အထီးကျန်စိတ်ကို သင်အနိုင်ယူနိုင်
အထီးကျန်စိတ်ကို သင်အနိုင်ယူနိုင်
အထီးကျန်စိတ်ကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းမှုကို တစ်ခါမျှမခံစားခဲ့ရဖူးပါဟု မည်သူပြောနိုင်သနည်း။ အထီးကျန်သလိုခံစားစေသည့် အကြောင်းရင်းများစွာရှိသည်။ အထူးသဖြင့် တစ်ခါမျှအိမ်ထောင်မပြုခဲ့ဖူးသော အမျိုးသမီးများ၊ မုဆိုးမများ၊ တစ်ခုလပ်များ၏ အထီးကျန်စိတ်သည် ပြင်းထန်လှ၏။
ဥပမာ၊ ခရစ်ယာန်အမျိုးသမီးငယ် ဖရန့်စစ်က ဤသို့ပြောပြသည်– “ကျွန်မအသက် ၂၃ နှစ်အရွယ်မှာ သူငယ်ချင်းတွေအားလုံး အိမ်ထောင်ပြုကုန်ကြတော့ ကျွန်မတစ်ယောက်တည်း အဖော်မဲ့နေရတယ်။” * နှစ်များကုန်လွန်လာ၍ အိမ်ထောင်ပြုရန် အခွင့်အရေးလျော့နည်းလာသောအခါ အထီးကျန်စိတ်ဖြစ်ပေါ်လာပေမည်။ ယခု အသက် ၄၀ ကျော်နေပြီဖြစ်သော ဆန်ဒရာက “အပျိုကြီးဘဝနဲ့နေဖို့ ကျွန်မတစ်ခါမှမရည်ရွယ်ခဲ့ဘူး၊ အခွင့်အရေးပေါ်လာရင် အိမ်ထောင်ပြုမှာ” ဟုဝန်ခံသည်။ အသက် ၅၀ ရှိသော အဲန်ဂျလာက ဤသို့ထောက်ပြ၏– “အပျိုကြီးဘဝနဲ့နေဖို့ ယတိပြတ်မဆုံးဖြတ်ခဲ့ပေမဲ့ အပျိုကြီးဖြစ်နေရတယ်။ အထူးရှေ့ဆောင်အနေနဲ့ ကျွန်မတာဝန်ကျခဲ့တဲ့ဒေသမှာ လူပျိုညီအစ်ကိုတွေ သိပ်မရှိဘူး။”
ခရစ်ယာန်အမျိုးသမီးများစွာသည် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုရန် ယေဟောဝါ၏ဆုံးမစကားကို တည်ကြည်စွာအလေးထားသောကြောင့် အိမ်ထောင်မပြုခဲ့ကြခြင်းမှာ ချီးကျူးစရာပင်။ (၁ ကောရိန္သု ၇:၃၉) အချို့က တစ်ကိုယ်ရေတစ်ကာယဘဝတွင် ပျော်မွေ့နိုင်ကြသော်လည်း တခြားသူများမှာမူ အသက်ရလာလေ အိမ်ထောင်ပြု၍ ကလေးမွေးဖွားလိုစိတ် ပြင်းပြလာလေဖြစ်၏။ “အိမ်ထောင်ဖက်မရှိတဲ့အတွက် တစ်ခုခုလိုအပ်နေတယ်လို့ စိတ်ထဲမှာ အမြဲတမ်းဖြစ်ပေါ်နေတယ်” ဟုဆန်ဒရာက ဝန်ခံသည်။
မိအိုဖအိုများကို ကြည့်ရှုစောင့်ရှောက်ရခြင်းစသည့် အခြားအကြောင်းရင်းများကလည်း အထီးကျန်စိတ်ဖြစ်ပေါ်စေ၏။ “ကျွန်မမှာ အိမ်ထောင်မရှိလို့ ကျွန်မမိသားစုက ကျွန်မတို့ရဲ့မိအိုဖအိုတွေကို ပြုစုဖို့တာဝန်ယူစေချင်တယ်” ဟုဆန်ဒရာပြောပြသည်။ “ကျွန်မမှာ မောင်နှမခြောက်ယောက်ရှိပေမဲ့ ဒီတာဝန်ကို အနှစ် ၂၀ ကျော် ကျွန်မပဲယူခဲ့ရတယ်။ ကျွန်မကိုကူညီပေးနိုင်မယ့် ခင်ပွန်းရှိရင် အဆင်ပြေမှာပဲ။”
အထီးကျန်စိတ်ကို ပိုခံစားစေသည့် နောက်ထပ်အကြောင်းရင်းတစ်ခုကို ဖရန့်စစ်ဖော်ပြသည်။ “တစ်ခါတလေ လူတွေက ‘ဘာဖြစ်လို့ အိမ်ထောင်မပြုတာလဲ’ လို့ကျွန်မကို တိုက်ရိုက်မေးကြတယ်။ အဲ့ဒီလိုမေးတော့ ကျွန်မ အပျိုကြီးဖြစ်နေတာ ကျွန်မမှာအမှားရှိလို့လားဆိုပြီး ထင်မှတ်စေတယ်။ ကျွန်မသွားခဲ့တဲ့ မင်္ဂလာဆောင်တိုင်းလိုလိုမှာ တစ်ယောက်ယောက်က ‘ဘယ်တော့ အိမ်ထောင်ပြုမှာလဲ’ ဆိုပြီး ကျွန်မမကြားချင်တဲ့မေးခွန်းကို မေးကြတယ်။ အဲ့ဒီတော့ ကျွန်မတွေးတောမိတာ ‘ဝိညာဉ်ရေးစိတ်ထားရှိတဲ့ ညီအစ်ကိုတွေ ငါ့ကိုစိတ်မဝင်စားတာ ငါ့မှာ ခရစ်ယာန်အရည်အသွေးတွေ မရှိလို့လား၊ ဒါမှမဟုတ် ငါပဲဆွဲဆောင်မှုမရှိလို့လား’” ဟုသူပြောပြသည်။
အထီးကျန်စိတ်ကို မည်သို့အနိုင်ယူနိုင်မည်နည်း။ အခြားသူများ မည်သို့ကူညီပေးနိုင်မည်နည်း။
ယေဟောဝါကို ယုံကြည်အားထားလော့
ဆာလံဆရာက “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်ဆာလံ ၅၅:၂၂) ဟေဗြဲကျမ်း၌ပါရှိသော “ဝန်” ဟူသော စကားလုံးသည် စာသားအရ “ဝေစု” ဟုအဓိပ္ပာယ်ရပြီး ယင်းက ကျွန်ုပ်တို့ဘဝဝေစုကြောင့် ခံစားရမည့် စိုးရိမ်ပူပင်မှုကို ရည်ညွှန်းသည်။ ယေဟောဝါသည် အခြားမည်သူထက်မဆို အဆိုပါဝန်များကို ပိုမိုသိရှိနားလည်ပြီး ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ခွန်အားပေးနိုင်သည်။ အထီးကျန်စိတ်ကို အနိုင်ယူနိုင်ရန် အဲန်ဂျလာအား ထောက်ကူပေးသည့်အရာမှာ ယေဟောဝါဘုရားသခင်ကို ယုံကြည်အားထားခြင်းဖြစ်၏။ သူ၏အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကို ရည်ညွှန်း၍ ဤသို့ပြန်ပြောပြသည်– “ကျွန်မ ရှေ့ဆောင်စလုပ်တုန်းက ကျွန်မအဖော်နဲ့ကျွန်မဟာ အနီးဆုံးအသင်းတော်ကနေ အဝေးကြီးမှာနေကြတယ်။ ယေဟောဝါကို ကျွန်မတို့ လုံးလုံးလျားလျားယုံကြည်အားကိုးတတ်လာကြတယ်၊ ဒီလိုအားကိုးတဲ့အတွက် ကျွန်မဘဝတစ်လျှောက်လုံး အကူအညီရခဲ့တယ်။ ကျွန်မမှာအပျက်သဘောတွေ ပေါ်လာတဲ့အခါ ယေဟောဝါကိုပြောပြတယ်၊ ကိုယ်တော်ကလည်း ကျွန်မကိုကူညီပေးတယ်။ ဆာလံ ၂၃ ကတကယ်နှစ်သိမ့်မှုပေးတယ်၊ အဲ့ဒီကျမ်းပိုဒ်ကို ကျွန်မခဏခဏဖတ်တယ်။”
အမြဲလှုပ်ရှားစေတော်မမူရာ” ဟူ၍ သီချင်းဆို၏။ (တမန်တော်ပေါလုတွင် တစ်မူထူးခြားသော ဝန်ထုပ်တစ်ခုရှိသည်။ သူသည် အနည်းဆုံးသုံးကြိမ်တိုင် ‘ကိုယ်၌စူးသောဆူးနှင့် ကင်းလွတ်မည်အကြောင်း သခင်ဘုရားကို ဆုတောင်း၍ အသနားတော်ခံ’ ခဲ့၏။ ပေါလုကို အံ့ဖွယ်နည်းဖြင့် ကူညီမပေးခဲ့သော်လည်း ဘုရားသခင်၏ မခံစားထိုက်သောကရုဏာက ထောက်မလိမ့်မည်ဟူသော ကတိတော်ကို သူရရှိခဲ့သည်။ (၂ ကောရိန္သု ၁၂:၇-၉) ကျေနပ်ရောင့်ရဲမှု၏ လျှို့ဝှက်ချက်ကိုလည်း ပေါလုတွေ့ရှိခဲ့၏။ နောက်ပိုင်းတွင် သူဤသို့ရေးသားခဲ့သည်– “ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၂၊ ၁၃။
စိတ်ဓာတ်ကျသောအခါ သို့မဟုတ် အထီးကျန်ဖြစ်သောအခါ ဘုရားသခင်ထံမှခွန်အား မည်သို့ရရှိနိုင်သနည်း။ ပေါလု ဤသို့ရေးခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဆန်ဒရာသည် ဤအကြံပြုချက်ကို လိုက်နာကျင့်သုံးခဲ့၏။ “အပျိုဆိုတော့ တစ်ယောက်တည်းနေရတဲ့အချိန် အတော်များတယ်။ အဲဒါကြောင့် ယေဟောဝါကို ဆုတောင်းဖို့ အခွင့်အရေးအများကြီးရတယ်။ ကိုယ်တော်နဲ့ အရမ်းရင်းနှီးတယ်လို့ ကျွန်မခံစားရပြီး ကိုယ်တော်ကို ကျွန်မရဲ့ပြဿနာတွေနဲ့ ပျော်ရွှင်မှုတွေအကြောင်း လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တယ်” ဟုသူပြောပြသည်။ ထို့ပြင် ဖရန့်စစ်က ဤသို့ဆို၏– “ကျွန်မရဲ့အပျက်သဘောထားတွေကို ကျွန်မဘာသာ အစွမ်းကုန်တိုက်ထုတ်ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ခံစားချက်တွေကို ယေဟောဝါရှေ့ တစ်ခုမကျန်ပြောပြရတာ ကျွန်မအတွက် အရမ်းအကျိုးရှိတယ်။ ကျွန်မအတွက်ဝိညာဉ်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးရှိမယ့် ဘယ်အရာကိုမဆို ယေဟောဝါစိတ်ဝင်စားတယ်ဆိုတာ ကျွန်မယုံကြည်စိတ်ချတယ်။”—၁ တိမောသေ ၅:၅။
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်” လော့
ခရစ်ယာန်အသင်းအပင်းတွင် ဝန်ထုပ်များကို တစ်ဦးတည်း ထမ်းရွက်စရာမလိုချေ။ “ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့” ဟူ၍ တမန်တော်ပေါလုတိုက်တွန်းခဲ့၏။ (ဂလာတိ ၆:၂) ခရစ်ယာန်ချင်းများနှင့်ပေါင်းသင်းခြင်းအားဖြင့် အထီးကျန်ဝန်ထုပ်ကို ပေါ့ပါးစေနိုင်သည့် “ကောင်းသောစကား” ဖြစ်သော အားပေးမှုကို ရရှိနိုင်ပါသည်။—သု. ၁၂:၂၅။
ဣသရေလတရားသူကြီး ယေဖသ၏သမီးအကြောင်း ကျမ်းစာပြောဆိုချက်ကိုလည်း စဉ်းစားသုံးသပ်ကြည့်ပါ။ အမ္မုန်ရန်သူတပ်ကို အောင်ပွဲမခံမီ ယေဖသသည် မိမိအားခရီးဦးကြိုအားပေးရန် အိမ်သူအိမ်သားထဲမှ ဦးဆုံးထွက်လာသူကို ယေဟောဝါအား ပေးအပ်မည်ဟု သစ္စာကတိပြုခဲ့သည်။ ထွက်လာသူမှာ သူ၏သမီးပင်ဖြစ်၏။ (တရားသူကြီး ၁၁:၃၀၊ ၃၁၊ ၃၄-၃၆) ယေဖသ၏သမီးသည် တစ်ကိုယ်ရေဘဝဖြင့် မိသားစုရလိုသည့် ပုံမှန်ဆန္ဒကို စွန့်ရမည်ဖြစ်သော်လည်း ဤသစ္စာကတိဝတ်ကို တလိုတလားခံယူ၍ ရှိလောမြို့ရှိ သန့်ရှင်းရာဌာနတွင် တစ်သက်လုံးအမှုထမ်းဆောင်ခဲ့သည်။ သူ၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မမြင်ဘဲနေခဲ့ကြသလော။ ထိုသို့ဖြစ်မည့်အစား၊ “ဣသရေလအမျိုးသမီးတို့သည် ဂိလဒ်အမျိုးသား ယေဖသ၏သမီးကြောင့် တစ်နှစ်တစ်နှစ်လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်းတမ်း [“ချီးမွမ်း၊” ကဘ] ခြင်းငှာ သွားရသောဣသရေလထုံးစံဓလေ့ဖြစ်လေ၏။” (တရားသူကြီး ၁၁:၄၀) မှန်ပါသည်၊ ချီးမွမ်းခြင်းက ချီးမွမ်းခံရသူအတွက် အားပေးမှုဖြစ်နိုင်သည်။ သို့ဖြစ်၍ ချီးမွမ်းခံထိုက်သူများကို မပျက်မကွက်ချီးမွမ်းကြစို့လေ။
ယေရှု၏ပုံသက်သေကို သုံးသပ်ခြင်းသည်လည်း ကောင်းပေ၏။ အမျိုးသမီးများနှင့် အမျိုးသားများစကားပြောဆိုခြင်းသည် ဂျူးထုံးစံမဟုတ်သော်လည်း ယေရှုသည် မာရိနှင့် မာသကို အချိန်ပေးခဲ့သည်။ သူတို့သည် မုဆိုးမများ သို့မဟုတ် အိမ်ထောင်မပြုထားလုကာ ၁၀:၃၈-၄၂) မိတ်ဆုံစားပွဲများသို့ ကျွန်ုပ်တို့၏ တစ်ကိုယ်ရေဝိညာဉ်ရေးညီအစ်မများကို ခေါ်ဖိတ်ခြင်းအားဖြင့်၊ သူတို့နှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းအားဖြင့် ယေရှု၏ပုံသက်သေကို တုပနိုင်သည်။ (ရောမ ၁၂:၁၃) ဤသို့ဂရုစိုက်ခြင်းကို သူတို့ကျေးဇူးတင်လေးမြတ်ကြပါသလော။ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ညီအစ်ကိုတွေက ကျွန်မကို ချစ်ပြီး တန်ဖိုးထားကြတယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကျွန်မကို ပိုပြီးပုဂ္ဂိုလ်ရေးအရ စိတ်ဝင်စားမှုပြကြတာကို ကျွန်မကျေးဇူးတင်တယ်။”
သူများဖြစ်နိုင်ဖွယ်ရှိ၏။ ယေရှုသည် သူတို့နှစ်ဦးစလုံးအား မိမိနှင့် ခင်မင်မှုမှ ဝိညာဉ်ရေးအကျိုးကျေးဇူး ရရှိစေလို၏။ (“ကျွန်မတို့မှာ အိမ်ထောင်မရှိကြတဲ့အတွက် ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေရဲ့ မိသားစုထဲ တစ်ယောက်ပါဝင်တယ်လို့ ကျွန်မတို့ခံစားရဖို့၊ အချစ်ခံရဖို့ ပိုပြီးလိုအပ်ပါတယ်” ဟုဆန်ဒရာကပြောပြသည်။ ယေဟောဝါသည် ဤသို့သောသူများကို ဂရုစိုက်ကြောင်းထင်ရှားသည်၊ သူတို့ကိုလိုအပ်သည်၊ သူတို့ကိုချစ်သည်ဟု သူတို့အားခံစားစေသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရာကျသည်။ (၁ ပေတရု ၅:၆၊ ၇) ဤသို့စိုးရိမ်ပူပန်ခြင်းကို သတိပြုမခံရဘဲ နေမည်မဟုတ်ချေ၊ အကြောင်းမှာ “ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်” ဖြစ်သည်။—သု. ၁၉:၁၇။
“လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်”
အခြားသူများလည်း အကူအညီပေးနိုင်ပြီး သူတို့၏ထောက်ပံ့မှုက အလွန်အားရှိစရာဖြစ်နိုင်သော်လည်း “လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) သို့သော် အထီးကျန်စိတ်၏ဝန်ထုပ်ကို ထမ်းရွက်ရာတွင် သတိပြုစရာအချို့ရှိ၏။ ဥပမာ၊ ကျွန်ုပ်တို့သည် ရေငုံနှုတ်ပိတ်နေမည်ဆိုလျှင် အထီးကျန်စိတ်က ကျွန်ုပ်တို့ကို အနိုင်ယူသွားပေမည်။ တစ်ဖက်တွင်မူ၊ အထီးကျန်စိတ်ကို မေတ္တာဖြင့် ကျွန်ုပ်တို့အနိုင်ယူနိုင်၏။ (၁ ကောရိန္သု ၁၃:၇၊ ၈) ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ရှိနေပါစေ၊ ပေးကမ်းခြင်းနှင့် ခွဲဝေခြင်းတို့သည် ပျော်ရွှင်မှုရရှိရန် အကောင်းဆုံးနည်းဖြစ်သည်။ (တမန်တော် ၂၀:၃၅) အလုပ်ကြိုးစားသော ညီအစ်မတစ်ဦးက “အထီးကျန်တယ်လို့ထင်ဖို့ ကျွန်မမှာ အချိန်မရှိဘူး။ သူတစ်ပါးကိုကူညီပေးရင်း အလုပ်များနေတဲ့အခါ ကျွန်မ အထီးမကျန်တော့ဘူး” ဟုပြောသည်။
အထီးကျန်စိတ်ကြောင့် စိတ်ယူးယဉ်အချစ်ဘက်သို့ ပညာမဲ့စွာယိုင်မသွားရန်လည်း သတိပြုရမည်။ ဥပမာ၊ အိမ်ထောင်ပြုလိုစိတ်ကြောင့် မယုံကြည်သူနှင့် အိမ်ထောင်ပြုခြင်းမှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများစွာနှင့် အထူးသဖြင့် ဤသို့သောထမ်းပိုးကိုမထမ်းရန် ကျမ်းစာဆုံးမစကား၏ဉာဏ်ပညာကို မမြင်နိုင်သည့်အထိဖြစ်သွားခြင်းသည် မည်မျှဝမ်းနည်းစရာပါတကား! (၂ ကောရိန္သု ၆:၁၄) တစ်ခုလပ်ခရစ်ယာန်အမျိုးသမီးတစ်ဦးက “အပျိုကြီးဖြစ်ရတာထက် ပိုဆိုးတာက မဟုတ်တဲ့လူနဲ့ အိမ်ထောင်ပြုမိခြင်းပါပဲ” ဟုဆိုသည်။
မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုကို အနည်းဆုံးတော့ လောလောဆယ်တွင် ခံရပ်ရပေမည်။ ထိုနည်းတူ ဘုရားသခင်၏အကူအညီဖြင့် အထီးကျန်စိတ်ကိုလည်း ခံရပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို ဆက်၍ထမ်းဆောင်နေကြစဉ် တစ်နေ့သောအခါ ကျွန်ုပ်တို့၏လိုအပ်ရာများ အကောင်းဆုံးနည်းဖြင့် ဖြည့်ဆည်းခံရလိမ့်မည်ကို ယုံကြည်စိတ်ချကြပါစို့လေ။—ဆာလံ ၁၄၅:၁၆။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ဖော်ပြထားသော အမျိုးသမီးများ၏အမည်များကို ပြောင်းထားသည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ပေးကမ်းခြင်းနှင့် ဝေမျှခြင်းတို့ ဖြင့် အထီးကျန်စိတ်ကို အနိုင်ယူနိုင်