သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
သခင့်ညစာစားပွဲသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
“သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။”—၁ ကောရိန္သု ၁၁:၂၇။
၁။ ၂၀၀၃ ခုနှစ်အတွက် စီစဉ်ထားသော အရေးကြီးဆုံးပွဲတော်ကား အဘယ်နည်း၊ ၎င်း၏မူလအစကား အဘယ်နည်း။
၂၀၀၃ ခုနှစ်အတွက် စီစဉ်ထားသည့် အရေးကြီးဆုံးပွဲတော်ကို ဧပြီ ၁၆ ရက် နေဝင်ပြီးနောက်တွင် ကျင်းပပါလိမ့်မည်။ ထိုအချိန်အခါတွင် ယေဟောဝါသက်သေများသည် ယေရှုခရစ်၏သေခြင်းကို သတိရအောက်မေ့ရန် ပွဲတော်ကျင်းပဖို့ စုဝေးကြလိမ့်မည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ယေရှုသည် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်တွင် မိမိ၏တမန်တော်များနှင့်အတူ ပသခါပွဲကျင်းပပြီးနောက် သခင့်ညစာစားပွဲဟုလည်းခေါ်သည့် ဤပွဲတော်ကို အစပြုကျင်းပခဲ့သည်။ အောက်မေ့ရာပွဲအထိမ်းအမှတ်များဖြစ်သည့် တဆေးမဲ့မုန့်နှင့် အနီရောင်စပျစ်ရည်သည် ခရစ်တော်၏အပြစ်မဲ့ကိုယ်ခန္ဓာနှင့် ကိုယ်တော်သွန်းလောင်းသောအသွေးကို ပုံဆောင်သည်၊ ထိုပူဇော်ရာယဇ်တစ်ခုတည်းကသာ လူသားအပေါင်း အမွေရထားသည့် အပြစ်နှင့် သေခြင်းမှ ရွေးနုတ်ပေးနိုင်သည်။—ရောမ ၅:၁၂; ၆:၂၃။
၂။ ၁ ကောရိန္သု ၁၁:၂၇ တွင် အဘယ်သတိပေးချက်ကို မှတ်တမ်းတင်ထားသနည်း။
၂ အောက်မေ့ရာပွဲအထိမ်းအမှတ်ဖြစ်သည့် မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်သူများသည် ထိုက်တန်စွာ သုံးဆောင်ကြရမည်။ ရှေးကောရိန္သုမြို့တွင် သခင့်ညစာစားပွဲကို လျောက်ပတ်စွာ မကျင်းပခဲ့ကြသည့် ခရစ်ယာန်များအား တမန်တော်ပေါလုက ယင်းကိစ္စကို စာရေးရှင်းပြခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၀-၂၂) ပေါလုက “သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား သခင်ဘုရား၏ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၇) ဤစကားများ၏ ဆိုလိုရင်းကား အဘယ်နည်း။
အချို့သူတို့ မလျောက်ပတ်စွာ ကျင်းပခဲ့ကြ
၃။ သခင့်ညစာစားပွဲကျင်းပချိန်များတွင် ကောရိန္သုခရစ်ယာန်များစွာသည် မည်သို့ပြုမူကျင့်ကြံနေကြသနည်း။
၃ ကောရိန္သုမြို့ရှိ ခရစ်ယာန်အများသည် အောက်မေ့ရာပွဲတော်တွင် မုန့်နှင့်စပျစ်ရည်ကို မထိုက်မတန် သုံးဆောင်ခဲ့ကြသည်။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြားကြပြီး အချို့တို့သည် ညစာကို ယူလာကြ၍ အစည်းအဝေးမစမီ သို့မဟုတ် အတောအတွင်း၌ပင် လွန်လွန်ကဲကဲ စားသောက်တတ်ကြသည်။ သူတို့သည် စိတ်ပိုင်းရော၊ ဝိညာဉ်ရေးပိုင်းတွင်ပါ နိုးကြားမှုမရှိကြချေ။ ယင်းကြောင့် သူတို့သည် “သခင်၏ကိုယ်တော်နှင့် ၁ ကောရိန္သု ၁၁:၂၇-၃၄။
အသွေးတော်ကို ပြစ်မှားရာရောက်၏။” ညစာမပါလာသူများမှာ ဆာလောင်နေကြရာ အာရုံမစိုက်နိုင်ကြချေ။ မှန်ပါသည်၊ လူအများသည် ပွဲတော်ကျင်းပရခြင်းအကြောင်းကို လေးစားမှုမရှိ၊ အပြည့်အဝ နားမလည်ကြဘဲ မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့အပေါ် အပြစ်စီရင်ချက် သက်ရောက်စေကြသည်မှာ အံ့ဩစရာမဟုတ်ပါ။—၄၊ ၅။ အောက်မေ့ရာပွဲအထိမ်းအမှတ်များကို သုံးဆောင်လေ့ရှိသူများသည် အဘယ်ကြောင့် မိမိကိုယ်ကို မဖြစ်မနေဆန်းစစ်ဖို့လိုသနည်း။
၄ နှစ်စဉ် အောက်မေ့ရာပွဲ နီးကပ်လာသည်နှင့်အမျှ မုန့်နှင့်စပျစ်ရည် သုံးဆောင်လေ့ရှိသူများသည် မိမိကိုယ်ကို မဖြစ်မနေဆန်းစစ်ကြည့်ကြဖို့လိုသည်။ သူတို့သည် ဤမိတ်သဟာယစားပွဲကို လျောက်ပတ်စွာ ပါဝင်စားသုံးကြရန် ဝိညာဉ်ရေးကောင်းကြရမည်။ ယေရှု၏ပူဇော်ရာယဇ်ကို ရိုသေခန့်ညားမှုမရှိ၊ မထီမဲ့မြင်ပြုသူ မည်သူမဆိုသည် မစင်ကြယ်ဘဲ မိတ်သဟာယစားပွဲတွင် ပါဝင်စားသုံးသော ဣသရေလလူကဲ့သို့ ‘ဘုရားသခင်၏လူမျိုးတော်မှ ပယ်ရှင်းခြင်း’ ခံရပေလိမ့်မည်။—ဝတ်ပြုရာ ၇:၂၀; ဟေဗြဲ ၁၀:၂၈-၃၁။
၅ ပေါလုသည် အောက်မေ့ရာပွဲကို ရှေးဣသရေလနိုင်ငံတွင် မိတ်သဟာယစားပွဲနှင့် နှိုင်းယှဉ်ပြခဲ့သည်။ ခရစ်တော်နှင့်အတူ ပါဝင်စားသုံးသူများအကြောင်း သူပြောပြီးနောက် ဤသို့ဆိုသည်– “သခင်ဘုရား၏ခွက်ဖလား၊ နတ်ဆိုးတို့၏ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။” (၁ ကောရိန္သု ၁၀:၁၆-၂၁) အောက်မေ့ရာပွဲအထိမ်းအမှတ်များကို အမြဲစားသုံးလေ့ရှိသူတစ်ဦးသည် ကြီးလေးသောအပြစ် ကျူးလွန်မိလျှင် ယေဟောဝါထံ ဝန်ချတောင်းပန်၍ အသင်းတော်ရှိ အသက်ကြီးသူများထံမှ ဝိညာဉ်ရေးအကူအညီကိုလည်း တောင်းခံသင့်သည်။ (သု. ၂၈:၁၃; ယာကုပ် ၅:၁၃-၁၆) သူသည် စစ်မှန်သောနောင်တယူပြီး နောင်တနှင့်ဆိုင်သောအကျင့်ကို ကျင့်မည်ဆိုလျှင် မထိုက်မတန် စားသုံးလိမ့်မည်မဟုတ်ပေ။—လုကာ ၃:၈။
ရိုသေလေးစားစွာ ရှုစားသူများအဖြစ် တက်ရောက်ခြင်း
၆။ ဘုရားသခင်သည် သခင့်ညစာစားပွဲတွင် ပါဝင်စားသုံးခွင့်ကို မည်သူများအတွက် ကန့်သတ်ပေးထားသနည်း။
၆ ယခု ခရစ်တော်၏ညီတော် ၁၄၄,၀၀၀ အကြွင်းအကျန်အား ကောင်းမှုပြုသူများသည် သခင့်ညစာစားပွဲတွင် ပါဝင်စားသုံးသင့်သလော။ (မဿဲ ၂၅:၃၁-၄၀; ဗျာ. ၁၄:၁) မစားသုံးသင့်ချေ။ ထိုအခွင့်အရေးကို “ခရစ်တော်နှင့်အတူ ဘုန်းဝင်စား” ရန်သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရသူများအတွက်သာ ဘုရားသခင် ကန့်သတ်ပေးထားသည်။ (ရောမ ၈:၁၄-၁၈; ၁ ယောဟန် ၂:၂၀) သို့ဆိုလျှင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကမ္ဘာချီပရဒိသုတွင် ထာဝစဉ်နေထိုင်ရန် မျှော်လင့်သူများ၏ အနေအထားကား အဘယ်နည်း။ (လုကာ ၂၃:၄၃; ဗျာ. ၂၁:၃၊ ၄) သူတို့သည် ကောင်းကင်မျှော်လင့်ချက်ရှိသော ယေရှုနှင့်အတူ ဘုန်းဝင်စားမည့်သူများ မဟုတ်ကြသောကြောင့် ရိုသေလေးစားစွာ ရှုစားသူများအဖြစ် အောက်မေ့ရာပွဲကို တက်ရောက်ကြသည်။—ရောမ ၆:၃-၅။
၇။ ပထမရာစုခရစ်ယာန်များသည် အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို စားသုံးသင့်သည်ဟု သူတို့ အဘယ်ကြောင့်သိရှိခဲ့ကြသနည်း။
၇ ပထမရာစုရှိ စစ်မှန်သောခရစ်ယာန်များသည် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံခဲ့ကြရသည်။ သူတို့ထဲမှ လူအများသည် ဘာသာစကားအမျိုးမျိုးပြောဆိုခြင်းအစရှိသည့် အံ့ဖွယ်ဝိညာဉ်ဆုကျေးဇူးတစ်ခု သို့မဟုတ် ထို့ထက်မကကို အသုံးပြုနိုင်ကြ၏။ ထို့ကြောင့် ဤသူတို့သည် ဝိညာဉ်တော်ဖွားများ ဖြစ်ကြောင်းနှင့် အောက်မေ့ရာပွဲ အထိမ်းအမှတ်များဖြစ်သည့် မုန့်နှင့်စပျစ်ရည်ကို စားသုံးသင့်ကြောင်း သိရှိရန် ခက်ခဲမည်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် ဤမှုတ်သွင်းခံစကားများကို အခြေပြု၍ ဆုံးဖြတ်နိုင်သည်– “ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ အကြောင်းမူကား၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ ‘အဗ္ဗအဘ’ ဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ။”—ရောမ ၈:၁၄၊ ၁၅။
၈။ မဿဲအခန်းကြီး ၁၃ တွင်ဖော်ပြထားသော “စပါးပင်” နှင့် “တောပင်” တို့သည် မည်သူတို့ကို ကိုယ်စားပြုသနည်း။
၈ ရာစုနှစ်များတစ်လျှောက် စစ်မှန်သောဝိညာဉ်တော်ဖွားများသည် “တောပင်များ” သို့မဟုတ် ခရစ်ယာန်တုများ လယ်မြေတွင် “စပါးပင်” အဖြစ် ကြီးထွားခဲ့ကြသည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ၁၈၇၀ ပြည့်လွန်နှစ်များကတည်းက “စပါးပင်” တိုးပွားလာသည်မှာ ထင်ရှား၏၊ နှစ်အနည်းငယ်ကြာပြီးနောက် ဝိညာဉ်တော်ဖွားခရစ်ယာန်ကြီးကြပ်မှူးများကို ဤသို့ပြောခဲ့သည်– “အကြီးအကဲများသည် . . . [အောက်မေ့ရာပွဲသို့] စုဝေးရောက်ရှိလာကြသူများအတွက် ဤစည်းကမ်းချက်များကို ချမှတ်ပေးသင့်သည်– (၁) [ခရစ်တော်၏] အသွေးတော်ကို ယုံကြည်ရမည်; (၂) သေသည့်အထိ သခင်နှင့် ကိုယ်တော်၏လုပ်ငန်းတော်ကို ဆောင်ရွက်မည်ဟု ဆက်ကပ်အပ်နှံထားရမည်။ ထို့နောက် သူတို့သည် ထိုသို့သောစိတ်ထားရှိသူ၊ ထိုသို့ဆက်ကပ်အပ်နှံထားသူ အားလုံးကို သခင်၏သေခြင်း အထိမ်းအမှတ်ပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်သင့်သည်။”—ကျမ်းစာစောင်များမှ လေ့လာစရာများ၊ အတွဲ ၆၊ ဖန်ဆင်းခြင်းအသစ်၊ စာမျက်နှာ ၄၇၃။ *
“အခြားသိုး” ကိုရှာဖွေခြင်း
၉။ “လူအုပ်ကြီး” သည်မည်သူမည်ဝါဖြစ်ကြောင်း ၁၉၃၅ ခုနှစ်တွင် မည်သို့ထင်ရှားခဲ့သနည်း၊ ယင်းက အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို စားသုံးခဲ့ကြသူအချို့အပေါ် မည်သို့သက်ရောက်မှုရှိခဲ့သနည်း။
၉ အချိန်တန်သော် ယေဟောဝါ၏အဖွဲ့အစည်းသည် ခရစ်တော်၏ဝိညာဉ်တော်ဖွား နောက်လိုက်များအပြင် အခြားသူများကိုပါ စတင်အာရုံစိုက်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များအလယ်ပိုင်းတွင် ယင်းနှင့်စပ်လျဉ်း၍ ထူးခြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုအချိန်မတိုင်မီက ဘုရားသခင့်လူမျိုးတော်သည် ဗျာ. ၇:၉၊ [ကဘ] ပါ “လူအုပ်ကြီး” ကို ထမြောက်ခဲ့ပြီးဖြစ်သည့် ဝိညာဉ်တော်ဖွား ၁၄၄,၀၀၀ နှင့်ကောင်းကင်တွင် ပူးပေါင်းကြမည့် ဒုတိယဝိညာဉ်ရေးအတန်းအစားအဖြစ် ရှုမြင်ခဲ့ကြသည်—သူတို့သည် ခရစ်တော်သတို့သမီး၏ အပျိုရံများ သို့မဟုတ် အပေါင်းအဖော်များပမာဖြစ်မည်။ (ဆာလံ ၄၅:၁၄၊ ၁၅; ဗျာ. ၇:၄; ၂၁:၂၊ ၉) သို့သော် ၁၉၃၅၊ မေ ၃၁ ရက်၊ ယူ.အက်စ်.အေ.၊ ဝါရှင်တန် ဒီ.စီ. တွင်ကျင်းပခဲ့သော ယေဟောဝါသက်သေများ၏ စည်းဝေးကြီး၌ ဟောပြောချက်တစ်ခုတွင် “လူအုပ်ကြီး” (“အုပ်စုကြီး၊” ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း) သည် နောက်ဆုံးကာလအတွင်း အသက်ရှင်သူ “အခြားသိုး” ကိုရည်ညွှန်းကြောင်း သမ္မာကျမ်းစာအရ ရှင်းပြခဲ့၏။ (ယောဟန် ၁၀:၁၆) ထိုစည်းဝေးကြီးပြီးနောက် ယခင်က အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို စားသုံးခဲ့ကြသူအချို့သည် သူတို့၏မျှော်လင့်ချက်မှာ ကောင်းကင်မဟုတ်ဘဲ မြေကြီးဖြစ်ကြောင်း သိရှိခဲ့ကြရာ မစားသုံးတော့ချေ။
၁၀။ မျက်မှောက်ခေတ် “အခြားသိုး” ၏မျှော်လင့်ချက်နှင့် တာဝန်များကို သင်မည်သို့ရှင်းပြမည်နည်း။
၁၀ အထူးသဖြင့် ၁၉၃၅ ခုနှစ်ကတည်းက ရွေးနုတ်ဖိုးကို ယုံကြည်ကာ ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံပြီး ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင် ဝိညာဉ်တော်ဖွား “သိုးစုငယ်” ကိုကူညီပေးကြသော “အခြားသိုး” ဖြစ်လာကြသည့်သူလုကာ ၁၂:၃၂) ဤအခြားသိုးသည် မြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်နေထိုင်ရန် မျှော်လင့်ကြသော်လည်း အခြားသွင်ပြင်ခပ်သိမ်းတွင် ဘုရားသခင့်နိုင်ငံတော်အမွေခံသူ မျက်မှောက်ခေတ် အကြွင်းအကျန်နှင့် တူညီကြ၏။ ယေဟောဝါအား ဝတ်ပြုကိုးကွယ်ပြီး ပညတ်တရားကို လိုက်လျှောက်ကြသော ရှေးဣသရေလနိုင်ငံရှိ တစ်ပါးအမျိုးသားများကဲ့သို့ပင် ယနေ့ အခြားသိုးသည် ဝိညာဉ်ရေးဣသရေလအဖွဲ့ဝင်များနှင့်အတူ သတင်းကောင်းဟောပြောခြင်း အစရှိသော ခရစ်ယာန်တစ်ဦး၏တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။ (ဂလာတိ ၆:၁၆) သို့သော် မည်သည့်တစ်ပါးအမျိုးသားမျှ ဣသရေလရှင်ဘုရင် သို့မဟုတ် ယဇ်ပုရောဟိတ် မဖြစ်လာနိုင်သကဲ့သို့ ဤအခြားသိုးအဝင်တစ်ဦးတစ်ယောက်မျှ ကောင်းကင်နိုင်ငံတော်တွင် အုပ်ချုပ်သူ သို့မဟုတ် ယဇ်ပုရောဟိတ် ဖြစ်လာနိုင်မည်မဟုတ်ချေ။—တရားဟောရာ ၁၇:၁၅။
များအား ရှာဖွေခဲ့သည်။ (၁၁။ လူတစ်ဦး၏ဆက်ကပ်အပ်နှံသည့်ရက်စွဲသည် သူ၏မျှော်လင့်ချက်နှင့် အဘယ်ကြောင့် သက်ဆိုင်မှုရှိနိုင်သနည်း။
၁၁ ၁၉၃၀ ပြည့်လွန်နှစ်များတိုင်လေသော် ယေဘုယျအားဖြင့် ကောင်းကင်အတန်းအစားကို ရွေးချယ်ပြီးဖြစ်ကြောင်း သိသာထင်ရှားလာခဲ့သည်။ မြေကြီးမျှော်လင့်ချက်ရှိသော အခြားသိုးကို ရှာဖွေခြင်းသည် ယခု ဆယ်စုနှစ်ချီ ရှိပြီဖြစ်သည်။ ဝိညာဉ်တော်ဖွားတစ်ဦးသည် တည်ကြည်မှုမရှိလျှင် ၁၄၄,၀၀၀ အရေအတွက် ပြည့်မီရန် ဘုရားသခင်ကို တည်ကြည်စွာ နှစ်ရှည်လများ ကိုးကွယ်ခဲ့သူ အခြားသိုးမှတစ်ဦးဦးကို ခေါ်ယူနိုင်ဖွယ်ရှိသည်။
လွဲမှားစွာ ထင်မြင်ယူဆရသည့် အကြောင်းရင်း
၁၂။ အဘယ်အခြေအနေမျိုးတွင် အောက်မေ့ရာပွဲ အထိမ်းအမှတ်များ စားသုံးခြင်းကို လူတစ်ဦး ရပ်တန့်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၂ ဝိညာဉ်တော်ဖွား ခရစ်ယာန်များသည် ကောင်းကင်ခေါ်တော်မူခြင်းခံရကြောင်း သူတို့လုံးလုံးလျားလျား စိတ်ချယုံကြည်သည်။ သို့ရာတွင် ဤသို့ခေါ်တော်မူခြင်းမခံရသူအချို့သည် အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို စားသုံးခဲ့ကြလျှင်ကော အသို့နည်း။ သူတို့၌ ကောင်းကင်မျှော်လင့်ချက် တစ်ခါမျှမရှိခဲ့ကြောင်း ယခု သတိပြုမိကြပြီဖြစ်ရာ သူတို့၏အသိစိတ်က စားသုံးစေတော့မည်မဟုတ်ပါ။ ကောင်းကင်ဘုရင်၊ ယဇ်ပုရောဟိတ်အရာကိုခံယူရန် အမှန်တကယ်ခေါ်တော်မူခြင်းမခံရဘဲနှင့် ခေါ်တော်မူခြင်းခံရသည်ဟုဆိုသူ မည်သူကိုမဆို ဘုရားသခင် နှစ်သက်လိမ့်မည်မဟုတ်ချေ။ (ရောမ ၉:၁၆; ဗျာ. ၂၀:၆) အာရုန်၏ယဇ်ပုရောဟိတ်အရာကို ရောင့်တက်စွာရလိုသူ လေဝိသားကောရကို ယေဟောဝါ ကွပ်မျက်ခဲ့၏။ (ထွက်မြောက်ရာ ၂၈:၁; တောလည်ရာ ၁၆:၄-၁၁၊ ၃၁-၃၅) အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို လွဲမှားစွာ စားသုံးမိခဲ့ပြီဟု ခရစ်ယာန်တစ်ဦး သိမြင်လာလျှင် စားသုံးခြင်းကို ရပ်တန့်သင့်ပြီး ယေဟောဝါ၏ခွင့်လွှတ်မှုရရှိရန် နှိမ့်ချစွာ ဆုတောင်းသင့်သည်။—ဆာလံ ၁၉:၁၃။
၁၃၊ ၁၄။ ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု အချို့က အဘယ်ကြောင့် လွဲမှားစွာ ယူမှတ်နိုင်သနည်း။
၁၃ မိမိသည် ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု အချို့သူများ အဘယ်ကြောင့် လွဲမှားစွာ ယူမှတ်နိုင်သနည်း။ အိမ်ထောင်ဖက် သေဆုံးခြင်းကြောင့်၊ သို့မဟုတ် တခြားကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုကြောင့် မြေကြီးအသက်တာကို စိတ်ကုန်သွား၍ ဖြစ်နိုင်သည်။ သို့မဟုတ် ရင်းနှီးသောမိတ်ဆွေတစ်ဦးက ဝိညာဉ်တော်ဖွား ခရစ်ယာန်ဖြစ်သည့်အတွက် ထပ်တူမျှော်လင့်ချက်ရှိလိုသောကြောင့်လည်း ဖြစ်နိုင်သည်။ အမှန်ဆိုရလျှင် ဤအခွင့်အရေးကိုရယူဖို့ ခေါ်ယူစုဆောင်းပေးရန် မည်သူကိုမျှ ဘုရားသခင် တာဝန်မပေးထားချေ။ ထို့ပြင် ခေါ်တော်မူခြင်းခံရသည်ဟု မိန့်မှာစကားများ ကြားစေခြင်းဖြင့်လည်း ဘုရားသခင့်နိုင်ငံတော်အမွေခံများအပေါ် ကိုယ်တော် ဝိညာဉ်တော်သွန်းလောင်းတော်မူသည်မဟုတ်ပါ။
၁၄ လူကောင်းအားလုံး ကောင်းကင်သွားမည်ဟူသည့် မှားယွင်းသော ဘာသာရေးအယူဝါဒကြောင့် လူအချို့က ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု ထင်မြင်ယူဆကြပေမည်။ သို့ဖြစ်၍ ယခင်ယူဆချက်များ သို့မဟုတ် တခြားအကြောင်းအချက်များ၏ လွှမ်းမိုးမှုခံရခြင်းကို ကျွန်ုပ်တို့ သတိပြုဖို့လိုသည်။ ဥပမာ၊ တချို့က ‘ကျွန်ုပ်၏စိတ်ကို လှုပ်ရှားစေသည့် ဆေးဝါးများ အသုံးပြုနေသလော။ အကျွန်ုပ်အား လွဲမှားစွာ ဆုံးဖြတ်စေနိုင်သည့် စိတ်လှုပ်ရှားမှု များလွန်းသလော’ ဟုမိမိကိုယ်ကိုမေးသင့်သည်။
၁၅၊ ၁၆။ အချို့က မိမိတို့သည် ဝိညာဉ်တော်ဖွားများဖြစ်ကြသည်ဟု အဘယ်ကြောင့် လွဲမှားစွာ ကောက်ချက်ချကြသနည်း။
၁၅ အချို့သည် မိမိတို့ကိုယ်ကို ဤသို့မေးရပေမည်—‘အကျွန်ုပ် ထင်ပေါ်ကျော်ကြားလိုသလော။ အကျွန်ုပ်သည် ယခု သို့မဟုတ် နောင်အနာဂတ်တွင် ခရစ်တော်နှင့် တွဲဖက်အမွေခံအဖြစ် အခွင့်အာဏာရရှိလိုသလော။’ ပထမရာစုတွင် ဘုရားသခင့်နိုင်ငံတော်အမွေခံများ ခေါ်တော်မူခြင်းခံရသောအခါ သူတို့အားလုံးသည် အသင်းတော်တွင် တာဝန်ရရှိထားသူများ မဟုတ်ခဲ့ကြချေ။ ကောင်းကင်ခေါ်တော်မူခြင်း ခံရသူများသည် ထင်ပေါ်ကျော်ကြားလိုကြသူများမဟုတ်၊ ဝိညာဉ်တော်သွန်းလောင်းခံရသည့်အတွက် ကြွားလုံးထုတ်ကြသူများမဟုတ်ပေ။ သူတို့သည် “ခရစ်တော်၏စိတ်” ရှိသူများတွင် ရှိအပ်သော နှိမ့်ချမှုကို တင်ပြကြသည်။—၁ ကောရိန္သု ၂:၁၆။
၁၆ တချို့က သမ္မာကျမ်းစာအသိပညာ အတော်အတန်ဆည်းပူးထားသောကြောင့် မိမိတို့သည် ကောင်းကင်ခေါ်တော်မူခြင်းခံရသည်ဟု ကောက်ချက်ချကြပေမည်။ သို့သော် ဝိညာဉ်တော်သွန်းလောင်းခြင်းက ကျမ်းစာကို အထူးသိမြင်နားလည်စေသည်မဟုတ်ပါ၊ အကြောင်းမှာ ပေါလုသည် ဝိညာဉ်တော်ဖွားအချို့ကို သွန်သင်ဆုံးမပေးခဲ့ရသောကြောင့်ဖြစ်၏။ (၁ ကောရိန္သု ၃:၁-၃; ဟေဗြဲ ၅:၁၁-၁၄) ဘုရားသခင်သည် မိမိလူမျိုးခပ်သိမ်းကို ဝိညာဉ်အစာကျွေးရန် အစီအစဉ် ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) သို့ဖြစ်၍ ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦးဖြစ်ခြင်းကြောင့် မြေကြီးမျှော်လင့်ချက်ရှိသူများထက် ဉာဏ်ပညာသာလွန်သည်ဟု မည်သူမျှ မယူဆသင့်ချေ။ ကျမ်းစာမေးခွန်းများ ဖြေဆိုခြင်း၊ သက်သေခံခြင်း၊ ကျမ်းစာဟောပြောချက်များ ပေးခြင်းတို့တွင် ကျွမ်းကျင်သည့်အတွက် ဝိညာဉ်တော်သွန်းလောင်းခံရသည်ဟု ဆိုရမည်မဟုတ်ချေ။ မြေကြီးမျှော်လင့်ချက်ရှိကြသော ခရစ်ယာန်များသည်လည်း ဤကဏ္ဍတွင် ကျွမ်းကျင်ကြပါသည်။
၁၇။ ဝိညာဉ်တော်သွန်းလောင်းခံရရန် အဘယ်အရာအပေါ်နှင့် မည်သူ့အပေါ် မူတည်သနည်း။
၁၇ ယုံကြည်သူချင်းတစ်ဦးသည် ကောင်းကင်ခေါ်တော်မူခြင်းအကြောင်း မေးမြန်းလျှင် အကြီးအကဲတစ်ဦး သို့မဟုတ် တခြားရင့်ကျက်သူခရစ်ယာန်တစ်ဦးက ယင်းအကြောင်းကို သူနှင့်ဆွေးနွေးပြောဆိုနိုင်သည်။ သို့သော် လူတစ်ဦးသည် ယင်းကိစ္စနှင့်ပတ်သက်၍ သူတစ်ပါးအတွက် မဆုံးဖြတ်ပေးနိုင်ချေ။ ခေါ်တော်မူခြင်း အမှန်တကယ်ခံရသူသည် မိမိ၌ ထိုမျှော်လင့်ချက်ရှိလျှင် တခြားသူကို မေးစရာမလိုပေ။ ဝိညာဉ်တော်ဖွားများကို “မဖောက်ပြန် မပျက်စီးတတ်သောမျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ် [မြွက်စကား] တော်အားဖြင့် ဖြစ်ပွား” စေ၏။ (၁ ပေတရု ၁:၂၃) ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်နှင့် သမ္မာကျမ်းစာအားဖြင့် ကောင်းကင်မျှော်လင့်ချက်ရှိ “အသစ်ပြုပြင်သောသတ္တဝါ” ဖြစ်စေသည့် “မျိုးစေ့” ကိုစိုက်ပျိုးတော်မူ၏။ (၂ ကောရိန္သု ၅:၁၇) ထို့ပြင် ယေဟောဝါက ရွေးချယ်တော်မူသည်။ ဝိညာဉ်တော်သွန်းလောင်းခံရခြင်းသည် “အလိုရှိသောသူနှင့်မဆိုင်၊ ပြေးသောသူနှင့်လည်းမဆိုင်၊ ကျေးဇူးပြုတော်မူသော ဘုရားသခင်နှင့်သာလျှင်ဆိုင်၏။” (ရောမ ၉:၁၆၊ သမ္မာ) သို့ဖြစ်လျှင် ကောင်းကင်ခေါ်တော်မူခြင်းခံရကြောင်း မည်သို့အသေအချာသိနိုင်မည်နည်း။
သူတို့ အဘယ်ကြောင့် သေချာကြ
၁၈။ ဝိညာဉ်တော်ဖွားများ၏ စိတ်သဘောထားနှင့်အတူ ဘုရားသခင်၏ဝိညာဉ်တော်က မည်သို့သက်သေခံသနည်း။
၁၈ ဘုရားသခင့်ဝိညာဉ်တော်၏ သက်သေခံချက်က ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ကောင်းကင်မျှော်လင့်ချက်ရှိသည်ဟု ယုံကြည်စိတ်ချကြသည်။ “သင်တို့သည် . . . အဗ္ဗအဘဟု ခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏သဘောကို ရကြပြီ။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ကို ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင်အတူ ဘုန်းဝင်စားမည်အကြောင်း ထိုသခင်နှင့်အတူ ဆင်းရဲ . . . ကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်းဖြစ်ကြ၏” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၈:၁၅-၁၇) သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင် ဝိညာဉ်တော်ဖွားများ၏ အားကြီးသော စိတ်သဘောထားက ယေဟောဝါ၏ဝိညာဉ်ရေးသားသမီးများနှင့်ပတ်သက်သော ကျမ်းစာ၏စကားများကို လက်တွေ့ကျင့်သုံးရန် စေ့ဆော်ပေး၏။ (၁ ယောဟန် ၃:၂) ဘုရားသခင်၏ဝိညာဉ်တော်က သူတို့၏စိတ်ထဲတွင် ဘုရားသခင့်သားအဖြစ်တော်ကို ခံစားရစေပြီး တစ်မူထူးခြားသော မျှော်လင့်ချက် ရှိလာစေသည်။ (ဂလာတိ ၄:၆၊ ၇) မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ စုံလင်သူများအဖြစ် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရခြင်းသည် အမှန်တကယ်ပျော်ရွှင်စရာဖြစ်သော်လည်း ယင်းသည် သူတို့ကို ဘုရားသခင်ပေးသော မျှော်လင့်ချက်မဟုတ်ချေ။ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် သူတို့သည် မြေကြီးနှင့်ဆိုင်သော သံယောဇဉ်အားလုံးကို တလိုတလားစွန့်လွှတ်နိုင်သည်အထိ သူတို့၏ကောင်းကင်မျှော်လင့်ချက်တွင် အလွန်စိတ်အားကြီးခဲ့ကြသည်။—၂ ကောရိန္သု ၅:၁-၅၊ ၈; ၂ ပေတရု ၁:၁၃၊ ၁၄။
၁၉။ ပဋိညာဉ်တရားသစ်သည် ဝိညာဉ်တော်ဖွားခရစ်ယာန်တစ်ဦး၏ အသက်တာတွင် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။
၁၉ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ကောင်းကင်မျှော်လင့်ချက်ရရှိထားကြောင်း၊ ပဋိညာဉ်တရားသစ်ထဲသို့ ခေါ်သွင်းခြင်းခံရကြောင်း ယုံကြည်စိတ်ချကြသည်။ ယေရှုသည် အောက်မေ့ရာပွဲကို အစပြုကျင်းပချိန်က ယင်းအကြောင်း ဤသို့ဆိုသည်– “ဤခွက်ကား သင်တို့အဖို့အလိုငှာသွန်းသော ငါ၏အသွေး၌တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။” (လုကာ ၂၂:၂၀) ပဋိညာဉ်တရားသစ်တွင် ပါဝင်သူများမှာ ဘုရားသခင်နှင့် ဝိညာဉ်တော်ဖွားများဖြစ်ကြသည်။ (ယေရမိ ၃၁:၃၁-၃၄; ဟေဗြဲ ၁၂:၂၂-၂၄) ယေရှုသည် အာမခံဖြစ်၏။ ခရစ်တော်သွန်းသော အသွေးဖြင့်ဖွဲ့သည့် ဤပဋိညာဉ်တရားသစ်ထဲသို့ ဂျူးများသာမက ဘုရားသခင်သည် မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကိုနုတ်ယူပြီး အာဗြဟံ၏ “အမျိုးအနွယ်” တွင်ပါဝင်စေခဲ့သည်။ (ဂလာတိ ၃:၂၆-၂၉; တမန်တော် ၁၅:၁၄) ဤ “ထာဝရပဋိညာဉ်တရား” သည် ဝိညာဉ်ရေးဣသရေလများကို ကောင်းကင်တွင် မသေနိုင်သည့်အသက်ရရန် ရှင်ပြန်ထမြောက်စေသည်။—ဟေဗြဲ ၁၃:၂၀။
၂၀။ ဝိညာဉ်တော်ဖွားများသည် ခရစ်တော်နှင့်ဖွဲ့ထားသော အဘယ်ပဋိညာဉ်တရားထဲသို့ ခေါ်သွင်းခံရသနည်း။
၂၀ ဝိညာဉ်တော်ဖွားများသည် မိမိတို့၌ ဤမျှော်လင့်ချက်ရှိကြောင်း သေချာကြသည်။ သူတို့သည် နောက်ထပ်ပဋိညာဉ်တရားတစ်ခုဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်တရားထဲသို့ ခေါ်သွင်းခံရကြ၏။ ခရစ်တော်နှင့်အတူ သူတို့ပါဝင်ခြင်းနှင့်စပ်လျဉ်း၍ ယေရှုက “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် နိုင်ငံတစ်ခုအတွက် ငါနှင့်ပဋိညာဉ်ဖွဲ့ထားသည့်နည်းတူ ငါသည် သင်တို့နှင့် ပဋိညာဉ်ဖွဲ့သည်” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၂၂:၂၈-၃၀၊ ကဘ) ခရစ်တော်နှင့် ကိုယ်တော်၏အပေါင်းပါ ရှင်ဘုရင်များစပ်ကြားဖွဲ့ထားသော ဤပဋိညာဉ်တရားသည် ထာဝစဉ်တည်တံ့သွားမည်ဖြစ်သည်။—ဗျာ. ၂၂:၅။
အောက်မေ့ရာပွဲတော် ချိန်ခါ—ကောင်းချီးခံစားရချိန်
၂၁။ အောက်မေ့ရာပွဲတော်ကျင်းပသည့် အချိန်အခါတွင် ကြီးမားသောအကျိုးကျေးဇူး မည်သို့ရရှိနိုင်သနည်း။
၂၁ အောက်မေ့ရာပွဲတော်ကျင်းပသည့် အချိန်အခါတွင် ကောင်းချီးများစွာရရှိသည်။ ဤအချိန်အခါအတွက် ရေးဆွဲထားသော ကျမ်းစာဖတ်ရှုခြင်းဇယားမှ ကျွန်ုပ်တို့ အကျိုးရယူနိုင်သည်။ ဆုတောင်းရန်၊ ယေရှု၏မြေကြီးအသက်တာနှင့် သေခြင်းကို ဆင်ခြင်တွေးတောရန်နှင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ရန် အထူးသင့်တော်သည့်အချိန်လည်းဖြစ်၏။ (ဆာလံ ၇၇:၁၂; ဖိလိပ္ပိ ၄:၆၊ ၇) ဤပွဲတော်သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်နှင့်စပ်လျဉ်းပြီး ဘုရားသခင်နှင့် ခရစ်တော်တို့ ပြသခဲ့သော မေတ္တာတော်ကို အမှတ်ရစေသည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ဤပြင်ဆင်ပေးချက်သည် မျှော်လင့်ခြင်းနှင့် နှစ်သိမ့်မှုရရှိစေပြီး ခရစ်တော်၏လမ်းစဉ်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ပိုခိုင်မြဲစေသင့်သည်။ (ထွက်မြောက်ရာ ၃၄:၆; ဟေဗြဲ ၁၂:၃) အောက်မေ့ရာပွဲတော်သည် ဘုရားသခင်၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံဝတ်ကို ကျေပွန်ရန်နှင့် ကိုယ်တော်ချစ်သော သားတော်၏ တည်ကြည်သည့်နောက်လိုက်များဖြစ်ကြရန် ခွန်အားရှိစေသင့်သည်။
၂၂။ လူသားများအတွက် ဘုရားသခင်၏အကောင်းမြတ်ဆုံး ဆုကျေးဇူးကား အဘယ်နည်း၊ ယင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့်နည်းတစ်နည်းကား အဘယ်နည်း။
၂၂ ကျွန်ုပ်တို့ကို ယေဟောဝါပေးသနားထားသည့် ဆုကျေးဇူးများသည် ကောင်းမြတ်လှသည်တကား! (ယာကုပ် ၁:၁၇) ကျွန်ုပ်တို့မှာ ကိုယ်တော့်သမ္မာကျမ်းစာ၏လမ်းပြညွှန်ကြားမှု၊ ကိုယ်တော့်ဝိညာဉ်တော်၏အကူအညီနှင့် ထာဝရအသက်မျှော်လင့်ချက်တို့ ရရှိထားကြသည်။ ဘုရားသခင်၏အကြီးမြတ်ဆုံးဆုကျေးဇူးသည် ဝိညာဉ်တော်ဖွားများ၏ အပြစ်များအတွက်နှင့် ယုံကြည်ခြင်းတင်ပြသူ အခြားသူအားလုံးတို့အတွက် ယေရှု၏ပူဇော်ရာယဇ်ဖြစ်၏။ (၁ ယောဟန် ၂:၁၊ ၂) ထို့ကြောင့် ယေရှု၏သေခြင်းသည် သင့်အတွက် မည်မျှအဓိပ္ပာယ်ရှိသနည်း။ သခင့်ညစာစားပွဲကျင်းပရန် ၂၀၀၃၊ ဧပြီ ၁၆ ရက် နေဝင်ပြီးနောက် စည်းဝေးကြခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြသူများတွင် အသင်ကော ပါဝင်မည်လော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သော်လည်း ယခု ပုံမနှိပ်တော့ပါ။
သင့်အဖြေများကား အဘယ်နည်း
• အောက်မေ့ရာပွဲတော် အထိမ်းအမှတ်များကို မည်သူတို့ သုံးဆောင်သင့်သနည်း။
• “အခြားသိုး” သည် ရိုသေလေးစားစွာ ရှုစားသူများအဖြစ်သာ သခင့်ညစာစားပွဲကို အဘယ်ကြောင့် တက်ရောက်ကြသနည်း။
• ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲတွင် မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်သင့်သည်ဟု ဝိညာဉ်တော်ဖွားခရစ်ယာန်များ မည်သို့သိရှိကြသနည်း။
• အောက်မေ့ရာပွဲတော်ကျင်းပသည့် အချိန်အခါသည် အဘယ်အရာပြုရန် အချိန်အခါသင့်ဖြစ်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ဇယား/ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အောက်မေ့ရာပွဲတော် တက်ရောက်သူအရေအတွက်
သန်းဂဏန်းဖြင့်
15,597,746
၁၅
၁၄
၁၃,၁၄၇,၂၀၁
၁၃
၁၂
၁၁
၁၀
၉
၈
၇
၆
၅
၄,၉၂၅,၆၄၃,
၄
၃
၂
၁
၈၇၈,၃၀၃
၆၃,၁၄၆
၁၉၅၃ ၁၉၅၅ ၁၉၇၅ ၁၉၉၅ ၂၀၀၂
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဤနှစ် သခင့်ညစာစားပွဲကို သင်,တက်ရောက်မည်လော
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အောက်မေ့ရာပွဲတော်ကျင်းပသည့် အချိန်အခါသည် သမ္မာကျမ်းစာကို ပိုမိုဖတ်ရှုရန်နှင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းတွင် တိုး၍ပါဝင်ရန် အချိန်အခါသင့်ဖြစ်