“ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏”
“ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏”
ကျွန်ုပ်တို့အားလုံး ကောင်းချီးရလိုကြသည်။ ကောင်းချီးများသည် “ပျော်ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ ကြီးပွားခြင်း” တို့ကိုဖြစ်ပေါ်စေသည်ဟု အမေရိကန်အမွေအနှစ်ကောလိပ်အဘိဓာန်က ဆို၏။ ယေဟောဝါသည် “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့” ကိုပေးတော်မူသော အရှင်ဖြစ်သောကြောင့် စစ်မှန်ပြီး တည်မြဲသောကောင်းချီးရှိရှိသမျှသည် ကျွန်ုပ်တို့၏မေတ္တာရှိဖန်ဆင်းရှင်မှ ဖြစ်ပေါ်လာ၏။ (ယာကုပ် ၁:၁၇) ကိုယ်တော်သည် လူခပ်သိမ်းအပေါ်—ကိုယ်တော်အားမသိသောသူများအပေါ်ပင်—ကောင်းချီးများ အလျှံပယ်သွန်းလောင်းပေးလျက်ရှိသည်။ ယေရှုက မိမိ၏ခမည်းတော်နှင့်ပတ်သက်၍ ဤသို့မိန့်ဆိုခဲ့သည်– “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) သို့သော် ယေဟောဝါသည် မိမိကိုချစ်မြတ်နိုးသူများအား အထူးဂရုစိုက်တော်မူ၏။—တရားဟောရာ ၂၈:၁-၁၄; ယောဘ ၁:၁; ၄၂:၁၂။
ဆာလံဆရာက ဤသို့ရေးခဲ့သည်– “ထာဝရအရှင်ဘုရားသခင်သည် . . . ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။” (ဆာလံ ၈၄:၁၁) မှန်၏၊ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်သူများသည် ပြည့်စုံကြွယ်ဝပြီး အဓိပ္ပာယ်ရှိသောဘဝကို ပိုင်ဆိုင်ကြသည်။ “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ကြောင်းကို သူတို့သိရှိကြသည်။ သမ္မာကျမ်းစာက ဤသို့လည်းဆိုသည်– “[ယေဟောဝါ] ကောင်းချီးပေးတော်မူခြင်းကို ခံရသောသူသည် ပြည်တော်ကိုအမွေခံရလိမ့်မည်။” (သု. ၁၀:၂၂; ဆာလံ ၃၇:၂၂၊ ၂၉) ဖြစ်လာမည့်ကောင်းချီးတစ်ရပ်ပင်ဖြစ်သတည်း!
ယေဟောဝါ၏ကောင်းချီးကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။ တစ်ခုအနေနှင့် ကိုယ်တော်၏စိတ်တော်နှင့်တွေ့သည့် အရည်အချင်းများကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ဖို့လိုသည်။ (တရားဟောရာ ၃၀:၁၆၊ ၁၉၊ ၂၀; မိက္ခာ ၆:၈) ရှေးအချိန်က ယေဟောဝါကျေးကျွန်သုံးဦး၏ပုံနမူနာတွင် ယင်းကို ကျွန်ုပ်တို့တွေ့မြင်ကြရ၏။
ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ကောင်းချီးပေး
နောဧသည် ထူးခြားထင်ရှားသော ဘုရားသခင်၏ကျေးကျွန်တစ်ဦးဖြစ်ခဲ့သည်။ ကမ္ဘာဦး ၆:၈ ၌ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “နောဧမူကား ထာဝရဘုရားစိတ်တော်နှင့်တွေ့သောသူဖြစ်သတည်း။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ နောဧသည် နာခံမှုရှိခဲ့သောကြောင့်ဖြစ်သည်။ မှတ်တမ်းက ‘နောဧသည် စစ်မှန်သောဘုရားသခင်နှင့်အတူ သွားလာ၏’ ဟုဆိုသည်။ ယေဟောဝါ၏ဖြောင့်မတ်သောမူများကို နောဧလိုက်လျှောက်ပြီး ကိုယ်တော်၏ပညတ်တော်များကို နာခံခဲ့သည်။ လောကသည် အကြမ်းဖက်မှုနှင့် အကျင့်ပျက်ပြားမှုတို့တွင် နစ်မြုပ်နေချိန်၌ “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။” (ကမ္ဘာဦး ၆:၉၊ ၂၂) ယင်းကြောင့် ယေဟောဝါသည် “[နောဧ၏] အိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းငှာ သင်္ဘော” တည်ဆောက်ဖို့ ညွှန်ကြားခဲ့သည်။ (ဟေဗြဲ ၁၁:၇) ဤနည်းအားဖြင့် နောဧနှင့် သူ့မိသားစု—သူတို့မှတစ်ဆင့် လူအမျိုးအနွယ်—သည်ထိုလူမျိုးဆက် ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ကြသည်။ ထို့ပြင် နောဧသည် မြေကြီးပရဒိသုတွင် ထာဝရအသက်ရရန် ရှင်ပြန်ထမြောက်လာမည့် မျှော်လင့်ချက်ရှိလျက် သေဆုံးခဲ့၏။ သူရရှိခဲ့သည့် ကြွယ်ဝလှသောကောင်းချီးများပါတကား!
အာဗြဟံတွင်လည်း ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရှိသော အရည်အချင်းများရှိခဲ့သည်။ အဆိုပါအရည်အချင်းများထဲမှ အဦးဆုံးမှာ ယုံကြည်ခြင်းဖြစ်သည်။ (ဟေဗြဲ ၁၁:၈-၁၀) အာဗြဟံသည် ယေဟောဝါ၏ကတိတော်ဖြစ်သည့် သူ၏အမျိုးအနွယ်မှ လူများစွာဖြစ်လာပြီး လူမျိုးနွယ်ခပ်သိမ်းကောင်းချီးခံစားရမည်ကို ယုံကြည်သောကြောင့် ချမ်းသာကြွယ်ဝသောအသက်တာကို စွန့်၍ ဥရမြို့၊ နောက်ပိုင်းတွင် ခါရန်မြို့မှထွက်ခွာခဲ့သည်။ (ကမ္ဘာဦး ၁၂:၂၊ ၃) သူသည် နှစ်ချီစမ်းသပ်မှုခံခဲ့ရသော်လည်း သားဣဇာက် မွေးဖွားလာသောအခါ သူ၏ယုံကြည်ခြင်းကြောင့် ဆုချခံခဲ့ရသည်။ အာဗြဟံသည် ဤသားအားဖြင့် ဘုရားသခင်ရွေးချယ်ထားသော ဣသရေလလူမျိုး၊ နောက်ဆုံးတွင် မေရှိယ၏ဘိုးဘေးဖြစ်လာရသည်။ (ရောမ ၄:၁၉-၂၁) ထို့ပြင် သူသည် ‘ယုံကြည်သူအပေါင်း၏ အဘ’ ဖြစ်သည်သာမက “ဘုရားသခင်၏အဆွေ” ဟူ၍လည်း အခေါ်ခံခဲ့ရ၏။ (ရောမ ၄:၁၁; ယာကုပ် ၂:၂၃; ဂလာတိ ၃:၇၊ ၂၉) သူ၏အသက်တာသည် တကယ်အဓိပ္ပာယ်ရှိပြီး သူခံစားရသည့်ကောင်းချီးသည် တကယ့်ကိုများပြားလှလေစွ!
တည်ကြည်သူမောရှေကိုလည်း စဉ်းစားသုံးသပ်ကြည့်ပါ။ သူ၏အရည်အချင်းများတွင် အထူးခြားဆုံးမှာ ဝိညာဉ်ရေးရာများကို သူ၏တန်ဖိုးထားလေးမြတ်ခြင်းဖြစ်၏။ မောရှေသည် အီဂျစ်ပြည်မှ စည်းစိမ်ဥစ္စာရှိသမျှကို စွန့်လွှတ်ကာ “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ” ခဲ့သည်။ (ဟေဗြဲ ၁၁:၂၇) မိဒျန်ပြည်တွင် အနှစ် ၄၀ နေပြီးနောက် သူသည် အသက်ကြီးသူအဖြစ် အီဂျစ်ပြည်သို့ပြန်သွား၍ မိမိ၏ညီအစ်ကိုများကို လွှတ်ပေးရန် ထိုအချိန်ကသြဇာအာဏာအရှိဆုံး ဖာရောဘုရင်ကို သတ္တိရှိရှိတောင်းဆိုခဲ့သည်။ (ထွက်မြောက်ရာ ၇:၁-၇) ကပ်ဘေးဆယ်ပါး၊ ပင်လယ်နီနှစ်ခြမ်းကွဲခြင်းနှင့် ဖာရော၏စစ်တပ်ဖျက်ဆီးခံရခြင်းတို့ကို သူကိုယ်တိုင်တွေ့မြင်ခဲ့၏။ ယေဟောဝါသည် ဣသရေလလူမျိုးကို ပညတ်တော်ပေးရန်၊ လူမျိုးအသစ်အနေနှင့် ပဋိညာဉ်ဖွဲ့ရန် သူ့ကို အာမခံအဖြစ်အသုံးပြုခဲ့သည်။ နှစ်ပေါင်း ၄၀ တိုင်အောင် မောရှေသည် တောကန္တာရတွင် ဣသရေလလူမျိုးကို ဦးဆောင်ခဲ့သည်။ သူ၏အသက်တာတွင် စစ်မှန်သောရည်ရွယ်ချက်ရှိခဲ့ပြီး လုပ်ငန်းတော်၌ တကယ်ကြွယ်ဝသောကောင်းချီးများကို ခံစားခဲ့ရ၏။
မျက်မှောက်ခေတ်ကောင်းချီးများ
ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်သူများ၏အသက်တာသည် အမှန်အဓိပ္ပာယ်ရှိကြောင်း အဆိုပါမှတ်တမ်းများက ဖော်ပြသည်။ ယေဟောဝါ၏လူမျိုးသည် နာခံခြင်း၊ ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေးရာများကို လေးမြတ်ခြင်းစသော အရည်အချင်းများကို ပြုစုပျိုးထောင်သည်နှင့်အမျှ သူတို့သည် ကြွယ်ဝစွာကောင်းချီးခံစားရကြ၏။
ကျွန်ုပ်တို့ မည်သို့ကောင်းချီးခံစားရကြသနည်း။ ခရစ်ယာန်ဘောင်အတွင်း ဝိညာဉ်ရေးငတ်ပြတ်နေသူ သန်းနှင့်ချီရှိသော်လည်း ယေရမိ ၃၁:၁၂၊ ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့ကို “အသက်ရှင်ခြင်းသို့ရောက်သောလမ်း” ပေါ်ဆက်တည်ရှိစေရန် အထောက်အကူပြု ဝိညာဉ်ရေးအစာကို ယေရှုခရစ်နှင့် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” မှတစ်ဆင့် ပေါများကြွယ်ဝစွာ ကျွေးမွေးလျက်ရှိသည်။ (မဿဲ ၇:၁၃၊ ၁၄; ၂၄:၄၅၊ ကဘ; ယောဟန် ၁၇:၃) ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့် ပေါင်းသင်းခြင်းသည် ကြွယ်ဝသောကောင်းချီး နောက်တစ်ခုဖြစ်၏။ အစည်းအဝေးများ၌ဖြစ်စေ၊ အခြားအချိန်အခါများ၌ဖြစ်စေ မေတ္တာတင်ပြကြပြီး “လူသစ်” ကိုယူတင်ဝတ်ဆင်ရန် အားတက်သရောကြိုးစားသူများဖြစ်ကြသည့် ဝတ်ပြုသူချင်းများနှင့် အတူရှိနေခြင်းက ပျော်ရွှင်မှုများစွာပေးသည်။ (ကောလောသဲ ၃:၈-၁၀; ဆာလံ ၁၃၃:၁) သို့သော် ကျွန်ုပ်တို့၏အကြီးမားဆုံးကောင်းချီးမှာ ယေဟောဝါဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိခြင်းနှင့် ကိုယ်တော်၏သားတော် ခရစ်တော်ယေရှု၏ခြေရာကို လိုက်လျှောက်ရခြင်းတို့ဖြစ်သည့် တန်ဖိုးမဖြတ်နိုင်သော အခွင့်ထူးဖြစ်၏။—ရောမ ၅:၁၊ ၈; ဖိလိပ္ပိ ၃:၈။
ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏ကောင်းမြတ်မှုကြောင့် ရွှင်ပျ’ နိုင်ကြသည်။ (ဤသို့သောကောင်းချီးများကို ပြန်လည်သုံးသပ်ကြခြင်းဖြင့် ဘုရားသခင်၏လုပ်ငန်းတော်ကို ထမ်းဆောင်ရခြင်းသည် အမှန်ပင်တန်ဖိုးရှိကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြသည်။ ပုလဲစစ်များကို ရှာဖွေခဲ့သည့် ခရီးသွားကုန်သည်တစ်ဦးအကြောင်း ယေရှု၏ပုံဥပမာကို ကျွန်ုပ်တို့စဉ်းစားမိပေမည်။ ထိုသူနှင့်စပ်လျဉ်း၍ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကိုတွေ့သောအခါ သွား၍ မိမိရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်၏။” (မဿဲ ၁၃:၄၆) ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး၊ ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရသည့်အခွင့်ထူး၊ ကျွန်ုပ်တို့၏ခရစ်ယာန်ပေါင်းသင်းမှု၊ ခရစ်ယာန်မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းနှင့်ဆက်နွှယ်သည့် အခြားကောင်းချီးရှိရှိသမျှကို ထိုသို့ကျွန်ုပ်တို့ယူမှတ်ကြပေမည်။ ကျွန်ုပ်တို့၏အသက်တာတွင် ၎င်းတို့ထက် ပို၍တန်ဖိုးရှိသောအရာ အဘယ်အရာမျှမရှိချေ။
ယေဟောဝါအား ပြန်ပေးဆက်ကြလော့
ကောင်းမြတ်သည့်ဆုရှိသမျှကို ပေးတော်မူသောအရှင်အဖြစ် ယေဟောဝါအား ကျွန်ုပ်တို့အသိအမှတ်ပြုသောကြောင့် ကျွန်ုပ်တို့ရရှိမဿဲ ၂၈:၁၉) နိုင်ငံပေါင်း ၂၃၀ ကျော်မှ ယေဟောဝါသက်သေများသည် ထိုသို့ပြုလုပ်နိုင်ရန် အိမ်နီးချင်းများထံ လည်ပတ်ခြင်း၌ အလုပ်များလျက်ရှိကြသည်။ သူတို့ဤသို့ပြုလုပ်ကြရာတွင် အခြားသူများ “[အမှန်တရား] ကိုသိစေခြင်းငှာ” သူတို့၏အကန့်အသတ်သာရှိသောအစွမ်းအစများဖြစ်သည့် အချိန်၊ ခွန်အားနှင့် ပစ္စည်းဥစ္စာကို အသုံးပြုကြသည်။—၁ တိမောသေ ၂:၄။
သည့်ကောင်းချီးများအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရန် ကျွန်ုပ်တို့စေ့ဆော်ခံရကြ၏။ ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။ တစ်နည်းမှာ အလားတူကောင်းချီးများကို အခြားသူများခံစားရရန် ကူညီပေးခြင်းအားဖြင့်ဖြစ်၏။ (ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဂလဲန်ဒေလ်မြို့တွင် နေထိုင်ကြသော ရှေ့ဆောင်များကို သုံးသပ်ကြည့်ပါ။ သူတို့သည် စနေနေ့နံနက်တိုင်း ဖယ်ဒရယ်အကျဉ်းထောင်သို့ လည်ပတ်ရန် အသွားအပြန်ခရီး ၆၅ မိုင်ခန့် ကားမောင်းသွားခဲ့ကြရသည်။ အကျဉ်းသားများထံလည်ပတ်တိုင်း နာရီအနည်းငယ်သာ အချိန်ရသော်လည်း သူတို့ စိတ်မပျက်ကြချေ။ သူတို့ထဲမှတစ်ဦးက ဤသို့ဆိုသည်– “ထူးခြားတဲ့ဒီရပ်ကွက်မျိုးမှာ အမှုဆောင်ခွင့်ရတာဟာ အရမ်းကိုအကျိုးရှိတာပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်မတို့အမှုဆောင်ထွက်ကြတယ်။ စိတ်ဝင်စားသူတွေများလွန်းလို့ မနိုင်သလောက်ပဲ။ လောလောဆယ် လူငါးယောက်နဲ့ ကျွန်မတို့ သင်အံမှုပြုလုပ်နေကြတယ်၊ နောက်ထပ်လေးယောက်က ကျမ်းစာသင်အံမှုတောင်းဆိုနေတယ်။”
စိတ်အားထက်သန်သော ခရစ်ယာန်အမှုဆောင်များသည် ဤအသက်ကယ်ဆယ်ရေးလုပ်ငန်းကို အခမဲ့လုပ်ဆောင်ကြရန် ပျော်ရွှင်လျက်ရှိကြသည်။ “သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့” ဟုမိန့်ဆိုခဲ့သော ယေရှု၏စိတ်ထားကို သူတို့ရောင်ပြန်ဟပ်ကြသည်။ (မဿဲ ၁၀:၈) ကမ္ဘာတစ်ဝန်းရှိ သန်းချီသူတို့သည် အလားတူကိုယ်ကျိုးစွန့်လုပ်ငန်းတော်တွင် ပါဝင်လျက်ရှိကြရာ ရလဒ်အနေနှင့် စိတ်နှလုံးရိုးဖြောင့်သောသူများစွာသည် တုံ့ပြန်နေကြ၍ တပည့်များဖြစ်လာကြပြီ။ လွန်ခဲ့သောငါးနှစ်အတွင်းတွင်ပင် ၁.၇ သန်းနီးပါးသည် သူတို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့ကြပြီ။ အဆက်မပြတ် ဤသို့တိုးများလာသူတို့၏ လိုအပ်ရာများကို ဖြည့်စွက်ပေးရန် ကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများ ထုတ်လုပ်နေသည်သာမက ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များနှင့် စည်းဝေးရန်အခြားနေရာများကို ဆောက်လုပ်ပေးဖို့လိုပေသည်။ အဆိုပါလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် လိုအပ်သည့်ငွေကြေးကို အဘယ်နေရာမှရရှိသနည်း။ စေတနာအလျောက်ထည့်ဝင်သော အလှူငွေများမှဖြစ်သည်။
ကမ္ဘာ့ဒေသအချို့တွင် စီးပွားရေးအခက်အခဲရှိသောကြောင့် လူအများသည် မိမိတို့မိသားစုများ၏ အခြေခံဘဝလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် ရုန်းကန်နေကြရ၏။ နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းအရ လူဦးရေသန်းတစ်ထောင်သည် သူတို့မိသားစုဝင်ငွေ၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို စားစရိတ်အတွက် အသုံးပြုနေရကြသည်။ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများစွာသည် ထိုအခြေအနေမျိုးတွင် ရှိနေကြ၏။ သူတို့သည် ယုံကြည်သူချင်းများထံမှ အကူအညီမရရှိဘဲ ခရစ်ယာန်စာအုပ်စာတမ်းများ သို့မဟုတ် တင့်တယ်လျောက်ပတ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများ လုံးဝမရှိနိုင်ကြချေ။
ယင်းကြောင့် ဤသူတို့သည် မိမိတို့၏ဝန်ကို အခြားသူများအပေါ်ချရမည်ဟု မဆိုလိုပေ။ သို့သော် သူတို့သည် အကူအညီလိုအပ်ကြသည်။ မိမိတို့ရရှိသောကောင်းချီးများအတွက် ယေဟောဝါအား ကျေးဇူးတင်သည့်အနေနှင့် ပစ္စည်းဥစ္စာလှူဒါန်းကြရန် ဣသရေလလူမျိုးကို မောရှေ အားပေးခဲ့သောအခါ ဤသို့ဆိုသည်– “သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် လူအသီးအသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။” (တရားဟောရာ ၁၆:၁၇) ထို့ကြောင့် ဝတ်ပြုရာအိမ်တော်တွင် “ကြေးနီဒ င်္ဂါးနှစ်ပြား” လှူဒါန်းသော မုဆိုးမတစ်ဦးကို ယေရှုမြင်သောအခါ ကိုယ်တော်၏တပည့်များရှေ့၌ ထိုအမျိုးသမီးကိုချီးမွမ်းခဲ့သည်။ သူတတ်နိုင်သမျှ လှူဒါန်းခဲ့၏။ (လုကာ ၂၁:၂၊ ၃) ထိုနည်းတူ ဆင်းရဲသောခရစ်ယာန်များသည်လည်း သူတို့တတ်နိုင်သမျှ လှူဒါန်းကြ၏။ လိုအပ်မှုရှိလျှင် ဥစ္စာအသင့်အတင့်ရှိသော ခရစ်ယာန်ချင်းများ၏ အလှူငွေဖြင့် ဖြည့်စွက်ပေးနိုင်ပါသည်။—၂ ကောရိန္သု ၈:၁၃-၁၅။
ဤနည်းများဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့ပြန်ပေးဆက်သောအခါ ရည်ရွယ်ချက်မှန်ရှိဖို့ အရေးကြီး၏။ (၂ ကောရိန္သု ၈:၁၂) “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏” ဟုပေါလုပြောခဲ့သည်။ (၂ ကောရိန္သု ၉:၇) စေတနာစိတ်အပြည့်နှင့် ရက်ရက်ရောရောလှူဒါန်းခြင်းဖြင့် ယခု တွေ့မြင်နေရသော သီအိုကရက်တစ်တိုးချဲ့မှုကို ကျွန်ုပ်တို့ထောက်ပံ့နေကြပြီး မိမိကိုယ်တိုင်၏ရွှင်လန်းမှုကိုပါ တိုးများစေလျက်ရှိသည်။—တမန်တော် ၂၀:၃၅။
ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းနှင့် စေတနာအလျောက်အလှူငွေ ထည့်ဝင်ခြင်းတို့သည် ကျွန်ုပ်တို့ကို ယေဟောဝါပေးသနားသည့် ကောင်းချီးများအတွက် ကိုယ်တော်အား ပြန်ပေးဆက်နိုင်သော နည်းနှစ်နည်းဖြစ်သည်။ ယေဟောဝါသည် လောလောဆယ် ကိုယ်တော်အားမသိရှိသေးသည့် စိတ်ရင်းမှန်သူများစွာအပေါ် ကောင်းချီးသွန်းလောင်းပေးလိုသည်ကို သိရှိရခြင်းသည် တကယ်ပင်အားရှိစရာပါတကား! (၂ ပေတရု ၃:၉) သို့ဖြစ်၍ စိတ်နှလုံးရိုးဖြောင့်သူများကို ရှာဖွေပြီး နာခံခြင်း၊ ယုံကြည်ခြင်းနှင့် လေးမြတ်ခြင်းစသော အရည်အချင်းများကို သူတို့လည်းမွေးမြူနိုင်ကြရန် ကူညီပေးဖို့ ဘုရားသခင့်လုပ်ငန်းတော်၌ ကျွန်ုပ်တို့စွမ်းရည်အင်အားများကို ဆက်အသုံးပြုကြစို့လေ။ ထိုနည်းဖြင့် “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြ” ရန်သူတို့ကိုကူညီပေးခြင်းမှ ရွှင်လန်းမှုကို ကျွန်ုပ်တို့ရရှိကြလိမ့်မည်။—ဆာလံ ၃၄:၈။
[စာမျက်နှာ ၂၈ ပါလေးထောင့်ကွက်]
အချို့သူများလှူဒါန်းရန်ရွေးချယ်ကြပုံနည်းလမ်းများ
ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း
များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသော အလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို သီးသန့်ဖယ်ထားကြသည်။
အသင်းတော်များသည် ယင်းအလှူငွေများကို နယူးယောက်၊ ဘရွတ်ကလင်ရှိ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ် သို့မဟုတ် ဒေသခံဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။ စေတနာအလျောက်ငွေကြေးအလှူငွေများကို Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကို တာဝန်ယူပေးရသောဌာနခွဲရုံးသို့ တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်း လှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါ ထည့်ပေးသင့်သည်။
ကန့်သတ်ချက်ဖြင့် လှူဒါန်းခြင်းအစီအစဉ်
လှူဒါန်းသူ၌ ကိုယ်ရေးကိုယ်တာလိုအပ်ချက်ရှိပါက သူ၏အလှူငွေကို ပြန်လည်ပေးအပ်ဖို့ အထူးအစီအစဉ်ဖြင့် ငွေကြေးလှူဒါန်းနိုင်သည်။ ထပ်မံသိလိုပါက အထက်တွင် ဖော်ပြထားသောလိပ်စာရှိ Treasurer’s Office ကိုစာရေးမေးမြန်းနိုင်သည်။
လှူဒါန်းရန်စီစဉ်ထားခြင်း
ငွေကြေးလုံးလုံးလျားလျားပေးအပ်ခြင်းနှင့် ကန့်သတ်ချက်ဖြင့် ငွေလှူဒါန်းခြင်းအပြင် ကမ္ဘာချီနိုင်ငံတော်လုပ်ငန်းကို အထောက်အကူပြုရန် အခြားပေးကမ်းနည်းများရှိသည်။ ၎င်းတို့တွင် အောက်ပါနည်းများပါဝင်သည်–
အအာမခံ– ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။
ဘဏ်စာရင်းများ– ဘဏ်ရှင်တမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင် သေဆုံးမှ လွှဲပြောင်းပေးရန် စီစဉ်နိုင်သည်။
အစုရှယ်ယာလက်မှတ်နှင့် ငွေချေးစာချုပ်များ– အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့ လုံးလုံးလျားလျားပေးအပ်လှူဒါန်းနိုင်သည်။
အိမ်ရာအဆောက်အအုံများ– ရောင်းချနိုင်သော အိမ်ရာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့ လုံးလုံးလျားလျားဖြစ်စေ၊ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန် စာချုပ်စာတမ်းမပြုမီ သင့်နိုင်ငံမှ ဌာနခွဲရုံးကို အကြောင်းကြားပါ။
နှစ်စဉ်ထောက်ပံ့ကြေး– နှစ်စဉ်ထောက်ပံ့ကြေးသည် ငွေကြေး သို့မဟုတ် အာမခံပစ္စည်းများကို ကင်းမျှော်စင်အသင်းသို့ လွှဲပြောင်းပေးသောအစီအစဉ်တစ်ခုဖြစ်သည်။ ယင်းအတွက် လှူဒါန်းသူ သို့မဟုတ် လှူဒါန်းသူ အမည်သတ်မှတ်ထားသူများသည် နှစ်စဉ်ထောက်ပံ့ကြေးငွေအပေါ် သတ်မှတ်ထားသည့်ထုတ်ပေးငွေကို တစ်သက်လုံး နှစ်စဉ်ရရှိသွားမည်။
သေတမ်းစာနှင့် လွှဲအပ်စာများ– ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကို ကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် ကင်းမျှော်စင်အသင်းက အကျိုးခံစားခွင့်ရှိသူအဖြစ် ပါဝင်စေနိုင်သည်။ ဤသို့ဘာသာရေးအဖွဲ့အစည်းကို လွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့် အကျိုးအမြတ်တစ်စုံတစ်ခုကို ဖြစ်ထွန်းစေပေမည်။
“လှူဒါန်းရန်စီစဉ်ထားခြင်း” ဝေါဟာရက အဓိပ္ပာယ်သက်ရောက်စေသည့်အတိုင်း ဤသို့လှူဒါန်းသောနည်းများကိုပြုရာတွင် လှူဒါန်းသူဘက်မှ ကြိုတင်စီစဉ်ထားမှုအချို့ လိုအပ်ပေမည်။ လှူဒါန်းရန်စီစဉ်ထားသည့်နည်းတစ်မျိုးမျိုးဖြင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီလုပ်ငန်းကိုအကျိုးပြုရန် ဆန္ဒရှိသူများအတွက် အကူအညီဖြစ်ဖို့ ကမ္ဘာချီဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို အကျိုးပြုဖို့ လှူဒါန်းရန်စီစဉ်ထားခြင်း ဟုခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်နှင့် စပိန်ဘာသာတို့ဖြင့် ဘရိုရှာကို အသင်းမက ပြင်ဆင်ပြီးခဲ့ပြီ။ လက်ဆောင်များ၊ သေတမ်းစာများနှင့် လွှဲအပ်စာများနှင့်ပတ်သက်၍ရရှိသည့် မေးမြန်းချက်များကိုဖြေကြားရန် ဤဘရိုရှာကို ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းတွင် မြေယာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ အခွန်အတုတ်ဆိုင်ရာစီစဉ်ရေးနှင့်ပတ်သက်၍ အကျိုးပြုသည့် ထပ်ဆင့်အကြောင်းအရာများလည်းပါဝင်သည်။ မိမိ၏မိသားစုနှင့် ကိုယ်ရေးကိုယ်တာအခြေအနေများကို ထည့်စဉ်းစားကာ အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများကို ရွေးချယ်ဖို့ အထူးလက်ဆောင် သို့မဟုတ် သေတမ်းစာနှင့်လွှဲအပ်ပေးရန် စီစဉ်နေကြသော အမေရိကန်ပြည်ထောင်စုရှိ လှူဒါန်းလိုသူများကိုကူညီရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပါသည်။ လှူဒါန်းရန်စီစဉ်ထားခြင်းဌာနမှ ၎င်းဘရိုရှာကိုတိုက်ရိုက်တောင်းယူနိုင်ပေမည်။
ဤဘရိုရှာကိုဖတ်ရှုပြီး လှူဒါန်းရန်စီစဉ်ထားခြင်းဌာနနှင့် ဆွေးနွေးပြီးနောက် ကမ္ဘာချီ ယေဟောဝါသက်သေများကို ကူညီထောက်ပံ့နိုင်သူများစွာရှိခဲ့ပြီး တစ်ချိန်တည်းတွင် အခွန်ကင်းလွတ်ခွင့်တိုး၍ ရရှိစေခဲ့ကြပါသည်။ အစီအစဉ်တစ်စုံတစ်ခုနှင့်စပ်လျဉ်း၍ လှူဒါန်းရန်စီစဉ်ထားခြင်းဌာနကို အကြောင်းကြားသင့်ကာ သက်ဆိုင်ရာစာရွက်စာတမ်းတစ်စုံတစ်ရာကိုလည်း ပေးပို့သင့်သည်။ လှူဒါန်းရန်စီစဉ်ထားသည့် ဤနည်းတစ်မျိုးမျိုးကို သင်စိတ်ဝင်စားလျှင် အောက်ဖော်ပြပါလိပ်စာ သို့မဟုတ် သင့်နိုင်ငံတွင် လုပ်ငန်းကိုစီမံကွပ်ကဲသော အသင်း၏ရုံး၊ လှူဒါန်းရန်စီစဉ်ထားခြင်းဌာနသို့ စာရေး၍ဖြစ်စေ၊ တယ်လီဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်သင့်ပါသည်။
လှူဒါန်းခြင်းဆိုင်ရာ စီမံဌာန
Watch Tower Bible and Tract Society of Pennsylvania
100 Watchtower Drive,
Patterson, New York 12563-9204
Telephone: (845) 306-0707