ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
ဖိစီးမှုဒဏ်မှ သက်သာရာရခြင်း—လက်တွေ့ကျ ကုစားနည်း
“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။”—မဿဲ ၁၁:၂၈၊ ကဘ။
၁၊ ၂။ (က) သမ္မာကျမ်းစာတွင် ဖိစီးမှုများလွန်းခြင်းကို သက်သာစေသော အဘယ်အရာ ပါရှိသနည်း။ (ခ) ယေရှု၏သွန်သင်ချက်များသည် မည်မျှအကျိုးထိရောက်ခဲ့သနည်း။
ဖိစီးမှုများလွန်းခြင်းသည် ဘေးဖြစ်စေသည်; စိတ်သောကရောက်စေသည်ကို သင်သဘောတူပေမည်။ လူသားအပေါင်းသည် အလွန်ဝန်ပိနေကြရာ မျက်မှောက်ခေတ်ဖိစီးမှုများမှ လွတ်မြောက်ရန် လူအများ အလွန်တောင့်တမျှော်လင့်လျက်ရှိကြသည်ဟု သမ္မာကျမ်းစာကဖော်ပြ၏။ (ရောမ ၈:၂၀-၂၂) သို့သော် ယခုပင်လျှင် စိတ်သောက အတော်အတန်လျော့နည်းနိုင်သည့်နည်းကိုလည်း ကျမ်းစာကဖော်ပြသည်။ လွန်ခဲ့သောအနှစ်နှစ်ထောင်က အသက်ရှင်ခဲ့သူ လူငယ်တစ်ဦး၏အကြံပေးချက်နှင့် ပုံသက်သေကို လိုက်လျှောက်ခြင်းဖြင့် ထိုသို့ဖြစ်နိုင်သည်။ ထိုသူသည် လက်သမားတစ်ဦးဖြစ်သော်လည်း ၎င်းထက် လူတို့ကို ပိုမြတ်နိုးခဲ့သည်။ ထိုသူသည် လူတို့၏နှလုံးကိုထိမိအောင် စကားပြောဆိုခဲ့သည်၊ သူတို့လိုအပ်ရာများကို ဖြည့်စွက်ပေးခဲ့သည်၊ အားနည်းသူတို့ကိုကူညီ၍ စိတ်သောကရောက်သူတို့ကို နှစ်သိမ့်ပေးခဲ့သည်။ ထို့အပြင် ထိုသူသည် လူအများကို သူတို့၏ဝိညာဉ်ရေးရာအစွမ်းအစပြည့်မီဖို့ ကူညီပေးခဲ့သည်။ ဤနည်းဖြင့် သူတို့သည် အလွန်ဖိစီးခံရခြင်းမှ သက်သာရာရရှိခဲ့သကဲ့သို့ အသင်ပင်လျှင် သက်သာရာရနိုင်ပါသည်။—လုကာ ၄:၁၆-၂၁; ၁၉:၄၇၊ ၄၈; ယောဟန် ၇:၄၆။
၂ နာဇရက်မြို့သားယေရှုဖြစ်သည့် ထိုသူသည် ရှေးခေတ်ရောမ၊ အေသင် သို့မဟုတ် အလက်ဇန္ဒြီးယားမြို့တို့၌ လူအချို့ရှာဖွေဆည်းပူးခဲ့ကြသော လောကပညာ၏ညွှန်ကြားမှုကိုမခံယူခဲ့ပေ။ သို့တိုင် ကိုယ်တော်၏သွန်သင်ချက်များသည် ထင်ပေါ်ကျော်ကြားဆဲဖြစ်သည်။ ၎င်းသွန်သင်ချက်၏ အဓိကအချက်မှာ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို အောင်မြင်စွာအုပ်ချုပ်မည့် ဘုရားသခင့်အစိုးရဖြစ်သည်။ ယေရှုသည် အသက်ရှင်ခြင်းအတွက် အခြေခံမူများဖြစ်သော ယနေ့ထိတိုင် အမှန်အဖိုးထိုက်သောမူများကိုလည်း ရှင်းပြတော်မူခဲ့သည်။ ယေရှုသွန်သင်ခဲ့သမျှကို သင်ယူတတ်မြောက်ပြီး လက်တွေ့ကျင့်သုံးသူများသည် အလွန်ဖိစီးခံရခြင်းမှ သက်သာရာရခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကို ချက်ချင်းခံစားကြရသည်။ ၎င်းကို သင်ခံစားလိုမည်မဟုတ်လော။
၃။ အဘယ်နှစ်လိုဖွယ်ဖိတ်ခေါ်ချက်ကို ယေရှုကမ်းလှမ်းခဲ့သနည်း။
၃ ‘ရှေးရှေးတုန်းက အသက်ရှင်ခဲ့သူတစ်ယောက်ဟာ အခုငါ့ဘဝအတွက် အဓိပ္ပာယ်ရှိနိုင်ပါ့မလား’ ဟုသင်စိတ်ထင့်နေပေမည်။ ယေရှု၏ဤဖိတ်ခေါ်ချက်ကို နားဆင်ပါ– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” (မဿဲ ၁၁:၂၈-၃၀၊ ကဘ) ကိုယ်တော် အဘယ်အရာကိုဆိုလိုသနည်း။ ဤစကားများကို အသေးစိတ်ဆန်းစစ်ပြီး မခံမရပ်နိုင်ဖွယ်ဖိစီးမှုဒဏ်မှ မည်သို့သက်သာရာရစေကြောင်း ကြည့်ကြပါစို့။
၄။ မည်သူတို့ကို ယေရှုစကားပြောဆိုခဲ့သနည်း၊ ကိုယ်တော့်စကားကိုနားဆင်ကြသူတို့သည် သူတို့ထံမှ တောင်းဆိုရာကိုလုပ်ဆောင်ဖို့ အဘယ်ကြောင့်အခက်အခဲတွေ့နိုင်ခဲ့မည်နည်း။
၄ ပညတ်တရားနှင့်အညီ အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြသော်လည်း ဂျူးဘာသာရေးခေါင်းဆောင်များက ဘာသာရေးကို ဝန်လေးသောအရာဖြစ်စေခဲ့ကြသောကြောင့် “ဝန်လေး” နေကြသူများစွာကို ယေရှုစကားပြောဆိုခဲ့၏။ (မဿဲ ၂၃:၄) ဘဝကဏ္ဍအားလုံးနီးပါးအတွက် ချမှတ်ထားသော မဆုံးနိုင်သည့်စည်းမျဉ်းများစွာကို သူတို့အာရုံစိုက်ခဲ့ကြသည်။ ဒါကို သို့မဟုတ် ဟိုဟာကို “မလုပ်ရ” ဟုတစ်ချိန်လုံးကြားနေရလျှင် သင်ဖိစီးမှုခံစားရမည်မဟုတ်လော။ ယင်းနှင့်ဆန့်ကျင်လျက် ယေရှု၏ဖိတ်ခေါ်ချက်မှာမူ ကိုယ်တော့်စကားနားထောင်ခြင်းအားဖြင့် လူတို့သည် အမှန်တရားရဖို့၊ ဖြောင့်မတ်လာဖို့နှင့် သာ၍ကောင်းမွန်သော ဘဝအသက်တာရဖို့ဖြစ်စေသည်။ မှန်ပါသည်၊ စစ်မှန်သော ဘုရားသခင်ကို သိနိုင်သည့်နည်းလမ်းတွင် ယေရှုခရစ်ကို အာရုံစူးစိုက်ခြင်းပါဝင်၏၊ အကြောင်းမှာ ယေဟောဝါသည် အဘယ်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း ကိုယ်တော်၌ လူတို့တွေ့မြင်နိုင်ခဲ့၍ ယခုလည်း တွေ့မြင်နိုင်သောကြောင့်ဖြစ်သည်။ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၄:၉။
သင့်ဘဝသည်လည်း ဖိစီးမှုများသလော
၅၊ ၆။ ယေရှုခေတ်၏ အလုပ်အကိုင်အခြေအနေများနှင့် လုပ်အားခတို့ကို ယနေ့ ကျွန်ုပ်တို့ခေတ်နှင့်နှိုင်းယှဉ်သော် မည်သို့ရှိသနည်း။
၅ ဤကိစ္စသည် သင့်အတွက် အရေးပါပေမည်၊ အကြောင်းမှာ သင့်အလုပ်အကိုင် သို့မဟုတ် သင့်မိသားစုအခြေအနေသည် သင့်အပေါ်ဝန်ပိနေနိုင်ပေမည်။ သို့မဟုတ် အခြားတာဝန်ဝတ္တရားများကြောင့် သင်မနိုင်မနင်းဖြစ်နေပေမည်။ ထိုသို့ဖြစ်လျှင် သင်သည် ယေရှုတွေ့ဆုံကူညီပေးခဲ့သော စိတ်ရင်းမှန်သူတို့နှင့်တူသည်။ ဥပမာ၊ အသက်မွေးဝမ်းကြောင်းအတွက်ငွေရှာခြင်း၏ အခက်အခဲကိုသုံးသပ်ကြည့်ပါ။ ယေရှုခေတ်မှလူများစွာကဲ့သို့ ယနေ့လည်း လူများစွာတို့သည် ၎င်းနှင့်ရုန်းကန်နေကြရသည်။
၆ ထိုအချိန်က ကာယလုပ်သားတစ်ဦးသည် တစ်ရက်လျှင် ၁၂ နာရီ၊ တစ်ပတ်လျှင် ၆ ရက်၊ ပင်ပင်ပန်းပန်းလုပ်ကိုင်ကြရပြီး များသောအားဖြင့် တစ်နေ့လုံးမှ ဒေနာရိတစ်ပြားသာ ရလေ့ရှိသည်။ (မဿဲ ၂၀:၂-၁၀) သင် သို့မဟုတ် သင့်မိတ်ဆွေများ၏လုပ်ခနှင့် နှိုင်းယှဉ်ကြည့်လျှင် မည်သို့နည်း။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်လုပ်အားခကို နှိုင်းယှဉ်ကြည့်ဖို့ခက်ခဲနိုင်သည်။ နှိုင်းယှဉ်နိုင်သောနည်းတစ်နည်းမှာ ငွေ၏ဝယ်ယူနိုင်စွမ်းကို သုံးသပ်ကြည့်ခြင်းဖြင့်ဖြစ်သည်။ ပညာရှင်တစ်ဦးက ယေရှုခေတ်တွင် ဂျုံမှုန့်လေးခွက်နှင့်ဖုတ်ထားသော ပေါင်မုန့်တစ်လုံးအတွက် တစ်နာရီလုပ်ခနီးပါး ပေးရသည်ဟုဆိုသည်။ အခြားပညာရှင်တစ်ဦးက စပျစ်ရည်ကောင်းတစ်ခွက်လျှင် နှစ်နာရီလုပ်ခနီးပါးကျသည်ဟုဆို၏။ ဤအသေးစိတ်အချက်အလက်များမှ ကျွန်ုပ်တို့သိရှိရသည်မှာ ထိုအချိန်က လူတို့သည် ဆက်အသက်ရှင်နိုင်ကြဖို့ ပင်ပင်ပန်းပန်းနှင့် ကြာရှည်အလုပ်ကြိုးစားလုပ်ကြရသည်။ ကျွန်ုပ်တို့နည်းတူ သူတို့လည်း သက်သာလန်းဆန်းမှုရလိုကြသည်။ သင်၌ အလုပ်အကိုင်ရှိမည်ဆိုလျှင် သင့်အလုပ်ခွင်တွင် ပိုမိုထမ်းဆောင်ရန် ဖိအားပေးခံရသည်ဟု ခံစားရပေမည်။ များသောအားဖြင့် အသေအချာစဉ်းစားပြီးမှ ဆုံးဖြတ်ပြုလုပ်ဖို့ အချိန်ရလေ့မရှိချေ။ ယင်းကြောင့် သက်သာရာရလိုကြောင်း သင်ဝန်ခံပေမည်။
၇။ ယေရှု၏သတင်းတရားကို အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။
၇ ရှင်းနေသည်မှာ၊ ထိုစဉ်က “ဝန်လေး၍ပင်ပန်း” နေသူအားလုံးအတွက် ယေရှု၏ဖိတ်ခေါ်ချက်သည် ကြားနာသူများအတွက် အလွန်ဆွဲဆောင်မှုရှိခဲ့ပေမည်။ (မဿဲ ၄:၂၅; မာကု ၃:၇၊ ၈) ယေရှုက “ငါသည် လန်းဆန်းစေမည်” ဟုထပ်ဆင့်ကတိပြုခဲ့ကြောင်းကိုလည်း သတိရပါ။ အဆိုပါကတိတော်သည် ယနေ့လည်း သက်ဆိုင်ဆဲပင်။ ကျွန်ုပ်တို့သည် “ဝန်လေး၍ပင်ပန်း” နေမည်ဆိုလျှင် ၎င်းသည် ကျွန်ုပ်တို့နှင့်လည်းသက်ဆိုင်နိုင်၏။ ကျွန်ုပ်တို့၏အခြေအနေနှင့် တူကောင်းတူမည့် ကျွန်ုပ်တို့ချစ်မြတ်နိုးသူများနှင့်လည်း ထိုကတိတော် သက်ဆိုင်နိုင်သည်။
၈။ ကလေးမွေးမြူခြင်း၊ အိုမင်းခြင်းတို့က မည်သို့ထပ်ဆင့်ဖိစီးသနည်း။
၈ လူတို့အပေါ် အခြားဝန်ထုပ်ဝန်ပိုးများလည်း ရှိနိုင်သေးသည်။ သားသမီးမွေးမြူရခြင်းသည် စိန်ခေါ်ချက်ကြီးတစ်ခုဖြစ်သည်။ ကလေးတစ်ဦးဖြစ်ရခြင်းပင် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ အသက်အရွယ်မရွေး စိတ်ပိုင်းနှင့် ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသူတို့၏ အရေအတွက်သည် တိုးများလာနေပါသည်။ လူတို့သည် ယခင်ကထက် ယခု အသက်ပိုရှည်ကြမည်ဖြစ်သော်လည်း ဆေးပညာတိုးတက်ထွန်းကားသည့်ကြားမှ သက်ကြီးရွယ်အိုများသည် အထူးပြဿနာများရှိကြသည်။—ထမ်းပိုးအောက်တွင်
၉၊ ၁၀။ ရှေးခေတ်က ထမ်းပိုးဟူသည် အဘယ်အရာ၏အမှတ်အသားဖြစ်သနည်း၊ ယေရှုသည် မိမိ၏ထမ်းပိုးကိုထမ်းဖို့ လူတို့ကို အဘယ်ကြောင့်ဖိတ်ခေါ်သနည်း။
၉ မဿဲ ၁၁:၂၈၊ ၂၉ မှကိုးကားဖော်ပြထားသောစကားတွင် ယေရှုက “ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌နည်းခံကြလော့” ဟုဆိုသည်ကို သင်သတိပြုမိသလော။ ထိုစဉ်က သာမန်လူတစ်ဦးသည် ထမ်းပိုးထမ်း၍ အလုပ်လုပ်နေရသည့်အလား ခံစားခဲ့ရပေမည်။ ရှေးအချိန်မှစ၍ ထမ်းပိုးဟူသည် ကျွန်ဘဝ သို့မဟုတ် ကျွန်ခံခြင်း၏ အမှတ်အသားဖြစ်ခဲ့သည်။ (ကမ္ဘာဦး ၂၇:၄၀; ဝတ်ပြုရာ ၂၆:၁၃; တရားဟောရာ ၂၈:၄၈) ယေရှုတွေ့ဆုံခဲ့သော နေ့စားအလုပ်သမားများစွာတို့သည် ပခုံးပေါ်တွင် လေးလံသောဝန်ထုပ်ဝန်ပိုးများကို တကယ်ထမ်းခဲ့ကြရသည်။ ထမ်းပိုးကိုပြုလုပ်ထားပုံပေါ်မူတည်၍ ထမ်းပိုးတစ်ချောင်းသည် လည်ပင်းနှင့် ပခုံးပေါ် သက်သောင့်သက်သာရှိနိုင်သည် သို့မဟုတ် ပွတ်တိုက်၍ ပွန်းစေနိုင်သည်။ လက်သမားတစ်ဦးအနေနှင့် ယေရှုသည် ထမ်းပိုးများစွာကိုပြုလုပ်ခဲ့ပေမည်၊ “ထမ်းလွယ်” သောထမ်းပိုးဖြစ်ဖို့ မည်သို့ထွင်းရမည်ကို ကိုယ်တော်သိရှိခဲ့ပေမည်။ ကိုယ်တော်သည် ထမ်းပိုးကို အတတ်နိုင်ဆုံး သက်သောင့်သက်သာဖြစ်စေဖို့ အသားနှင့်ထိမည့်အပိုင်းများတွင် သားရေ သို့မဟုတ် ပိတ်စခံခဲ့ပေမည်။
၁၀ ယေရှုက “ငါ့ထမ်းပိုးကိုတင်” ကြလော့ဟု မိန့်တော်မူသောအခါ အလုပ်သမားတစ်ဦး၏လည်ပင်းနှင့် ပခုံးများပေါ် “ထမ်းလွယ်” မည့် ထမ်းပိုးကောင်းများ ပြုလုပ်သူအဖြစ် မိမိကိုယ်ကိုပုံခိုင်းပြခြင်းဖြစ်နိုင်သည်။ သို့ဖြင့် ယေရှုက “ငါ့ဝန်လည်းပေါ့၏” ဟုထပ်ဆင့်ဆိုခဲ့သည်။ ယင်းက သုံးပျော်သောထမ်းပိုးဖြစ်ပြီး ကျွန်ကဲ့သို့လုပ်ရသောအလုပ်မဟုတ်ကြောင်းဖော်ပြသည်။ မှန်ပါသည်၊ မိမိ၏ထမ်းပိုးကိုလက်ခံရန် နားဆင်သူများကို ယေရှုဖိတ်ခေါ်ခြင်းအားဖြင့် ထိုစဉ်ကဖိနှိပ်သည့်အခြေအနေအားလုံးမှ ချက်ချင်းသက်သာရာရမည်ဟု ကိုယ်တော်ဆိုလိုနေခြင်းမဟုတ်ပါ။ သို့သော် ကိုယ်တော်ကမ်းလှမ်းခဲ့သည့် ခြားနားသောရှုမြင်ပုံက လန်းဆန်းမှုအတော်အတန်ရရှိစေပေမည်။ သူတို့၏ဘဝပုံစံနှင့် အလုပ်လုပ်ဆောင်ပုံတို့ကို ပြုပြင်ပြောင်းလဲခြင်းကလည်း သူတို့ကိုသက်သာရာရရှိစေပေမည်။ ထိုထက်ကား၊ ရှင်းလင်းပြတ်သား၍ ခိုင်လုံသောမျှော်လင့်ချက်က ဖိစီးမှုလျော့နည်းစေပေမည်။
သင် လန်းဆန်းမှုရရှိနိုင်
၁၁။ ယေရှုသည် ထမ်းပိုးချင်းလဲလှယ်ခြင်းကိုသာ အကြံပြုနေခြင်း အဘယ်ကြောင့်မဟုတ်သနည်း။
၁၁ လူတို့သည် ထမ်းပိုးချင်းလဲလှယ်ကြမည်ဟု ယေရှုဆိုနေခြင်းမဟုတ်ကြောင်း ကျေးဇူးပြု၍သတိပြုပါ။ ခရစ်ယာန်များ နေထိုင်သည့်နိုင်ငံများကို မျက်မှောက်ခေတ်အစိုးရများ အုပ်ချုပ်သကဲ့သို့ ရောမသည် တိုင်းပြည်ကို အုပ်ချုပ်နေဆဲဖြစ်မည်။ ပထမရာစုရောမအခွန်ကောက်ခံသည့်စနစ်မှာ မပြောင်းမလဲရှိနေမည်။ ကျန်းမာရေးနှင့် စီးပွားရေးပြဿနာများရှိဆဲဖြစ်မည်။ မစုံလင်မှုနှင့် အပြစ်က လူတို့ကိုထိခိုက်မြဲထိခိုက်နေပေလိမ့်မည်။ သို့သော် ယေရှု၏သွန်သင်ချက်ကို လက်ခံခြင်းအားဖြင့် သူတို့လန်းဆန်းမှုရရှိနိုင်ခဲ့သကဲ့သို့ ယနေ့ ကျွန်ုပ်တို့လည်း လန်းဆန်းမှုရရှိနိုင်ပါသည်။
၁၂၊ ၁၃။ လန်းဆန်းမှုပေးမည့် အဘယ်အရာကို ယေရှုအလေးပေးပြောဆိုခဲ့သနည်း၊ အချို့က မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၂ တပည့်ဖြစ်စေခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ယေရှုအသုံးပြုခဲ့သော ထမ်းပိုးပုံဥပမာတွင် အဓိကသက်ဆိုင်ပုံ ထင်ရှားသည်။ ယေရှု၏အဓိကလုပ်ဆောင်မှုမှာ ဘုရားသခင့်နိုင်ငံတော်ကို အလေးပေးလျက် သူတစ်ပါးအားသွန်သင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ (မဿဲ ၄:၂၃) ထို့ကြောင့် “ငါ့ထမ်းပိုးကိုတင်” ကြလော့ဟု ကိုယ်တော်မိန့်ဆိုသောအခါ အဆိုပါလုပ်ဆောင်မှုတွင် ကိုယ်တော်နည်းတူလုပ်ဆောင်ခြင်း ပါဝင်မည်မှာအမှန်။ ယေရှုသည် လူအများ၏ဘဝတွင် အဓိကအရေးဖြစ်သော သူတို့၏အသက်မွေးဝမ်းကျောင်းကို ပြောင်းလဲဖို့ စိတ်ရင်းမှန်သူတို့အား လှုံ့ဆော်ပေးခဲ့ကြောင်း ခရစ်ဝင်ကျမ်းမှတ်တမ်းများကတင်ပြသည်။ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့အား “ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်” ဟုကိုယ်တော်ဖိတ်ခေါ်ခဲ့သည်ကို သတိရပါ။ (မာကု ၁:၁၆-၂၀) ကိုယ်တော်သည် မိမိ၏ဘဝတွင် အဓိကထားနေသောလုပ်ငန်းကို ကိုယ်တော်၏လမ်းညွှန်မှုနှင့် အကူအညီဖြင့် လူတို့လုပ်ကိုင်ကြမည်ဆိုလျှင် မည်မျှစိတ်ကျေနပ်ဖွယ်ကောင်းမည်ဖြစ်ကြောင်း ထိုတံငါသည်များကို ဖော်ပြခဲ့သည်။
၁၃ ကိုယ်တော်အားနားဆင်သူ ဂျူးအချို့သည် လိုရင်းချက်ကိုသဘောပေါက်နားလည်ကြပြီး လက်တွေ့ကျင့်သုံးခဲ့ကြသည်။ လုကာ ၅:၁-၁၁ တွင်ကျွန်ုပ်တို့ဖတ်ရသော ကမ်းစပ်မြင်ကွင်းကိုပုံဖော်ကြည့်ပါ။ တံငါသည် လေးဦးတို့သည် တစ်ညလုံးကြိုးပမ်းခဲ့ကြသော်လည်း ငါးတစ်ကောင်မျှမရခဲ့ကြချေ။ ရုတ်တရက် သူတို့ပိုက်ကွန်များပြည့်သွားသည်! ယင်းသည် တိုက်ဆိုင်မှုမဟုတ်; ယေရှု၏ကြားဝင်ဆောင်ရွက်မှုကြောင့်ဖြစ်သည်။ ကမ်းစပ်သို့ သူတို့ကြည့်လိုက်သောအခါ ယေရှု၏သွန်သင်ချက်များကို အလွန်စိတ်ဝင်စားနေကြသော လူမြောက်မြားစွာ သူတို့တွေ့ရှိခဲ့ကြသည်။ ထိုသူလေးဦးတို့ကို ယေရှုက “သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်” ဟုအဘယ်ကြောင့်မိန့်ဆိုခဲ့ကြောင်း ယင်းကရှင်းလင်းစေသည်။ သူတို့ အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။ “ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။”
၁၄။ (က) ကျွန်ုပ်တို့သည် လန်းဆန်းမှုကို ယနေ့မည်သို့ရရှိနိုင်မည်နည်း။ (ခ) ယေရှုသည် လန်းဆန်းစေသော အဘယ်သတင်းကောင်းကို ကြေညာခဲ့သနည်း။
၁၄ အခြေခံအားဖြင့်၊ ထပ်တူနည်းဖြင့် သင်တုံ့ပြန်နိုင်ပါသည်။ လူတို့ကို ကျမ်းစာအမှန်တရားသွန်သင်ပေးခြင်းလုပ်ငန်းသည် လုပ်ကိုင်နေဆဲရှိသည်။ ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေခြောက်သန်းခန့်သည် “[ကိုယ်တော်၏] ထမ်းပိုးကိုတင်၍ထမ်း” ရန် ယေရှု၏ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ကြပြီ; သူတို့သည် “လူကိုမျှားသောတံငါ” များဖြစ်လာကြပြီ။ (မဿဲ ၄:၁၉) အချို့က ယင်းကို မိမိတို့၏အချိန်ပြည့်အလုပ်အကိုင်ဖြစ်စေကြ၏; အခြားသူတို့မှာမူ တတ်နိုင်သ၍ အချိန်ပိုင်းလုပ်ဆောင်ကြသည်။ ယင်းသည် လန်းဆန်းစေကြောင်း အားလုံးတွေ့ရှိကြရာ သူတို့၏ဘဝမှာ ဖိစီးမှုသာ၍နည်းလာလေသည်။ ထိုတွင် သူတို့ပျော်မွေ့ရာအလုပ်ကို လုပ်ဆောင်ခြင်း၊ ‘[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်း’ ကိုသူတစ်ပါးအား ပြောပြခြင်းတို့ပါဝင်သည်။ (မဿဲ ၄:၂၃) သတင်းကောင်းပြောရခြင်း၊ အထူးသဖြင့် ဤသတင်းကောင်းကိုပြောပြရခြင်းသည် အမြဲပျော်ရွှင်နှစ်သက်စရာဖြစ်သည်။ ဖိစီးမှုပိုမိုနည်းသောဘဝရရှိနိုင်ကြောင်း လူအများအား စိတ်ချယုံကြည်စေရန် ကျွန်ုပ်တို့လိုအပ်သော အခြေခံအကြောင်း သမ္မာကျမ်းစာတွင်ပါရှိသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
၁၅။ ဘဝနှင့်ပတ်သက်သော ယေရှု၏သွန်သင်ချက်များမှ သင်မည်သို့အကျိုးခံစားနိုင်သနည်း။
၁၅ ဘုရားသခင့်နိုင်ငံတော်အကြောင်း လေ့လာခါစသူများပင်လျှင် အသက်ရှင်ခြင်းနှင့်စပ်လျဉ်းသည့် ယေရှု၏သွန်သင်ချက်များမှ အတော်အတန်အကျိုးခံစားခဲ့ရကြပြီ။ ယေရှု၏သွန်သင်ချက်များသည် မိမိတို့ကိုလန်းဆန်းစေ၍ မိမိတို့ဘဝကိုပြောင်းလဲရန် ထောက်ကူပေးခဲ့ကြောင်း အမှန်ပြောဆိုနိုင်သူ များစွာရှိ၏။ ယေရှု၏ဘဝနှင့်ဓမ္မအမှုမှတ်တမ်းများ အထူးသဖြင့် မဿဲ၊ မာကုနှင့် လုကာတို့ရေးသားခဲ့
သော ခရစ်ဝင်ကျမ်းများတွင် ဖော်ပြထားသည့် အသက်ရှင်ခြင်းဆိုင်ရာမူအချို့ကို သင်ဆန်းစစ်လေ့လာကြည့်ခြင်းအားဖြင့် ယင်းကို သင်ကိုယ်တိုင်တွေ့ရှိနိုင်သည်။လန်းဆန်းမှုရနည်းတစ်နည်း
၁၆၊ ၁၇။ (က) ယေရှု၏အဓိကသွန်သင်ချက်အချို့ကို အဘယ်နေရာတွင် သင်တွေ့ရှိနိုင်မည်နည်း။ (ခ) ယေရှု၏သွန်သင်ချက်များကို ကျင့်သုံးခြင်းအားဖြင့် လန်းဆန်းမှုရရှိရန် အဘယ်အရာလိုအပ်သနည်း။
၁၆ စီ.အီး. ၃၁ ခုနှစ်၊ နွေဦးရာသီတွင် ယေရှုသည် ယနေ့အထိကမ္ဘာကျော် ဟောပြောချက်တစ်ခုကိုပေးခဲ့သည်။ ယင်းကို တောင်ပေါ်တရားတော်ဟုခေါ်လေ့ရှိသည်။ ၎င်းကို မဿဲအခန်းကြီး ၅ မှ ၇ နှင့် လုကာအခန်းကြီး ၆ တွင်မှတ်တမ်းတင်ထားပြီး ကိုယ်တော်၏သွန်သင်ချက်များစွာကို အကျဉ်းချုပ်ထားသည်။ ယေရှု၏အခြားသွန်သင်ချက်များကို ခရစ်ဝင်ကျမ်း၏အခြားနေရာများတွင် သင်တွေ့ရှိနိုင်၏။ ကိုယ်တော်မိန့်ဆိုခဲ့ရာအများမှာ အလိုလိုရှင်းလင်းပြီးသားဖြစ်သော်လည်း ယင်းကို လက်တွေ့ကျင့်သုံးခြင်းမှာမူ ခက်ခဲနိုင်သည်။ ၎င်းအခန်းကြီးများကို သေသေချာချာ၊ စဉ်းစဉ်းစားစားဖတ်ပါလေ။ သင့်စိတ်ကူးစိတ်သန်းနှင့် သဘောထားကို ကိုယ်တော်၏အတွေးအခေါ်များက ဩဇာလွှမ်းမိုးပါလေစေ။
၁၇ ယေရှု၏သွန်သင်ချက်များကို နည်းအမျိုးမျိုးဖြင့် စီစဉ်နိုင်သည်မှာထင်ရှားသည်။ သင့်ဘဝတွင် လက်တွေ့ကျင့်သုံးရန်ရည်မှန်းချက်ဖြင့် လတစ်လ၏နေ့ရက်တိုင်းအတွက် သွန်သင်ချက်တစ်ခုရှိစေဖို့ အဓိကသွန်သင်ချက်များကို စုစည်းကြပါစို့။ မည်သို့အားဖြင့်နည်း။ ၎င်းတို့ကို သာမန်ကာလျှံကာ ကြည့်ရုံမျှမပြုပါနှင့်။ “ထာဝရအသက်ကိုအမွေခံရအံ့သောငှာ အကျွန်ုပ်သည်အဘယ်အမှုကိုပြုရပါမည်နည်း” ဟုယေရှုခရစ်ကိုမေးခဲ့သည့် ကြွယ်ဝသောအရာရှိကိုပြန်သတိရပါ။ ယေရှုက ဘုရားသခင့်ပညတ်တော်၏ အလွန်အရေးပါသောတောင်းဆိုချက်များကို ထပ်မံဖော်ပြသောအခါ ထိုသူက ၎င်းတို့ကိုသူလိုက်နာနှင့်ပြီဟု ဖြေဆိုခဲ့သည်။ သို့တိုင် မိမိသည် ထပ်ဆင့်ပြုလုပ်ဖို့လိုသေးကြောင်း သူသိရှိခဲ့၏။ ထိုအခါ ယေရှုက ဘုရားသခင်၏မူများကို လက်တွေ့ကျသောနည်းများဖြင့် ပို၍အားစိုက်ကျင့်သုံးရန်၊ တက်ကြွလုကာ ၁၈:၁၈-၂၃) ထို့ကြောင့်၊ ယနေ့ ယေရှု၏သွန်သင်ချက်များကို သင်ယူလိုသူတစ်ဦးသည် ၎င်းတို့ကို သဘောတူလက်ခံခြင်းနှင့် တကယ်လက်ခံကျင့်သုံးခြင်းသည် ကွာခြားကြောင်း သတိရဖို့လိုသည်၊ သို့ပြုမှ ဖိစီးမှုလျော့နည်းမည်ဖြစ်သည်။
သောတပည့်တစ်ဦးဖြစ်ရန် သူ့ကိုမှာကြားခဲ့သည်။ ထိုသူသည် ၎င်းအထိပြုလုပ်လိုစိတ်မရှိကြောင်း ထင်ရှားသည်။ (၁၈။ ပူးတွဲပါလေးထောင့်ကွက်ကို အကျိုးရှိရှိ မည်သို့အသုံးပြုနိုင်ကြောင်း ဥပမာဖြင့်ရှင်းပြပါ။
၁၈ ယေရှု၏သွန်သင်ချက်များကို ဆန်းစစ်၍ကျင့်သုံးရန် အစပြုသည့်အနေနှင့် ပူးတွဲပါလေးထောင့်ကွက်ထဲမှ အမှတ် ၁ ကိုကြည့်ပါ။ ယင်းက မဿဲ ၅:၃-၉ ကိုညွှန်းထားသည်။ အမှန်မှာ၊ ၎င်းအခန်းငယ်များ၌ပါသော အလွန်ကောင်းသည့် အကြံပေးချက်ကို မည်သူမဆိုသည် အချိန်အတန်ကြာ စေ့စေ့သုံးသပ်နိုင်သည်။ သို့သော် ၎င်းတို့ကိုခြုံငုံ၍ကြည့်သော် သဘောထားနှင့်ပတ်သက်၍ သင့်ကောက်ချက်ကားအဘယ်နည်း။ သင်၏ဘဝတွင် ဖိစီးမှုများလွန်းခြင်းကို အမှန်အောင်မြင်လိုလျှင် အဘယ်အရာက သင့်အားထောက်ကူပေးမည်နည်း။ ဝိညာဉ်ရေးရာကိစ္စရပ်များကို သင်အာရုံပိုစိုက်ကာ ၎င်းတို့ကို သင်များများတွေးတောမည်ဆိုလျှင် သင့်အခြေအနေ မည်သို့ပိုကောင်းလာနိုင်သနည်း။ ဝိညာဉ်ရေးရာများကို သင်ပိုအရေးပေးနိုင်ဖို့ သင့်ဘဝတွင် သိပ်အလေးထားဖို့မလိုသော အရာတစ်စုံတစ်ခုရှိသလော။ ထိုသို့ပြုပါက သင်၏ပျော်ရွှင်မှုသည် ယခုပင် တိုးများလာပေမည်။
၁၉။ ထပ်ဆင့်ထိုးထွင်းမှုနှင့် သိနားလည်မှုရရှိဖို့ သင်အဘယ်အရာပြုနိုင်သနည်း။
၁၉ ယခု တစ်ဆင့်တက်ကြည့်ပါ။ ထိုအခန်းငယ်များကို သင့်အိမ်ထောင်ဖက်၊ ဆွေမျိုးရင်းခြာ သို့မဟုတ် မိတ်ဆွေတစ်ဦးဖြစ်သည့် ဘုရားသခင့်ကျေးကျွန် နောက်တစ်ဦးနှင့် ဆွေးနွေးကြည့်ပါ။ (သု. ၁၈:၂၄; ၂၀:၅) ကြွယ်ဝသောအရာရှိသည် ဆက်စပ်သောအကြောင်းတစ်ခုကို အခြားသူတစ်ဦး—ယေရှု—အား မေးမြန်းခဲ့ကြောင်း စွဲမှတ်ထားပါ။ တုံ့ပြန်ပုံက သူ၏ပျော်ရွှင်မှုနှင့် ထာဝရအသက်ရရေးအတွက် အခွင့်အရေးတိုးများလာစေနိုင်၏။ ထိုအခန်းငယ်များကို သင်ဆွေးနွေးခဲ့သော ဝတ်ပြုသူချင်းသည် ယေရှုနှင့်တူညီမည်မဟုတ်ပေ; သို့တိုင် ယေရှု၏သွန်သင်ချက်များကို ဆွေးနွေးခြင်းက သင်တို့နှစ်ဦးစလုံးအတွက် အကျိုးရှိပါလိမ့်မည်။ ယင်းကို အမြန်ဆုံး ကြိုးစားလုပ်ဆောင်ပါ။
၂၀၊ ၂၁။ ယေရှု၏သွန်သင်ချက်များကိုသင်ယူရန် အဘယ်အစီအစဉ်ကို သင်လိုက်လျှောက်နိုင်သနည်း၊ သင်၏တိုးတက်မှုကို မည်သို့အကဲဖြတ်နိုင်သနည်း။
၂၀ ပူးတွဲပါ “သင့်ကိုထောက်ကူမည့်သွန်သင်ချက်များ” လေးထောင့်ကွက်ကို ပြန်ကြည့်ပါ။ တစ်ရက်လျှင် သွန်သင်ချက်အနည်းဆုံးတစ်ခုကို သင်သုံးသပ်နိုင်ဖို့ ၎င်းသွန်သင်ချက်များကိုစုစည်းထားသည်။ ဦးဆုံး၊ ဖော်ညွှန်းထားသည့်အခန်းငယ်များ၌ ယေရှုမိန့်ဆိုခဲ့ရာကို သင်ဖတ်ရှုကြည့်နိုင်သည်။ ထို့နောက် ကိုယ်တော့်စကားများကို စဉ်းစားဆင်ခြင်ပါ။ သင့်ဘဝတွင် ၎င်းတို့ကို မည်သို့ကျင့်သုံးနိုင်ကြောင်း အလေးအနက်စဉ်းစားပါ။ ထိုသို့သင်ပြုလုပ်နှင့်ပြီဟုယူမှတ်လျှင် ထိုမြင့်မြတ်သောသွန်သင်ချက်နှင့်အညီ နေထိုင်ရန် အဘယ်အရာကို သင်ပြုလုပ်နိုင်သေးကြောင်း လေးလေးနက်နက်ဆင်ခြင်စဉ်းစားကြည့်ပါ။ တစ်နေ့တာလုံး ယင်းကိုကျင့်သုံးပါလေ။ ယင်းကိုနားလည်ရန် သို့မဟုတ် မည်သို့ကျင့်သုံးရမည်ကိုသိရှိရန် ခက်ခဲပါက နောက်တစ်ရက်အသုံးပြုကြည့်ပါ။ သို့သော် နောက်တစ်ချက်သို့မသွားမီ ယင်းကို သင်ကျွမ်းကျင်ပိုင်နိုင်ထားဖို့မလိုကြောင်း စိတ်စွဲမှတ်ထားပါ။ နောက်တစ်နေ့တွင် အခြားသွန်သင်ချက်တစ်ခုကို သင်သုံးသပ်နိုင်သည်။ ရက်သတ္တပတ်အဆုံးတွင် ယေရှု၏သွန်သင်ချက် လေးငါးခုကို အဘယ်အထိအောင်မြင်စွာ လိုက်နာကျင့်သုံးနိုင်ခဲ့ကြောင်း ပြန်လည်သုံးသပ်ကြည့်နိုင်သည်။ ဒုတိယအပတ်တွင် နေ့စဉ်ရက်ဆက် ထပ်ဆင့်သုံးသပ်ပါ။ သင်သည် သွန်သင်ချက်တစ်စုံတစ်ခုကို မကျင့်သုံးမိကြောင်းတွေ့ရှိရလျှင် စိတ်ဓာတ်မကျပါနှင့်။ ခရစ်ယာန်တိုင်း ထိုသို့တွေ့ကြုံရပေမည်။ (၂ ရာဇဝင်ချုပ် ၆:၃၆; ဆာလံ ၁၃၀:၃; ဒေ. ၇:၂၀; ယာကုပ် ၃:၈) တတိယနှင့် စတုတ္ထအပတ်များတွင် ဆက်၍ပြန်ကျင့်သုံးပါ။
၂၁ တစ်လခန့်ကြာလျှင် အချက် ၃၁ ချက်စလုံးကို သင်သုံးသပ်ပြီးဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ သင်မည်သို့အကျိုးသက်ရောက်မှု ခံစားရမည်နည်း။ ပိုပြီးပျော်သွားမည်၊ ပို၍သက်သောင့်သက်သာရှိမည်မဟုတ်လော။ သင်သည် အနည်းငယ်သာတိုးတက်ဦးတော့ သင့်မှာ ဖိစီးမှုလျော့နည်းနေပေလိမ့်မည်၊ အနည်းဆုံးတော့ ဖိစီးမှုကို သာ၍ကောင်းစွာကိုင်တွယ်တတ်ကာ ရှေ့ဆက်နိုင်မည့်နည်းလမ်းရှိပေလိမ့်မည်။ ယေရှု၏သွန်သင်ချက်များမှ စာရင်းထဲမပါသည့် အခြားအချက်ကောင်းများစွာရှိကြောင်း မမေ့ပါနှင့်။ ၎င်းတို့ကိုရှာယူပြီး ကြိုးစား၍လက်တွေ့ကျင့်သုံးပါလေ။—ဖိလိပ္ပိ ၃:၁၆၊ ၁၇။
၂၂။ ယေရှု၏သွန်သင်ချက်များကို လိုက်လျှောက်ခြင်းမှ အဘယ်အကျိုးရရှိနိုင်သနည်း၊ သို့သော် နောက်ထပ်အဘယ်ကဏ္ဍကို လေ့လာသင့်သနည်း။
၁ ယောဟန် ၅:၃) အသင်လည်း ထို့အတူယုံကြည်စိတ်ချနိုင်သည်။ ယေရှု၏သွန်သင်ချက်များကို သင်လက်တွေ့ကျင့်သုံးလေလေ ယနေ့ လူများစွာတို့အတွက် ဖိစီးမှုအလွန်များစေသောအရာသည် သင့်အတွက် ထိုမျှပူပင်စရာမဟုတ်ကြောင်း တွေ့ရလေလေဖြစ်မည်။ သက်သာမှုအတော်အတန်ရရှိထားကြောင်း သင်တွေ့ရှိပေလိမ့်မည်။ (ဆာလံ ၃၄:၈) သို့တိုင် ယေရှု၏ထမ်းလွယ်သောထမ်းပိုးနှင့်ပတ်သက်၍ သင်သုံးသပ်ဖို့လိုအပ်သည့် အခြားကဏ္ဍတစ်ခုရှိသေးသည်။ မိမိ၌ “နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘော” ရှိကြောင်းကိုလည်း ယေရှုဖော်ပြခဲ့သေးသည်။ ၎င်းသည် ယေရှုထံမှကျွန်ုပ်တို့သင်ယူခြင်း၊ ကိုယ်တော်အားတုပခြင်းတွင် မည်သို့အံဝင်ဂွင်ကျသနည်း။ ၎င်းကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ကြပါမည်။—မဿဲ ၁၁:၂၉။
၂၂ ယေရှု၏ထမ်းပိုးသည် အလေးချိန်ရှိသော်လည်း အမှန်ပင်ထမ်းလွယ်ကြောင်း သင်တွေ့ရှိပေပြီ။ ကိုယ်တော်၏သွန်သင်ချက်များနှင့် တပည့်ဖြစ်ခြင်းဝန်သည် ပေါ့ပါးသည်။ အနှစ် ၆၀ ကျော်ကိုယ်ပိုင်အတွေ့အကြုံမှ ယေရှု၏ချစ်မိတ်ဆွေ တမန်တော်ယောဟန်က သဘောတူကြောင်း ဤသို့ပြောခဲ့သည်– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” ([လေ့လာရန်မေးခွန်းများ]
သင့်အဖြေကား အဘယ်နည်း
• ဖိစီးမှုများလွန်းခြင်းမှ သက်သာရာရရန် ယေရှုကို ကျွန်ုပ်တို့ အဘယ်ကြောင့်မျှော်ကိုးသင့်သနည်း။
• ထမ်းပိုးသည် အဘယ်အရာ၏အမှတ်အသားဖြစ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
• ယေရှုသည် မိမိ၏ထမ်းပိုးကိုတင်ဖို့ လူတို့ကို အဘယ်ကြောင့်ဖိတ်ခေါ်ခဲ့သနည်း။
• ဝိညာဉ်ရေးရာလန်းဆန်းမှုကို သင်မည်သို့ရနိုင်မည်နည်း။
[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]
၂၀၀၂ ခုနှစ်အတွင်း ယေဟောဝါသက်သေများ၏ နှစ်ချုပ်ကျမ်းချက်မှာ– “ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။”—မဿဲ ၁၁:၂၈၊ ကဘ။
[စာမျက်နှာ ၁၂၊ ၁၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
သင့်ကိုထောက်ကူမည့်သွန်သင်ချက်များ
မဿဲအခန်းကြီး ၅ မှ ၇ တွင် အဘယ်အကျိုးပြုရာများကို သင်တွေ့ ရှိနိုင်သနည်း။ ဤအခန်းကြီးများတွင် ဂါလိလဲနယ်ရှိ တောင်စောင်းတစ်ခု၌ ကြီးမြတ်သောဆရာ၊ ယေရှုတင်ဆက်ခဲ့သော သွန်သင်ချက်များပါရှိသည်။ သင့်ကိုယ်ပိုင်ကျမ်းစာကိုအသုံးပြုကာ အောက်တွင်ဖော်ပြထားသော အခန်းငယ်များကို ကျေးဇူးပြု၍ဖတ်ရှုပြီး သက်ဆိုင်ရာမေးခွန်းများ သင့်ကိုယ်သင်မေးကြည့်ပါ။
၁။ ၅:၃-၉ ယင်းက ကျွန်ုပ်၏သာမန်သဘောထားအကြောင်း အဘယ်အရာကိုသိစေသနည်း။ ပျော်ရွှင်မှုပိုရရှိဖို့ ကျွန်ုပ်မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်၏ဝိညာဉ်ရေးလိုအပ်ချက်များကို မည်သို့ပို၍အာရုံစိုက်နိုင်မည်နည်း။
၂။ ၅:၂၅၊ ၂၆ လူအများ၌ရှိသော ရန်လိုသည့်စိတ်ထားကို အတုမြင်အတတ်သင်ခြင်းထက် အဘယ်အရာကပိုကောင်းသနည်း။—လုကာ ၁၂:၅၈၊ ၅၉။
၃။ ၅:၂၇-၃၀ ချစ်စိတ်ကူးယဉ်ခြင်းနှင့်ပတ်သက်၍ ယေရှု၏စကားများက အဘယ်အရာကိုအလေးပေးဖော်ပြသနည်း။ ၎င်းတို့ကိုရှောင်ခြင်းသည် ကျွန်ုပ်၏ပျော်ရွှင်မှုနှင့် စိတ်ငြိမ်သက်မှုကို မည်သို့ထောက်ကူမည်နည်း။
၄။ ၅:၃၈-၄၂ ခေတ်သစ်လူ့အဖွဲ့အစည်း အလေးထားသော အလွန်အမင်းတောင်းဆိုခြင်းကိုရှောင်ရန် ကျွန်ုပ်အဘယ်ကြောင့်ကြိုးစားသင့်သနည်း။
၅။ ၅:၄၃-၄၈ ရန်သူဟု ကျွန်ုပ်ယူမှတ်ခဲ့သူများနှင့် ရင်းနှီးသိကျွမ်းခြင်းမှ ကျွန်ုပ်အဘယ်အကျိုးရရှိနိုင်မည်နည်း။ ယင်းက စိတ်တင်းမာမှုကိုလျော့နည်းစေရန် သို့မဟုတ် ပြေပျောက်စေရန် အဘယ်အရာပြုလုပ်ပေးနိုင်သနည်း။
၆။ ၆:၁၄၊ ၁၅ ကျွန်ုပ်သည် တစ်ခါတစ်ရံ ခွင့်မလွှတ်လိုလျှင် မနာလိုမှု သို့မဟုတ် နာကြည်းမှုကြောင့်ဖြစ်မည်လော။ ယင်းကို ကျွန်ုပ်မည်သို့ပြောင်းလဲစေနိုင်မည်နည်း။
၇။ ၆:၁၆-၁၈ ကိုယ့်အတွင်းစိတ်ထက် အပြင်ပန်းကို ကျွန်ုပ်ပို၍ဂရုစိုက်တတ်သလော။ အဘယ်အရာကို ကျွန်ုပ်ပို၍သတိပြုသင့်သနည်း။
၈။ ၆:၁၉-၃၂ ကျွန်ုပ်သည် ငွေကြေး၊ ပစ္စည်းဥစ္စာတို့ကို အလွန်အမင်းအရေးထားတတ်လာလျှင် အဘယ်သို့ဖြစ်နိုင်မည်နည်း။ အဘယ်အကြောင်းကို ကျွန်ုပ်စဉ်းစားနေခြင်းက ဤကိစ္စတွင် ဟန်ချက်ညီနိုင်မည်နည်း။
၉။ ၇:၁-၅ ပြစ်တင်ဝေဖန်၍ အမြဲအပြစ်ရှာတတ်သူတို့နှင့် ပေါင်းသင်းနေရသောအခါ ကျွန်ုပ်မည်သို့ခံစားရသနည်း။ ထိုသို့မဖြစ်စေရန်ကြိုးစားဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၀။ ၇:၇-၁၁ ဘုရားသခင်ထံ ကျွန်ုပ်စွဲစွဲမြဲမြဲဆုတောင်းခြင်းသည်ကောင်းလျှင် ဘဝ၏အခြားကဏ္ဍများတွင်ကော။—လုကာ ၁၁:၅-၁၃။
၁၁။ ၇:၁၂ ရွှေပညတ်ကိုကျွန်ုပ်သိသော်လည်း အခြားသူများနှင့်ဆက်ဆံရာတွင် ယင်းကို ကြိမ်ဖန်မည်မျှကျင့်သုံးသနည်း။
၁၂။ ၇:၂၄-၂၇ ကျွန်ုပ်သည် ကိုယ့်ဘဝကိုယ်ညွှန်ကြားရန် တာဝန်ရှိသည့်အတွက် မခံမရပ်နိုင်အောင်ဖိစီးသော အခက်အခဲပြဿနာများအတွက် မည်သို့သာ၍အသင့်ရှိနိုင်မည်နည်း။ ဤအကြောင်းကို ယခု အဘယ်ကြောင့်စဉ်းစားသင့်သနည်း။—လုကာ ၆:၄၆-၄၉။
ကျွန်ုပ်သုံးသပ်နိုင်သော ထပ်ဆင့်သွန်သင်ချက်များ–
၁၃။ ၈:၂၊ ၃ ယေရှု မကြာခဏပြုလုပ်ခဲ့သကဲ့သို့ အကြောင်းမလှသူတို့ကို ကျွန်ုပ်သနားကြင်နာကြောင်း မည်သို့တင်ပြနိုင်မည်နည်း။
၁၄။ ၉:၉-၃၈ သနားကြင်နာမှုကို အဘယ်အတိုင်းအတာအထိ ကျွန်ုပ်တင်ပြသနည်း၊ ယင်းကို မည်သို့ပို၍တင်ပြနိုင်မည်နည်း။
၁၅။ ၁၂:၁၉ ယေရှုနှင့်ပတ်သက်သော ပရောဖက်ပြုချက်ကို ကျွန်ုပ်သိရှိလာရာ အငြင်းပွားမှုများကိုရှောင်ဖို့ ကျွန်ုပ်ကြိုးစားသလော။
၁၆။ ၁၂:၂၀၊ ၂၁ ကျွန်ုပ်သည် စကားအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ သူတစ်ပါးကိုမချိုးနှိမ်ခြင်းဖြင့် အဘယ်ကောင်းမှုပြုနိုင်သနည်း။
၁၇။ ၁၂:၃၄-၃၇ အဘယ်အကြောင်းကို ကျွန်ုပ်အပြောများသနည်း။ လိမ္မော်သီးကိုညှစ်လျှင် လိမ္မော်ရည်သာထွက်လာကြောင်း ကျွန်ုပ်သိထားသည်ဖြစ်ရာ ကျွန်ုပ်၏အတွင်းစိတ်နှလုံးကို အဘယ်ကြောင့်ဂရုစိုက်သင့်သနည်း။—မာကု ၇:၂၀-၂၃။
၁၈။ ၁၅:၄-၆ ယေရှု၏မိန့်ဆိုချက်များမှ သက်ကြီးရွယ်အိုများကို ကြည့်ရှုပြုစုခြင်းနှင့်ပတ်သက်၍ အဘယ်အရာကိုကျွန်ုပ်သိရှိရသနည်း။
၁၉။ ၁၉:၁၃-၁၅ အချိန်ယူ၍ အဘယ်အရာကို ကျွန်ုပ်ပြုလုပ်ဖို့လိုသနည်း။
၂၀။ ၂၀:၂၅-၂၈ မိမိကိုယ်ကျိုးအတွက် အာဏာသုံးခြင်းသည် အဘယ်ကြောင့်အကျိုးမရှိသနည်း။ ဤကိစ္စတွင် ယေရှုကိုကျွန်ုပ်မည်သို့တုပနိုင်သနည်း။
မာကုမှတ်တမ်းတင်ခဲ့သော အခြားတွေးခေါ်မှုများ–
၂၁။ ၄:၂၄၊ ၂၅ သူတစ်ပါးနှင့်ကျွန်ုပ်ဆက်ဆံပုံက အဘယ်အရာကိုအရိပ်အခြည်ဖော်ပြသနည်း။
၂၂။ ၉:၅၀ ကျွန်ုပ်ပြောဆို၊ ပြုမူရာသည် လျောက်ပတ်သင့်တော်မည်ဆိုလျှင် အဘယ်ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်မည်နည်း။
နောက်ဆုံး၊ လုကာမှတ်တမ်းတင်ခဲ့သော သွန်သင်ချက်အချို့–
၂၃။ ၈:၁၁၊ ၁၄ ကျွန်ုပ်၏ဘဝတွင် ပူပန်သောက၊ ချမ်းသာကြွယ်ဝမှုနှင့် အပျော်အပါးတို့ကို လွှမ်းမိုးခွင့်ပြုပါက အဘယ်ရလဒ်ရရှိနိုင်သနည်း။
၂၄။ ၉:၁-၆ ယေရှုသည် လူနာကိုကုသနိုင်သော တန်ခိုးရှိသော်လည်း ၎င်းထက် အဘယ်အရာကို ကိုယ်တော်ဦးစားပေးခဲ့သနည်း။
၂၅။ ၉:၅၂-၅၆ ကျွန်ုပ်သည် အလွယ်တကူအထကောက်တတ်သလော။ လက်စားချေလိုစိတ်ကို ကျွန်ုပ်ရှောင်ကြဉ်သလော။
၂၆။ ၉:၆၂ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းတာဝန်ကို ကျွန်ုပ်မည်သို့ရှုမြင်သင့်သနည်း။
၂၇။ ၁၀:၂၉-၃၇ ကျွန်ုပ်သည် သူစိမ်းမဆန်ဘဲ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ကြောင်း မည်သို့သက်သေပြမည်နည်း။
၂၈။ ၁၁:၃၃-၃၆ ကျွန်ုပ်၏ဘဝသည် ပို၍ရိုးရှင်းလာနိုင်ဖို့ အဘယ်အပြောင်းအလဲများကို ပြုလုပ်နိုင်သနည်း။
၂၉။ ၁၂:၁၅ စည်းစိမ်သည် အသက်နှင့် မည်သို့ဆက်စပ်သနည်း။
၃၀။ ၁၄:၂၈-၃၀ ဆုံးဖြတ်ချက်များကို အသေအချာချင့်ချိန်ဖို့ အချိန်ယူမည်ဆိုလျှင် အဘယ်အရာကို ကျွန်ုပ်ရှောင်ကြဉ်နိုင်မည်နည်း၊ အဘယ်အကျိုးရရှိမည်နည်း။
၃၁။ ၁၆:၁၀-၁၂ တည်ကြည်မှုရှိခြင်းမှ အဘယ်အကျိုးကျေးဇူးများ ကျွန်ုပ်ရရှိနိုင်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှု၏ထမ်းပိုးအောက်ရှိ အသက်ကယ်လုပ်ငန်းသည် လန်းဆန်းမှုဖြစ်