ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့
ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့
“အရှင်ထာဝရဘုရား[သခင်] ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏။”—ဆာလံ ၇၁:၅။
၁။ သိုးထိန်းလုလင်ဒါဝိဒ်သည် အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့သနည်း။
ဂေါလျတ်သည် အရပ်ကိုးပေကျော် မြင့်သည်။ ဣသရေလရှေ့တန်းရှိ စစ်သည်အားလုံး သူ့ကိုထိပ်တိုက်မရင်ဆိုင်ဝံ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပေ! အပတ်စဉ်အပတ်တိုင်း၊ နံနက်တိုင်း၊ ညနေတိုင်း၊ ထိုဖိလိတ္တိဘီလူးကြီး ဂေါလျတ်သည် မိမိနှင့်တိုက်ခိုက်ရန် ယှဉ်ပြိုင်မည့်သူတစ်ဦးကိုစေလွှတ်ဖို့ ဣသရေလစစ်တပ်ကို စိန်ခေါ်၍ မခံချင်အောင်ပြောဆိုလျက်ရှိသည်။ နောက်ဆုံးတွင် စစ်သည်တစ်ဦးမဟုတ်ဘဲ လူငယ်တစ်ဦးမျှသာဖြစ်သူက သူ၏စိန်ခေါ်ချက်ကို လက်ခံလိုက်လေသည်။ သိုးထိန်းလုလင်ဒါဝိဒ်သည် သူ၏ပြိုင်ဘက်ရှေ့တွင် ပို၍ပင်သေးငယ်သွားသည်။ အမှန်စင်စစ်၊ သူ့ကိုယ်အလေးချိန်သည် ဂေါလျတ်၏သံချပ်အင်္ကျီနှင့် လက်နက်များလောက်ပင် လေးမည်မဟုတ်ချေ! သို့တိုင် ထိုလုလင်ငယ်သည် လူ့ဘီလူးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ ရဲစွမ်းသတ္တိအထိမ်းအမှတ်အဖြစ် ကျော်ကြားလာလေသည်။—၁ ဓမ္မရာဇဝင် ၁၇:၁-၅၁။
၂၊ ၃။ (က) ဒါဝိဒ်သည် ဂေါလျတ်ကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အဘယ်ကြောင့် ရင်ဆိုင်နိုင်ခဲ့သနည်း။ (ခ) ယေဟောဝါကို ကျွန်ုပ်တို့၏ယုံကြည်ကိုးစားရာဖြစ်စေဖို့ အဘယ်အကြောင်းနှစ်ခုကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။
၂ ဒါဝိဒ်ကို အဘယ်အရာက ဤမျှသတ္တိရှိစေခဲ့ဆာလံ ၇၁:၅) ဒါဝိဒ်သည် လူငယ်ဘဝကတည်းက ယေဟောဝါကို လုံးလုံးလျားလျားအားကိုးခဲ့သည်။ သူသည် ဂေါလျတ်ကိုမျက်နှာချင်းဆိုင်၍ “သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား[သခင်]၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏” ဟု ဆိုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅) ဂေါလျတ်သည် သူ၏ကြီးမားသောအစွမ်းခွန်အားနှင့် လက်နက်များကို အားကိုးခဲ့သည်၊ ဒါဝိဒ်မှာမူ ယေဟောဝါအား ယုံကြည်ကိုးစားခဲ့သည်။ စကြဝဠာ၏အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်သည် ဒါဝိဒ်ဘက်၌ ရှိသည်ဖြစ်ရာ မည်မျှပင်ထွားကြိုင်း၍ လက်နက်စုံပါစေ လူတစ်ဦးမျှသာဖြစ်သောသူကို အဘယ်ကြောင့် သူကြောက်ရွံ့ရမည်နည်း။
သနည်း။ သက်ကြီးပိုင်းတွင် ဒါဝိဒ်ရေးသားခဲ့ပုံရသော ဤစကားအချို့ကို သုံးသပ်ကြည့်ပါ– “အရှင်ထာဝရဘုရား[သခင်] ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏။” (၃ ဒါဝိဒ်အကြောင်း သင်ဖတ်ရှုစဉ် ယေဟောဝါ၌ သင်ကိုယ်တိုင်၏ ယုံကြည်ကိုးစားမှု ပိုမိုခိုင်ခံ့ဖို့လိုလားသလော။ ကျွန်ုပ်တို့အများစုမှာ ထိုသို့ဖြစ်လိုကြသည်။ ထို့ကြောင့် ယေဟောဝါကို ကျွန်ုပ်တို့၏ယုံကြည်ကိုးစားရာဖြစ်စေရန် ကျွန်ုပ်တို့ပြုလုပ်နိုင်သောအရာနှစ်ခုကို ဆန်းစစ်ကြည့်ကြစို့။ ဦးဆုံး၊ ထိုသို့သောယုံကြည်ကိုးစားမှုကို တားဆီးလေ့ရှိသည့် အကြောင်းတစ်ခုကို အနိုင်ယူပြီး ဆက်ထိန်းချုပ်ဖို့လိုသည်။ ဒုတိယအနေနှင့် ယေဟောဝါကို ယုံကြည်ကိုးစားခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်ကြောင်း အတိအကျသိရှိရန်လိုသည်။
ယေဟောဝါအား ယုံကြည်ကိုးစားရန် တားဆီးလေ့ရှိရာကို ကျော်လွှားခြင်း
၄၊ ၅။ ဘုရားသခင်အား ယုံကြည်ကိုးစားရန် လူအများ အဘယ်ကြောင့်အခက်တွေ့ကြသနည်း။
၄ ဘုရားသခင်အား ယုံကြည်ကိုးစားမှုမရှိစေရန် အဘယ်အရာက တားဆီးသနည်း။ မကောင်းမှုများ အဘယ်ကြောင့်ဖြစ်ပျက်ရကြောင်း လူအချို့ ဝေခွဲမရဖြစ်လေ့ရှိသည်။ ဆင်းရဲခြင်းဝေဒနာများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟု သွန်သင်ခံရသူများစွာရှိ၏။ ဝမ်းနည်းဖွယ်အဖြစ်ဆိုးနှင့်ကြုံရသောအခါ ဓမ္မဆရာများက ဘုရားသခင်သည် မိမိနှင့်အတူရှိဖို့ ကပ်သင့်သူတို့ကို ကောင်းကင်သို့ “ခေါ်သွား” သည်ဟုဆိုကြပေမည်။ ထို့အပြင် [ခရစ်ယာန်]ဘာသာရေးခေါင်းဆောင်များစွာက ဘုရားသခင်သည် ကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ဆိုးသွမ်းသောလုပ်ရပ်အပါအဝင် ဤလောက၌ဖြစ်ပျက်နေသော ဖြစ်ရပ်တိုင်းကို ကြာမြင့်စွာကတည်းက တင်ကူးပြဋ္ဌာန်းထားသည်ဟု သွန်သင်ကြသည်။ ဤသို့သောခံစားချက်မဲ့သည့် ဘုရားသခင်ကို ယုံကြည်ကိုးစားဖို့ အလွန်ခက်ခဲလိမ့်မည်။ မယုံကြည်သူတို့၏ ဉာဏ်မျက်စိကိုကွယ်စေသော စာတန်သည် ယင်းသို့သော ‘နတ်ဆိုးတို့၏သွန်သင်ချက်များ’ ဟူသမျှကို အားပေးအားမြှောက်ပြုလိုစိတ်ပြင်းပြသည်။—၁ တိမောသေ ၄:၁၊ ၂; ၂ ကောရိန္သု ၄:၄။
၅ ယေဟောဝါ၌ လူတို့ယုံကြည်ကိုးစားမှုပျောက်ရန် စာတန်လိုလားသည်။ ဘုရားသခင်၏ ထိုရန်သူကြီးသည် လူ့ဆင်းရဲခြင်းဝေဒနာ၏ အကြောင်းရင်းမှန်ကို ကျွန်ုပ်တို့အား မသိစေလိုပါ။ ဝေဒနာခံစားရခြင်းနှင့်ပတ်သက်၍ ကျမ်းစာမှအကြောင်းပြချက်များကို ကျွန်ုပ်တို့သိရှိထားပြီဆိုလျှင်လည်း ၎င်းတို့ကို စာတန်မေ့လျော့စေလိုသည်။ ထို့ကြောင့် ဤလောက၌ ဝေဒနာခံစားရသည့် အခြေခံအကြောင်းရင်းသုံးချက်ကို ကျွန်ုပ်တို့ အခါအားလျော်စွာ ဖိလိပ္ပိ ၁:၉၊ ၁၁။
သုံးသပ်ဖို့ သင့်လျော်ပေသည်။ သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသော ဘဝပြဿနာများသည် ယေဟောဝါကြောင့်မဟုတ်ကြောင်း မိမိကိုယ်ကို အားပေးနိုင်ပေမည်။—၆။ လူတို့ ဝေဒနာခံစားရသည့် အကြောင်းရင်းတစ်ခုကို ၁ ပေတရု ၅:၈ က မည်သို့ဖော်ပြသနည်း။
၆ ဝေဒနာခံစားရသည့် အကြောင်းရင်းတစ်ခုမှာ ယေဟောဝါ၏ တည်ကြည်သောလူမျိုးတော်သမာဓိကို စာတန်ချိုးဖျက်လိုသောကြောင့်ဖြစ်သည်။ ယောဘ၏သမာဓိကိုချိုးဖျက်ဖို့ စာတန်ကြိုးပမ်းခဲ့သည်။ ထိုအချိန်က စာတန်မအောင်မြင်ခဲ့သော်လည်း ယခုတိုင် သူအရှုံးမပေးသေးပါ။ ဤလောက၏အုပ်စိုးရှင်အနေနှင့် သူသည် ယေဟောဝါ၏တည်ကြည်သောကျေးကျွန်များကို “မျို” ရန်ရှာဖွေလျက်ရှိ၏။ (၁ ပေတရု ၅:၈) ထိုတွင် ကျွန်ုပ်တို့ယောက်စီယောက်တိုင်းပါဝင်သည်! ကျွန်ုပ်တို့ ယေဟောဝါအမှုတော်ထမ်းနေခြင်းကို စာတန်မလိုလားပါ။ ထို့ကြောင့် နှိပ်စက်ညှဉ်းပန်းမှုဖြစ်ပေါ်လာစေရန် သူလှုံ့ဆော်ပေးလေ့ရှိသည်။ ထိုသို့ဝေဒနာခံရခြင်းသည် နာကျင်သည်မှန်သော်လည်း ၎င်းတို့ကိုခံရပ်ဖို့ ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းရင်းရှိ၏။ သို့ပြုခြင်းဖြင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူရာရောက်ပြီး ယေဟောဝါအား ကျွန်ုပ်တို့ပျော်ရွှင်စေကြသည်။ (ယောဘ ၂:၄; သု. ၂၇:၁၁) နှိပ်စက်ညှဉ်းပန်းမှုကိုခံရပ်နိုင်ဖို့ ကျွန်ုပ်တို့ကို ယေဟောဝါခွန်အားပေးလေ ကိုယ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှု တိုးပွားလာလေဖြစ်၏။—ဆာလံ ၉:၉၊ ၁၀။
၇။ ဂလာတိ ၆:၇ က ဝေဒနာခံစားရခြင်း၏ အဘယ်အကြောင်းရင်းကို ကျွန်ုပ်တို့အား သိစေသနည်း။
၇ “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟူသောမူတွင် ဝေဒနာခံစားရသော ဒုတိယအကြောင်းရင်းကို တွေ့ရသည်။ (ဂလာတိ ၆:၇) တစ်ခါတစ်ရံ လူတို့သည် ရွေးချယ်မှုမှားခြင်းဖြင့် မျိုးကြဲကြကာ အတိုင်းအတာတစ်ခုအထိ ဝေဒနာများ ရိတ်ကြရသည်။ မဆင်မခြင်ယာဉ်မောင်းကြသဖြင့် မတော်တဆကားတိုက်မှုဖြစ်သည်။ အများသည် စီးကရက်သောက်ကြသဖြင့် နှလုံးရောဂါ သို့မဟုတ် အဆုတ်ကင်ဆာဖြစ်ကြသည်။ လိင်အကျင့်ယိုယွင်းမှုကို ရွေးချယ်ပြုလုပ်ကြသူတို့သည် မိသားစုဆက်ဆံရေးပျက်ပြားခြင်း၊ ကိုယ့်ကိုယ်ကိုလေးစားမှု ပျောက်ဆုံးခြင်း၊ လိင်ဆိုင်ရာကူးစက်ရောဂါများရခြင်း၊ မလိုချင်သောကိုယ်ဝန်များရခြင်းတို့ကို ခံစားရကြသည်။ ဘုရားသခင်ကြောင့် ဤသို့သောဝေဒနာများခံစားရခြင်းဖြစ်သည်ဟု အချို့အပြစ်ဖို့ကြပေမည်၊ အမှန်မှာ မိမိတို့ကိုယ်တိုင်၏ ပညာမဲ့သောဆုံးဖြတ်ချက်များကြောင့်သာ ထိုသို့ခံရခြင်းဖြစ်သည်။—သု. ၁၉:၃။
၈။ ဒေ. ၉:၁၁ အရ၊ အဘယ်ကြောင့် လူတို့ဝေဒနာခံစားရကြသနည်း။
၈ ဝေဒနာခံစားရသော တတိယအကြောင်းရင်းကို ဒေ. ၉:၁၁ ၌ဤသို့ဖော်ပြထားသည်– “နေအောက်မှာရှိသောအမှုအရာတို့ကို ငါပြန်၍ကြည့်ရှုသောအခါ လျင်မြန်သောသူသည် ပြိုင်၍ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍မအောင်တတ်။ ပညာရှိသောသူသည် ဝစွာမစားတတ်။ လိမ္မာသောသူသည် သူတစ်ပါးရှေ့၌ မျက်နှာမရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကိုငါမြင်၏။” တစ်ခါတစ်ရံ လူတို့သည် မရှိသင့်သောနေရာတွင် မရှိသင့်သောအချိန်၌ ရောက်ရှိနေကြခြင်းမျှဖြစ်သည်။ ကျွန်ုပ်တို့၏အားသာချက်များ၊ အားနည်းချက်များ မည်သို့ပင်ရှိပါစေ မည်သူမဆိုသည် ဆင်းရဲခြင်းဝေဒနာနှင့် သေခြင်းကို မမျှော်လင့်ဘဲ အချိန်မရွေးကြုံတွေ့ရနိုင်သည်။ သာဓကအနေနှင့် ယေရှုခေတ်တွင် ယေရုရှလင်မြို့ရှိ ပြအိုးပြိုလဲပြီး လူ ၁၈ ယောက်သေဆုံးခဲ့သည်။ သူတို့၏ယခင်အပြစ်များကြောင့် သူတို့ကို ဘုရားသခင်ဒဏ်ခတ်ခြင်းမဟုတ်ကြောင်း ယေရှုဖော်ပြခဲ့သည်။ (လုကာ ၁၃:၄) ထိုသို့သောဝေဒနာများ ဖြစ်ပေါ်ရခြင်းသည် ယေဟောဝါကြောင့်မဟုတ်ပါ။
၉။ ဝေဒနာခံစားရခြင်းနှင့်ပတ်သက်၍ အဘယ်အချက်ကို လူအများ နားမလည်နိုင်ကြသနည်း။
၉ ဝေဒနာခံစားရသည့် အကြောင်းရင်းအချို့ကို နားလည်သဘောပေါက်ဖို့ အရေးကြီးသည်။ သို့တိုင် လူအများ နားလည်ရခက်သော အချက်တစ်ချက်ရှိသည်။ ၎င်းမှာ– ယေဟောဝါဘုရားသခင်သည် ဆင်းရဲခြင်းဝေဒနာကို အဘယ်ကြောင့်ခွင့်ပြုထားသနည်း။
ယေဟောဝါသည် အဘယ်ကြောင့် ဝေဒနာခံစားစေသနည်း
၁၀၊ ၁၁။ (က) ရောမ ၈:၁၉-၂၂ အရ ‘ဖန်ဆင်းရာရှိသမျှ’ သည် မည်သို့ဖြစ်သွားသနည်း။ (ခ) မည်သူက ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေကြောင်းကို မည်သို့စိစစ်သိရှိနိုင်သနည်း။
၁၀ ဤအရေးပါသောအကြောင်းကို ရောမမြို့သားများထံ တမန်တော်ပေါလုရေးခဲ့သောစာမှ အပိုဒ်တစ်ပိုဒ်က အလင်းဖြာပေးသည်။ ပေါလုဤသို့ရေးခဲ့သည်– “ဖန်ဆင်းတော်မူသောအရာများသည် ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်းကို အလွန်တောင့်တမျှော်လင့်လျက် စောင့်နေကြ၏။ အကြောင်းမူကား ထိုအရာများသည် . . . [“အချည်းနှီး၊” ကဘ] သို့ အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ . . . လိုက်စေတော်မူသော အရှင်၏အလိုတော်ကြောင့်သာ လိုက်ရကြ၏။ ထိုအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။”—ရောမ ၈:၁၉-၂၂၊ သမ္မာ။
၁၁ ၎င်းအခန်းငယ်များကို သဘောပေါက်နားလည်ရန် အဓိကမေးခွန်းအချို့၏အဖြေကို ဦးဆုံး သိရှိထားဖို့လိုသည်။ ဥပမာ၊ ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေသူကား မည်သူနည်း။ အချို့က စာတန်ဟုဆိုကြသည်; အခြားသူတို့မူ အာဒံဟုဆို၏။ သို့သော် ထိုသူနှစ်ဦးစလုံးက အချည်းနှီးသို့မရောက်စေနိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဖန်ဆင်းတော်မူရာများကို အချည်းနှီးသို့ရောက်စေသူသည် “မျှော်လင့်ရသောအခွင့်ကိုပေး၍” ပြု
လုပ်ခဲ့သောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာ” ဝင်စားရမည့်အခွင့်ကို တည်ကြည်သူများအား ကိုယ်တော်ပေးသည်။ ထိုသို့သောမျှော်လင့်ချက်ကို အာဒံကော၊ စာတန်ပါ မပေးနိုင်ပေ။ ယေဟောဝါသာလျှင် ပေးနိုင်သည်။ ထို့ကြောင့် ကိုယ်တော်သာလျှင် ဖန်ဆင်းရာများကို အချည်းနှီးသို့ရောက်စေကြောင်း ထင်ရှားသည်။၁၂။ ‘ဖန်ဆင်းရာရှိသမျှ’ ဟူသည် အဘယ်အရာဖြစ်ခြင်းနှင့်ပတ်သက်၍ အဘယ်ရှုပ်ထွေးမှုပေါ်လာသနည်း၊ ဤမေးခွန်းကို မည်သို့ဖြေဆိုနိုင်သနည်း။
၁၂ သို့သော် ဤကျမ်းပိုဒ်ပါ ‘ဖန်ဆင်းရာရှိသမျှ’ သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ အချို့က ‘ဖန်ဆင်းရာရှိသမျှ’ သည် တိရစ္ဆာန်များနှင့် သစ်ပင်မြက်ပင်များအပါအဝင် သဘာဝလောကတစ်ခုလုံးကို ရည်ညွှန်းသည်ဟုဆို၏။ သို့သော် တိရစ္ဆာန်များနှင့် အပင်များသည် “ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာ” ကိုရဖို့ မျှော်လင့်ကြသလော။ မမျှော်လင့်ကြပါ။ (၂ ပေတရု ၂:၁၂) သို့ဖြစ်၍ ‘ဖန်ဆင်းရာရှိသမျှ’ သည် လူသားများကိုသာ ရည်ညွှန်းနိုင်သည်။ ဤဖန်ဆင်းရာများသည် ဧဒင်အရပ်၌ ပုန်ကန်မှုကြောင့် အပြစ်နှင့် သေခြင်းဖြင့်ထိခိုက်ကာ မျှော်လင့်ချက် လွန်စွာပင်လိုအပ်နေသော သူတို့ဖြစ်သည်။—ရောမ ၅:၁၂။
၁၃။ ဧဒင်တွင် ပုန်ကန်မှုက လူသားတို့ကို မည်သို့ဖြစ်စေခဲ့သနည်း။
၁၃ အမှန်အားဖြင့် ထိုပုန်ကန်မှုသည် လူသားတို့အပေါ် အဘယ်အကျိုးသက်ရောက်စေခဲ့သနည်း။ ယင်း၏အကျိုးရလဒ်ကို ပေါလုက အချည်းနှီးဖြစ်ခြင်း *ဟု ရိုးရှင်းစွာဖော်ပြခဲ့သည်။ ရှင်းလင်းချက်တစ်ခုအရ ဤစကားလုံးသည် “ပုံစံပြုထားသည့်အတိုင်း အလုပ်မလုပ်သည့်အရာတစ်ခု အချည်းနှီးဖြစ်ခြင်း” ကိုဆိုလို၏ဟု ဖော်ပြသည်။ လူတို့သည် ထာဝစဉ်အသက်ရှင်ရန်၊ စုံလင်သော၊ စည်းလုံးသောမိသားစုတစ်စုအဖြစ် မြေကြီးပရဒိသုကို အတူတကွကြည့်ရှုစောင့်ရှောက်ရန် ပုံစံပြုခံရကြသည်။ ထိုသို့ဖြစ်မည့်အစား သူတို့သည် အသက်တို၍ နာကျင်မှုနှင့် စိတ်ပျက်စရာကောင်းလေ့ရှိသောဘဝမျိုး ကြုံနေကြရသည်။ ယောဘဆိုသည့်အတိုင်း “လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ [ဆင်းရဲခြင်းဝေဒနာ] နှင့်ပြည့်စုံပါ၏။” (ယောဘ ၁၄:၁) တကယ့်ကို အချည်းနှီးပါတကား!
၁၄၊ ၁၅။ (က) လူသားတို့အပေါ် ယေဟောဝါစီရင်ချက်ချရာတွင် အဘယ်တရားမျှတမှုသာဓကကို ကျွန်ုပ်တို့တွေ့ရှိရသနည်း။ (ခ) ပေါလုက ဖန်ဆင်းခံများသည် အချည်းနှီးသို့ “အလိုလိုလိုက်သည်မဟုတ်” ဟုအဘယ်ကြောင့်ဆိုခဲ့သနည်း။
၁၄ ယခုတွင် အဓိကမေးခွန်းသို့ ရောက်လာပေပြီ– “မြေကြီးလုံးကိုစီရင်တော်မူသောသခင်” သည် လူတို့ကို နာကျင်မှုနှင့် စိတ်ပျက်စရာကောင်းသောဘဝသို့ အဘယ်ကြောင့်ရောက်စေခဲ့သနည်း။ (ကမ္ဘာဦး ၁၈:၂၅) ထိုသို့ ကိုယ်တော်ပြုခြင်းသည် တရားမျှတပါသလော။ ကျွန်ုပ်တို့၏ကနဦးမိဘများ ပြုလုပ်ခဲ့ရာကိုသတိရပါ။ ဘုရားသခင်ကိုပုန်ကန်ခြင်းအားဖြင့် သူတို့သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်၍ ကျယ်ပြန့်သောစိန်ခေါ်ချက်တစ်ခု ပေါ်ပေါက်စေခဲ့သူ စာတန်ဘက်ပါခဲ့ကြသည်။ လူသည် ယေဟောဝါအကူအညီမပါဘဲ ပုန်ကန်သောဝိညာဉ်သတ္တဝါ၏ လမ်းညွှန်မှုဖြင့် မိမိကိုယ်ကိုအုပ်ချုပ်လျှင် သာ၍ကောင်းသည်ဟူသောအဆိုကို သူတို့၏လုပ်ရပ်များအားဖြင့် ထောက်ခံခဲ့ကြသည်။ ယေဟောဝါသည် ပုန်ကန်သူများကိုစီရင်ချက်ချသောအခါ တစ်နည်းအားဖြင့် သူတို့တောင်းဆိုရာကို ပေးခဲ့ခြင်းဖြစ်သည်။ စာတန့်ဩဇာအောက်၌ သူတို့ဘာသာ အုပ်ချုပ်ခွင့်ပေးခဲ့သည်။ အခြေ အနေအရ လူသားကို မျှော်လင့်ချက်အခြေခံပေါ်မူတည်၍ အချည်းနှီးသို့ရောက်စေခြင်းထက် သာ၍တရားမျှတသော ဆုံးဖြတ်ချက်ရှိနိုင်ဦးမည်လော။
၁၅ ၎င်းသည် ဖန်ဆင်းခံများ၏ ‘အလိုဆန္ဒ’ အမှန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရွေးချယ်ခွင့်တစ်စုံတစ်ရာမျှမရှိဘဲ အပြစ်နှင့် ဖောက်ပြန်ပျက်စီးခြင်း၏ကျွန်များအဖြစ် မွေးဖွားလာကြသည်။ သို့သော် ယေဟောဝါသည် သနားကြင်နာသောကြောင့် အာဒံနှင့်ဧဝကို ဆက်အသက်ရှင်စေပြီး သားသမီးများမွေးဖွားခွင့်ပေးခဲ့သည်။ သူတို့၏သားစဉ်မြေးဆက်များဖြစ်ကြသော ကျွန်ုပ်တို့သည် အပြစ်နှင့်သေခြင်း၏ အချည်းနှီးဖြစ်ခြင်းသို့ရောက်ခဲ့ကြသော်လည်း အာဒံနှင့်ဧဝတို့ ပျက်ကွက်ခဲ့ရာကို လုပ်ဆောင်ခွင့်ရှိကြသည်။ ယေဟောဝါစကားကို နားထောင်ကာ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုသည် ဖြောင့်မတ်ရုံမက စုံလင်ကြောင်း၊ ယေဟောဝါနှင့်ကင်းကွာသော လူ့အုပ်ချုပ်မှုမှာမူ နာကျင်ခြင်း၊ စိတ်ပျက်ခြင်းနှင့် အချည်းနှီးဖြစ်ခြင်းတို့ကိုသာ ခံစားစေကြောင်း သင်ယူနိုင်ကြသည်။ (ယေရမိ ၁၀:၂၃; ဗျာ. ၄:၁၁) ၎င်းပြင် စာတန့်သြဇာလွှမ်းမှုက အခြေအနေကို ပို၍ဆိုးရွားစေသည်။ ဤအမှန်တရားများကို လူ့သမိုင်းက သက်သေထူသည်။—ဒေ. ၈:၉။
၁၆။ (က) ယနေ့ လောက၌တွေ့မြင်နေရသော ဆင်းရဲဝေဒနာများသည် ယေဟောဝါကြောင့်မဟုတ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့်စိတ်ချနိုင်သနည်း။ (ခ) ယေဟောဝါသည် တည်ကြည်သူများအတွက် မေတ္တာဖြင့် အဘယ်မျှော်လင့်ချက်စီစဉ်ထားပြီနည်း။
၁၆ လူကို အချည်းနှီးသို့ရောက်စေခြင်းအတွက် ယေဟောဝါ၌ ခိုင်လုံသောအကြောင်းရင်းများရှိသည်မှာ ထင်ရှားသည်။ ယင်းကြောင့် ယေဟောဝါသည် အချည်းနှီးဖြစ်စေသူ၊ ယနေ့ ကျွန်ုပ်တို့တစ်ဦးချင်းစီ ခံစားနေရသော ဆင်းရဲခြင်းဝေဒနာကို ဖြစ်ပေါ်စေသူဟု ဆိုလိုပါသလော။ ရာဇဝတ်သားတစ်ဦးကို တရားမျှတသောပြစ်ဒဏ်ချမှတ်သည့် တရားသူကြီးတစ်ဦးကို မြင်ယောင်ကြည့်ပါ။ ဒဏ်စီရင်ခံရသူသည် ထောင်ဒဏ်ခံရချိန်၌ အတော်ပင်ဝေဒနာခံခဲ့ရပေမည်၊ သို့သော် သူဝေဒနာခံရခြင်းအကြောင်းမှာ တရားသူကြီးကြောင့်ဟု အမှန်ဆိုနိုင်မည်လော။ လုံးဝမဆိုနိုင်ပါ! ထို့အပြင် ယေဟောဝါသည် တစ်ကြိမ်တစ်ခါမျှ ဆိုးသွမ်းမှု၏ရင်းမြစ် မဖြစ်ခဲ့ပါ။ ယာကုပ် ၁:၁၃ က “မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ” ဟုဆို၏။ ယေဟောဝါသည် “မျှော်လင့်ရသောအခွင့်ကိုပေး၍” စီရင်ချက်ချခဲ့ကြောင်းကိုလည်း သတိရကြစို့။ ကိုယ်တော်သည် အာဒံနှင့်ဧဝတို့၏ တည်ကြည်သောသားစဉ်မြေးဆက်များအား အချည်းနှီးဖြစ်ခြင်း၏အဆုံးကို မြင်တွေ့ရန်နှင့် “ဘုရားသခင့်သားတို့၏ ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာ” ကိုမွေ့လျော်ခံစားရရန် မေတ္တာဖြင့် စီစဉ်ထားတော်မူပြီ။ ထာဝရကာလတစ်လျှောက်တွင် ဖန်ဆင်းတော်မူရာရှိသမျှသည် စိတ်ဆင်းရဲဖွယ်ကောင်းသော အချည်းနှီးဘဝသို့ တစ်ဖန်ပြန်ရောက်မည်ကို တည်ကြည်သူများအနေနှင့် ဘယ်သောအခါမျှ စိုးရိမ်စရာလိုတော့မည်မဟုတ်ပါ။ အခြေအနေကို ဖြောင့်မှန်စွာ ယေဟောဝါကိုင်တွယ်ပုံက ကိုယ်တော်၏ပိုင်သအုပ်စိုးထိုက်မှုကို အစဉ်သက်သေထူပြီးဖြစ်မည်။—ဟေရှာယ ၂၅:၈။
၁၇။ ယနေ့ လောက၌ ဝေဒနာခံနေရသော အကြောင်းရင်းများကို ပြန်သုံးသပ်ခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်စေသင့်သနည်း။
၁၇ လူတို့ဝေဒနာခံစားရသော ဤအကြောင်းရင်းများကို ကျွန်ုပ်တို့ပြန်သုံးသပ်ကြည့်သောအခါ ယေဟောဝါကြောင့် ဆိုးသွမ်းမှုများရှိသည်ဟု အပြစ်တင်ခြင်းအတွက် သို့မဟုတ် ကိုယ်တော်အား ယုံကြည်ကိုးစားသည့်စိတ် ပျောက်ခြင်းအတွက် ခြေမြစ်သောအကြောင်း တစ်စုံတစ်ရာတွေ့ရှိသလော။ ယင်းအစား ထိုသို့လေ့လာကြည့်ခြင်းက မောရှေပြောခဲ့သော ဤစကားများကို ပဲ့တင်ထပ်စေသည်– တရားဟောရာ ၃၂:၄) ဤအချက်များကို ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ၎င်းတို့နှင့်ပတ်သက်သော ကျွန်ုပ်တို့၏သိနားလည်မှုကို အခါအားလျော်စွာ အားသစ်လောင်းကြပါစို့။ ဤသို့ပြုခြင်းအားဖြင့် စမ်းသပ်မှုများကို ကျွန်ုပ်တို့ရင်ဆိုင်ရသောအခါ သံသယစိတ်ဝင်စေသော စာတန်၏ကြိုးပမ်းမှုများကို ကျွန်ုပ်တို့တွန်းလှန်နိုင်ကြမည်။ သို့သော် အစပိုင်း၌ဖော်ပြထားသော ဒုတိယအချက်ကား အဘယ်နည်း။ ယေဟောဝါအား ယုံကြည်ကိုးစားခြင်းတွင် အဘယ်အရာပါဝင်သနည်း။
“ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား[သခင်]၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား[သခင်]ဖြစ်တော်မူ၏။” (ယေဟောဝါအား ယုံကြည်ကိုးစားခြင်းသည် အဘယ်အရာကိုဆိုလို
၁၈၊ ၁၉။ ယေဟောဝါကို ယုံကြည်ကိုးစားရန် သမ္မာကျမ်းစာက မည်သို့သောစကားလုံးများဖြင့် တိုက်တွန်းထားသနည်း၊ သို့သော် ယင်းနှင့်ပတ်သက်၍ အချို့ မည်သို့ တလွဲယူဆကြသနည်း။
၁၈ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကို ဤသို့တိုက်တွန်းသည်– “ထာဝရဘုရား[သခင်]ကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရား[သခင်]ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၅၊ ၆) အားတက်စေသော နှစ်လိုဖွယ်စကားများပင်တည်း။ စကြဝဠာတစ်ခွင်လုံးတွင် ကျွန်ုပ်တို့၏ ချစ်လှစွာသောကောင်းကင်ခမည်းတော်ထက် သာ၍ယုံကြည်ကိုးစားထိုက်သောပုဂ္ဂိုလ် လုံးဝမရှိပါ။ သို့တိုင် နယပုံပြင်ကျမ်းပါ အဆိုပါစကားများကို ဖတ်ရှုရလွယ်သော်လည်း လက်တွေ့ကျင့်သုံးရန် ခက်ခဲသည်။
၁၉ ယေဟောဝါအား ယုံကြည်ကိုးစားခြင်း၏ဆိုလိုရင်းကို တလွဲထင်မြင်ယူဆသူ များစွာရှိ၏။ အချို့က ထိုသို့သောယုံကြည်ကိုးစားခြင်းသည် ခံစားချက်တစ်ခုမျှဖြစ်၏၊ နှလုံးထဲတွင် အလိုလိုပေါက်ပွားလာသင့်သော ဘဝင်ခိုက်ခြင်းမျှဖြစ်၏ဟု ယူမှတ်ကြသည်။ အခြားသူတို့ကမူ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဟူသည် အခက်အခဲဟူသ၍မှ ကျွန်ုပ်တို့ကို ကိုယ်တော်ကာကွယ်ပေးမည်၊ ကျွန်ုပ်တို့၏ပြဿနာအားလုံးကို ဖြေရှင်းပေးမည်၊ နေ့စဉ်ကြုံတွေ့ရသော အခက်အခဲဟူသ၍ ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း ကိုယ်တော်ချက်ချင်း ပြောင်းလဲသွားစေမည်ဟု ယူဆကြဟန်ရှိသည်! သို့သော် အဆိုပါယူဆချက်များသည် ယုတ္တိမရှိချေ။ ယုံကြည်ကိုးစားခြင်းသည် ခံစားချက်တစ်ခုမျှမကပေ၊ လက်တွေ့မကျသောအရာလည်း မဟုတ်ပါ။ လူလားမြောက်သူများအနေနှင့် ယုံကြည်ကိုးစားသည်ဟုဆိုရာတွင် သေချာစွာ စဉ်းစားဆင်ခြင်ပြီး ဆုံးဖြတ်ချက်များချခြင်းကိုဆိုလိုသည်။
၂၀၊ ၂၁။ ယေဟောဝါအား ယုံကြည်ကိုးစားခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ရှင်းပြပါ။
၂၀ နယပုံပြင် ၃:၅ က အဘယ်သို့ဆိုသည်ကို ထပ်၍သတိပြုပါ။ ယေဟောဝါအား ယုံကြည်ကိုးစားခြင်းနှင့် ကိုယ်ဉာဏ်ကိုအမှီပြုခြင်းသည် ခြားနားကြောင်းဖော်ပြပြီး နှစ်ခုစလုံးကို ကျွန်ုပ်တို့မပြုလုပ်နိုင်ကြောင်း တင်ပြထားသည်။ ယင်းကြောင့် ကျွန်ုပ်တို့၏ဉာဏ်ကို အသုံးပြုခွင့်မရှိဟု ဆိုလိုသလော။ မဟုတ်ပါ၊ ထိုဉာဏ်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူသော ယေဟောဝါသည် ကိုယ်တော်၏အမှုတော်ထမ်းရာ၌ ၎င်းတို့ကို အသုံးပြုစေလိုတော်မူ၏။ (ရောမ ၁၂:၁) သို့သော် ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချသောအခါ အဘယ်အရာအပေါ် အမှီပြုသနည်း၊ အားကိုးအားထားပြုသနည်း။ ကျွန်ုပ်တို့၏တွေးခေါ်ပုံသည် ယေဟောဝါ၏စဉ်းစားတွေးခေါ်ပုံနှင့် မညီညွတ်သည့်အခါ ကိုယ်တော်၏ဉာဏ်ပညာသည် ကျွန်ုပ်တို့အသိဉာဏ်ထက် အတိုင်းအဆမရှိ သာလွန်ကြောင်း လက်ခံပါသလော။ (ဟေရှာယ ၅၅:၈၊ ၉) ယေဟောဝါအား ယုံကြည်ကိုးစားခြင်းဟူသည် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်ပုံကို ကိုယ်တော်၏စဉ်းစားတွေးခေါ်ပုံဖြင့် ထိန်းကျောင်းပေးစေခြင်းဖြစ်သည်။
၂၁ ဥပမာအနေနှင့်၊ ကားနောက်ခန်းတွင် ထိုင်နေသော ကလေးငယ်တစ်ဦးကို စဉ်းစားကြည့်ပါ၊ ကားရှေ့ခန်းတွင် သူ့မိဘများထိုင်ကြပြီး ဖခင်ဖြစ်သူက ကားမောင်းနေသည်။ ခရီးစဉ်တွင် သွားရမည့်လမ်းနှင့်ပတ်သက်၍ဖြစ်စေ၊ ရာသီဥတုမကောင်းသောကြောင့်ဖြစ်စေ၊ လမ်း၏အခြေအနေနှင့်ပတ်သက်၍ဖြစ်စေ အခက်အခဲပြဿနာများပေါ်လာသောအခါ နာခံမှုရှိသော၊ ယုံကြည်အားကိုးတတ်သော ကလေးတစ်ဦးသည် မည်သို့တုံ့ပြန်မည်နည်း။ ကားမောင်းနေသူ ဖခင်အား နောက်ခုံမှ အော်ဟစ်ညွှန်ကြားနေမည်လော။ ထိုင်ခုံခါးပတ်ပတ်ထားဖို့ သူ့ကိုသတိပေးသောအခါ မိဘ၏ဆုံးဖြတ်ချက်များကို သူသံသယဖြစ်မည်လော၊ ငြင်းဆိုပါမည်လော။ ထိုသို့ပြုမည်မဟုတ်ပါ၊ မိဘများမစုံလင်ကြသော်လည်း ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အလိုလိုယုံကြည်စိတ်ချလိမ့်မည်။ ယေဟောဝါမူကား ကျွန်ုပ်တို့၏စုံလင်သောခမည်းတော်ဖြစ်တော်မူ၏။ အထူးသဖြင့် ခက်ခဲသောအခြေအနေများကို ရင်ဆိုင်ရသောအခါ ကိုယ်တော်အား အကြွင်းမဲ့ယုံကြည်ကိုးစားသင့်သည် မဟုတ်ပေလော။—ဟေရှာယ ၃၀:၂၁။
၂၂၊ ၂၃။ (က) ပြဿနာများရင်ဆိုင်ကြုံတွေ့ရသောအခါ ယေဟောဝါကို အဘယ်ကြောင့် ယုံကြည်ကိုးစားသင့်သနည်း၊ ယင်းကို မည်သို့တင်ပြနိုင်မည်နည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်း သုံးသပ်မည်နည်း။
၂၂ သို့သော် ကျွန်ုပ်တို့သည် ခက်ခဲသောအခြေအနေများ ကြုံတွေ့ရမှသာမဟုတ်ဘဲ ‘သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြု’ သင့်သည်ဟု နယပုံပြင် ၃:၆ ကဖော်ပြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင် နေ့စဉ်ပြုလုပ်သောဆုံးဖြတ်ချက်များက ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပေါ်လွင်စေသင့်သည်။ ပြဿနာများပေါ်လာသည့်အခါ စိတ်ပျက်အားလျော့၊ ချောက်ချားခြင်းမဖြစ်သင့်၊ ကိစ္စရပ်များကို အကောင်းဆုံးနည်းဖြင့်ကိုင်တွယ်ရန် ယေဟောဝါလမ်းညွှန်ပေးမှုကို ကျွန်ုပ်တို့ မငြင်းပယ်သင့်ပါ။ စမ်းသပ်မှုများသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ထောက်ခံရန်၊ စာတန်သည်မုသာကောင်ဖြစ်ကြောင်း သက်သေထူရန်၊ နာခံမှုနှင့် ယေဟောဝါနှစ်သက်သော အခြားအရည်အသွေးများကို တိုးပွားရင့်သန်စေရန် အခွင့်အလမ်းများဖြစ်၏ဟု ကျွန်ုပ်တို့ရှုမြင်ဖို့လိုသည်။—ဟေဗြဲ ၅:၇၊ ၈။
၂၃ ကျွန်ုပ်တို့သည် ရှေ့လျှောက်အဘယ်အတားအဆီးများပင် ကြုံရပါစေ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်ကြသည်။ ကျွန်ုပ်တို့ဆုတောင်းပုံအား
ဖြင့်၊ လမ်းညွှန်မှုရရန် ယေဟောဝါ၏နှုတ်မြွက်စကားတော်နှင့် ကိုယ်တော့်အဖွဲ့အစည်းကို အားကိုးမျှော်လင့်ပုံအားဖြင့် ထိုသို့တင်ပြကြသည်။ သို့သော် ယနေ့ ဤလောက၌ ပေါ်ပေါက်နေသောပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ယေဟောဝါအား ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့မည်သို့ သတ်သတ်မှတ်မှတ်တင်ပြနိုင်ကြမည်နည်း။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 13 ‘အချည်းနှီး’ ဟူသောစကားလုံးအတွက် ပေါလုအသုံးပြုသည့် ဂရိစကားလုံးသည် ဒေ.ကျမ်းတွင် ရှောလမုန်အထပ်ထပ်သုံးခဲ့သော အသုံးအနှုန်းကိုဘာသာပြန်ဆိုရာတွင် ဂရိစက်ပ်တွားဂျင့်ကျမ်း၌ သုံးထားသောစကားလုံးနှင့် အတူတူဖြစ်သည်၊ “ခပ်သိမ်းသောအရာတို့သည် [“အချည်းနှီး၊” ကဘ] ဖြစ်ကြ၏” ဟူသောအသုံးအနှုန်းမှာကဲ့သို့ဖြစ်သည်။—ဒေ. ၁:၂၊ ၁၄; ၂:၁၁၊ ၁၇; ၃:၁၉; ၁၂:၈။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါအား မိမိ၏ယုံကြည်ကိုးစားရာဖြစ်စေကြောင်း ဒါဝိဒ်မည်သို့တင်ပြခဲ့သနည်း။
• ယနေ့ လူတို့ ဝေဒနာခံစားရသည့် အကြောင်းရင်းသုံးခုကား အဘယ်နည်း၊ ၎င်းတို့ကို အခါအားလျော်စွာ ပြန်သုံးသပ်ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။
• ယေဟောဝါသည် လူသားမျိုးနွယ်အပေါ် အဘယ်စီရင်ချက်ချခဲ့သနည်း၊ ထိုစီရင်ချက်သည် အဘယ်ကြောင့်တရားမျှတသနည်း။
• ယေဟောဝါအား ယုံကြည်ကိုးစားခြင်းတွင် အဘယ်အရာပါဝင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် ယေဟောဝါကို သူ၏ယုံကြည်ကိုးစားရာဖြစ်စေခဲ့
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ယေရုရှလင်မြို့ရှိ ပြအိုးတစ်ခု ပြိုလဲခဲ့ခြင်းသည် ယေဟောဝါကြောင့်မဟုတ်ကြောင်း ယေရှုဖော်ပြခဲ့