စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မည်သည့်အခြေအနေများတွင် ဝိညာဉ်ရေးအကြောင်းရင်းများကြောင့် ခေါင်းအုပ်ထားသင့်သနည်း။
“မိန်းမမည်သည်ကား၊ မိမိခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်လည်းကောင်း၊ ပရောဖက်ပြုသော်လည်းကောင်း မိမိခေါင်းအသရေကိုရှုတ်ချ၏” ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ အဘယ်ကြောင့်နည်း။ “မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်” ဟူသော ကျမ်းစာ၏ဦးစီးမှုဆိုင်ရာမူကြောင့်ဖြစ်၏။ ခရစ်ယာန်အသင်းတော်တွင် ဆုတောင်းခြင်း၊ ဟောပြောခြင်းသည် အများအားဖြင့် အမျိုးသားတစ်ဦး၏တာဝန်ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် သာမန်အားဖြင့် သူ၏ခင်ပွန်း သို့မဟုတ် နှစ်ခြင်းခံပြီးသော အမျိုးသားတစ်ဦး လုပ်ဆောင်ရမည့် ဝတ်ပြုရေးကိစ္စရပ်များကို ထမ်းဆောင်ရသောအခါ ခေါင်းအုပ်ထားသင့်၏။—၁ ကောရိန္သု ၁၁:၃-၁၀။
ခရစ်ယာန်အမျိုးသမီးတစ်ဦး ခေါင်းအုပ်ထားသင့်သည့် အခြေအနေများသည် သူ၏အိမ်ထောင်တွင်လည်း ဖြစ်ပေါ်လာနိုင်၏။ ဥပမာ၊ ကျမ်းစာလေ့လာရန် သို့မဟုတ် အစာစားရန် မိသားစုလိုက်စုဝေးကြသောအခါ မိသားစုကို သွန်သင်ပေးဖို့၊ မိသားစုကိုယ်စား ဘုရားသခင်ထံဆုတောင်းပေးဖို့ ပုံမှန်အားဖြင့် ခင်ပွန်း၏တာဝန်ဖြစ်သည်။ သို့သော် ခင်ပွန်းသည် ယုံကြည်သူမဟုတ်လျှင် ဤတာဝန်ကို ဇနီးက ယူရပေမည်။ ထို့ကြောင့် ခရစ်ယာန်ညီအစ်မတစ်ဦးသည် မိမိနှင့်အခြားသူများအတွက် အသံကျယ်ကျယ်ဖြင့် ဆုတောင်းပေးရသည့်အခါ၌ဖြစ်စေ၊ ခင်ပွန်းရှေ့တွင် ကလေးများနှင့် ကျမ်းစာသင်အံမှုပြုလုပ်ရသည့်အခါ၌ဖြစ်စေ ခေါင်းအုပ်ထားခြင်းသည် လျောက်ပတ်ပေသည်။ ခင်ပွန်းမရှိလျှင် ဇနီးသည် သားသမီးများကို သွန်သင်ပေးရန် ဘုရားသခင်ပေးအခွင့်အာဏာရရှိထားသောကြောင့် ခေါင်းအုပ်စရာမလိုပေ။—သု. ၁:၈; ၆:၂၀။
၁ တိမောသေ ၂:၁၂) သူ၏ဖခင်သည် ယုံကြည်သူတစ်ဦးဖြစ်မည်ဆိုလျှင် ထိုသားကို ဖခင်က သွန်သင်ပေးသင့်၏။ သို့သော် ဖခင်မရှိလျှင် မိခင်သည် နှစ်ခြင်းခံပြီးသောသားငယ်အပြင် အခြားကလေးများနှင့်အတူ ကျမ်းစာသင်အံမှုပြုလုပ်ပါက ခေါင်းအုပ်သင့်သည်။ ဤသို့သင်အံမှုပြုလုပ်ချိန်၌ဖြစ်စေ၊ အစာစားချိန်၌ဖြစ်စေ နှစ်ခြင်းခံပြီးသောသားငယ်ကို ဆုတောင်းပေးဖို့ မိခင်ကတောင်းဆိုခြင်း၊ မတောင်းဆိုခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ သားငယ်သည် အရည်အချင်းမပြည့်မီသေးဟု မိခင် ယူမှတ်ပေမည်၊ ထိုအခါ မိခင်ကိုယ်တိုင် ဆုတောင်းဖို့ ဆုံးဖြတ်ပေမည်။ ဤသို့သောအခြေအနေမျိုးတွင် မိခင်ဖြစ်သူ ဆုတောင်းပါက ခေါင်းအုပ်သင့်သည်။
သို့သော် မိသားစုမှ သားငယ်တစ်ဦးသည် ယေဟောဝါဘုရားသခင်၏ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသော ကျေးကျွန်တစ်ဦးဖြစ်နေလျှင်ကော အသို့နည်း။ ထိုသားငယ်သည် ခရစ်ယာန်အသင်းသားတစ်ဦးဖြစ်ရာ သူသည် အမျိုးသားအသင်းသားများထံမှ သွန်သင်ချက် ခံယူသင့်သည်။ (ခရစ်ယာန်အမျိုးသမီးများသည် အသင်းတော်လုပ်ငန်းတချို့တွင် ပါဝင်ကြစဉ် ခေါင်းအုပ်ဖို့ လိုကောင်းလိုပေမည်။ ဥပမာ၊ လယ်ကွင်းလုပ်ငန်းအတွက် ရက်သတ္တပတ်အလယ် အစည်းအဝေးတစ်ခုတွင် နှစ်ခြင်းခံပြီးသော အမျိုးသားများမရှိဘဲ ခရစ်ယာန်ညီအစ်မများသာ ရှိကြပေမည်။ အသင်းတော်အစည်းအဝေးတစ်ခု၌ နှစ်ခြင်းခံပြီးသောအမျိုးသားများမရှိသည့် အခြားအချိန်အခါများလည်း ရှိနိုင်ပေသည်။ အသင်းတော်အစီအစဉ်အရ အစည်းအဝေးကျင်းပသည့်အခါ၊ သို့မဟုတ် လယ်ကွင်းလုပ်ငန်းအတွက် စုဝေးသည့်အခါ ညီအစ်ကိုတစ်ဦးလုပ်ဆောင်နေကျ တာဝန်များကို ညီအစ်မတစ်ဦး ထမ်းဆောင်ရမည်ဆိုလျှင် ခေါင်းအုပ်သင့်၏။
ခရစ်ယာန်အမျိုးသမီးများသည် ကျမ်းစာဟောပြောချက်များကို နှုတ်တိုက် သို့မဟုတ် လက်ဟန်ပြဘာသာစကားဖြင့် ဘာသာပြန်ပေးရသည့်အခါ၌ဖြစ်စေ၊ အသင်းတော်အစည်းအဝေးတစ်ခုတွင် အသုံးပြုသည့် ကျမ်းစာလေ့လာမှုအထောက်အကူပြုစာအုပ်တစ်အုပ်မှ စာပိုဒ်များကို လူအများရှေ့ ဖတ်ပေးရသည့်အခါ၌ဖြစ်စေ ခေါင်းအုပ်ရမည်လော။ ခေါင်းအုပ်စရာမလိုပါ။ အဆိုပါတာဝန်များကို ဆောင်ရွက်ရသော ညီအစ်မများသည် ဦးစီးနေခြင်း သို့မဟုတ် သွန်သင်ပေးနေခြင်း မဟုတ်ပါ။ ထိုနည်းတူ သရုပ်ပြခန်းများတွင်ပါဝင်ရသော၊ တွေ့ ကြုံမှုများပြောပြရသော၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားဟောပြောချက်များပေးရသော ညီအစ်မများသည် ခေါင်းအုပ်စရာမလိုပေ။
အသင်းတော်အတွင်း သွန်သင်ခြင်းသည် နှစ်ခြင်းခံပြီးသောအမျိုးသားများ၏ တာဝန်ဖြစ်သော်လည်း အမျိုးသားများနှင့် အမျိုးသမီးများပါ အသင်းတော်ပြင်ပတွင် ဟောပြောခြင်းနှင့် သွန်သင်ခြင်းတာဝန်ရရှိထားကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို့ကြောင့် ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေအမျိုးသားတစ်ဦးရှေ့တွင် ပြင်ပလူများကို သမ္မာကျမ်းစာအကြောင်း ပြောဆိုသောအခါ ခေါင်းအုပ်ဖို့လိုမည်မဟုတ်ချေ။
သို့ရာတွင် အိမ်တစ်အိမ်၌ပုံမှန်အစီအစဉ်ရှိသော ကျမ်းစာသင်အံမှုပြုလုပ်ကာ ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော အမျိုးသားတစ်ဦးရှိနေလျှင် အခြေအနေမတူတော့ချေ။ ဤအစီအစဉ်သည် သင်အံမှုကျင်းပနေသူ အမှန်ပင် ဦးစီးရသည့် ကြိုတင်စီစဉ်ထားသော သွန်သင်ခြင်းအစီအစဉ်တစ်ခုဖြစ်၏။ အဆိုပါအခြေအနေမျိုးတွင် သင်အံမှုပြုလုပ်ခြင်းသည် အသင်းတော်၏တိုးချဲ့အစီအစဉ်တစ်ခုဖြစ်သည်။ နှစ်ခြင်းခံပြီးသော သက်သေခံအမျိုးသမီးတစ်ဦးသည် နှစ်ခြင်းခံပြီးသော သက်သေခံအမျိုးသားတစ်ဦးရှေ့ ဤသို့သင်အံမှုကျင်းပလျှင် ခေါင်းအုပ်ထားခြင်းသည် လျောက်ပတ်ပေ၏။ သို့သော် ဆက်ကပ်အပ်နှံထားသောညီအစ်ကိုက ဆုတောင်းပေးသင့်သည်။ ဆက်ကပ်အပ်နှံထားသောညီအစ်ကိုသည် စကားအ,နေခြင်းစသော အကြောင်းတစ်ခုခုမှလွဲ၍ ညီအစ်ကိုတစ်ဦးရှေ့ ညီအစ်မတစ်ဦး ဆုတောင်းမည်မဟုတ်ချေ။
တစ်ခါတစ်ရံ နှစ်ခြင်းမခံရသေးသော ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အမျိုးသားတစ်ဦးသည် ခရစ်ယာန်ညီအစ်မတစ်ဦးနှင့်အတူ ကျမ်းစာသင်အံမှုလိုက်သွားပေမည်။ ညီအစ်မက ဆန္ဒရှိမည်ဆိုလျှင် သင်အံမှုကို သူ့အားဦးစီးစေနိုင်သည်။ သို့သော် နှစ်ခြင်းမခံရသေးသူသည် နှစ်ခြင်းခံပြီးသောညီအစ်မကိုယ်စား လျောက်ပတ်စွာ ယေဟောဝါထံ ဆုတောင်းမပေးနိုင်သောကြောင့် ထိုသင်အံမှုတွင် ညီအစ်မက ဆုတောင်းလျှင် သင့်လျော်ပေမည်။ ညီအစ်မဖြစ်သူက သင်အံမှုကိုကျင်းပသည်၊ သို့မဟုတ် ဆုတောင်းသည်ဆိုလျှင် ခေါင်းအုပ်ဖို့လိုပေမည်။ အကြောင်းမှာ ကြေညာသူအမျိုးသားသည် နှစ်ခြင်းမခံရသေးသော်လည်း သူ၏ဟောပြောခြင်းလုပ်ငန်းကြောင့် အပြင်လူတို့သည် သူ့အား အသင်းသားတစ်ဦးအဖြစ် သဘောထားကြ၏။
“ကောင်းကင်တမန်များကိုထောက်၍ မိန်းမသည် မိမိခေါင်းကိုဖုံးရမည်” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ ယေဟောဝါအား တည်ကြည်စွာ အစဉ်လက်အောက်ခံနေကြသော သန်းနှင့်ချီကောင်းကင်တမန်များရှေ့တွင် ခရစ်ယာန်ညီအစ်မများသည် ပုံသက်သေကောင်းပြခွင့်ရရှိကြသည်။ အခြေအနေက လိုအပ်စေသည့်အခါ ဘုရားတရားကြည်ညိုသော အမျိုးသမီးများသည် ခေါင်းအုပ်လျှင် အမှန်တကယ်ပင် သင့်တော်လျောက်ပတ်လှပေသည်!
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ခေါင်းအုပ်ခြင်းသည် ဦးစီးမှုကို ရိုသေသည့် အမှတ်အသားတစ်ခုဖြစ်