“ငို” ပင်နှင့် ၎င်း၏ဘက်စုံအသုံးပြုနိုင်သော “မျက်ရည်များ”
“ငို” ပင်နှင့် ၎င်း၏ဘက်စုံအသုံးပြုနိုင်သော “မျက်ရည်များ”
‘အနာပျောက်စေခြင်းငှာ ဗာလစံစေးကို ယူသုံးကြလော့’ ဟု ယေရမိ ၅၁:၈ ကဆို၏။ ရောဂါကို အလွန်သက်သာစေရုံမက ပျောက်ကင်းစေသည့် ဤအစေး၏ပင်ရင်းတစ်နေရာကိုရှာဖွေရင်း ကျွန်ုပ်တို့သည် အစ်ဂျီးယန်းပင်လယ်၊ ခီအော့စ်ကျွန်းသို့ ရောက်ရှိလာကြသည်။
နွေဦးကာလတွင် ခီအော့စ်ကျွန်းရှိ လယ်သမားများသည် အလွန်ပင်သာမန်မဟုတ်သောနည်းဖြင့် ရိတ်သိမ်းချိန်အတွက် ပြင်ဆင်နေကြသည်။ မြေကြီးကို သူတို့လှည်းကျင်းပြီးနောက် မတ်စတစ်ပင်ဟုခေါ်သည့် ဆယ့်နှစ်ရာသီစိမ်းလန်းပင်ငယ်များပတ်လည်တွင် အဖြူရောင်ရွှံ့စေးနှင့် ကျံလိုက်ကြသည်။ ထို့နောက် လယ်သမားများသည် ၎င်းအပင်ငယ်များ၏ပင်စည်ကို လှီးဖြတ်ကြရာ အပင်များကို “ငို” စေ၏။ ထိုအခါ “မျက်ရည်” ကဲ့သို့ ဖြူရော်ရော်သစ်စေးစက်များ စတင်စီးကျလာလေသည်။ နှစ်ပတ်၊ သုံးပတ်အကြာတွင် စီးကျလာသောသစ်စေးစက်များ ခဲသွားရာ လယ်သမားများက ယင်းတို့ကို ပင်စည်မှတိုက်ရိုက်လည်းကောင်း၊ ရွှံ့စေးပြင်ပေါ်မှလည်းကောင်း သိမ်းယူကြ၏။ မတ်စတစ်ကော်စေးဟုခေါ်ကြသော အဆိုပါ “အစေးစက်များ” ကိုဗာလစံဆီမွှေးပြုလုပ်ရန် အသုံးပြုကြသည်။
သို့သော် ၎င်းကိုမစုသိမ်းမီ စိတ်ရှည်ရရုံမက ကြိုးစားလုပ်ဆောင်ရ၏။ ကောက်ကွေးပြီး မီးခိုးရောင်ရှိ ထိုပင်စည်များသည် ကြီးထွားမှု အလွန်နှေးကွေးသည်။ ထိုအပင်တစ်ပင်၏ကြီးထွားမှုနှုန်း ရပ်တန့်သွားရန် အနှစ် ၄၀ မှ ၅၀ အထိကြာ၏၊ ထိုအခါ ၎င်းအပင်သည် အမြင့်ခြောက်ပေမှ ဆယ်ပေအထိရှိသည်။
ပင်စည်များကိုလှီးဖြတ်ပြီး “အစေးစက်များ” ကိုစုသိမ်းရသည့်အပြင် မတ်စတစ်ထုတ်လုပ်ရန် ထပ်ဆင့်ပြုလုပ်စရာလို၏။ လယ်သမားများသည် မတ်စတစ် “အစေးစက်များ” ကိုစုသိမ်းပြီးနောက် ၎င်းတို့ကို ဆန်ခါချ၍ ဆေးကြောပြီး အရွယ်အစား၊ အရည်အသွေးအလိုက် ခွဲခြားထားကြသည်။ ထို့နောက် မတ်စတစ်ကို စင်အောင်ထပ်ဆေးပြီးနောက် အမျိုးမျိုးအသုံးပြုကြသည်။
အဖိုးတန်အပင်၏သမိုင်း
“မက်စတစ်” အတွက်ဂရိစကားလုံးသည် “အံသွားကြိတ်ခြင်း” ဟုအဓိပ္ပာယ်ရသည့် ဝေါဟာရနှင့်ဆက်စပ်လျက်ရှိ၏။ (မဿဲ ၈:၁၂; ဗျာဒိတ် ၁၆:၁၀) ဤစကားလုံးက ခံတွင်းအနံ့ဆိုးပျောက်ဖို့ မတ်စတစ်သစ်စေးကို ပီကေအဖြစ် ရှေးအချိန်က အသုံးပြုခဲ့သည်ဟုနားလည်စေသည်။
မတ်စတစ်နှင့်ပတ်သက်၍ ရှေးအကျဆုံးဖော်ပြချက်က ဘီ.စီ.အီး. ငါးရာစုမှ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်ထံမှဖြစ်သည်။ အပိုလိုဒိုရပ်စ်၊ ဒိုင်အောစ်ကရီဒီဇ်၊ သီအိုဖရပ်စ်တပ်စ်နှင့် ဟစ်ပေါကရေးတီးစ်တို့အပါအဝင် အခြားရှေးစာရေးဆရာများနှင့် ဆေးဆရာများက မတ်စတစ်၏ဆေးဘက်ဆိုင်ရာ အသုံးဝင်မှုများကို ဖော်ပြခဲ့သည်။ စီ.အီး. ၅၀ ခန့်ကတည်းက မတ်စတစ်ပင်များ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ပေါက်ခဲ့သော်လည်း ခီအော့စ်ကျွန်းတွင်သာ မတ်စတစ်ကို သီးသန့်ထုတ်လုပ်ခဲ့သည်။ ထို့ပြင် ခီအော့စ်ကိုသိမ်းပိုက်ခဲ့သူ ရောမများမှအစ ဂျီနိုဝါမြို့သားများ၊ ထို့နောက် အော့တိုမန်လူမျိုးတို့၏ အဓိကစိတ်ဝင်စားရာမှာ မတ်စတစ်အစေးဖြစ်သည်။
ဘက်စုံအသုံးပြုနိုင်သော မတ်စတစ်
ရှေးအီဂျစ်ဆေးဆရာများသည် ဝမ်းလျှောခြင်းနှင့် အဆစ်ရောင်နာအပါအဝင် ဖျားနာခြင်းအမျိုးမျိုးကိုကုသရန် မတ်စတစ်ကိုအသုံးပြုခဲ့ကြသည်။ သူတို့သည် ယင်းကို အမွှေးနံ့သာအဖြစ်ယေရမိ ၈:၂၂; ၄၆:၁၁) ဝတ်ပြုရေးအတွက်သာ သီးသန့်အသုံးပြုသည့် သန့်ရှင်းစင်ကြယ်ရာနံ့သာပေါင်းတွင်ပါဝင်သော နတပ်စေးထွက်သည့်အပင်သည် မတ်စတစ်မျိုးနွယ်ဝင်အပင်ဖြစ်ပေမည်ဟု ဆိုကြသည်။—ထွက်မြောက်ရာ ၃၀:၃၄၊ ၃၅။
သာမက ရုပ်အလောင်းကိုဆေးစိမ်ရာတွင်လည်း အသုံးပြုခဲ့ကြသည်။ ဆေးဖက်ဝင်ပြီး အလှကုန်ပစ္စည်းများပြုလုပ်ရာတွင်လည်းကောင်း၊ ရုပ်အလောင်းကိုမပုပ်အောင် ဆေးစိမ်ရာတွင်လည်းကောင်း အသုံးပြုသည့် ကျမ်းစာတွင်ဖော်ပြထားသော ‘ဂိလဒ်ပြည်မှ ဗာလဇံပင်အစေး’ ကိုမတ်စတစ်အပင်မှ ရရှိခဲ့ပေမည်။ (ယနေ့ ရေဆေးပန်းချီကားများ၊ ပရိဘောဂများနှင့် တူရိယာများအတွက်အသုံးပြုသည့် အရောင်တင်ဆီများတွင် မတ်စတစ်ပါဝင်သည်။ ၎င်းကို တားကာပစ္စည်း၊ ရေလုံပစ္စည်းအဖြစ် အသုံးပြုကြ၏၊ အဝတ်ဆိုးဆေးများနှင့် ပန်းချီဆေးများအတွက် ဆေးရောင်အခိုင်ဆုံးပစ္စည်းဖြစ်သည်ဟု ယူမှတ်ကြ၏။ မတ်စတစ်ကို ကော်ပြုလုပ်ရာတွင်၊ သားရေနယ်ရာတွင်လည်း အသုံးပြုလေ့ရှိကြသည်။ မတ်စတစ်၏မွှေးသောအနံ့နှင့် အခြားသောဂုဏ်သတ္တိတို့ကြောင့် ၎င်းကို ဆပ်ပြာ၊ အလှကုန်ပစ္စည်းများနှင့် ရေမွှေးပြုလုပ်ရာတွင် အသုံးပြုကြ၏။
ကမ္ဘာအနှံ့အသုံးပြုသောဆေးဝါးများ၏ တရားဝင်ဆေးစာရင်း ၂၅ ခုတွင် မတ်စတစ်ကို ဖော်ပြထားသည်။ အာရပ်လူမျိုး၏ ရိုးရာဆေးများတွင် ၎င်းကိုမကြာခဏအသုံးပြုလေ့ရှိသည်။ ထို့ပြင် သွားဖာဖို့အသုံးပြုသည့်ကော်နှင့် ဆေးတောင့်အတွင်းပိုင်းတို့တွင် မတ်စတစ်ကိုအသုံးပြုကြသည်။
ဗာလစံစေးတွင်ပါဝင်သော “ငို” တတ်သည့်မတ်စတစ်ပင်၏ ဘက်စုံအသုံးပြုနိုင်သော “အစေးစက်များ” သည် ရာစုနှစ်များတစ်လျှောက် ရောဂါသက်သာစေရုံမက ပျောက်ကင်းစေခဲ့ပြီ။ ထို့ကြောင့် ‘အနာပျောက်စေခြင်းငှာ ဗာလစံစေးကို ယူသုံးကြလော့’ ဟုယေရမိ၏ပရောဖက်ပြုချက်က ဆိုခြင်းဖြစ်သည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ခီအော့စ်
မတ်စတစ်ကို စုသိမ်းခြင်း
မတ်စတစ် “အစေးစက်များ” ကိုဂရုတစိုက်စုသိမ်းနေကြ
[စာမျက်နှာ ၃၁ ပါပုံစာ]
[Credit Lines]
Chios and harvest line art: Courtesy of Korais Library; all others: Kostas Stamoulis