စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစားလော့
စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစားလော့
“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။”—ဆာလံ ၄၆:၁။
၁၊ ၂။ (က) ဘုရားသခင်ကို ယုံကြည်ကိုးစားသည်ဟု ပြောရုံဖြင့်မလုံလောက်ကြောင်း အဘယ်ဥပမာက တင်ပြသနည်း။ (ခ) ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကိုးစားကြောင်း ပြောရုံနှင့် အဘယ်ကြောင့်မလုံလောက်သနည်း။
ဘုရားသခင်အား ယုံကြည်ကိုးစားသည်ဟုဆိုခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး ယင်းကို လုပ်ရပ်ဖြင့်တင်ပြခြင်းသည် နောက်တစ်ကဏ္ဍဖြစ်သည်။ ဥပမာ၊ “ဘုရားသခင်ကို ငါတို့ကိုးစား၏” ဟူသောစကားစုကို ကြာမြင့်စွာကတည်းက ယူ.အက်စ်. ငွေစက္ကူနှင့် အကြွေစေ့များပေါ်တွင် တွေ့ရှိခဲ့ကြရပြီ။ * ၁၉၅၆ ခုနှစ်တွင် ယူ.အက်စ်. ကွန်ဂရက်က ထိုစကားစုသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားဆောင်ပုဒ်ဖြစ်၏ဟု ကြေညာသည့် ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့သည်။ ဖြစ်ပုံမှာ ထိုနိုင်ငံ၌သာမက ကမ္ဘာတစ်ဝန်းရှိ လူအများသည် ဘုရားသခင်ထက် ငွေနှင့် စည်းစိမ်ဥစ္စာကို ပို၍ယုံကြည်ကိုးစားကြသည်။—လုကာ ၁၂:၁၆-၂၁။
၂ ခရစ်ယာန်စစ်များအနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ပြောရုံမျှနှင့် မလုံလောက်ပေ။ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်” သကဲ့သို့ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့၏လုပ်ရပ်များဖြင့် မတင်ပြပါက အဓိပ္ပာယ်မရှိချေ။ (ယာကုပ် ၂:၂၆) ကျွန်ုပ်တို့သည် ကိုယ်တော်ထံ ဆုတောင်းသောအခါ၊ သမ္မာကျမ်းစာမှ ညွှန်ကြားချက်ရှာယူသောအခါ၊ ကိုယ်တော်၏အဖွဲ့အစည်းထံမှ လမ်းညွှန်မှုရရန် မျှော်ကိုးသောအခါ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်းတင်ပြကြ သည်ဟု ရှေ့ဆောင်းပါး၌ ကျွန်ုပ်တို့သိရှိခဲ့ရပြီ။ အဆိုပါအချက်သုံးချက်ကို စိတ်သောကရောက်နေချိန်၌ မည်သို့လုပ်ဆောင်နိုင်ကြောင်း ယခု သုံးသပ်ကြည့်ကြစို့။
အလုပ်ပြုတ်သွားသောအခါ သို့မဟုတ် ဝင်ငွေနည်းသောအခါ
၃။ ဤ “ခဲယဉ်းသောကာလ” တွင် ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်စီးပွားရေးအကျပ်အတည်းများ ကြုံရကြသနည်း၊ ကျွန်ုပ်တို့ကို ဘုရားသခင်ကူညီပေးလိုကြောင်း မည်သို့သိနိုင်သနည်း။
၃ ဤ “ခဲယဉ်းသောကာလ” တွင် ခရစ်ယာန်များသည် အခြားသူများကဲ့သို့ပင် စီးပွားရေးအကျပ်အတည်းများရှိကြသည်။ (၂ တိမောသေ ၃:၁) ထို့ကြောင့် ကျွန်ုပ်တို့သည် ရုတ်တရက် အလုပ်ပြုတ်သွားနိုင်သည်။ သို့မဟုတ် လခနည်းနည်းနှင့် နာရီပေါင်းများစွာလုပ်ရသော အလုပ်မျိုး လုပ်ကိုင်ရပေမည်။ ဤအခြေအနေမျိုးတွင် ‘ကျွန်ုပ်တို့၏အိမ်သားများကို ပြုစု’ ရန်အခက်တွေ့နိုင်သည်။ (၁ တိမောသေ ၅:၈) ဤအချိန်မျိုးတွင် အမြင့်ဆုံးသောဘုရားသခင်သည် ကျွန်ုပ်တို့ကို ကူညီမစပေးလိုသလော။ ဧကန်အမှန်ပင်ကူညီလို၏! ဤအစီအစဉ်စနစ်တွင် ဘဝအခက်အခဲများကို ကျွန်ုပ်တို့မခံစားရရန် ယေဟောဝါမကာကွယ်ထားချေ။ သို့သော် ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားကြမည်ဆိုလျှင် “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” ဟူသော ဆာလံ ၄၆:၁ ပါစကားများမှန်ကန်ကြောင်း ကိုယ်တိုင်တွေ့ကြုံရပါလိမ့်မည်။ သို့သော် စီးပွားရေးအကျပ်အတည်းရောက်ချိန်၌ ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။
၄။ ငွေကြေးအခက်အခဲများ ကြုံတွေ့ရသောအခါ အဘယ်အရာအတွက် ကျွန်ုပ်တို့ဆုတောင်းနိုင်သနည်း၊ ထိုသို့သောဆုတောင်းချက်များကို ယေဟောဝါမည်သို့ဖြေဆိုသနည်း။
၄ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်းပြသည့် နည်းတစ်နည်းမှာ ဆုတောင်းခြင်းဖြင့်ဖြစ်သည်။ အဘယ်အရာအတွက် ကျွန်ုပ်တို့ဆုတောင်းနိုင်သနည်း။ ငွေကြေးအခက်အခဲများကြုံရချိန်တွင် ကျွန်ုပ်တို့သည် တစ်ခါနှင့်မျှမတူအောင် လက်တွေ့ကျဉာဏ်ပညာကို လိုအပ်ပေမည်။ သို့ဖြစ်၍ ထိုဉာဏ်ပညာရရှိဖို့ ဆုတောင်းပါလေ။ ယေဟောဝါ၏နှုတ်မြွက်စကားတော်က ဤသို့စိတ်ချစေသည်– “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။” (ယာကုပ် ၁:၅) ပညာရှိသောဆုံးဖြတ်ချက်များနှင့် မှန်ကန်သောရွေးချယ်မှုများပြုနိုင်ဖို့ ဉာဏ်ပညာဖြစ်သော အသိပညာ၊ သိမြင်နားလည်မှုနှင့် ပိုင်းခြားသိမြင်မှုတို့ကို ကောင်းစွာအသုံးချနိုင်စွမ်းရှိဖို့ ယေဟောဝါကိုတောင်းလျှောက်ပါ။ ထိုသို့တောင်းလျှောက်သည့်အခါ ကိုယ်တော်နားညောင်းမည်ဟု ကျွန်ုပ်တို့၏ မေတ္တာရှင်ကောင်းကင်ခမည်းတော် အာမခံသည်။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်အား ယုံကြည်ကိုးစားသူတို့၏ လမ်းခရီးကိုဖြောင့်စေရန် ကိုယ်တော်အစဉ်လိုလားတော်မူ၏။—ဆာလံ ၆၅:၂; သု. ၃:၅၊ ၆။
၅၊ ၆။ (က) စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အဘယ်ကြောင့်မျှော်ကိုးနိုင်သနည်း။ (ခ) အလုပ်ပြုတ်သွားသောအခါ စိုးရိမ်ပူပန်မှုလျော့နည်းစေရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၅ ယေဟောဝါကို ယုံကြည်ကိုးစားကြောင်းဖော်ပြသော နောက်တစ်နည်းမှာ ဘုရားသခင့်နှုတ်မြွက်စကားဆာလံ ၉၃:၅) လွန်ခဲ့သောအနှစ် ၁,၉၀၀ ကျော်က ရေးသားပြီးစီးခဲ့သောစာအုပ်ဖြစ်သော်လည်း ထိုမှုတ်သွင်းခံစာအုပ်တွင် စီးပွားရေးအကျပ်အတည်းများကို သာ၍ကောင်းစွာဖြေရှင်းစေနိုင်သော အားထားလောက်သည့်အကြံဉာဏ်နှင့် ထိုးထွင်းသိမြင်မှုတို့ပါရှိသည်။ သမ္မာကျမ်းစာပါ ဉာဏ်ပညာနှင့်ဆိုင်သော ပုံနမူနာအချို့ကို သုံးသပ်ကြည့်ပါ။
တော်မှ လမ်းညွှန်မှုရှာယူခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌တွေ့ရှိရသော ကိုယ်တော်၏ပညာရှိသတိပေးချက်များသည် ‘အလွန်ယုံကြည်စိတ်ချထိုက်’ ကြောင်းထင်ရှားသည်။ (၆ ပညာရှိရှောလမုန်ဘုရင်က “အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်” ၏ဟုဆိုခဲ့သည်မှာ ကြာမြင့်ပြီ။ (ဒေ. ၅:၁၂) ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကို ပြုပြင်ရန်၊ ဆေးကြောသန့်ရှင်း၊ ထိန်းသိမ်းစောင့်ရှောက်ရန် အချိန်နှင့် ငွေလိုသည်။ ထို့ကြောင့် အလုပ်ပြုတ်သွားသောအခါ ကျွန်ုပ်တို့၏ဘဝပုံစံကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ရာနှင့် လိုချင်ရာများကို ခွဲခြားသိမြင်ဖို့ကြိုးစားလျှင် ကောင်းပေမည်။ စိုးရိမ်ပူပန်မှုလျော့နည်းသွားစေရန် အပြောင်းအလဲအချို့ပြုလုပ်ခြင်းသည် ပညာရှိရာရောက်ပေမည်။ ဥပမာ၊ အိမ်ငယ်တစ်လုံးသို့ ပြောင်းရွှေ့ခြင်းဖြင့်ဖြစ်စေ၊ မလိုအပ်သောပစ္စည်းများကို ရောင်းပစ်ခြင်းဖြင့်ဖြစ်စေ ကျွန်ုပ်တို့၏ဘဝကို ရိုးရှင်းစေနိုင်မည်လော။—မဿဲ ၆:၂၂။
၇၊ ၈။ (က) မစုံလင်သူများသည် ပစ္စည်းဥစ္စာနှင့်ပတ်သက်၍ အလွန်အမင်းပူပန်တတ်သည်ကို ယေရှုသိကြောင်း မည်သို့ဖော်ပြခဲ့သနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။) (ခ) အစိုးရိမ်လွန်ခြင်းကိုရှောင်ရန် အဘယ်ပညာရှိအကြံဉာဏ်ကို ယေရှုပေးခဲ့သနည်း။
၇ တောင်ပေါ်တရားတော်၌ ယေရှုဤသို့သွန်သင်ခဲ့သည်– “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။” * (မဿဲ ၆:၂၅) မစုံလင်သူလူသားများသည် အခြေခံလိုအပ်ရာများရရှိဖို့ စိုးရိမ်ပူပန်လေ့ရှိကြောင်း ယေရှုသိတော်မူ၏။ ထိုအရာများအတွက် မည်သို့ “မစိုးရိမ်” ဘဲနေနိုင်မည်နည်း။ ယေရှုက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့” ဟုမိန့်တော်မူခဲ့သည်။ မည်သည့်ပြဿနာများနှင့်ပင် ကြုံတွေ့နေရပါစေ ကျွန်ုပ်တို့ဘဝတွင် ယေဟောဝါ၏ဝတ်ပြုရေးကို ဆက်၍ရှေးဦးထားရကြမည်။ ထိုသို့ပြုမည်ဆိုလျှင် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာဟူသ၍ကို “ထပ်၍ ပေးတော်မူလတ္တံ့။” ကျွန်ုပ်တို့ဆက်အသက်ရှင်နိုင်ရန် တစ်နည်းနည်းဖြင့် ကိုယ်တော်ကူညီပေးပါလိမ့်မည်။—မဿဲ ၆:၃၃။
၈ ယေရှုက ဤသို့အကြံထပ်ပေးသည်– “နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့စိုးရိမ်လိမ့်မည်။” (မဿဲ ၆:၃၄) နက်ဖြန်နေ့တွင် ဖြစ်ကောင်းဖြစ်မည်အရာအတွက် အစိုးရိမ်လွန်ခြင်းသည် ပညာရှိရာမရောက်ပါ။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “အနာဂတ်တွင် အမှန်ဖြစ်ပျက်ရာသည် ကျွန်ုပ်တို့ကြိုတွေးပြီး စိုးရိမ်ကြောင့်ကြသလောက် မဆိုးဝါးပေ။” ဦးစားပေးထိုက်ရာများကို အာရုံစိုက်ကာ တစ်နေ့တာအတွက် အသက်ရှင်ပါဟူသော ကျမ်းစာအကြံပေးချက်ကို နှိမ့်ချစွာလိုက်နာခြင်းဖြင့် အစိုးရိမ်လွန်ခြင်းကို ရှောင်ရှားနိုင်သည်။—၁ ပေတရု ၅:၆၊ ၇။
၉။ ငွေကြေးအကျပ်အတည်းများ ကြုံတွေ့ရသောအခါ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏စာအုပ်စာတမ်းများမှ အဘယ်အကူအညီရနိုင်သနည်း။
မဿဲ ၂၄:၄၅) နိုးလော့!မဂ္ဂဇင်းတွင် စီးပွားရေးအခက်အခဲများဖြေရှင်းဖို့ အထောက်အကူပြု အကြံပေးချက်များ မကြာမကြာပါသည်။ ၁၉၉၂၊ မေ ၈ ရက်ထုတ်တွင် “အလုပ်လက်မဲ့ဖြစ်ခြင်း—မည်သို့ဖြေရှင်းမည်နည်း” ဟူသောဆောင်းပါးက အလုပ်လက်မဲ့ဖြစ်ချိန်၌ များစွာသောသူတို့ကို ငွေရေးကြေးရေးနှင့် စိတ်ဓာတ်ရေးအရ တည်ငြိမ်မှုရှိစေခဲ့သော လက်တွေ့ကျလမ်းညွှန်ချက်ရှစ်ချက်ကို ဖော်ပြထားသည်။ * မှန်ပါသည်၊ အဆိုပါလမ်းညွှန်ချက်များကို ငွေ၏အရေးပါမှုအပေါ် မှန်ကန်သည့်အမြင်ရှိခြင်းနှင့် ချိန်ညှိရပေမည်။ ဤအကြောင်းကို အဆိုပါမဂ္ဂဇင်း၌ “ငွေထက် အရေးကြီးသည့်အရာ” ဟူသောဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသည်။—ဒေ. ၇:၁၂။
၉ ငွေကြေးအကျပ်အတည်းများ ကြုံတွေ့ရသောအခါ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏စာအုပ်စာတမ်းများမှ အကူအညီရှာယူခြင်းဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်ကြသည်။ (ကျန်းမာရေးပြဿနာကြောင့် စိတ်သောကရောက်သောအခါ
၁၀။ အသည်းအသန်ဖျားနာသောအခါ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းသည် လက်တွေ့ကျကြောင်း ဒါဝိဒ်မင်း၏ဖြစ်ရပ်က မည်သို့ဖော်ပြသနည်း။
၁၀ အသည်းအသန်ဖျားနာသောအခါ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းသည် လက်တွေ့ကျပါသလော။ ဧကန်အမှန် လက်တွေ့ကျ၏! မိမိလူမျိုးတော်တွင်ရှိ ဖျားနာသူများကို ယေဟောဝါစာနာတော်မူ၏။ ထိုထက်မက ကိုယ်တော်သည် ကူညီပေးဖို့လည်း အသင့်ရှိတော်မူ၏။ သာဓကအနေနှင့် ဒါဝိဒ်မင်းကြီးကို သုံးသပ်ကြည့်ပါ။ ရိုးဖြောင့်သောလူနာတစ်ဦးနှင့် ဘုရားသခင်ဆက်ဆံပုံအကြောင်း သူရေးသားခဲ့ချိန်တွင် သူကိုယ်တိုင် အသည်းအသန်ဖျားနာနေပေမည်။ “သူသည် နာဖျား၍တုံးလုံးနေသောအခါ ထာဝရဘုရားသည်ထောက်ပင့်တော်မူမည်။ ဆာလံ ၄၁:၁၊ ၃၊ ၇၊ ၈) ဒါဝိဒ်သည် ဘုရားသခင်ကို အခိုင်အမာယုံကြည်ကိုးစားခဲ့ရာ နောက်ဆုံးတွင် ပြန်နာလန်ထူခဲ့သည်။ သို့သော် ကျန်းမာရေးပြဿနာများကြောင့် စိတ်သောကရောက်နေလျှင် ဘုရားသခင်ကို မည်သို့ယုံကြည်ကိုးစားနိုင်မည်နည်း။
နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်” ဟုသူမြွက်ဆိုခဲ့သည်။ (၁၁။ ဖျားနာချိန်တွင် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံမှ အဘယ်အရာတောင်းလျှောက်နိုင်သနည်း။
၁၁ ဖျားနာချိန်တွင် ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြသည့်နည်းတစ်နည်းမှာ ခံရပ်နိုင်ရန်အကူအညီအတွက် ကိုယ်တော့်ထံ ဆုတောင်းအသနားခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အခြေအနေခွင့်ပြုသည့်အတိုင်း ကျန်းမာနေစေရန် “လက်တွေ့ကျဉာဏ်ပညာ” ကိုအသုံးပြုဖို့ ကိုယ်တော်အား အကူအညီတောင်းဆိုနိုင်သည်။ (သု. ၃:၂၁၊ ကဘ) ဖျားနာမှုကိုကြံ့ကြံ့ခံနိုင်ရန် စိတ်ရှည်ခြင်းနှင့် ခံနိုင်ရည်ရှိဖို့လည်း ကိုယ်တော်ထံမှ အကူအညီတောင်းနိုင်သည်။ ထို့ထက်ကား ကျွန်ုပ်တို့ကို ယေဟောဝါထောက်မပေးရန်၊ မည်သို့ပင်ဖြစ်ပျက်လာပါစေ ကိုယ်တော်အား ဆက်သစ္စာရှိ၍ ဟန်ချက်ညီနေစေရန် ကျွန်ုပ်တို့ကို ခွန်အားပေးဖို့ တောင်းလျှောက်လိုကြပေမည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်အား ဆက်၍တည်ကြည်ခြင်းသည် ကျွန်ုပ်တို့၏လက်ရှိအသက်ရှင်ရေးထက်ပင် သာ၍အရေးပါ၏။ ကျွန်ုပ်တို့ဆက်၍တည်ကြည်မည်ဆိုလျှင် ဆုချတော်မူသော ကြီးမြတ်သည့်အရှင်သည် ထာဝရစုံလင်ကျန်းမာသောအသက်ကို ပေးသနားပါလိမ့်မည်။—ဟေဗြဲ ၁၁:၆။
၁၂။ ဆေးကုသမှုနှင့်ပတ်သက်လျှင် အဘယ်ကျမ်းစာမူများက ပညာရှိရှိဆုံးဖြတ်ချက်ချစေနိုင်သနည်း။
၁၂ ယေဟောဝါအား ကျွန်ုပ်တို့ယုံကြည်ကိုးစားခြင်းက ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာမှ လက်တွေ့ကျသောလမ်းညွှန်မှုကိုရှာယူဖို့လည်း လှုံ့ဆော်ပေးသည်။ သမ္မာကျမ်းစာပါ မူများက ဆေးကုသမှုနှင့်ပတ်သက်၍ ပညာရှိဆုံးဖြတ်ချက်များချစေနိုင်သည်။ ဥပမာ၊ သမ္မာကျမ်းစာက ‘နတ်ဆိုးအတတ်’ ကိုတားမြစ်ထားကြောင်းသိထားရာ နတ်ဆိုးအတတ်ပါဝင်သည့် မည်သည့်ဆေးစစ်ချက် သို့မဟုတ် ဆေးကုထုံးကိုမဆို ကျွန်ုပ်တို့ရှောင်ကြဉ်မည်။ (ဂလာတိ ၅:၁၉-၂၁; တရားဟောရာ ၁၈:၁၀-၁၂) ဤတွင် သမ္မာကျမ်းစာ၏ ယုံကြည်စိတ်ချရသော ဉာဏ်ပညာနှင့်ဆိုင်သည့် နမူနာနောက်တစ်ခုကိုဖော်ပြလိုသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) ထို့ကြောင့် ဆေးကုသနည်းခံယူဖို့ စဉ်းစားဆင်ခြင်သောအခါ “ပြောသမျှကိုယုံ” မည့်အစား ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ရှာယူခြင်းသည် ပညာရှိရာရောက်၏။ ဤသို့ “[ကောင်းသော]သတိရှိခြင်း” က ရွေးချယ်နိုင်သောကုသနည်းများကို စေ့စေ့ဆင်ခြင်ပြီး အသိပညာကြွယ်စွာ ဆုံးဖြတ်ချက်များချရန် ကူညီပေးနိုင်သည်။—တိတု ၂:၁၂၊ ကဘ။
၁၃၊ ၁၄။ (က) ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများတွင် ကျန်းမာရေးဆိုင်ရာ ဗဟုသုတပေးသော အဘယ်ဆောင်းပါးများကို ထုတ်ဝေခဲ့ပြီနည်း။ (စာမျက်နှာ ၂၃ ရှိလေးထောင့်ကွက်ကိုရှု။) (ခ) ၂၀၀၂၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့!မဂ္ဂဇင်းတွင် နာတာရှည်ရောဂါနှင့်ပတ်သက်၍ အဘယ်အကြံပြုချက် ပါရှိသနည်း။
၁၃ သစ္စာရှိကျွန်၏ စာပေစာတမ်းများကို ရှာဖွေလေ့လာခြင်းအားဖြင့်လည်း ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်ကြသည်။ ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများတွင် ကျန်းမာရေးအခက်အခဲများနှင့် ရောဂါအမျိုးမျိုးအကြောင်း သတင်းအချက်အလက်များ မကြာ * ဤဂျာနယ်များတွင် ရောဂါဝေဒနာများ၊ ဖျားနာမှုနှင့် မသန်မစွမ်းမှုအမျိုးမျိုးကို အောင်မြင်ကျော်လွှားခဲ့သူတို့အကြောင်း ရံဖန်ရံခါဖော်ပြပေးသည်။ ထို့အပြင် ဆောင်းပါးအချို့က နာတာရှည်ရောဂါသည်များအတွက် ကျမ်းစာဆိုင်ရာအကြံပြုချက်များနှင့် လက်တွေ့ကျအကြံဉာဏ်ကိုလည်း ဖော်ပြပေးသည်။
မကြာပါသည်။၁၄ ဥပမာ၊ ၂၀၀၂၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့!မဂ္ဂဇင်းက “နာမကျန်းသူအတွက် နှစ်သိမ့်မှု” ဟူသော မျက်နှာဖုံးပါ ဆောင်းပါးတွဲများကို ဖော်ပြသည်။ ၎င်းဆောင်းပါးများသည် အထောက်အကူပြုကျမ်းစာမူများကို ဖော်ပြပေးရုံသာမက နှစ်ချီ၍မသန်မစွမ်းဖြစ်ခဲ့သော အကြောင်းစုံသိသူများအား လူတွေ့မေးမြန်းပြီး ရရှိခဲ့သည့် ကိုယ်တွေ့သတင်းအချက်အလက်များကို တင်ဆက်ထားခြင်းဖြစ်သည်။ “ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း” ဟူသောဆောင်းပါးက ဤသို့အကြံပြုထားသည်– သင့်ရောဂါအကြောင်း သိနိုင်သလောက် သိအောင်ကြိုးစားပါ။ (သု. ၂၄:၅) သူတစ်ပါးကိုကူညီပေးနိုင်ဖို့ ပန်းတိုင်များအပါအဝင် လက်တွေ့ကျသည့်ပန်းတိုင်များထားပါ၊ သို့သော် အခြားသူတို့ လိုက်မီနိုင်သည့်ပန်းတိုင်များကို သင်လိုက်မီနိုင်လိမ့်မည်မဟုတ်ကြောင်း သိထားပါ။ (တမန်တော် ၂၀:၃၅; ဂလာတိ ၆:၄) သီးခြားနေခြင်းကို ရှောင်ပါ။ (သု. ၁၈:၁) အခြားသူများ သင့်ထံအလည်လာခြင်းကို ပျော်ရွှင်ဖွယ်အတွေ့အကြုံ ဖြစ်စေပါ။ (သု. ၁၇:၂၂) ထို့ထက်ကား၊ ယေဟောဝါနှင့်လည်းကောင်း၊ အသင်းတော်နှင့်လည်းကောင်း ဆက်၍ရင်းရင်းနှီးနှီးနေပါ။ (နာဟုံ ၁:၇; ရောမ ၁:၁၁၊ ၁၂) ယေဟောဝါ၏အဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးသော ယုံကြည်အားထားလောက်သည့် လမ်းညွှန်မှုအတွက် ကျေးဇူးမတင်ပေလော။
သွေးသားအားနည်းချက်တစ်ခု စွဲမြဲနေသောအခါ
၁၅။ တမန်တော်ပေါလုသည် မစုံလင်သောသွေးသားအားနည်းချက်များကို တိုက်လှန်ရာတွင် မည်သို့အနိုင်ရခဲ့သနည်း၊ အဘယ်အရာကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သနည်း။
၁၅ တမန်တော်ပေါလုက “ငါ့အထဲမှာ . . . ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်” ဟုရေးသားခဲ့သည်။ (ရောမ ၇:၁၈) မစုံလင်သောသွေးသားဆန္ဒများနှင့် အားနည်းချက်များကို တွန်းလှန်ရခြင်းသည် မည်မျှခက်ခဲကြောင်း ပေါလုကိုယ်တွေ့ခံစားခဲ့ရသည်။ သို့သော် သူအောင်နိုင်မည်ဟုလည်း ပေါလုယုံကြည်စိတ်ချသည်။ (၁ ကောရိန္သု ၉:၂၆၊ ၂၇) မည်သို့အားဖြင့်နည်း။ ယေဟောဝါကို လုံးလုံးလျားလျား ယုံကြည်ကိုးစားခြင်းအားဖြင့်တည်း။ ထို့ကြောင့် ပေါလုဤသို့ပြောနိုင်ခဲ့သည်– “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏။” (ရောမ ၇:၂၄၊ ၂၅) ကျွန်ုပ်တို့ကော။ ကျွန်ုပ်တို့လည်း သွေးသားအားနည်းချက်များကို တွန်းလှန်တိုက်ခိုက်နေကြရသည်။ အဆိုပါအားနည်းချက်များကို နိုင်နင်းဖို့ကြိုးပမ်းနေကြစဉ် ကျွန်ုပ်တို့ ဘယ်တော့မျှအောင်နိုင်တော့မည်မဟုတ်ဟု ယူဆလာပြီး ယုံကြည်ကိုးစားမှုပျောက်ဆုံးဖို့ လွယ်ကူသည်။ သို့သော် ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် မိမိတို့အစွမ်းခွန်အားကိုမဟုတ်ဘဲ ယေဟောဝါအပေါ် အမှန်မှီခိုအားထားမည်ဆိုလျှင် ကိုယ်တော်ကူညီပေးပါလိမ့်မည်။
၁၆။ သွေးသားအားနည်းမှုတစ်ခု စွဲမြဲနေမည်ဆိုလျှင် အဘယ်အရာအတွက် ကျွန်ုပ်တို့ဆုတောင်းရမည်နည်း၊ ဒုံရင်းအခြေအနေသို့ပြန်ရောက်ပါက ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်သင့်သနည်း။
၁၆ ကျွန်ုပ်တို့တွင် သွေးသားအားနည်းချက်တစ်ခု စွဲမြဲလုကာ ၁၁:၉-၁၃) ဘုရားသခင့်ဝိညာဉ်တော်အသီးတစ်လုံးဖြစ်သော စိတ်ချုပ်တည်းခြင်းကို အထူးပြုတောင်းဆိုနိုင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဒုံရင်းအခြေအနေဆိုးသို့ ကျွန်ုပ်တို့ ပြန်ရောက်နေပါက မည်သို့ပြုသင့်သနည်း။ မည်သို့ဆိုစေ ကျွန်ုပ်တို့အရှုံးမပေးသင့်ပါ။ သနားကြင်နာတတ်သော ကျွန်ုပ်တို့၏ဘုရားသခင်ထံ နှိမ့်ချစွာဆုတောင်း၍ ကိုယ်တော်၏ခွင့်လွှတ်မှုနှင့် အကူအညီကိုတောင်းလျှောက်ရန် ဘယ်သောအခါမျှ ပင်ပန်းငြီးငွေ့ခြင်းမရှိကြစို့နှင့်။ ယေဟောဝါသည် အပြစ်ရှိသည်ဟုခံစားနေရသောသိစိတ်၏ဝန်ကြောင့် “ကျိုးပဲ့ကြေမွ” သောနှလုံးကို ဘယ်သောအခါမျှ ငြင်းပယ်မည်မဟုတ်ပါ။ (ဆာလံ ၅၁:၁၇) အမှန်တကယ်၊ နောင်ကြဉ်သောနှလုံးဖြင့် ကျွန်ုပ်တို့တိုးလျှိုးတောင်းပန်မည်ဆိုလျှင် သွေးဆောင်မှုများကို တွန်းလှန်နိုင်ရန် ကျွန်ုပ်တို့ကို ယေဟောဝါကူညီပေးပါလိမ့်မည်။—ဖိလိပ္ပိ ၄:၆၊ ၇။
နေသည့်အခါ ယေဟောဝါထံ တိုးလျှိုးတောင်းပန်ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်ကို ယုံကြည်ကိုးစားကြောင်း တင်ပြနိုင်သည်။ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော် အကူအညီကိုတောင်းဆို၍ အသနားခံဖို့ပင်လိုသည်။ (၁၇။ (က) ကျွန်ုပ်တို့တွန်းလှန်တိုက်ခိုက်နေသော အားနည်းချက်တစ်ခုခုကို ယေဟောဝါမည်သို့ယူမှတ်ကြောင်း ပြန်သုံးသပ်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။ (ခ) အမျက်ထွက်လွယ်သောစိတ်ကို ထိန်းချုပ်ရန်၊ လျှာကိုထိန်းရန်နှင့် အကျိုးမပြုသော အပန်းဖြေမှုဘက်သို့ စိတ်ယိမ်းယိုင်ခြင်းကို တွန်းလှန်နေကြရလျှင် အဘယ်ကျမ်းချက်များကို ကျွန်ုပ်တို့ အလွတ်ကျက်မှတ်ထားနိုင်သနည်း။
၁၇ သမ္မာကျမ်းစာမှ အကူအညီရှာယူခြင်းဖြင့်လည်း ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့တင်ပြနိုင်ကြပါသည်။ ကျမ်းစာမှန်ပြမာတိကာ သို့မဟုတ် နှစ်ကုန်ပိုင်း၌ ကင်းမျှော်စင်နှင့်နိုးလော့!တွင်ပါသော အကြောင်းအရာမာတိကာတို့ကိုသုံးပြီး ‘ကျွန်ုပ်တွန်းလှန်နေတဲ့ ဒီအားနည်းချက်ကို ယေဟောဝါဘယ်လိုယူမှတ်သလဲ’ ဟူသောမေးခွန်းကို အဖြေရှာယူနိုင်သည်။ ထိုကိစ္စကို ယေဟောဝါမည်သို့ယူဆကြောင်း ပြန်စဉ်းစားသုံးသပ်ခြင်းက ကိုယ်တော်၏အလိုတော်နှင့်တွေ့လိုစိတ် ပိုထက်သန်လာစေပေမည်။ သို့ဖြင့် ကိုယ်တော်ကဲ့သို့ ကျွန်ုပ်တို့တွေးတောယူဆလာပြီး ကိုယ်တော်မုန်းတီးရာကို ကျွန်ုပ်တို့မုန်းတီးတတ်လာမည်။ (ဆာလံ ၉၇:၁၀) အချို့သူတို့သည် သူတို့တွန်းလှန်တိုက်ခိုက်နေသော အားနည်းချက်နှင့်သက်ဆိုင်သည့် ကျမ်းချက်များကို အလွတ်ကျက်ထားခြင်းက အထောက်အကူပြုကြောင်း တွေ့ရှိခဲ့ကြပြီ။ အမျက်ထွက်လွယ်သောစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေကြရသလော။ သို့ဖြစ်လျှင် နယပုံပြင် ၁၄:၁၇ နှင့် ဧဖက် ၄:၃၁ စသည့်ကျမ်းချက်များကို အလွတ်ကျက်ထားနိုင်လျှင်ကောင်းမည်။ လျှာကိုထိန်းဖို့ အခက် တွေ့နေသလော။ နယပုံပြင် ၁၂:၁၈ နှင့် ဧဖက် ၄:၂၉ အစရှိသောကျမ်းချက်များကို အလွတ်ကျက်နိုင်သည်။ အကျိုးမပြုသော အပန်းဖြေမှုဘက်သို့ စိတ်ယိမ်းယိုင်နေသလော။ ဧဖက် ၅:၃ နှင့် ကောလောသဲ ၃:၅ စသည့်ကျမ်းပိုဒ်များကို စွဲမှတ်ထားနိုင်ဖို့ ကြိုးစားပါ။
၁၈။ ကျွန်ုပ်တို့၏အားနည်းချက်ကို အနိုင်ရရန် အကြီးအကဲများထံမှ အကူအညီတောင်းခံဖို့ အဘယ်ကြောင့် ကသိကအောက်မဖြစ်သင့်သနည်း။
၁၈ ဝိညာဉ်တော်ဖြင့်ခန့်အပ်ထားသော အသင်းတော်အကြီးအကဲများထံမှ အကူအညီယူခြင်းသည် ယေဟောဝါကို အားကိုးအားထားကြောင်း တင်ပြသည့်နည်း နောက်တစ်မျိုးဖြစ်သည်။ (တမန်တော် ၂၀:၂၈) အမှန်မှာ ဤ ‘လူ့အသွင်ဆုလာဘ်များ’ သည် ကိုယ်တော်၏သိုးများကို ကာကွယ်စောင့်ရှောက်ရန် ခရစ်တော်မှတစ်ဆင့် ယေဟောဝါ၏ပြင်ဆင်ပေးမှုဖြစ်သည်။ (ဧဖက် ၄:၇၊ ၈၊ ၁၁-၁၄) မှန်ပါသည်၊ အားနည်းချက်တစ်ခုကို ကိုင်တွယ်နိုင်ရန် အကူအညီတောင်းဖို့မလွယ်ပါ။ ကျွန်ုပ်တို့ကို အကြီးအကဲများက အထင်သေးမှာစိုးရိမ်ပြီး စိတ်ကသိကအောက်ဖြစ်နိုင်သည်။ သို့သော် ဝိညာဉ်ရေးဘက်ရင့်ကျက်သော ဤအမျိုးသားများသည် သူတို့ထံမှအကူအညီတောင်းခံဝံ့သော ကျွန်ုပ်တို့ကို အမှန်လေးစားပေမည်။ ထို့ပြင် အကြီးအကဲများသည် သိုးတော်စုနှင့်ဆက်ဆံရာတွင် ယေဟောဝါ၏အရည်အသွေးများကို ကြိုးစားထင်ဟပ်ပြကြသည်။ သူတို့ပေးသောနှစ်သိမ့်မှုနှင့် လက်တွေ့ကျသည့်ဆုံးမမှုအပြင် သမ္မာကျမ်းစာမှသွန်သင်ချက်များသည် ကျွန်ုပ်တို့၏အားနည်းချက်ကို အနိုင်ရရန် လိုအပ်နေသည့်ခွန်အား ဖြစ်နေနိုင်သည်။—ယာကုပ် ၅:၁၄-၁၆။
၁၉။ (က) ဤအစီအစဉ်စနစ်တွင် အသက်ရှင်ခြင်း၏ အချည်းနှီးဖြစ်မှုကို စာတန် အဘယ်နည်းဖြင့်ကြိုးစားအသုံးပြုသနည်း။ (ခ) ယုံကြည်ကိုးစားခြင်းတွင် အဘယ်အရာပါဝင်သနည်း၊ ကျွန်ုပ်တို့ မည်သို့အခိုင်အမာဆုံးဖြတ်သင့်သနည်း။
ဗျာ. ၁၂:၁၂) ဤလောကတွင် အသက်ရှင်ခြင်း၏ အချည်းနှီးဖြစ်မှုကို အသုံးချကာ ကျွန်ုပ်တို့အား စိတ်ပျက်အားလျော့ပြီး အရှုံးပေးစေလိုသည်။ ရောမ ၈:၃၅-၃၉ ပါဤဖော်ပြချက်ကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်စိတ်ချကြပါစို့– “ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။ . . . ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း။ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူသောသူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင်ကြ၏။ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ် . . . အရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။” ယေဟောဝါကို အလွန်ယုံကြည်ကိုးစားခြင်းပါတကား! သို့သော် ဤယုံကြည်ကိုးစားမှုသည် ခံစားချက်တစ်ခုမျှသာမကပါ။ ယင်းအစား ကျွန်ုပ်တို့နေ့စဉ် အသေအချာစဉ်းစားပြီးပြုသော ဆုံးဖြတ်ချက်များပါဝင်သည့် ယုံကြည်ကိုးစားမှုဖြစ်သည်။ သို့ဖြစ်၍ စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးလျားလျားယုံကြည်ကိုးစားဖို့ အခိုင်အမာစိတ်ဆုံးဖြတ်ထားကြစို့လေ။
၁၉ စာတန်သည် သူ့အချိန်တစ်ခဏသာရှိသည်ကို သိထားကြောင်း ဘယ်သောအခါမျှမမေ့ပါနှင့်။ ([အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 1 ဘဏ္ဍာရေးဝန်ကြီး စဲမွန် ပီ. ချေ့စ်သည် ၁၈၆၁၊ နိုဝင်ဘာ ၂၀ ရက်စွဲဖြင့် ယူ.အက်စ်. ဒ င်္ဂါးသွန်းစက်ရုံသို့ ဤသို့စာရေးခဲ့သည်– “ဘုရားသခင့်ခွန်အားကြောင့်မဟုတ်လျှင် အဘယ်နိုင်ငံမျှ အင်အားမတောင့်နိုင်၊ ကိုယ်တော်မကာကွယ်လျှင် လုံခြုံမှုမရှိနိုင်ပေ။ ကျွန်ုပ်တို့လူမျိုးသည် ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း ကျွန်ုပ်တို့နိုင်ငံ၏ ဒ င်္ဂါးများပေါ်တွင် ကြေညာသင့်သည်။” သို့ဖြင့် “ဘုရားသခင်ကို ငါတို့ကိုးစား၏” ဟူသောဆောင်ပုဒ်ကို ၁၈၆၄ ခုနှစ်ထုတ် ယူ.အက်စ်. ဒ င်္ဂါးပေါ်တွင် ဦးဆုံးတွေ့ရှိခဲ့ရသည်။
^ အပိုဒ်၊ 7 ဤတွင်ဖော်ပြထားသောစိုးရိမ်မှုသည် “ဘဝ၏ရွှင်လန်းမှုအားလုံးကို ပျောက်ဆုံးသွားစေသော စိုးရိမ်ကြောင့်ကြမှု” ဖြစ်သည်။ ‘မစိုးရိမ်ကြနှင့်’ သို့မဟုတ် ‘မပူပန်ကြနှင့်’ စသည့်ပြန်ဆိုချက်များက ကျွန်ုပ်တို့သည် စ၍စိုးရိမ်ခြင်း၊ ပူပန်ခြင်းမဖြစ်သင့်ဟု ဆိုလိုပါသည်။ ကိုးကားချက်တစ်ခုက ဤသို့ဆို၏– “ဂရိကြိယာသဏ္ဌာန်မှာ ပစ္စုပ္ပန်ကာလပြ စေခိုင်းဝိဘတ်ဖြစ်ကာ အစပြုပြီးဖြစ်သောလုပ်ရပ်တစ်ခုကို ရပ်တန့်ရန်အမိန့်ပေးခြင်းဖြစ်သည်။”
^ အပိုဒ်၊ 9 အချက်ရှစ်ချက်မှာ– (၁) ထိတ်ထိတ်ပျာပျာမဖြစ်ပါနှင့်; (၂) အကောင်းဘက်မှ တွေးပါ; (၃) အသွင်ကွဲအလုပ်များကို လက်ခံရန် ပြောင်းသာလွဲသာရှိပါ; (၄) သူတစ်ပါးလူနေမှုကို လိုက်မတုဘဲ ရှိသမျှနှင့်လောက်ငအောင်နေပါ; (၅) အကြွေးယူခြင်းကို သတိပြုပါ; (၆) မိသားစုစည်းလုံးမှုကို ထိန်းသိမ်းပါ; (၇) ကိုယ့်သိက္ခာ ကိုယ်ထိန်းပါ; နှင့် (၈) ဝင်ငွေ ထွက်ငွေစာရင်းထားပါ တို့ဖြစ်သည်။
^ အပိုဒ်၊ 13 သမ္မာကျမ်းစာကိုအခြေပြုသော ဤဂျာနယ်များသည် ဆေးဝါးကုသနည်းတစ်ခုခုကို ထောက်ခံခြင်း၊ သို့မဟုတ် အားပေးခြင်းမရှိပါ၊ ဆေးကုသခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ ရောဂါတစ်ခုခုအကြောင်း ဆွေးနွေးတင်ပြသည့်ဆောင်းပါးများသည် လောလောဆယ်သိရှိထားသော အကြောင်းအချက်များကို စာရှုသူများအား အသိပေးလို၍သာဖြစ်သည်။
သင်မှတ်မိသလော
• စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ရသောအခါ ယေဟောဝါကို ကျွန်ုပ်တို့ယုံကြည်ကိုးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။
• ကျန်းမာရေးပြဿနာများကြောင့် ကျွန်ုပ်တို့ စိတ်သောကရောက်သောအခါ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။
• သွေးသားအားနည်းချက်တစ်ခု စွဲမြဲနေသောအခါ ယေဟောဝါကို ကျွန်ုပ်တို့ အမှန်မှီခိုအားထားကြောင်း မည်သို့တင်ပြနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
ဤဆောင်းပါးများကို သင်မှတ်မိသလော
ကျန်းမာရေးအခက်အခဲများကြောင့် စိတ်သောကရောက်သောအခါ ရောဂါဝေဒနာများ၊ ဖျားနာခြင်းနှင့် မသန်မစွမ်းဖြစ်ခြင်းတို့ကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းခဲ့ကြသူတို့အကြောင်း ဖတ်ရှုခြင်းက အားရှိစေသည်။ အောက်ပါတို့မှာ ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်းများမှ ဆောင်းပါးအချို့ဖြစ်သည်။
“ကျွန်ုပ်၏အားနည်းချက်များကို ရင်ဆိုင်ဖြေရှင်းခြင်း” ဆောင်းပါးက အပျက်သဘောတွေးတောခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အကြောင်း အဓိကထားသည်။—ကင်းမျှော်စင်၊ မေ ၁၊ ၁၉၉၀ [လိပ်]။
“သံအဆုတ်အတွင်း ရှိနေစေကာမူ ဆက်လက်ဟောပြော၏။”—နိုးလော့!၊ ဇွန် ၈၊ ၁၉၉၃။
“ကျည်ဆန်တစ်တောင့်က ကျွန်မဘဝကိုပြောင်းလဲစေခဲ့” ဆောင်းပါးက သွက်ချာပါဒရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်းအကြောင်း အဓိကဖော်ပြသည်။—နိုးလော့!၊ အောက်တိုဘာ ၂၂၊ ၁၉၉၅၊ [လိပ်]။
“နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ” ဆောင်းပါးက စိတ်ရွစိတ်ကျရောဂါကို ကိုင်တွယ်ဖြေရှင်းခြင်းအကြောင်း ဆွေးနွေးထားသည်။—ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၊ ၂၀၀၀။
“ဆိတ်ညံကမ္ဘာမှ လဝါဒါ၏ခရီးစဉ်” ဆောင်းပါးက ဦးနှောက်သွက်ချာပါဒရောဂါကို ရင်ဆိုင်ဖြေရှင်းခြင်းအကြောင်း အဓိကထားသည်။—နိုးလော့!၊ မေ ၈၊ ၂၀၀၀၊ [လိပ်]။
“သားအိမ်အတွင်းမြှေး နယ်ကျွံရောဂါနှင့် လုံးပန်းခြင်း။”—နိုးလော့!၊ ဇူလိုင် ၂၂၊ ၂၀၀၀၊ [လိပ်]။
“အရေပြားမာရောဂါကို တိုက်လှန်ခြင်း။”—နိုးလော့!၊ ဩဂုတ် ၈၊ ၂၀၀၁၊ [လိပ်]။
“ကလေးမီးဖွားပြီးနောက် စိတ်ကျရောဂါကိုတိုက်လှန်ရာ၌ ကျွန်မအောင်နိုင်ခဲ့။”—နိုးလော့!၊ ဇူလိုင် ၂၂၊ ၂၀၀၂၊ [လိပ်]။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အလုပ်ပြုတ်သွားသောအခါ ကျွန်ုပ်တို့၏ ဘဝပုံစံကို ပြန်လည်ဆန်းစစ်ခြင်းသည် ပညာရှိပေမည်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ယေဟောဝါအား ယုံကြည်ကိုးစားခြင်းသည် လူတစ်ဦးကို ခံနိုင်ရည်ရှိစေကြောင်း လဝါဒါ၏အတ္ထုပ္ပတ္တိက တင်ပြ။ (စာမျက်နှာ ၂၃ လေးထောင့်ကွက်ကိုရှု)
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏အားနည်းချက်များကို အနိုင်ရရန် အကူအညီတောင်းခံဖို့ စိတ်ကသိကအောက်ဖြစ်စရာမလိုပါ