မိမိ၏အသင်းတော်ကို ခရစ်တော်ဦးဆောင်
မိမိ၏အသင်းတော်ကို ခရစ်တော်ဦးဆောင်
“ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၂၀။
၁၊ ၂။ (က) ရှင်ပြန်ထမြောက်ခဲ့ပြီးသောယေရှုသည် တပည့်ဖြစ်စေခြင်းပညတ်ကို ပေးသောအခါ မိမိ၏နောက်လိုက်များအား အဘယ်ကတိပေးသနည်း။ (ခ) ယေရှုသည် အစောပိုင်းခရစ်ယာန်အသင်းတော်ကို မည်သို့တက်တက်ကြွကြွဦးဆောင်ခဲ့သနည်း။
ကောင်းကင်သို့မတက်ကြွမီ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုခရစ်သည် မိမိ၏တပည့်များရှေ့ ထင်ရှားတော်မူပြီး ဤသို့မိန့်တော်မူခဲ့သည်– “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ . . . ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၃:၁၀; ၂၈:၁၈-၂၀။
၂ ယေရှုသည် မိမိတပည့်တော်များအား တပည့်များတိုးများလာစေပြီး အသက်ကယ်ဆယ်ရေးလုပ်ငန်းကိုထမ်းဆောင်ဖို့ တာဝန်ပေးရုံမက သူတို့နှင့်အတူ ရှိတော်မူမည်ဟူ၍လည်း ကတိပေးတော်မူခဲ့၏။ ခရစ်တော်သည် တည်ထောင်စအသင်းတော်ကိုဦးဆောင်ရန် ကိုယ်တော်အား ပေးအပ်ထားသောတန်ခိုးအာဏာကို အသုံးပြုခဲ့ကြောင်း တမန်တော်ဝတ္ထုတွင် မှတ်တမ်းတင်ထားသည့် အစောပိုင်းခရစ်ယာန်များ၏သမိုင်းက သက်သေထူ၏။ ကိုယ်တော်သည် မိမိ၏နောက်လိုက်များကို ခွန်အားရှိစေပြီး သူတို့၏ကြိုးပမ်းမှုများကိုညွှန်ကြားရန် ကတိထားတော်မူခဲ့သည့် “အကူအညီ၊” [ကဘ] တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူခဲ့သည်။ (ယောဟန် ၁၆:၇; တမန်တော် ၂:၄၊ ၃၃; ၁၃:၂-၄; ၁၆:၆-၁၀) ရှင်ပြန်ထမြောက်ပြီးသော ယေရှုသည် တပည့်တော်များကို ထောက်ပံ့ကူညီပေးရန် မိမိ၏ကွပ်ကဲမှုအောက်ရှိ ကောင်းကင်တမန်များကို အသုံးပြုတော်မူခဲ့သည်။ (တမန်တော် ၅:၁၉; ၈:၂၆; ၁၀:၃-၈၊ ၂၂; ၁၂:၇-၁၁; ၂၇:၂၃၊ ၂၄; ၁ ပေတရု ၃:၂၂) ထိုထက်ကား အရည်အချင်းရှိအမျိုးသားများကို အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ရန်စီစဉ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ခေါင်းဆောင်သည် အသင်းတော်ကို ညွှန်ကြားတော်မူ၏။—တမန်တော် ၁:၂၀၊ ၂၄-၂၆; ၆:၁-၆; ၈:၅၊ ၁၄-၁၇။
၃။ ဤဆောင်းပါးတွင် အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။
၃ သို့သော် ကျွန်ုပ်တို့၏အချိန် “အစီအစဉ်စနစ်ဆုံးခန်း၊” [ကဘ] နှင့်ပတ်သက်၍ကော အသို့နည်း။ ယနေ့ ခရစ်ယာန်အသင်းတော်ကို ယေရှုခရစ် မည်သို့ဦးဆောင်နေသနည်း။ ထို့ပြင် ဤခေါင်းဆောင်မှုကို ကျွန်ုပ်တို့လက်ခံကြောင်း မည်သို့ပြသနိုင်ကြသနည်း။
သခင်၌ သစ္စာရှိကျေးကျွန်တစ်ဦးရှိ
၄။ (က) ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ တွင်မည်သူတို့ပါဝင်သနည်း။ (ခ) သခင်သည် အဆိုပါကျေးကျွန်အား အဘယ်အရာကိုဂရုစိုက်ရန် လွှဲအပ်ထားတော်မူသနည်း။
၄ ကိုယ်တော်ရောက်ရှိခြင်းနိမိတ်နှင့်ပတ်သက်၍ ပရောဖက်ပြုမဿဲ ၂၄:၄၅-၄၇) ထို “သခင်” ကား ကျွန်ုပ်တို့၏ခေါင်းဆောင် ယေရှုခရစ်ဖြစ်ပြီး ကိုယ်တော်၏မြေကြီးဆိုင်ရာ အကျိုးစီးပွားမှန်သမျှကို ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ဖြစ်သည့် ကမ္ဘာပေါ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်အဖွဲ့အား အပ်ထားတော်မူပြီ။
ချက်ပေးရာတွင် ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကားအဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။” (၅၊ ၆။ (က) တမန်တော်ယောဟန်ရရှိသော အဆင်းအာရုံတစ်ခုတွင် “ရွှေမီးခုံခုနစ်ခုံ” နှင့် “ကြယ်ခုနစ်လုံး” က အဘယ်အရာကိုပုံဖော်သနည်း။ (ခ) ယေရှု၏လက်ယာလက်တော်၌ “ကြယ်ခုနစ်လုံး” ရှိခြင်းကား အဘယ်အရာကို ရည်ညွှန်းသနည်း။
၅ သစ္စာနှင့်သတိပညာရှိကျေးကျွန်သည် ယေရှုခရစ်၏ တိုက်ရိုက်ချုပ်ကိုင်လမ်းညွှန်မှုအောက်ရှိကြောင်း ဗျာဒိတ်ကျမ်းကဖော်ပြသည်။ “သခင့်နေ့တော်” နှင့်ပတ်သက်သောအဆင်းအာရုံတွင် တမန်တော်ယောဟန်သည် “ရွှေမီးခုံခုနစ်ခုံကိုလည်းကောင်း၊ ထိုမီးခုံများအလယ်၌ လူသားနှင့်တူသောသူတစ်ဦး” သည် “လက်ယာလက်တော်၌ ကြယ်ခုနစ်လုံးကို ကိုင်လျက်ရှိ” ကြောင်း မြင်တွေ့ခဲ့သည်။ ယောဟန်အား အဆိုပါအဆင်းအာရုံကိုရှင်းပြရာ၌ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “သင်မြင်ရသော ငါ့လက်ယာလက်ပေါ်မှကြယ်ခုနစ်လုံးနှင့် ရွှေမီးခုံခုနစ်ခုံတို့၏ မြင့်မြတ်သောလျှို့ဝှက်ချက်ဟူမူကား ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များကိုဆိုလိုပြီး မီးခုံခုနစ်ခုံမှာ အသင်းတော်ခုနစ်ပါးကိုဆိုလိုသည်။”—ဗျာဒိတ် ၁:၁၊ ၁၀-၂၀၊ ကဘ။
၆ “ရွှေမီးခုံခုနစ်ခုံ” မှာ ၁၉၁၄ ခုနှစ်၌ စတင်ခဲ့သည့် “သခင့်နေ့တော်” အတွင်းတည်ရှိနေသော စစ်မှန်သောခရစ်ယာန်အသင်းတော်အားလုံးကို ပုံဖော်သည်။ သို့သော် “ကြယ်ခုနစ်လုံး” ကား အဘယ်နည်း။ ဦးဆုံးအနေဖြင့် ၎င်းတို့သည် ပထမရာစုရှိအသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ရသည့် ဝိညာဉ်တော်ဖွား၊ ခန့်အပ်ခံကြီးကြပ်မှူးအားလုံးကို ပုံဆောင်၏။ * ဤကြီးကြပ်မှူးများသည် ယေရှု၏လက်ယာလက်တော်၊ ကိုယ်တော်၏ ချုပ်ကိုင်လမ်းညွှန်မှုအောက်၌ရှိကြသည်။ မှန်ပါသည်၊ ခရစ်တော်ယေရှုသည် အဆိုပါ စုပေါင်းကျေးကျွန်အတန်းအစားကို ဦးဆောင်သည်။ သို့သော် ယခု ဝိညာဉ်တော်ဖွားကြီးကြပ်မှူးများ၏ အရေအတွက်သည် အနည်းငယ်သာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၉၃,၀၀၀ ကျော်သည် ခရစ်တော်၏ခေါင်းဆောင်မှုကို မည်သို့ခံကြရသနည်း။
၇။ (က) ကမ္ဘာတစ်ဝန်းရှိအသင်းတော်များကိုဦးဆောင်ရန် အုပ်ချုပ်ရေးအဖွဲ့ကို ယေရှုမည်သို့အသုံးပြုသနည်း။ (ခ) ခရစ်ယာန်ကြီးကြပ်မှူးများသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံရသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၇ ပထမရာစု၌ကဲ့သို့ပင် ဝိညာဉ်တော်ဖွားကြီးကြပ်မှူးများထဲမှ အရည်အချင်းပြည့်မီသောအမျိုးသားအနည်းစုသည် ယခု အုပ်ချုပ်ရေးအဖွဲ့အဖြစ် တာဝန်ထမ်းဆောင်နေပြီး ၎င်းသည် သစ္စာနှင့်သတိပညာရှိစုပေါင်းကျေးကျွန်ကို ကိုယ်စားပြု၏။ ကျွန်ုပ်တို့၏ခေါင်းဆောင်သည် ဤအုပ်ချုပ်ရေးအဖွဲ့ကို အသုံးပြု၍ ဒေသခံအသင်းတော်များတွင် ဝိညာဉ်တော်ဖွားဖြစ်စေ၊ မဖြစ်စေ အရည်အချင်းပြည့်မီသော အမျိုးသားများကို အကြီးအကဲများအဖြစ် ခန့်အပ်လေသည်။ ယင်းနှင့်ပတ်သက်၍ ယေရှုအား ယေဟောဝါအသုံးပြုခွင့်ပေးထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ (တမန်တော် ၂:၃၂၊ ၃၃) ဦးဆုံးအနေနှင့် ဤကြီးကြပ်မှူးများသည် သန့်ရှင်းသောဝိညာဉ်တော် မှုတ်သွင်းခြင်းကြောင့်ပေါ်ထွက်လာသည့် သမ္မာကျမ်းစာ၌ ချမှတ်ထားသောတောင်းဆိုချက်များကို ပြည့်မီကြရမည်ဖြစ်၏။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉; ၂ ပေတရု ၁:၂၀၊ ၂၁) အဆိုပါထောက်ခံချက်များနှင့် ခန့်အပ်ချက်များကို ဆုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုအတိုင်း ပြုလုပ်ကြသည်။ ထို့အပြင် ခန့်အပ်ခံရသူများသည် အဆိုပါဝိညာဉ်တော်၏အသီးများ သီးပွင့်ဖြစ်ထွန်းကြောင်း သက်သေထူကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုအခါ ပေါလု၏ ဤဆုံးမစကားသည် ဝိညာဉ်တော်ဖွားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အကြီးအကဲအားလုံးနှင့် သက်ဆိုင်လေသည်– “သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရကြလော့။ . . . သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရကြလော့။” (တမန်တော် ၂၀:၂၈) ဤခန့်အပ်ခံအမျိုးသားများသည် အုပ်ချုပ်ရေးအဖွဲ့ထံမှ ညွှန်ကြားချက်ရရှိကြပြီး အသင်းတော်ကိုစေတနာစိတ်ဖြင့် ထိန်းကျောင်းပေးကြသည်။ ဤနည်းဖြင့် ခရစ်တော်သည် ယခု ကျွန်ုပ်တို့နှင့်အတူရှိတော်မူပြီး အသင်းတော်ကို တက်တက်ကြွကြွဦးဆောင်လျက်ရှိ၏။
၈။ ခရစ်တော်သည် မိမိ၏နောက်လိုက်များကို ဦးဆောင်ရန် ကောင်းကင်တမန်များကို မည်သို့အသုံးပြုတော်မူသနည်း။
၈ ယေရှုသည် ယနေ့ မိမိ၏နောက်လိုက်များကိုဦးဆောင်ရန် စင်စစ်ကောင်းကင်တမန်များကိုလည်း အသုံးပြုတော်မူ၏။ ဂျုံစပါးနှင့် တောပင် ပုံဥပမာအရ ရိတ်သိမ်းချိန်သည် “ဤကမ္ဘာအဆုံး၌” ရောက်ရှိလာလိမ့်မည်။ သခင်သည် မည်သူ့ကိုရိတ်သိမ်းစေတော်မူမည်နည်း။မဿဲ ၁၃:၃၇-၄၁) ထို့ပြင် အဲသယောပိအမတ်ကိုရှာတွေ့ရန် ဖိလိပ္ပုအား ကောင်းကင်တမန်တစ်ပါးက ညွှန်ကြားခဲ့သကဲ့သို့ ယနေ့ စိတ်နှလုံးရိုးဖြောင့်သူများကို ရှာဖွေရာ၌ စစ်မှန်သောခရစ်ယာန်များ၏လုပ်ငန်းကို ညွှန်ကြားပေးရန် ကောင်းကင်တမန်များအား ခရစ်တော်အသုံးပြုကြောင်း သက်သေသာဓကမြောက်မြားစွာရှိ၏။—တမန်တော် ၈:၂၆၊ ၂၇; ဗျာဒိတ် ၁၄:၆။
“စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏” ဟုယေရှုမိန့်တော်မူပြီး ဤသို့ထပ်ဆင့်ဆိုသည်– “လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသောအမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်” လေသည်။ (၉။ (က) ခရစ်တော်သည် ယနေ့ ခရစ်ယာန်အသင်းတော်ကို အဘယ်နည်းဖြင့်ဦးဆောင်သနည်း။ (ခ) ခရစ်တော်၏ဦးဆောင်မှုမှ ကျွန်ုပ်တို့အကျိုးကျေးဇူးခံစားရလိုလျှင် အဘယ်မေးခွန်းကို သုံးသပ်သင့်သနည်း။
၉ ယနေ့ ယေရှုခရစ်သည် အုပ်ချုပ်ရေးအဖွဲ့၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကောင်းကင်တမန်များမှတစ်ဆင့် မိမိတပည့်တော်များကို ခေါင်းဆောင်နေကြောင်း သိထားရခြင်းက မည်မျှစိတ်လန်းဆန်းမှု ဖြစ်စေသည်တကား! ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူအချို့သည် နှိပ်စက်ညှဉ်းပန်းမှု သို့မဟုတ် ထိုကဲ့သို့သောအကြောင်းများကြောင့် အုပ်ချုပ်ရေးအဖွဲ့နှင့် အခိုက်အတန့်အဆက်ပြတ်သွားသည့်တိုင် ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ကောင်းကင်တမန်များ၏ ထောက်ပံ့ကူညီမှုအားဖြင့်လည်းကောင်း ဆက်ဦးဆောင်ပေးပေလိမ့်မည်။ သို့သော် ကိုယ်တော်၏ခေါင်းဆောင်မှုကို ကျွန်ုပ်တို့လက်ခံမှသာလျှင် ယင်း၏အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။ ခရစ်တော်၏ဦးဆောင်မှုကို ကျွန်ုပ်တို့လက်ခံကြောင်း မည်သို့ဖော်ပြကြမည်နည်း။
“နာခံ၍ လက်အောက်ခံလျက်နေကြလော့”
၁၀။ အသင်းတော်တွင် ခန့်အပ်ခံရသောအကြီးအကဲများကို လေးစားကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
၁၀ ကျွန်ုပ်တို့၏ခေါင်းဆောင်သည် အသင်းတော်ကို “လူ့အသွင်ဆုလာဘ်များ၊” [ကဘ] ပေးသနားတော်မူပြီး “အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။” (ဧဖက် ၄:၈၊ ၁၁၊ ၁၂) ခရစ်တော်၏ခေါင်းဆောင်မှုကို ကျွန်ုပ်တို့လက်ခံ၊ လက်မခံကြောင်း ကျွန်ုပ်တို့၏သဘောထားနှင့် အပြုအမူတို့က များစွာထင်ရှားစေသည်။ ထို့ကြောင့် ခရစ်တော်ပေးအပ်ထားတော်မူသော ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီသူတို့အတွက် ကျွန်ုပ်တို့ ‘ကျေးဇူးတင်’ သင့်ပေ၏။ (ကောလောသဲ ၃:၁၅) ကျွန်ုပ်တို့၏လေးစားမှုကိုလည်း သူတို့ခံထိုက်သည်။ “ကောင်းမွန်စွာအုပ်သောသင်းအုပ် . . . တို့သည် နှစ်ဆသောရိုသေသမှုကိုခံထိုက်သောသူဖြစ်သည်” ဟု တမန်တော်ပေါလုရေးသားခဲ့သည်။ (၁ တိမောသေ ၅:၁၇၊ သမ္မာ) အသင်းတော်ရှိ အသက်ကြီးသူများ၊ အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများကို ကျွန်ုပ်တို့ကျေးဇူးတင်၍ လေးမြတ်ကြောင်း မည်သို့ဖော်ပြနိုင်သနည်း။ ပေါလုက ဤသို့အဖြေပေးသည်– “သင်တို့ကိုဦးဆောင်သောသူတို့ကိုနာခံ၍ လက်အောက်ခံလျက်နေကြလော့။” (ဟေဗြဲ ၁၃:၁၇၊ ကဘ) မှန်ပါသည်၊ သူတို့ကို ကျွန်ုပ်တို့စိတ်လိုကိုယ်လျောက်နာခံမှုပြပြီး လက်အောက်ခံကြရမည်ဖြစ်သည်။
၁၁။ အကြီးအကဲအစီအစဉ်ကို လေးစားခြင်းသည် ကျွန်ုပ်တို့၏နှစ်ခြင်းနှင့်အညီ နေထိုင်ခြင်းကိစ္စ အဘယ်ကြောင့်ဖြစ်သနည်း။
၁၁ ကျွန်ုပ်တို့၏ခေါင်းဆောင်သည် စုံလင်၏။ ဆုလာဘ်များအဖြစ် ကိုယ်တော်ပေးထားတော်မူသောသူတို့မူကား မစုံလင်ကြချေ။ သို့ဖြစ်၍ တစ်ခါတစ်ရံ မှားကြပေမည်။ သို့တိုင် ခရစ်တော်၏အစီအစဉ်ကို ကျွန်ုပ်တို့ဆက်သစ္စာရှိနေဖို့ အရေးကြီးသည်။ အမှန်မှာ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းနှင့်အညီ အသက်ရှင်နေထိုင်ရန် အသင်းတော်တွင် ဝိညာဉ်တော်ဖြင့် တရားဝင်ခန့်အပ်ခံရသော အခွင့်အာဏာကို အသိအမှတ်ပြုကာ ယင်းကို တလိုတလားလက်အောက်ခံရမည်ဖြစ်၏။ “သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌” ကျွန်ုပ်တို့နှစ်ခြင်းခံခဲ့ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကိုလည်းကောင်း၊ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များတွင် ၎င်း၏အခန်းကဏ္ဍကိုလည်းကောင်း အသိအမှတ်ပြုဝန်ခံကြောင်း လူသိရှင်ကြားကြေညာခြင်းဖြစ်သည်။ (မဿဲ ၂၈:၁၉) ထိုသို့နှစ်ခြင်းခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့် ပူးပေါင်းဆောင်ရွက်ပြီး ခရစ်တော်၏နောက်လိုက်များအတွင်း ယင်း၏လုပ်ဆောင်မှုကို အဘယ်နည်းဖြင့်မျှ မတားဆီးမိရန်လိုသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အကြီးအကဲများကို ထောက်ခံခြင်း၊ ခန့်အပ်ခြင်းနှင့်ပတ်သက်၍ အရေးပါသည့်အခန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်သောကြောင့် အကြီးအကဲအစီအစဉ်နှင့်စပ်လျဉ်း၍ အသင်းတော်တွင် ပူးပေါင်းဆောင်ရွက်ရန်ပျက်ကွက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံခြင်းကို အမှန်ပင်သစ္စာစောင့်သိရာကျနိုင်မည်လော။
၁၂။ အခွင့်အာဏာရှိသူတို့ကို မလေးစားခြင်းနှင့်ပတ်သက်၍ အဘယ်ပုံနမူနာများကို ယုဒကိုးကားဖော်ပြခဲ့သနည်း၊ ၎င်းတို့က ကျွန်ုပ်တို့အား အဘယ်အရာသွန်သင်ပေးသနည်း။
၁၂ ကျမ်းစာတွင် နာခံခြင်းနှင့် လက်အောက်ခံခြင်း၏တန်ဖိုးကို သွန်သင်ပေးသည့်ပုံနမူနာများစွာပါရှိသည်။ အသင်းတော်တွင်ရှိသော ခန့်အပ်ခံအကြီးအကဲများကို ရင့်သီးစွာပြောဆိုခဲ့ကြသူများနှင့်စပ်လျဉ်း၍ တပည့်တော်ယုဒက သတိပေးချက်သုံးခုကို ဤသို့ထောက်ပြခဲ့သည်– “သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကာဣနနောက်သို့လိုက်ကြ၏။ အခကိုရခြင်းငှာ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက်ကြ၏။” (ယုဒ ၁၁) ကာဣနသည် ယေဟောဝါ၏မေတ္တာပါသောဆုံးမစကားကို လျစ်လျူရှုကာ မုန်းတီးစွာသတ်ဖြတ်သည့်လမ်းစဉ်ကို တမင်တကာလိုက်လျှောက်ခဲ့သည်။ (ကမ္ဘာဦး ၄:၄-၈) ဘုရားသခင့်သတိပေးချက်များကို ထပ်ခါထပ်ခါရရှိသည့်ကြားမှ ဗာလမ်သည် ဆုငွေရရန် ဘုရားသခင့်လူတို့ကို ကျိန်စာတိုက်ဖို့ကြိုးစားခဲ့၏။ (တောလည်ရာ ၂၂:၅-၂၈၊ ၃၂-၃၄; တရားဟောရာ ၂၃:၅) ကောရသည်လည်း ဣသရေလလူမျိုးအလယ်တွင် အလွန်ကောင်းသောတာဝန်ကို ရရှိထားသော်လည်း သူ့အတွက် ၎င်းသည် ကျေနပ်တင်းတိမ်ခြင်းမရှိခဲ့ပေ။ သူသည် ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးသောလူသားဖြစ်သူ မောရှေကို ပုန်ကန်ဖို့နှိုးဆော်ပေးခဲ့သည်။ (တောလည်ရာ ၁၂:၃; ၁၆:၁-၃၊ ၃၂၊ ၃၃) ကာဣန၊ ဗာလမ်နှင့် ကောရတို့အပေါ် ဘေးဆိုးဆိုက်ရောက်ခဲ့၏။ ဤပုံနမူနာများက ယေဟောဝါအသုံးပြုတော်မူသော တာဝန်ရရှိထားသူများ၏သွန်သင်ချက်ကို နားထောင်ရန်နှင့် သူတို့ကိုလေးစားရန် ကျွန်ုပ်တို့အား ကွက်ကွက်ကွင်းကွင်း သင်ကြားပေးသည်တကား!
၁၃။ အကြီးအကဲအစီအစဉ်ကို လက်အောက်ခံသူတို့ အဘယ်ကောင်းချီးများခံစားရမည်အကြောင်း ပရောဖက်ဟေရှာယ တင်ကူးမိန့်တော်မူခဲ့သနည်း။
၁၃ ခရစ်ယာန်အသင်းတော်တွင် ကျွန်ုပ်တို့၏ခေါင်းဆောင် တည်ထောင်ထားသည့် ကြီးကြပ်ခြင်းအစီအစဉ်မြတ်၏ အကျိုးကျေးဇူးကို မခံစားလိုသူ မည်သူရှိမည်နည်း။ ပရောဖက်ဟေရှာယက ယင်း၏ကောင်းချီးများကို ဤသို့တင်ကူးပြောဆိုခဲ့သည်– “ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသောရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။ မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်။ ထိုမင်းတို့သည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌စီးသော ချောင်းရေကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်ဟေရှာယ ၃၂:၁၊ ၂) အကြီးအကဲတစ်ဦးချင်းစီသည် ဤကဲ့သို့သောကာကွယ်မှုနှင့် လုံခြုံရာ “အရပ်” ဖြစ်ရပေမည်။ ကျွန်ုပ်တို့သည် အခွင့်အာဏာကို လက်အောက်ခံရန် ခက်ခဲလျှင် အသင်းတော်တွင် ဘုရားသခင်ခန့်အပ်ထားသော အခွင့်အာဏာရရှိသူများ၏စကားကိုနာခံပြီး လက်အောက်ခံနိုင်ကြဖို့ ဆုတောင်းကြပါစို့။
မည်။” (ခရစ်တော်၏ခေါင်းဆောင်မှုကို အကြီးအကဲများ လက်အောက်ခံပုံ
၁၄၊ ၁၅။ အသင်းတော်တွင် ဦးဆောင်သူတို့သည် ခရစ်တော်၏ခေါင်းဆောင်မှုကို လက်အောက်ခံကြောင်း မည်သို့ပြသကြသနည်း။
၁၄ ခရစ်ယာန်တိုင်းသည် ခရစ်တော်၏ခေါင်းဆောင်မှု၊ အထူးသဖြင့် အကြီးအကဲများ၏ခေါင်းဆောင်မှုကို လက်အောက်ခံကြရမည်။ ကြီးကြပ်မှူးများ သို့မဟုတ် အကြီးအကဲများသည် အသင်းတော်တွင် အထိုက်အလျောက် အခွင့်အာဏာရှိကြ၏။ သို့သော် သူတို့သည် ယုံကြည်သူချင်းတို့၏ဘဝအသက်တာကို ထိန်းချုပ်ရန်ကြိုးပမ်းခြင်းအားဖြင့် ‘သူတို့၏ယုံကြည်ခြင်းကို အစိုးရ’ ဖို့ အားထုတ်ကြမည်မဟုတ်ချေ။ (၂ ကောရိန္သု ၁:၂၄) အကြီးအကဲတို့သည် ယေရှု၏ ဤမိန့်တော်မူချက်ကို နှလုံးသွင်းကြသည်– “သင်တို့သိသည်အတိုင်း လော[က]မင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။” (မဿဲ ၂၀:၂၅-၂၇) အကြီးအကဲတို့သည် တာဝန်ကျေပွန်ဖို့ကြိုးစားကြစဉ် စိတ်ရင်းမှန်ဖြင့် သူတစ်ပါးအစေကိုခံကြ၏။
၁၅ ခရစ်ယာန်များသည် ဤသို့တိုက်တွန်းခံရ၏– “သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ . . . သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။” (ဟေဗြဲ ၁၃:၇) အကြီးအကဲများသည် ဦးစီးဦးဆောင်သူများဖြစ်သောကြောင့် ဤသို့တောင်းဆိုခံရခြင်းမဟုတ်ပေ။ ယေရှုက “သင်တို့တွင် မေရှိယ [“ခရစ်တော်၊” ကဘ] တည်းဟူသောခေါင်းဆောင်တစ်ပါးတည်းရှိ၏” ဟုမိန့်တော်မူ၏။ (မဿဲ ၂၃:၁၀၊ သတင်းကောင်း) အကြီးအကဲများသည် ကျွန်ုပ်တို့၏ခေါင်းဆောင်အစစ်အမှန်၊ ခရစ်တော်ကို တုပသူများဖြစ်သောကြောင့် သူတို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့တုပကြရမည်ဖြစ်သည်။ (၁ ကောရိန္သု ၁၁:၁) အသင်းတော်ရှိ အခြားသူတို့နှင့် သူတို့ဆက်ဆံရာတွင် ခရစ်တော်ကဲ့သို့ အကြီးအကဲများ ကြိုးစားပြုမူကြသည့် နည်းလမ်းအချို့ကို သုံးသပ်ကြည့်ကြပါစို့။
၁၆။ ယေရှုသည် အခွင့်အာဏာရရှိထားသော်လည်း မိမိ၏နောက်လိုက်များကို မည်သို့ဆက်ဆံတော်မူခဲ့သနည်း။
၁၆ ယေရှုသည် မစုံလင်သောလူသားများထက် အဘက်ဘက်တွင် သာလွန်တော်မူပြီး ကိုယ်တော်၏ခမည်းတော်ထံမှ ပြိုင်ဘက်ကင်းသော အခွင့်အာဏာကို ရရှိထားသော်လည်း တပည့်တော်များနှင့် ဆက်ဆံရာတွင် ကျိုးနွံမှုရှိခဲ့သည်။ ကိုယ်တော်သည် မိမိ၏အသိပညာကို အထင်ကြီးစေရန် တရားတော်ကြားနာသူတို့ကို လွှမ်းမိုးဖို့မကြိုးစားခဲ့ပါ။ ယေရှုသည် တပည့်များအပေါ် အထူးသိနားလည်မှုပြ၍ စာနာထောက်ထားခဲ့ပြီး သူတို့၏လိုအပ်ရာများကို ထည့်တွက်စဉ်းစားပေးတော်မူခဲ့သည်။ (မဿဲ ၁၅:၃၂; ၂၆:၄၀၊ ၄၁; မာကု ၆:၃၁) တပည့်တော်များ ပေးဆက်နိုင်သည်ထက် တောင်းဆိုခြင်း တစ်ခါမျှမရှိခဲ့ပါ၊ သူတို့ခံယူနိုင်သည်ထက်ပို၍လည်း တစ်ခါမျှဝန်မတင်ခဲ့ချေ။ (ယောဟန် ၁၆:၁၂) ယေရှုတွင် “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။” ထို့ကြောင့် ကိုယ်တော်နှင့်ပေါင်းသင်းရခြင်းသည် အားတက်စေ၏ဟု လူအများခံစားကြရသည်မှာ အံ့အားသင့်စရာမဟုတ်ပေ!—မဿဲ ၁၁:၂၈-၃၀၊ ကဘ။
၁၇။ အသင်းတော်ရှိ အခြားသူတို့နှင့်ပေါင်းသင်းဆက်ဆံရာတွင် ခရစ်တော်နည်းတူ ကျိုးနွံမှုကို အကြီးအကဲများမည်သို့တင်ပြသင့်သနည်း။
၁၇ ခေါင်းဆောင်ဖြစ်သူ ခရစ်တော်သည် ကျိုးနွံမှုတင်ပြခဲ့သည်ဆိုလျှင် အသင်းတော်တွင် ဦးဆောင်ခွင့်ရသူတို့သည် သာ၍ပင်ကျိုးနွံမှု တင်ပြသင့်သည်တကား! မှန်ပါသည်၊ သူတို့အား အပ်နှင်းထားသည့် မည်သည့်အခွင့်အာဏာကိုမဆို တလွဲအသုံးမပြုမိစေရန် သူတို့ဂရုစိုက်ကြသည်။ ထို့အပြင် အထင်ကြီးခံရရန် သူတို့သည် ‘စကားကြီးစကားကျယ်နှင့် မလာ’ ကြပါ။ (၁ ကောရိန္သု ၂:၁၊ ၂၊ ကဘ) ယင်းအစား သူတို့သည် သမ္မာကျမ်းစာမှအမှန်တရားကို ရိုးရိုးရှင်းရှင်း၊ စိတ်ရင်းသဘောမှန်နှင့်ပြောဆိုရန် ကြိုးစားအားထုတ်ကြသည်။ ထိုမျှမက အကြီးအကဲများသည် လူတို့ထံမှ တော်ရုံသင့်ရုံမျှော်လင့်၍ သူတို့လိုအပ်ရာများကို ထည့်တွက်စာနာပေးရန် ကြိုးစားကြသည်။ (ဖိလိပ္ပိ ၄:၅) လူတိုင်း ကန့်သတ်ချက်များရှိကြောင်းကို အသိအမှတ်ပြုပြီး ညီအစ်ကိုများအပေါ် မေတ္တာရှိရှိ ခွင့်လွှတ်တန်ခွင့်လွှတ်ပေလိမ့်မည်။ (၁ ပေတရု ၄:၈) ထို့ပြင် နှိမ့်ချ၍ နူးညံ့သိမ်မွေ့သောသဘောထားရှိသူ အကြီးအကဲများသည် အမှန်တကယ်ပင် အားတက်စေသည်မဟုတ်ပေလော။ အမှန်ပင်ဖြစ်သည်။
၁၈။ ကလေးများနှင့် ယေရှုဆက်ဆံပုံမှ အကြီးအကဲများ အဘယ်အရာကိုသင်ယူနိုင်သနည်း။
၁၈ ယေရှုသည် ချဉ်းကပ်ရလွယ်ကူသူဖြစ်၏၊ သိမ်ငယ်သူတို့ပင်မာကု ၁၀:၁၃-၁၆) ယေရှုသည် အလွန်ချစ်ခင်ကြင်နာတတ်သူဖြစ်ရာ လူတို့သည် ကိုယ်တော့်ထံ ချဉ်းကပ်လိုကြသည်။ ကိုယ်တော်ကို လူတို့မကြောက်ကြပါ။ ကလေးသူငယ်များပင် ကိုယ်တော်နှင့်အနေရမကျပ်ချေ။ အကြီးအကဲများသည်လည်း ချဉ်းကပ်ရလွယ်ကူသူများဖြစ်ကြပြီး သူတို့သည် ချစ်ခင်စုံမက်သောသဘော၊ သနားကြင်နာမှု တင်ပြကြစဉ် ကလေးများသာမက အခြားသူတို့ပင် အကြီးအကဲတို့နှင့်အနေရမကျပ်ကြပါ။
ကိုယ်တော့်ထံချဉ်းကပ်ဝံ့ကြသည်။ လူတို့သည် ‘သူငယ်တို့ကို အထံတော်သို့ဆောင်ခဲ့’ ကြရာ တပည့်တော်များက ဆီးတားသောအခါ ကိုယ်တော်၏တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ “ထိုသူငယ်တို့ကို ငါ့ထံသို့ လာပါလေစေ။ မဆီးတားကြနှင့်။” ထို့နောက် “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။” (၁၉။ “ခရစ်တော်၏စိတ်” ရှိခြင်းတွင် အဘယ်အရာအကျုံးဝင်သနည်း၊ ဤတွင် အဘယ်ကြိုးပမ်းအားထုတ်မှုလိုသနည်း။
၁၉ ခရစ်တော်ယေရှုကို အကြီးအကဲများ တုပနိုင်သည့်အတိုင်းအတာမှာ ကိုယ်တော်အား သူတို့ မည်မျှအကျွမ်းဝင်သိထားခြင်းအပေါ်မူတည်သည်။ “ထိုလူကိုသွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း” ဟုတမန်တော်ပေါလုမေးခဲ့သည်။ ထို့နောက် ဆက်၍ “ငါတို့မူကား ခရစ်တော်၏စိတ်ကိုခံရကြ၏” ဟုသူပြောခဲ့သည်။ (၁ ကောရိန္သု ၂:၁၆) ခရစ်တော်၏စိတ်ထားရှိသည်ဟုဆိုရာတွင် ကိုယ်တော်စဉ်းစားတွေးခေါ်ပုံနှင့် ကိုယ်တော်၏ကိုယ်ရည်ကိုယ်သွေးကို အပြည့်အစုံသိရှိထားရာ အခြေအနေတစ်မျိုးတစ်မည်၌ ကိုယ်တော် မည်သို့ပြုလုပ်မည်ကို ကျွန်ုပ်တို့သိထားခြင်းပါဝင်သည်။ ကျွန်ုပ်တို့၏ခေါင်းဆောင်အား ထိုမျှကောင်းစွာသိကျွမ်းနိုင်သည်တကား! မှန်ပါသည်၊ ယင်းသို့သိကျွမ်းနိုင်ဖို့ ခရစ်ဝင်ကျမ်းမှတ်တမ်းများကို အာရုံစူးစိုက်၍ ကျွန်ုပ်တို့၏စိတ်ထဲတွင် ယေရှု၏ဘဝနှင့် စံနမူနာကို နားလည်သဘောပေါက်စွာဖြင့် ပုံမှန် ဖြည့်ထားရန်လိုသည်။ အကြီးအကဲများသည် ထိုအတိုင်းအတာအထိ ခရစ်တော်၏ခေါင်းဆောင်မှုနောက် ကြိုးစားအားထုတ်ကြလျှင် အသင်းတော်တွင်ရှိသူတို့သည် သူတို့၏ယုံကြည်ခြင်းကိုတုပရန် ပိုမိုတလိုတလားရှိလာကြပေမည်။ ထို့အပြင် အကြီးအကဲများသည် ခေါင်းဆောင်၏ခြေရာကို အခြားသူတို့ ရွှင်လန်းအားရစွာ လိုက်လျှောက်ကြခြင်းကို တွေ့ မြင်ကြရသည့်ကျေနပ်မှုရရှိကြ၏။
ခရစ်တော်၏ခေါင်းဆောင်မှုအောက် ဆက်နေပါ
၂၀၊ ၂၁။ ကတိထားရာကမ္ဘာသစ်သို့ မျှော်ကြည့်စဉ် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကား အဘယ်သို့ဖြစ်သင့်သနည်း။
၂၀ ခရစ်တော်၏ခေါင်းဆောင်မှုအောက် ကျွန်ုပ်တို့အားလုံး ဆက်ရှိနေကြရန် အရေးကြီးသည်။ ဤအစီအစဉ်စနစ်၏ဆုံးခန်း နီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏အခြေအနေသည် ဘီ.စီ.အီး. ၁၄၇၃ တွင် မောဘလွင်ပြင်၌ရှိသော ဣသရေလလူတို့၏အခြေအနေနှင့်တူညီသည်။ သူတို့သည် ကတိထားရာပြည်တော်၏အဝင်ဝတွင် ရောက်ရှိနေကြပြီး ပရောဖက်မောရှေမှတစ်ဆင့် ဘုရားသခင် ဤသို့ကြွေးကြော်ခဲ့သည်– “ဤလူတို့အားပေးခြင်းငှာ ဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်သို့ သင် [ယောရှု] သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။” (တရားဟောရာ ၃၁:၇၊ ၈) ယောရှုသည် ခန့်အပ်ခံခေါင်းဆောင်ဖြစ်လာခဲ့သည်။ ကတိထားရာပြည်တော်ထဲဝင်ကြရန် ဣသရေလလူတို့သည် ယောရှု၏ခေါင်းဆောင်မှုကို လက်အောက်ခံခဲ့ကြရသည်။
၂၁ ကျွန်ုပ်တို့အား သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့တွင် မေရှိယ [“ခရစ်တော်၊” ကဘ] တည်းဟူသောခေါင်းဆောင်တစ်ပါးတည်းရှိ၏။” ဖြောင့်မတ်ခြင်းတရားတည်နေရာ ကတိထားရာ ကမ္ဘာသစ်ထဲ ခရစ်တော်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ဦးဆောင်သွားပေလိမ့်မည်။ (၂ ပေတရု ၃:၁၃) သို့ဖြစ်၍ ဘဝကဏ္ဍအသီးသီးတွင် ကိုယ်တော်၏ခေါင်းဆောင်မှုကို လက်အောက်ခံရန် ကျွန်ုပ်တို့သန္နိဋ္ဌာန်ချထားကြပါစို့လေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ဤတွင် ‘ကြယ်များ’ သည် တကယ့်ကောင်းကင်တမန်များကို ပုံမဆောင်ပါ။ ယေရှုသည် မျက်မြင်မရနာမ်ဝိညာဉ်သတ္တဝါများ သိရမည့်အချက်အလက်များကို လူသားတစ်ဦးအား မှတ်တမ်းတင်စေလိမ့်မည်မဟုတ်ချေ။ သို့ဖြစ်၍ ‘ကြယ်များ’ သည် ယေရှု၏စေတမန်များအဖြစ် ယူမှတ်ခံရသည့် အသင်းတော်များရှိ လူသားကြီးကြပ်မှူးများ သို့မဟုတ် အကြီးအကဲများကို ကိုယ်စားပြုရမည်။ ၎င်းတို့၏အရေအတွက်သည် ခုနစ်ဖြစ်ရကား ဘုရားသခင့်စံနှုန်းအရ ပြည့်စုံခြင်းအဓိပ္ပာယ်သက်ရောက်သည်။
သင်မှတ်မိသလော
• အစောပိုင်းအသင်းတော်ကို ခရစ်တော် မည်သို့ဦးဆောင်ခဲ့သနည်း။
• ခရစ်တော်သည် ယနေ့ မိမိ၏အသင်းတော်ကို မည်သို့ ဦးဆောင်သနည်း။
• အသင်းတော်တွင် ဦးဆောင်နေသူများကို ကျွန်ုပ်တို့အဘယ်ကြောင့်လက်အောက်ခံသင့်သနည်း။
• ခရစ်တော်သည် မိမိတို့၏ခေါင်းဆောင်ဖြစ်ကြောင်း အကြီးအကဲများ အဘယ်နည်းဖြင့် ဖော်ပြနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရစ်တော်သည် မိမိအသင်းတော်ကိုဦးဆောင်ကာ လက်ယာလက်တွင် ကြီးကြပ်မှူးများကိုကိုင်ထား
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
“သင်တို့ကိုဦးဆောင်သောသူတို့ကိုနာခံ၍ လက်အောက်ခံလျက်နေကြလော့”
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေရှုသည် တရင်းတနှီးရှိပြီး ချဉ်းကပ်ရလွယ်ကူသူဖြစ်၏။ ခရစ်ယာန် အကြီးအကဲများသည် ကိုယ်တော်နှင့်တူရန် ကြိုးစားကြ၏