‘လူမျိုးခြားတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့’
‘လူမျိုးခြားတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့’
“ခပ်သိမ်းသောသူတို့ကိုရိုသေကြလော့။ ညီအစ်ကိုများ [“အသင်းအပင်းတစ်ခုလုံး၊” ကဘ] ကိုချစ်ကြလော့။”—၁ ပေတရု ၂:၁၇။
၁၊ ၂။ (က) ယေဟောဝါသက်သေများအကြောင်း သတင်းစာဆောင်းပါးရေးသူတစ်ဦး မည်သို့မှတ်ချက်ချခဲ့သနည်း။ (ခ) ယေဟောဝါသက်သေများသည် မြင့်မားသောကျင့်ဝတ်စံနှုန်းများကို အဘယ်ကြောင့်ကြိုးစားစောင့်ထိန်းကြသနည်း။
လွန်ခဲ့သောနှစ်အတန်ကြာက ယူ.အက်စ်.အေ. တက္ကဆက်ပြည်နယ်၊ အယ်မဲရီလိုမြို့မှ သတင်းစာဆောင်းပါးရေးသူတစ်ဦးသည် ထိုနယ်မြေရှိ ချာ့ခ်ျအသီးသီးတွင် တက်ရောက်ပြီးနောက် သူ၏တွေ့ရှိချက်ကို ရေးသားဖော်ပြခဲ့သည်။ အုပ်စုတစ်စုသည် သူ့အတွက် အားကျစွဲမှတ်စရာဖြစ်ခဲ့၍ သူဤသို့ဆို၏– “အယ်မဲရီလိုမြို့တော် စည်ပင်ဗဟို၌ ကျင်းပသော ယေဟောဝါသက်သေများ၏ နှစ်ပတ်လည်စည်းဝေးကြီးများကို ကျွန်ုပ်သုံးနှစ်တိုင် တက်ရောက်ခဲ့သည်။ သူတို့လူအုပ်ထဲ ကျွန်ုပ်ရောနှောခဲ့စဉ် စီးကရက်မီးညှိသူ၊ ဘီယာဘူးဖွင့်သူ၊ ရင့်သီးသောစကားပြောဆိုသူ တစ်ဦးတစ်ယောက်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ပါ။ သူတို့သည် ကျွန်ုပ်တွေ့ဆုံခဲ့သမျှလူတို့တွင် အသန့်ရှင်းဆုံး၊ အမူအကျင့်အကောင်းဆုံး၊ ဣန္ဒြေရှိရှိဝတ်စားဆင်ယင်၍ စိတ်ရင်းကောင်းသောလူစုဖြစ်သည်။” ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အလားတူမှတ်ချက်များကို မကြာခဏရေးသားဖော်ပြခဲ့ကြပြီ။ သက်သေခံများနှင့် ယုံကြည်ခြင်းမတူသူများသည် သူတို့ကို အဘယ်ကြောင့် မကြာခဏချီးမွမ်းကြရသနည်း။
၂ ဘုရားသခင့်လူမျိုးတော်သည် အမူအကျင့်ကောင်းသောကြောင့် အများအားဖြင့် ချီးမွမ်းခံကြရသည်။ ယေဘုယျအားဖြင့် စံနှုန်းများ ဆုတ်ယုတ်ညံ့ဖျင်းနေသော်လည်း ယေဟောဝါသက်သေများသည် မြင့်မားသောကျင့်ဝတ်စံနှုန်းများကို တာဝန်တစ်ခုအဖြစ် ယူမှတ်ကြသည်၊ သူတို့ဝတ်ပြုကိုးကွယ်မှု၏ ကဏ္ဍတစ်ခုအဖြစ် ရှုမြင်ကြသည်။ သူတို့၏လုပ်ရပ်များသည် ယေဟောဝါနှင့် သူတို့၏ခရစ်ယာန်ညီအစ်ကိုများကို ကောင်းကျိုးဆိုးကျိုးပြုနိုင်ကြောင်း၊ သူတို့၏အမူအကျင့်ကောင်းသည် သူတို့ဟောပြောသော အမှန်တရားကို နှစ်သက်ဖွယ်ဖြစ်စေနိုင်ကြောင်း သူတို့သိထားကြသည်။ (ယောဟန် ၁၅:၈; တိတု ၂:၇၊ ၈) သို့ဖြစ်၍ ကျွန်ုပ်တို့၏အမူအကျင့်ကောင်းကို စောင့်ထိန်းခြင်းအားဖြင့် ယေဟောဝါနှင့် ကိုယ်တော့်သက်သေများ၏ နာမည်ကောင်းကို မည်သို့ဆက်လက်စောင့်ထိန်းထားနိုင်ကြောင်းနှင့် ထိုသို့ပြုခြင်းအားဖြင့် မိမိကိုယ်ကို မည်သို့အကျိုးပြုနိုင်ကြောင်း ကြည့်ကြပါစို့။
ခရစ်ယာန်မိသားစု
၃။ ခရစ်ယာန်မိသားစုများကို အဘယ်အရာမှ ကာကွယ်ပေးဖို့လိုသနည်း။
၃ မိသားစုအတွင်း ကျွန်ုပ်တို့၏အမူအကျင့်ကို သုံးသပ်ကြည့်ပါ။ ဂဟော့ထ် ဘဇီရ်နှင့် အယ်ဗင်း ကေ. ရွှိက်တို့ရေးသားခဲ့သော ဒီ နွိုင်ရဲန် အင်ကွစ္စအီထိုးရဲန်– ရေလီရောန်စ်ဖရီဟီတ် အန့်ထ် ဂလောင်ဘင်စနိုက် ၂ တိမောသေ ၃:၂၊ ၃) လင်မယားချင်းအကြမ်းဖက်မှု၊ မိဘများ မတော်မတရားပြုမှု၊ သားသမီးများကို လျစ်လျူရှုမှုအပြင် သားသမီးများ ပုန်ကန်ခြင်း၊ မူးယစ်ဆေးအလွဲသုံးခြင်း၊ အကျင့်ယိုယွင်းခြင်း၊ အိမ်မှထွက်ပြေးခြင်းတို့သည် မိသားစုအများအပြား၌ ဖြစ်ပျက်နေသည်။ ယင်းတို့အားလုံးမှာ ဖျက်ဆီးတတ်သော ‘လောကစိတ်ဓာတ်’ လွှမ်းမိုးမှု၏ရလဒ်ပင်ဖြစ်သည်။ (ဧဖက် ၂:၁၊ ၂) ထိုစိတ်ဓာတ်မှ ကျွန်ုပ်တို့၏မိသားစုများကို ကာကွယ်ပေးဖို့လိုသည်။ မည်သို့အားဖြင့်နည်း။ မိသားစုဝင်များအတွက် ယေဟောဝါ၏ဆုံးမစကားနှင့် လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်။
(စစ်ကြောမေးမြန်းသူအသစ်များ– ဘာသာရေးလွတ်လပ်မှုနှင့် ဘာသာတရားဆိုင်ရာမနာလိုမှု) စာအုပ်က ဤသို့ဆို၏– “[ယေဟောဝါသက်သေများ] အတွက် မိသားစုဟူသည် အထူးကာကွယ်စောင့်ရှောက်ပေးရမည့်အရာဖြစ်သည်။” ၎င်းဖော်ပြချက်သည် မှန်၏၊ ယနေ့ မိသားစုကို ရန်ပြုမည့်အရာများစွာရှိရာ ၎င်းတို့မှ ကာကွယ်ပေးဖို့လိုသည်။ “မိဘစကားကိုနားမထောင်သော” သားသမီးများနှင့် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသော” သို့မဟုတ် “ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သော” လူကြီးများစွာရှိကြသည်။ (၄။ ခရစ်ယာန်မိသားစုတွင်ပါဝင်သူများသည် အချင်းချင်းအပေါ် အဘယ်တာဝန်ဝတ္တရားများရှိကြသနည်း။
၄ ခရစ်ယာန်မောင်နှံစုံများသည် တစ်ဦးနှင့်တစ်ဦးအပေါ် စိတ်လှုပ်ရှားမှုဆိုင်ရာ၊ ဝိညာဉ်ရေးရာနှင့် ကာယရေးရာဆိုင်ရာ တာဝန်များရှိကြောင်း သိထားကြသည်။ (၁ ကောရိန္သု ၇:၃-၅; ဧဖက် ၅:၂၁-၂၃; ၁ ပေတရု ၅:၇) ခရစ်ယာန်မိဘများမှာ သူတို့၏သားသမီးများနှင့်ပတ်သက်၍ ကြီးလေးသောတာဝန်များရှိကြသည်။ (သု. ၂၂:၆; ၂ ကောရိန္သု ၁၂:၁၄; ဧဖက် ၆:၄) ခရစ်ယာန်အိမ်ထောင်များရှိ ကလေးများ ကြီးပြင်းလာကြသည်နှင့်အမျှ သူတို့၌လည်း တာဝန်ဝတ္တရားများရှိကြောင်း သိရှိလာကြသည်။ (သု. ၁:၈၊ ၉; ၂၃:၂၂; ဧဖက် ၆:၁; ၁ တိမောသေ ၅:၃၊ ၄၊ ၈) မိသားစုတာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းအားထုတ်မှု၊ ကတိကဝတ်ပြုမှု၊ မေတ္တာစိတ်နှင့် ကိုယ်ကျိုးစွန့်မှုတို့ လိုအပ်ပေသည်။ သို့ရာတွင် မိသားစုဝင်အားလုံး ဘုရားသခင်ပေး တာဝန်ဝတ္တရားများကို လိုက်နာဖြည့်ဆည်းလေလေ သူတို့သည် အချင်းချင်းနှင့် အသင်းတော်ကို အကျိုးပြုသူများဖြစ်လာလေလေဖြစ်သည်။ သာ၍အရေးကြီးသည်မှာ မိသားစုကို စတီထွင်ပြုစုပေးသူ ယေဟောဝါဘုရားသခင်အား သူတို့ဂုဏ်တင်ကြသည်။—ကမ္ဘာဦး ၁:၂၇၊ ၂၈; ဧဖက် ၃:၁၅။
ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း
၅။ ခရစ်ယာန်ချင်းများနှင့် ပေါင်းဖော်ခြင်းမှ ကျွန်ုပ်တို့ အဘယ်အကျိုးကျေးဇူးများရရှိကြသနည်း။
၅ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အသင်းတော်ရှိ ယုံကြည်သူချင်းများအပေါ်၊ နောက်ဆုံးတွင် ‘လောက၌ရှိသော ညီအစ်ကို၁ ပေတရု ၅:၉) အသင်းတော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျန်းမာမှုအတွက် အရေးပါ၏။ ခရစ်ယာန်ချင်းများနှင့် ကျွန်ုပ်တို့ပေါင်းဖော်သည့်အခါ သူတို့နှင့်ပေါင်းသင်းခြင်းမှ ခွန်အားရသည်သာမက “သစ္စာနှင့်သတိပညာရှိကျေးကျွန်” ထံမှလည်း အာဟာရရှိ ဝိညာဉ်အစာကိုပါ စားသုံးကြရသည်။ (မဿဲ ၂၄:၄၅-၄၇၊ ကဘ) ကျွန်ုပ်တို့၌ ပြဿနာများရှိလျှင် ကျမ်းစာမူများအပေါ် အခြေပြုသော အကြံပြုချက်ကောင်းရရှိဖို့ ညီအစ်ကိုများထံသွားနိုင်သည်။ (သု. ၁၇:၁၇; ဒေ. ၄:၉; ယာကုပ် ၅:၁၃-၁၈) ကျွန်ုပ်တို့အရေးကြုံသောအခါ ညီအစ်ကိုများသည် ကျွန်ုပ်တို့ကိုပစ်မထားကြပါ။ ဘုရားသခင့်အဖွဲ့အစည်းတွင် ပါဝင်ခွင့်ရခြင်းသည် ကောင်းချီးကြီးမားလှသည်တကား!
အသင်းအပင်းတစ်ခုလုံး’ အပေါ်၌လည်း တာဝန်များရှိကြသည်။ (၆။ ကျွန်ုပ်တို့သည် အခြားခရစ်ယာန်များအပေါ် တာဝန်ဝတ္တရားများရှိကြောင်း ပေါလုမည်သို့ဖော်ပြခဲ့သနည်း။
၆ သို့သော် ကျွန်ုပ်တို့အသင်းတော်၌ရှိနေခြင်းသည် ရရှိဖို့အတွက်သက်သက်သာမဟုတ် ပေးကမ်းဖို့အတွက်လည်း ရှိနေကြသည်။ အမှန်မှာ ယေရှုက “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်” ဟုမိန့်တော်မူခဲ့၏။ (တမန်တော် ၂၀:၃၅) တမန်တော်ပေါလုသည် ပေးကမ်းခြင်းစိတ်ဓာတ်ကို ပေါ်လွင်စေပြီး ဤသို့ရေးသားခဲ့သည်– “မျှော်လင့်ခြင်းအကြောင်းကို [“လူအများရှေ့၊” ကဘ] ဝန်ခံ ၍၊ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ကတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ထိုမှတစ်ပါး၊ မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။”—ဟေဗြဲ ၁၀:၂၃-၂၅။
၇၊ ၈။ ကျွန်ုပ်တို့၏အသင်းတော်အတွင်း၌ရော အခြားနိုင်ငံများရှိ ခရစ်ယာန်များကိုပါ ပေးကမ်းခြင်းစိတ်ဓာတ် မည်သို့တင်ပြနိုင်ကြသနည်း။
၇ အသင်းတော်အစည်းအဝေးများတွင် ကျွန်ုပ်တို့ပါဝင်ဖြေဆိုကြခြင်း၊ အစည်းအဝေးအစီအစဉ်၌ အခြားနည်းများဖြင့် ပါဝင်ကြခြင်းအားဖြင့် ကျွန်ုပ်တို့သည် ‘မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ’ ကြသည်။ ထိုသို့ပါဝင်ဖြေဆိုမှုများသည် ညီအစ်ကိုများအတွက် အမှန်ပင်အားပေးမှုဖြစ်သည်။ အစည်းအဝေးမတိုင်မီနှင့် ပြီးနောက်တွင် ညီအစ်ကိုများနှင့် စကားစမြည်ပြောဆိုခြင်းဖြင့်လည်း အားပေးမှုဖြစ်သည်။ ထိုအချိန်အခါ၌ အားနည်းသူကို ခွန်အားပေးနိုင်၊ စိတ်ဓာတ်ကျသူကို စိတ်သက်သာရာရစေနိုင်ပြီး ဖျားနာသူကို နှစ်သိမ့်ပေးနိုင်ပါသည်။ (၁ သက်သာလောနိတ် ၅:၁၄) စိတ်ရင်းမှန်သော ခရစ်ယာန်များသည် ထိုသို့ရက်ရက်ရောရော ပေးကမ်းခြင်းကိုပြုတတ်ကြသည်၊ ယင်းကြောင့်လည်း ကျွန်ုပ်တို့၏ အစည်းအဝေးများကို ပထမဆုံးအကြိမ် တက်ရောက်လာကြသူများစွာသည် ကျွန်ုပ်တို့အကြားရှိ မေတ္တာကိုတွေ့ပြီး အားကျစွဲမှတ်စရာဖြစ်သွားသည်။—ဆာလံ ၃၇:၂၁; ယောဟန် ၁၅:၁၂; ၁ ကောရိန္သု ၁၄:၂၅။
၈ သို့သော် ကျွန်ုပ်တို့၏အသင်းတော်ကိုသာ မေတ္တာရှိသည်မဟုတ်ပါ။ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကိုပါ ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာရှိသည်။ ယင်းကြောင့်လည်း ဘုရားသခင့်နိုင်ငံတော်ခန်းမတိုင်းတွင် နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် အလှူငွေသေတ္တာတစ်လုံး ထားရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်နိုင်ငံတော်ခန်းမသည် ကောင်းမွန်သောအခြေအနေ၌ ရှိကောင်းရှိနေပေမည်၊ သို့သော် အခြားနိုင်ငံများရှိ ထောင်ပေါင်းများစွာသော ခရစ်ယာန်ရောင်းရင်းများသည် အတူတကွတွေ့ဆုံစည်းဝေးဖို့ သင့်တော်သည့်နေရာမရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ ထို့ကြောင့် နိုင်ငံတော်ခန်းမရန်ပုံငွေထဲ ကျွန်ုပ်တို့အလှူငွေထည့်သည့်အခါ ထိုသူတို့ကို ကိုယ်တိုင်သိချင်မှသိမည်ဖြစ်သော်လည်း သူတို့ကိုမေတ္တာရှိကြောင်း တင်ပြရာကျသည်။
၉။ အဘယ်အခြေခံအကြောင်းရင်းကြောင့် ယေဟောဝါသက်သေများ အချင်းချင်းချစ်ကြသနည်း။
၉ ယေဟောဝါသက်သေများသည် တစ်ဦးကိုတစ်ဦး အဘယ်ကြောင့်ချစ်ကြသနည်း။ တစ်ဦးကိုတစ်ဦးချစ်ကြရမည်ဟု ယေရှုမိန့်မှာခဲ့သောကြောင့်ဖြစ်သည်။ (ယောဟန် ၁၅:၁၇) အချင်းချင်းအပေါ် သူတို့ထားရှိသောမေတ္တာသည် သူတို့တစ်ဦးချင်းစီနှင့် အုပ်စုလိုက် ဘုရားသခင့်ဝိညာဉ်တော်တန်ခိုး ခံစားရကြောင်း သာဓကနောက်တစ်ခုဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ‘ဝိညာဉ်အသီး’ တစ်လုံးဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ‘အများသောသူတို့၏ချစ်ခြင်းမေတ္တာ ခေါင်းပါး’ နေသောဤလောကတွင် ယေဟောဝါသက်သေများ နေထိုင်ကြရသော်လည်း သူတို့သည် သမ္မာကျမ်းစာကိုလေ့လာဖတ်ရှု၍ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ကြပြီး ဘုရားသခင်ထံ မခြားမလပ်ဆုတောင်းကြသောကြောင့် ချစ်ခြင်းမေတ္တာပြဖို့ လွယ်ကူလာသည်။—မဿဲ ၂၄:၁၂။
ဤလောကနှင့်ဆက်ဆံခြင်း
၁၀။ ဤလောကနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အဘယ်တာဝန်ရှိသနည်း။
၁၀ ‘မျှော်လင့်ခြင်းအကြောင်းကို လူအများရှေ့ဝန်ခံပါ’ ဟု ပေါလုမှာကြားခြင်းက အခြားတာဝန်တစ်ခုကို ပြန်သတိရစေသည်။ လူအများရှေ့ဝန်ခံခြင်းဟုဆိုရာတွင် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများ မဖြစ်ကြသေးသူများအား သတင်းကောင်းဟောပြောခြင်းကိုဆိုလိုသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ရောမ ၁၀:၉၊ ၁၀၊ ၁၃-၁၅) ဤသို့ဟောပြောခြင်းသည် ပေးကမ်းခြင်း နောက်တစ်နည်းဖြစ်သည်။ ဤလုပ်ငန်း၌ပါဝင်ရန် အချိန်၊ ခွန်အား၊ ပြင်ဆင်မှု၊ လေ့ကျင့်မှုနှင့် ကိုယ်ပိုင်အစွမ်းအစများကို အသုံးပြုရ၏။ သို့တိုင် ပေါလုက “ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။ သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သောသင်တို့အား ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်ရှိ၏” ဟုရေးသားဖော်ပြခဲ့သည်။ (ရောမ ၁:၁၄၊ ၁၅) သို့ဖြစ်၍ ပေါလုကဲ့သို့ပင် ဤအ “ကြွေး” ကို ကျွန်ုပ်တို့ပေးဆပ်ကြစဉ် မနှမြောကြစို့နှင့်။
၁၁။ ဤလောကနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးဆိုင်ရာ ကျမ်းစာမူနှစ်ခုကား အဘယ်နည်း၊ သို့သော်လည်း အဘယ်အရာကို ကျွန်ုပ်တို့အသိအမှတ်ပြုကြသနည်း။
၁၁ ယုံကြည်သူချင်း မဟုတ်သူတို့ကို ကျွန်ုပ်တို့ပြုလုပ်ပေးရမည့် အခြားတာဝန်များ ရှိပါသေးသလော။ အမှန်ရှိပါသည်။ “လော [က] သားအပေါင်းတို့သည် [စာတန်] ၏လက်၌ရှိ” ကြောင်း ကျွန်ုပ်တို့သိထားကြပါသည်။ (၁ ယောဟန် ၅:၁၉) တပည့်များနှင့်စပ်လျဉ်း၍ ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ” ဟုပြောဆိုခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြသည်။ သို့ဖြစ်သည့်တိုင် ဤလောကတွင် ကျွန်ုပ်တို့နေထိုင်ကြရ၏၊ ဤလောကတွင် အသက်မွေးဝမ်းကျောင်းရှာနေကြပြီး ၎င်း၏ အထောက်အပံ့များကို လက်ခံအသုံးပြုနေကြရသည်။ (ယောဟန် ၁၇:၁၁၊ ၁၅၊ ၁၆) ထို့ကြောင့် ဤလောကနှင့်ပတ်သက်၍ ကျွန်ုပ်တို့ပြုအပ်သောတာဝန်များရှိ၏။ ယင်းတို့ကား အဘယ်နည်း။ ထိုမေးခွန်းကို တမန်တော်ပေတရု ဖြေဆိုခဲ့သည်။ ယေရုရှလင်ဖျက်ဆီးမခံရမီကလေးတွင် အာရှမိုင်းနားရှိ ခရစ်ယာန်များထံ သူစာတစ်စောင်ရေးခဲ့သည်၊ ထိုစာထဲမှ စာပိုဒ်တစ်ပိုဒ်က ဤလောကနှင့် ဟန်ချက်ညီညီနေတတ်ဖို့ ကျွန်ုပ်တို့ကိုအထောက်အကူပြုသည်။
၁၂။ ခရစ်ယာန်များသည် အဘယ်နည်းဖြင့် “ဧည့်သည်အာဂန္တု” များဖြစ်ကြသနည်း၊ သို့ဖြစ်ကြသောကြောင့် အဘယ်အရာမှ သူတို့ရှောင်သင့်သနည်း။
၁၂ ပေတရုက ဤသို့အစပြုခဲ့သည်– “ချစ်သူတို့၊ ဝိညာဉ် [“စိုးလ်၊” ကဘ] နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တု ကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။” (၁ ပေတရု ၂:၁၁) ခရစ်ယာန်စစ်များသည် ဝိညာဉ်ရေးသဘောအရ “ဧည့်သည်အာဂန္တု” များဖြစ်ကြ၏၊ အကြောင်းမှာ သူတို့အဓိကအာရုံစိုက်၍ မျှော်လင့်ကြသည်မှာ ဝိညာဉ်တော်ဖွားများသည် ကောင်းကင်တွင်၊ “အခြားသိုး” မူကား လာလတ္တံ့သောမြေကြီးပရဒိသုတွင် ထာဝရအသက်ရှင်ရန်ဖြစ်သည်။ (ယောဟန် ၁၀:၁၆; ဖိလိပ္ပိ ၃:၂၀၊ ၂၁; ဟေဗြဲ ၁၁:၁၃; ဗျာ. ၇:၉၊ ၁၄-၁၇) ကိုယ်ကာယတပ်မက်ခြင်းများဟု ခေါ်ဆိုထားရာကား အဘယ်နည်း။ ၎င်းတို့တွင် ချမ်းသာလိုစိတ်၊ ထင်ပေါ်ကျော်ကြားလိုစိတ်၊ အကျင့်ယိုယွင်းသော လိင်ဆိုင်ရာတပ်မက်မှုများ၊ “ငြူစူခြင်း” နှင့် “လောဘလွန်ကျူးခြင်း” ဟုဖော်ပြထားသည့် တပ်မက်မှုများပါဝင်သည်။—ကောလောသဲ ၃:၅; ၁ တိမောသေ ၆:၄၊ ၉; ၁ ယောဟန် ၂:၁၅၊ ၁၆။
၁၃။ ကိုယ်ကာယတပ်မက်မှုများသည် ‘ကျွန်ုပ်တို့၏စိုးလ်နှင့်’ မည်သို့ ‘စစ်ပြိုင်’ သနည်း။
၁၃ ထိုသို့သောတပ်မက်မှုများသည် ‘[ကျွန်ုပ်တို့၏] စိုးလ်နှင့်စစ်ပြိုင်’ နေသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို တဖြည်းဖြည်းတိုက်စားတတ်သဖြင့် ကျွန်ုပ်တို့၏ခရစ်ယာန်မျှော်လင့်ချက် (ကျွန်ုပ်တို့၏ “စိုးလ်”၊ သို့မဟုတ် အသက်) ကိုအန္တရာယ်ရှိစေသည်။ ဥပမာ၊ အကျင့်ယိုယွင်းစေသည့်အရာများကို ကျွန်ုပ်တို့စိတ်ဝင်စားကြလျှင် “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်” အဖြစ် ကျွန်ုပ်တို့ကိုယ်ကို မည်သို့ပေးဆက်နိုင်မည်နည်း။ ရုပ်ပစ္စည်းပဓာနထားသည့် ထောင်ချောက်ထဲ ကျွန်ုပ်တို့ကျသွားခဲ့လျှင် “နိုင်ငံတော် . . . ကို” မည်သို့ “ရှေ့ဦးစွာရှာ” ကြမည်နည်း။ (ရောမ ၁၂:၁၊ ၂; မဿဲ ၆:၃၃; ၁ တိမောသေ ၆:၁၇-၁၉) အကောင်းဆုံးလမ်းစဉ်မှာ မောရှေနည်းတူ လောက၏စွဲမက်ဖွယ်ရာများကို ကျောခိုင်းပြီး ယေဟောဝါ၏လုပ်ငန်းတော်ကို ကျွန်ုပ်တို့ဘဝတွင် ရှေးဦးထားခြင်းဖြစ်သည်။ (မဿဲ ၆:၁၉၊ ၂၀; ဟေဗြဲ ၁၁:၂၄-၂၆) ယင်းသည် ဤလောကနှင့် ဟန်ချက်ညီညီနေတတ်ရန် အရေးပါသောသော့ချက်ဖြစ်သည်။
“တင့်တယ်လျောက်ပတ်စွာကျင့်နေ”
၁၄။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့ အမူအကျင့်ကောင်းနေဖို့ အဘယ်ကြောင့် ကြိုးစားကြသနည်း။
၁၄ အရေးပါသောလမ်းညွှန်ချက် နောက်တစ်ခုကို ပေတရု၏ဤစကားများ၌ တွေ့ရှိရသည်– ‘လူမျိုးခြားတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။’ (၁ ပေတရု ၂:၁၂၊ သမ္မာ) ခရစ်ယာန်များအနေနှင့် ပုံသက်သေကောင်းသူများဖြစ်ဖို့ ကျွန်ုပ်တို့ကြိုးစားနေကြသည်။ ကျောင်းတွင် ကျွန်ုပ်တို့စာကြိုးစားကြသည်။ အလုပ်ခွင်တွင် ကျွန်ုပ်တို့၏အလုပ်ရှင်သည် အကျိုးသင့်အကြောင်းသင့်သဘော မရှိသည့်တိုင် ကျွန်ုပ်တို့အလုပ်ကြိုးစားလုပ်ကိုင်ပြီး ရိုးသားမှုတင်ပြကြသည်။ ယုံကြည်ခြင်းကွဲပြားသည့် အိမ်ထောင်တွင် ယုံကြည်သူလင်ယောက်ျား သို့မဟုတ် ဇနီးသည်သည် ခရစ်ယာန်မူများကို အထူးကြိုးစားလိုက်နာကြသည်။ ထိုသို့ပြုလုပ်ရန် အစဉ်သဖြင့် မလွယ်ကူချေ၊ သို့သော် ကျွန်ုပ်တို့၏ ပုံသက်သေအမူအကျင့်ကို ယေဟောဝါနှစ်သက်တော်မူ၍ သက်သေခံမဟုတ်သူများအပေါ် ကောင်းကျိုးသက်ရောက်ကြောင်း ကျွန်ုပ်တို့သိကြသည်။—၁ ပေတရု ၂:၁၈-၂၀; ၃:၁။
၁၅။ ယေဟောဝါသက်သေများ၏ မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းကို လူသိများကြောင်း မည်သို့သိရှိရသနည်း။
၁၅ ယေဟောဝါသက်သေအများစုသည် ပုံသက်သေယူထိုက်သော စံများအတိုင်း အသက်ရှင်နေထိုင်နိုင်ကြောင်း နှစ်များတစ်လျှောက် သူတို့နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည့်စကားများက ဖော်ပြသည်။ သာဓကအနေနှင့် အီတလီသတင်းစာ အဲလ် တဲန်ပိုကဤသို့ဖော်ပြခဲ့သည်– “ယေဟောဝါသက်သေများနှင့် အတူတွဲဖက်အလုပ်လုပ်ကိုင်သူများက သူတို့သည် ရိုးသားသောလုပ်သားများဖြစ်သည်ဟုဆိုသည်၊ ခံယူချက်အလွန်ပြင်းထန်သူများဖြစ်ကြရာ သူတို့ကိုအစွဲကြီး
သည်ဟု ထင်ရပေမည်; သို့သော်လည်း သူတို့၏ဖြောင့်မတ်သော ကိုယ်ကျင့်တရားကြောင့် သူတို့ကိုလေးစားထိုက်ပါသည်။” အာဂျင်တီးနားနိုင်ငံ၊ ဗြူးနို့အေရီစ်မြို့၏သတင်းစာ ဟယ်ရယ်လ်ကဤသို့ဆိုခဲ့သည်– “ယေဟောဝါသက်သေများသည် နှစ်များတစ်လျှောက် အလုပ်ကြိုးစားသော၊ ဣန္ဒြေရှိသော၊ ခြိုးခြံချွေတာ၍ ဘုရားသခင်ကိုကြောက်ရွံ့သော နိုင်ငံသားများဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။” ရုရှားပညာရှင် စယ်ဂေ အီဗောန်ရန်းခက ဤသို့ဆိုသည်– “ယေဟောဝါသက်သေများသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သည့်အထိ ဥပဒေလိုက်နာသူများဖြစ်ကြပြီး အထူးသဖြင့် အခွန်ပေးခြင်းနှင့်ပတ်သက်၍ စေ့စပ်သေချာသည့် သဘောထားရှိသူများဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းတွင် လူသိများကြသည်။” စည်းဝေးကြီးအတွက် ယေဟောဝါသက်သေများအသုံးပြုခဲ့သော ဇင်ဘာဘွေနိုင်ငံရှိ အဆောက်အဦတစ်ခု၏ မန်နေဂျာက ဤသို့ပြောခဲ့သည်– “သက်သေခံတချို့ စက္ကူစတွေကောက်တာ၊ အိမ်သာတွေ ဆေးကြောကြတာ ကျွန်မတွေ့မိတယ်။ သူတို့ပြန်ပြီးနောက် ပြပွဲရုံဟာ အရင်ကထက် သန့်ရှင်းကျန်ခဲ့တယ်။ ရှင်တို့ရဲ့ ဆယ်ကျော်သက်တွေလည်း ကိုယ်ကျင့်တရားကောင်းကြတယ်။ တစ်ကမ္ဘာလုံးမှာ ယေဟောဝါသက်သေတွေနဲ့ ပြည့်နေစေချင်လိုက်တာ။”ခရစ်ယာန် လက်အောက်ခံမှု
၁၆။ လောကအာဏာပိုင်များနှင့် ကျွန်ုပ်တို့မည်သို့ဆက်စပ်သနည်း၊ အဘယ်ကြောင့်နည်း။
၁၆ လောကအာဏာပိုင်များနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအကြောင်းကိုလည်း ပေတရုပြောဆိုသေးသည်။ သူဤသို့ဆို၏– “သခင်ဘုရား၏မျက်နှာတော်ကိုထောက်လျက်၊ အထွတ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကိုဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း ရှင်ဘုရင်ခန့်ထားသမျှသောမင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကိုကျင့်သောအားဖြင့် လူမိုက် [“ဆင်ခြင်တုံတရားကင်းမဲ့သူ၊” ကဘ] တို့၏မိုက်မဲသော [“အသိဉာဏ်ကင်းမဲ့သော၊” ကဘ] စကားကိုချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့အလိုတော်ရှိ၏။” (၁ ပေတရု ၂:၁၃-၁၅) စည်းစနစ်ကျသော အစိုးရတစ်ခုထံမှ ကျွန်ုပ်တို့ရရှိသည့် အကျိုးကျေးဇူးများအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြ၏၊ ထို့ပြင် ပေတရု၏စကားနှင့်အညီ ထိုအစိုးရ၏ဥပဒေများကို ကျွန်ုပ်တို့နာခံကြပြီး အခွန်များဆောင်ကြသည်။ ဘုရားသခင်အခွင့်ပေးအပ်ထားသဖြင့် အစိုးရများအနေနှင့် ဥပဒေချိုးဖောက်သူများကို ဒဏ်စီရင်နိုင်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြသော်လည်း လောကအာဏာပိုင်ကို ကျွန်ုပ်တို့လက်အောက်ခံကြသည့် အဓိကအကြောင်းရင်းမှာ “သခင်ဘုရား၏မျက်နှာတော်ကိုထောက်” သောကြောင့်ဖြစ်သည်။ ထိုသို့ပြုရန် ဘုရားသခင်အလိုတော်ရှိ၏။ ထို့အပြင် ကျွန်ုပ်တို့အပြစ်ပြုသဖြင့် ဒဏ်စီရင်ခံရခြင်းကြောင့် ယေဟောဝါနာမတော်ရှုတ်ချစရာ မဖြစ်စေလိုပါ။—ရောမ ၁၃:၁၊ ၄-၇; တိတု ၃:၁; ၁ ပေတရု ၃:၁၇။
၁၇။ ကျွန်ုပ်တို့ကို ‘ဆင်ခြင်တုံတရားကင်းမဲ့သူ’ တို့အတိုက်အခံပြုသောအခါ အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။
၁၇ ဝမ်းနည်းစရာမှာ အာဏာရှိသော ‘ဆင်ခြင်တုံတရားကင်းမဲ့သူ’ အချို့သည် နာမည်ဖျက်သည့်လုပ်ငန်းစဉ်များ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှိပ်စက်ညှဉ်းပန်း၊ အတိုက်အခံပြုကြသည်။ ထိုသို့ပြုကြသော်လည်း ယေဟောဝါသတ်မှတ်ထားချိန်တွင် သူတို့၏လိမ်လည်မှု အမြဲပေါ်သွားပြီး သူတို့၏ ‘အသိဉာဏ်ကင်းမဲ့သောစကားများ’ တိတ်ဆိတ်သွားလေသည်။ အတန်ကြာတင်ပြခဲ့သော ကျွန်ုပ်တို့၏ ခရစ်ယာန်အမူအကျင့်ကိုယ်နှိုက်က သက်သေထူပါသည်။ ယင်းကြောင့် ဖြောင့်မှန်သောအစိုးရအရာရှိများသည် ကျွန်ုပ်တို့ကို ကောင်းမှုပြုသူများဟူ၍ မကြာခဏချီးမွမ်းပြောဆိုကြခြင်းဖြစ်သည်။—ရောမ ၁၃:၃; တိတု ၂:၇၊ ၈။
ဘုရားသခင်၏ကျွန်များ
၁၈။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏လွတ်လပ်မှုကို တလွဲမသုံးမိရန် မည်သို့ရှောင်နိုင်မည်နည်း။
၁၈ ယခု ပေတရုက “လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့မကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို့ ကျင့်နေကြလော့” ဟုသတိပေးသည်။ (၁ ပေတရု ၂:၁၆; ဂလာတိ ၅:၁၃) ယနေ့ ကျမ်းစာအမှန်တရားကို ကျွန်ုပ်တို့ သိနားလည်ထားသောကြောင့် ဗာဗုလုန်ဘာသာရေး သွန်သင်ချက်များမှ လွတ်မြောက်ပြီ။ (ယောဟန် ၈:၃၂) ထို့ပြင် ကျွန်ုပ်တို့၌ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ကိုယ်ကိုယ်တိုင်ရွေးချယ်ပြုလုပ်နိုင်ကြသည်။ သို့သော် ထိုလွတ်လပ်မှုကို ကျွန်ုပ်တို့အလွဲမသုံးကြချေ။ ကျွန်ုပ်တို့သည် အပေါင်းအသင်းများ၊ ဝတ်စားဆင်ယင်မှု၊ အပန်းဖြေမှု၊ အစားအသောက်ကိုပင် ရွေးချယ်ရာတွင် ခရစ်ယာန်စစ်များသည် ကိုယ့်အကြိုက် ပြုသူများမဟုတ်ဘဲ ဘုရားသခင့်ကျွန်များဖြစ်ကြောင်းကို သတိရကြသည်။ ကိုယ်ကိုယ်တိုင်၏ ကာယတပ်မက်မှုကျွန်၊ လောကတွင် ခေတ်စားရာများနှင့် ရေပန်းစားရာများ၏ကျွန်များမဖြစ် လိုဘဲ ယေဟောဝါ၏အမှုတော်ထမ်းဖို့ ကျွန်ုပ်တို့ရွေးချယ်ကြသည်။—ဂလာတိ ၅:၂၄; ၂ တိမောသေ ၂:၂၂; တိတု ၂:၁၁၊ ၁၂။
၁၉-၂၁။ (က) လောကအာဏာပိုင်များကို ကျွန်ုပ်တို့မည်သို့ရှုမြင်ကြသနည်း။ (ခ) လူအချို့သည် ‘ညီအစ်ကိုများ အသင်းအပင်းတစ်ခုလုံးကိုချစ်’ ကြောင်း မည်သို့တင်ပြခဲ့ကြပြီနည်း။ (ဂ) ကျွန်ုပ်တို့၏အရေးအကြီးဆုံးတာဝန်ကား အဘယ်နည်း။
၁၉ ပေတရုက ဤသို့ဆက်ပြောသည်– “ခပ်သိမ်းသောသူတို့ကိုရိုသေကြလော့။ ညီအစ်ကိုများ [“အသင်းအပင်းတစ်ခုလုံး၊” ကဘ] ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကိုရိုသေခြင်းရှိကြလော့။” (၁ ပေတရု ၂:၁၇) ယေဟောဝါဘုရားသခင်သည် လူသားတို့ကို အခွင့်အာဏာအမျိုးမျိုးပေးထားသောကြောင့် ထိုသူတို့ကို ကျွန်ုပ်တို့ သင့်လျော်စွာ ရိုသေလေးစားကြရမည်။ ဤသူတို့အတွက် ကျွန်ုပ်တို့ဆုပင်တောင်းပေးကြ၏၊ သို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း၊ ဓမ္မအမှုကို အေးဆေးငြိမ်သက်စွာလုပ်ဆောင်ခြင်းအမှုကို ပြုနိုင်ကြမည်။ (၁ တိမောသေ ၂:၁-၄) သို့သော် တစ်ကြိမ်တည်းတွင် ကျွန်ုပ်တို့သည် ‘ညီအစ်ကိုများ အသင်းအပင်းတစ်ခုလုံးကို ချစ်ကြ’ သည်။ ခရစ်ယာန်ညီအစ်ကိုများကို နစ်နာစေဖို့မဟုတ်ဘဲ သူတို့အကျိုးကိုထောက်၍ ကျွန်ုပ်တို့အစဉ်လုပ်ဆောင်ကြသည်။
၂၀ သာဓကအနေနှင့် အာဖရိကနိုင်ငံတစ်နိုင်ငံတွင် လူမျိုးစုအကြမ်းဖက်မှုဖြစ်ပွားခဲ့သောအခါ ယေဟောဝါသက်သေများ၏ ခရစ်ယာန်အမူအကျင့် ထင်ရှားပေါ်လွင်ခဲ့သည်။ ဆွစ်ဇလန်နိုင်ငံသတင်းစာ ရေဖောမတီ ဖရက်စ္စကဤသို့ဆိုသည်– “၁၉၉၅ ခုနှစ်တွင် အာဖရိကအခွင့်အရေးအဖွဲ့ . . . က ယေဟောဝါသက်သေများမှလွဲ၍ ချာ့ခ်ျအားလုံးသည် [အငြင်းပွားမှုတွင်] ပါဝင်ခဲ့ကြကြောင်း သက်သေထူနိုင်ခဲ့သည်။” ထိုဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်များသတင်း ပြင်ပလောကသို့ ပေါက်ကြားသွားသောအခါ ဥရောပရှိ ယေဟောဝါသက်သေများသည် ဘေးသင့်သောနယ်မြေရှိ မိမိတို့၏ညီအစ်ကိုများနှင့် အခြားသူများထံ အစားအစာနှင့် ဆေးဝါးများ ချက်ချင်းပို့ဆောင်ပေးခဲ့ကြသည်။ (ဂလာတိ ၆:၁၀) သူတို့သည် “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်” ဟူသော နယပုံပြင် ၃:၂၇ ပါစကားများကို လိုက်နာခဲ့ကြသည်။
၂၁ သို့သော် လောကအာဏာပိုင်တစ်ခုခုကို ကျွန်ုပ်တို့ရိုသေလေးစားရခြင်း၊ ညီအစ်ကိုများကိုချစ်ရခြင်း တာဝန်ထက်ပင် သာ၍အရေးပါသောတာဝန်တစ်ခု ကျွန်ုပ်တို့၌ရှိပါသေးသည်။ ယင်းကား အဘယ်နည်း။ ပေတရုက “ဘုရားသခင်ကိုကြောက်ရွံ့ခြင်း . . . ရှိကြလော့” ဟုပြောခဲ့သည်။ မည်သည့်လူသားတစ်ဦးတစ်ယောက်ထက်ကိုမဆို ယေဟောဝါအပေါ် ကျွန်ုပ်တို့ကြွေးမြီတင်နေကြသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ဘုရားသခင်အတွက် ကျွန်ုပ်တို့ထမ်းဆောင်ရမည့်တာဝန်နှင့် လောကအာဏာပိုင်များကို ကျွန်ုပ်တို့ပေးဆက်ရမည့်အရာများကို မည်သို့ဟန်ချက်ညီစေနိုင်မည်နည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဖြေဆိုပေးပါမည်။
သင်မှတ်မိသလော
• ခရစ်ယာန်များသည် မိသားစုအတွင်း အဘယ်တာဝန်ဝတ္တရားများရှိကြသနည်း။
• အသင်းတော်အတွင်း ပေးကမ်းခြင်းစိတ်ဓာတ်ကို ကျွန်ုပ်တို့မည်သို့တင်ပြနိုင်သနည်း။
• ဤလောကနှင့်ပတ်သက်၍ ကျွန်ုပ်တို့ပြုအပ်သော အဘယ်တာဝန်ဝတ္တရားများရှိသနည်း။
• မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းကို ထိန်းသိမ်းထားခြင်းမှ ကျွန်ုပ်တို့ ရရှိသော အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ခရစ်ယာန်မိသားစုသည် ကြီးမားသောရွှင်လန်းမှု၏ရင်းမြစ် မည်သို့ဖြစ်နိုင်သနည်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် တစ်ဦးနှင့်တစ်ဦး အဘယ်ကြောင့်ချစ်ကြသနည်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ညီအစ်ကိုများကို ကိုယ်တိုင်မသိကြသော်လည်း မေတ္တာပြနိုင်ပါသလော