ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိဖို့လို
ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိဖို့လို
သင်သည် တိမ်ကင်းစင်သည့်ညတစ်ညတွင် ကြယ်အတိပြီးသောကောင်းကင်ကို မြင်သောအခါ ရင်လှိုက်သည်းဖို မဖြစ်မိပေလော။ ရောင်စုံပန်းများ၏ မွှေးကြိုင်သောရနံ့သည် ကြည်နူးဖွယ်မကောင်းပေလော။ ငှက်များတေးဆိုသံနှင့် လေပြေလေညင်းတွင် သစ်ရွက်များ၏လှုပ်ရှားသံတို့သည် နာပျော်ဖွယ် မဖြစ်ပေလော။ ပင်လယ်သမုဒ္ဒရာ၌ကျက်စားသော ခွန်အားကြီးသည့် ဝေလငါးများနှင့် အခြားသတ္တဝါများကော အလွန်စိတ်ဝင်စားဖွယ် ကောင်းလိုက်လေခြင်း! ထို့ပြင် မွေးရာပါသိစိတ်နှင့် အံ့ဖွယ် ဆန်းကြယ်ရှုပ်ထွေးသော ဦးနှောက်ပိုင်ဆိုင်သူ လူသားများကော။ ကျွန်ုပ်တို့ပတ်ပတ်လည်တွင် တည်ရှိနေသည့် အံ့ဩစရာကောင်းသောအရာအားလုံးကို မည်သို့ရှင်းပြမည်နည်း။
တချို့က ထိုအရာအလုံးစုံတို့သည် အလိုအလျောက်ဖြစ်ပေါ်လာသည်ဟု ယူဆကြ၏။ သို့သော် ထိုသို့ဆိုပါက ဘုရားသခင်ကို လူတို့အဘယ်ကြောင့် ယုံကြည်ကြရသနည်း။ ဓာတုပစ္စည်းအမျိုးမျိုး အမှတ်မထင် ပေါင်းစပ်ဖွဲ့စည်းလာခြင်းက ဝိညာဉ်ရေးလိုအပ်လျက်ရှိသော သတ္တဝါများကို အဘယ်ကြောင့်ဖြစ်ပေါ်စေနိုင်မည်နည်း။
“ဘာသာတရားသည် လူ့သဘောတွင် အရိုးစွဲနေရာ ၎င်းကို စီးပွားရေးနှင့် ပညာရေးအဆင့်အတန်းအသီးသီးမှ လူတို့တွင် တွေ့ရှိရ၏။” ဤဖော်ပြချက်က လူ့ဝိညာဉ်ရေးသဘောတရားစာအုပ်တွင် ပါမောက္ခ အယ်လစ္စတာ ဟာဒီ တင်သွင်းထားသည့် သုတေသနပြုချက်ကို အကျဉ်းချုံးဖော်ပြသည်။ မကြာသေးမီက လူ့ဦးနှောက်ကိုအမျိုးမျိုး စမ်းသပ်ခဲ့ရာ လူသည် ဘာသာရေးလိုက်စားနိုင်သည့်အစွမ်းဖြင့် “စွဲမြဲစွာ ဖွဲ့စည်း” ခံရပုံရှိသည်ဟု နဗ်ကြောဆိုင်ရာသိပ္ပံပညာရှင်တချို့က အဆိုပြုခဲ့ကြသည်။ ဘုရားသခင်သည်သာ အမှန်ဖြစ်ခြင်းလောစာအုပ်က “ဘာသာတရားဖြင့် ဘဝအဓိပ္ပာယ်ရှာပုံတော်ဖွင့်ခြင်းကို . . . လူသားပေါ်ထွန်းချိန်မှစ၍ ခေတ်ကာလတစ်လျှောက် ယဉ်ကျေးမှုတိုင်းတွင် တွေ့ရှိရသည်” ဟုဆို၏။
လွန်ခဲ့သော အနှစ် ၂,၀၀၀ ခန့်က ပညာတတ်တစ်ဦး မည်သို့သဘောရခဲ့သည်ကို သုံးသပ်ကြည့်ပါ။ သူက “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ဘုရားသခင်ပေတည်း” ဟုရေးသားခဲ့၏။ (ဟေဗြဲ ၃:၄) အမှန်မှာ၊ သမ္မာကျမ်းစာ၏ ပထမဦးဆုံးကျမ်းပိုဒ်က “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟုဆိုသည်။—ကမ္ဘာဦး ၁:၁။
သို့သော် ဘုရားသခင်ကား မည်သူနည်း။ ဤမေးခွန်းနှင့်ပတ်သက်၍ လူသားတို့သည် သဘောထားကွဲလွဲနေကြ၏။ ဘုရားသခင်ကား မည်သူနည်းဟု မေးမြန်းခံရသောအခါ ဂျပန်ဆယ်ကျော်သက်တစ်ဦးဖြစ်သူ ယိုရှီက “သေချာမသိဘူး။ ကျွန်တော်က . . . တစ်ယောက်ဖြစ်တော့ ဘုရားသခင်ဘယ်သူဘယ်ဝါဆိုတာကို သိဖို့ ကျွန်တော့်အတွက် သိပ်အရေးမကြီးဘူး။” သို့သော် လူအများက . . . ကို ဘုရားသခင်အဖြစ် ကိုးကွယ်နေကြကြောင်း ယိုရှီဝန်ခံသည်။ အသက် ၆၀ ကျော်ရှိ စီးပွားရေးသမားတစ်ဦးဖြစ်သူ နစ်ခ်သည် ဘုရားသခင်ကိုယုံကြည်၏၊ ၎င်းသည် အမြင့်မားဆုံးစွမ်းအားဖြစ်၏ဟု ယူဆသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သူသိရှိထားရာကို ရှင်းပြပေးရန် နစ်ခ်အား တောင်းဆိုသည့်အခါ အတန်ကြာနှုတ်ဆိတ်နေပြီးနောက် သူဤသို့ဖြေဆိုသည်– “အဲဒါအတော်ခက်တဲ့မေးခွန်းပဲ သူငယ်ချင်း။ ကျွန်တော်ပြောနိုင်တာကတော့ ဘုရားသခင်ဆိုတာရှိတယ်။”
လူတချို့က “ဖန်ဆင်းတော်မူသောအရှင်အစား အဖန်ဆင်းခံရောမ ၁:၂၅၊ သတင်းကောင်း) လူသန်းပေါင်းများစွာတို့သည် ဘုရားသခင်ထံချဉ်းကပ်ရန် အလှမ်းဝေးလွန်းလှသည်ဟု ယုံကြည်ကြကာ ကွယ်လွန်သွားသော ဘိုးဘေးများကို ဝတ်ပြုကိုးကွယ်ကြသည်။ . . . ဘာသာတွင် နတ်ဘုရားများနှင့် နတ်ဘုရားမပေါင်းများစွာရှိသည်။ ယေရှုခရစ်၏တမန်တော်များလက်ထက်၌ ဇုသနှင့် ဟေရမေကဲ့သို့သော နတ်ဘုရားအသီးသီးကို ကိုးကွယ်ခဲ့ကြသည်။ (တမန်တော် ၁၄:၁၁၊ ၁၂) ခရစ်ယာန်ဘောင် ချာ့ခ်ျများစွာတို့ကလည်း ဘုရားသခင်သည် ခမည်းတော်ဘုရားသခင်၊ သားတော်ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ပေါင်းစပ်ထားသည့် သုံးပါးပေါင်းတစ်ဆူဖြစ်သည်ဟု သွန်သင်ကြသည်။
အရာကို ကိုးကွယ်ဝတ်ပြုကြ၏။” (အမှန်မှာ “‘ဘုရား[သခင်]များ’၊ ‘အရှင်များ’” ရှိကြသည်ဟု သမ္မာကျမ်းစာကဆို၏။ သို့ရာတွင် ကျမ်းစာက ဤသို့ထပ်ဖြည့်စွက်သည်– “အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ . . . ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ ငါတို့၌ရှိတော်မူ၏။” (၁ ကောရိန္သု ၈:၅၊ ၆) မှန်ပါသည်၊ စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာရှိတော်မူ၏။ သို့သော် ကိုယ်တော်ကား မည်သူနည်း။ ကိုယ်တော်သည် မည်သည့်အရာနှင့်တူတော်မူသနည်း။ ဤမေးခွန်းများ၏အဖြေများကို ကျွန်ုပ်တို့သိရှိရန် အရေးကြီးသည်။ ယေရှုကိုယ်တော်တိုင်က ၎င်းအရှင်ထံ ဤသို့ဆုတောင်းခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကျွန်ုပ်တို့၏ထာဝရအကျိုးသည် ဘုရားသခင်နှင့်ပတ်သက်သည့် အမှန်တရားကိုသိကျွမ်းခြင်းအပေါ် မူတည်နေကြောင်း ယုံကြည်စရာအကြောင်းရှိပါသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
၎င်းတို့တည်ရှိခြင်းကို မည်သို့ရှင်းပြမည်နည်း
[Credit Line]
Whale: Courtesy of Tourism Queensland
[Picture Credit Line on page 2]
COVER: Index Stock Photography © 2002