယ်တော့်ကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း ယေရှုက ပေတရုအား “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၅၂; လုကာ ၂၂:၅၀၊ ၅၁) ရှေးခေတ် ဣသရေလလူတို့သည် သူတို့၏ရန်သူများကို ဓားဝင့်၍ တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် ယခုမူ အခြေအနေ ပြောင်းလဲသွားခဲ့ပြီ။ ဘုရားသခင့်နိုင်ငံတော်သည် “ဤလောကနှင့်မစပ်ဆိုင်” သည့်ပြင် ကာကွယ်ရမည့် နိုင်ငံနယ်နိမိတ်လည်းမရှိချေ။ (ယောဟန် ၁၈:၃၆) မကြာမီ ပေတရုသည် ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရမည့် ဝိညာဉ်ရေးလူမျိုးအဝင်ဖြစ်လာတော့မည်။ (ဂလာတိ ၆:၁၆; ဖိလိပ္ပိ ၃:၂၀၊ ၂၁) သို့နှင့် ထိုအချိန်မှစ၍ ယေရှု၏နောက်လိုက်များသည် မုန်းတီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ယေရှုနည်းတူ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်စွာ ရင်ဆိုင်သွားကြလေသည်။ ဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို ယေဟောဝါ၏လက်တော်တွင် ယုံကြည်စိတ်ချစွာ အပ်နှံထားပြီး ကြံ့ကြံ့ခံရပ်နိုင်ရန် ကိုယ်တော့်ကို မှီခိုအားထားသွားကြလေသည်။—လုကာ ၂၂:၄၂။
၁၉ နှစ်အတန်ကြာပြီးနောက် ပေတရုသည် ဤသို့ရေးသားခဲ့၏– ‘ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေရာကိုလျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။ . . . ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။’ (၁ ပေတရု ၂:၂၁-၂၃) ယေရှုသတိပေးခဲ့သည့်အတိုင်း ခရစ်ယာန်များသည် နှစ်များတစ်လျှောက် ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရ၏။ ပထမရာစုမှာရော လက်ရှိအချိန်မှာပါ သူတို့သည် ယေရှု၏ပုံသက်သေကိုလိုက်ပြီး သစ္စာရှိရှိခံရပ်ကြသည့် မှတ်တမ်းကောင်းတစ်ခုထားရှိခဲ့သည်၊ သို့နှင့် သူတို့သည် အေးဆေးငြိမ်သက်သော သမာဓိစောင့်ထိန်းသူများဖြစ်ကြောင်း ပြသကြ၏။ (ဗျာ. ၂:၉၊ ၁၀) ကျွန်ုပ်တို့အားလုံးသည် အခြေအနေက တောင်းဆိုလာသည့်အခါ ထိုသို့သောသူများဖြစ်နိုင်ကြပါစေ။—၂ တိမောသေ ၃:၁၂။
“သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့”
၂၀-၂၂။ ခရစ်ယာန်များသည် အဘယ်နည်းဖြင့် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” ကြသနည်း။
၂၀ ပေါလုသည် ရောမရှိ အသင်းတော်ထံ ဤသို့စာရေးခဲ့၏– “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလို့ငှာ မကြံစည်ကြနှင့်။” (ရောမ ၁၃:၁၄) ခရစ်ယာန်များသည် ယေရှုကို ဝတ်ရုံကဲ့သို့ ဝတ်ဆင်ထားကြသည်။ သူတို့သည် မစုံလင်သူများဖြစ်လင့်ကစား သူတို့၏သခင်ကို ရောင်ပြန်ဟပ်နိုင်သည့်အထိ ကိုယ်တော်၏အရည်အသွေးများနှင့် လုပ်ဆောင်ပုံများကို ကြိုးစားတုပကြ၏။—၁ သက်သာလောနိတ် ၁:၆။
၂၁ သခင်ယေရှု၏အသက်တာနှင့် ကောင်းစွာရင်းနှီးပြီး ကိုယ်တော်၏နေထိုင်ကျင့်ကြံပုံအတိုင်း ကြိုးစားနေထိုင်သွားမည်ဆိုလျှင် “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” ရာတွင် အောင်မြင်နိုင်လိမ့်မည်။ ကိုယ်တော်၏စိတ်နှိမ့်ချခြင်း၊ ဖြောင့်မတ်မှုကို နှစ်သက်ခြင်း၊
မတရားမှုကို မုန်းတီးခြင်း၊ ညီအစ်ကိုများကို ချစ်ခြင်း၊ ဤလောကနှင့်မဆက်ဆံခြင်းနှင့် ဆင်းရဲဝေဒနာကို စိတ်ရှည်ရှည်ခံရပ်ခြင်းတို့ကို ကျွန်ုပ်တို့တုပကြသည်။ ကျွန်ုပ်တို့သည် ‘သွေးသားတပ်မက်မှုကို ဦးစားထားဖို့ မကြံကြ’ ချေ၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ဘဝတွင် လောကပန်းတိုင်များသို့ ရောက်ရှိရန် သို့မဟုတ် သွေးသားဆန္ဒများကို ဖြည့်ဆည်းပေးရန် အဓိကမရည်ရွယ်ခြင်းဖြစ်သည်။ ယင်းအစား၊ ဆုံးဖြတ်ချက်ချသည့်အခါ သို့မဟုတ် ပြဿနာတစ်ခုကို ကိုင်တွယ်သည့်အခါ ကျွန်ုပ်တို့ ဤသို့မေးကြသည်– ‘ယေရှုသာဆိုလျှင် ဤအခြေအနေမျိုးတွင် အဘယ်သို့လုပ်ဆောင်မည်နည်း။ ကျွန်ုပ်တို့ကို ကိုယ်တော် မည်သို့လုပ်ဆောင်စေလိုမည်နည်း။’၂၂ နောက်ဆုံးအနေနှင့် “ဧဝံဂေလိတရားကိုဟော” ပြောခြင်းတွင် ဆက်အလုပ်များနေခြင်းဖြင့် ယေရှုကို ကျွန်ုပ်တို့ တုပကြ၏။ (မဿဲ ၄:၂၃; ၁ ကောရိန္သု ၁၅:၅၈) ခရစ်ယာန်များသည် ထိုနည်းဖြင့်လည်း ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လျှောက်ကြသည်၊ နောက်ဆောင်းပါးတွင် မည်သို့လိုက်လျှောက်ကြကြောင်း ဆွေးနွေးပါလိမ့်မည်။
သင်ရှင်းပြနိုင်သလော
• ခရစ်ယာန်တစ်ဦးသည် စိတ်နှိမ့်ချမှုရှိဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။
• ကျွန်ုပ်တို့သည် အမှားအမှန်အပေါ် အမြင်မှန်ရှိရန် မည်သို့ ပျိုးထောင်နိုင်သနည်း။
• ခရစ်ယာန်များသည် ဆန့်ကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို ရင်ဆိုင်ရာတွင် ယေရှုကို အဘယ်နည်းဖြင့် တုပကြသနည်း။
• “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်” ရန် အဘယ်သို့ ဖြစ်နိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အကောင်းဆုံးစိတ်နှိမ့်ချမှုပုံသက်သေကို ယေရှုပြခဲ့
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဟောပြောခြင်းအပါအဝင် ခရစ်ယာန်တစ်ဦး၏ဘဝကဏ္ဍတိုင်းတွင် စိတ်နှိမ့်ချမှုလိုအပ်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မတော်လျော်သောဖျော်ဖြေမှုကို ခရစ်ယာန်တစ်ဦး လက်ခံနိုင်ပုံပေါက်အောင် စာတန် ဖန်တီးနိုင်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ညီအစ်ကိုများကို ချစ်သည့်မေတ္တာသည် ဆန့်ကျင်မှုကို ကြံ့ကြံ့ခံရပ်နိုင်စေမည်