အလင်းမြို့တော်တွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း
အလင်းမြို့တော်တွင် အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း
ဖလွတ်ခ်တွက်အာတ် နက်ခ် မာရ်ဂျီတွက်ရ်၊ သို့မဟုတ် “လှိုင်းပုတ်သော်လည်း ရေမနစ်” ဟူသည် ပါရီမြို့တော်၏ဆောင်ပုဒ်ဖြစ်သည်။
လွန်ခဲ့သောအနှစ် ၂,၀၀၀ ကျော်က ပါရီမြို့သည် သင်္ဘောတစ်စင်းပမာ ဆက်တည်မြဲတည်နေရန် မရေတွက်နိုင်သည့် တိုင်းတစ်ပါးမုန်တိုင်းများနှင့် ပြည်တွင်းဆူပူမှုများကို ရဲဝံ့စွာရင်ဆိုင်ခဲ့သည်။ ယခု ကမ္ဘာ့အလှပဆုံးမြို့တော်တစ်ခုဖြစ်သည့် ပါရီမြို့ကို ၎င်း၏ကြီးကျယ်ခမ်းနားသော ဗိသုကာအဆောက်အအုံများ၊ သစ်ပင်စီတန်းစိုက်ထားသော လမ်းမကြီးများနှင့် ကမ္ဘာကျော်ပြတိုက်များကြောင့် လူကြိုက်များလျက်ရှိသည်။ အချို့က ယင်းမြို့တော်ကို ကဗျာဆရာများ၊ ပန်းချီဆရာများနှင့် အတွေးအခေါ်ရှင်များ၏ စားကျက်အဖြစ်ယူမှတ်ကြသည်။ အခြားသူများမူ ၎င်းမြို့၏အရသာထူးကဲသော စားကောင်းသောက်ဖွယ်များကို မြည်းစမ်းကြပြီး ၎င်း၏ဖက်ရှင်ဒီဇိုင်းများကို အံ့သြချီးမွမ်းကြသည်။
ရာဇဝင်အရ ပါရီမြို့သည် ကက်သလစ်အယူဝါဒ အကြီးအကျယ်လွှမ်းမိုးခဲ့သော နေရာဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာက အသိဉာဏ်ပွင့်လင်းခြင်းဟု လူသိများသော ဥရောပဉာဏ်ကြီးရှင်လှုပ်ရှားမှု၌ ပါရီမြို့၏အရေးပါသောကဏ္ဍကြောင့် ယင်းမြို့ကို အလင်းမြို့တော်ဟု ခေါ်တွင်လာခဲ့သည်။ ယနေ့ ၎င်းကိုသတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ ပါရီမြို့သားအများစုမှာ ဘာသာတရားထက် ၎င်းခေတ်မှအတွေးအခေါ်ပညာ၏လွှမ်းမိုးမှုကို ပိုခံရကြသည်။
သို့ရာတွင် လူ့ဉာဏ်ပညာသည် လူသားများ၏အသက်တာကို ထင်သည့်အတိုင်း အလင်းမပေးခဲ့ချေ။ ယနေ့ လူများစွာသည် အခြားဇာစ်မြစ်တစ်ခုမှ အသိဉာဏ်ပွင့်လင်းခြင်းကို ရှာဖွေလျက်ရှိကြသည်။ ယခုဆိုလျှင် ယေဟောဝါသက်သေများသည် ပါရီမြို့တွင် “အလင်းဆောင်သူများအဖြစ် ထွန်းလင်း”ဖိလိပ္ပိ ၂:၁၅၊ ကဘ) ကျွမ်းကျင်သောသင်္ဘောသားများကဲ့သို့ သူတို့သည် ‘လူခပ်သိမ်းတို့မှ နှစ်သက်ဖွယ်ရာများ’ ကိုတင်ဆောင်ရန် ပြောင်းလဲနေသောခေတ်ရေစီးကြောင်း သို့မဟုတ် အဖြစ်အပျက်များနှင့်အညီ အဆက်မပြတ်ပြုပြင်ခဲ့ကြရသည်။—ဟဂ္ဂဲ ၂:၇။
ခဲ့ကြသည်မှာ အနှစ် ၉၀ ခန့်ရှိပြီ။ (အခက်အခဲနှင့် လုပ်ဆောင်ရသောမြို့တော်
၁၈၅၀ ပြည့်နှစ်က ပါရီမြို့တော်တွင် လူဦးရေ ၆၀၀,၀၀၀ ရှိခဲ့၏။ ဆင်ခြေဖုံးရပ်ကွက်များအပါအဝင် ၎င်း၏လက်ရှိလူဦးရေမှာ ကိုးသန်းကျော်သွားလေပြီ။ ဤသို့လူဦးရေတိုးများလာခြင်းကြောင့် ပါရီမြို့သည် ပြင်သစ်နိုင်ငံ၏ ကွဲပြားမှုအများဆုံးမြို့တော် ဖြစ်လာရခြင်းဖြစ်သည်။ ယင်းသည် ကမ္ဘာ့အဆင့်မြင့်ပညာရေးဗဟိုတစ်ခုဖြစ်ပြီး ထိုမြို့တွင် ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်တစ်ခုရှိ၍ ကျောင်းသား ၂၅၀,၀၀၀ ခန့်၏နေထိုင်ရာလည်းဖြစ်သည်။ အပြစ်ကျူးလွန်မှုနှင့် အလုပ်လက်မဲ့များသော မိုးမျှော်တိုက်ကြီးများစွာရှိ ပါရီဆင်ခြေဖုံးရပ်ကွက်အချို့ကို ပါရီမြို့၏မနှစ်မြို့စရာဟု တင်စားသည်။ ယေဟောဝါသက်သေများသည် သတင်းကောင်းကို နှစ်သက်ဖွယ်နည်းဖြင့် လူခပ်သိမ်းအား တင်ဆက်နိုင်ရန် လိမ္မာပါးနပ်မှုနှင့် အလိုက်သင့်ပြုပြင်နိုင်စွမ်းရှိဖို့ အမှန်ပင်လိုသည်။—၁ တိမောသေ ၄:၁၀။
ပါရီမြို့သို့ ကမ္ဘာလှည့်ခရီးသည်သန်း ၂၀ ကျော်နှစ်စဉ်လည်ပတ်ကြသည်။ သူတို့သည် အိုက်ဖဲလ်မျှော်စင်ပေါ် စိတ်လှုပ်ရှားစွာတက်ကြ၊ စေန်မြစ်တစ်လျှောက်လမ်းလျှောက်ကြ၊ လမ်းဘေးလက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် အချိန်ဖြုန်းကြ
ခြင်းဖြင့် ပတ်ဝန်းကျင်ကိုရှုစားပျော်မွေ့နိုင်ကြပေမည်။ သို့သော် ပါရီမြို့သားများ၏ နေ့စဉ်အသက်တာသည် မနားတမ်းသွားလာလှုပ်ရှားနေရကြပေမည်။ “လူတွေဟာ အမြဲတမ်းသုတ်သီးသုတ်ပျာပဲ” ဟုအချိန်ပြည့်အမှုဆောင် ခရစ်ရှန်ပြောပြသည်။ “သူတို့အိမ်ပြန်ရောက်ကြတဲ့အခါ မောဟိုက်နေကြပြီ။” အလုပ်များနေကြသော ဤလူများနှင့် စကားပြောရန် မလွယ်ကူချေ။
သို့ရာတွင် ပါရီမြို့ရှိ ယေဟောဝါသက်သေများကြုံတွေ့ရသော အကြီးမားဆုံးပြဿနာတစ်ခုမှာ လူတို့ကို သူတို့အိမ်၌တွေ့ဆုံရန်ဖြစ်သည်။ အဆောက်အဦအချို့တွင် အပြန်အလှန်ဆက်သွယ်ရေးစက် တပ်ဆင်ထားကြသည်။ သို့သော် ရာဇဝတ်မှုတိုးများလာသဖြင့် အခန်းတွဲအဆောက်အဦများ၏အဝင်ဝ၌ စကားဝှက်များထားတတ်ရာ ဝင်ခွင့်မရနိုင်တော့ချေ။ ယင်းကြောင့် အချို့ဒေသများတွင် သက်သေခံတစ်ဦးလျှင် လူဦးရေ ၁,၄၀၀ အချိုးရှိရခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် တယ်လီဖုန်းဖြင့်သက်သေခံခြင်းနှင့် အလွတ်သဘောသက်သေခံခြင်းတို့ကို ပိုမိုအသုံးပြုလာခြင်းဖြစ်သည်။ ယေဟောဝါသက်သေများသည် အခြားနည်းများဖြင့် မိမိတို့၏ “အလင်းကို လင်းစေ” နိုင်ခဲ့ကြပြီလော။—မဿဲ ၅:၁၆။
အလွတ်သဘောသက်သေခံရန် အခွင့်အလမ်းများနှင့် နေရာများစွာရှိ၏။ ဘတ်စကားမှတ်တိုင်တစ်ခု၌ရပ်နေသော စိတ်ဓာတ်ကျနေပုံရသည့်အမျိုးသမီးတစ်ဦးကို မာရ်တီန်တွေ့ခဲ့သည်။ ထိုအမျိုးသမီး၏တစ်ဦးတည်းသောသမီး သေဆုံးခါစပင်ရှိသေးသည်။ မာရ်တီန်သည် သူ့ကို သမ္မာကျမ်းစာ၏ နှစ်သိမ့်မှုပေးသော ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်းပါရှိသည့် ဘရိုရှာတစ်စောင်ပေးလိုက်သည်။ ထို့နောက် လအနည်းငယ်အကြာ သူနှင့်အဆက်အသွယ်မရခဲ့ချေ။ မာရ်တီန်သည် ထိုအမျိုးသမီးကို နောက်တစ်ခါတွေ့သောအခါ သူနှင့်ကျမ်းစာသင်အံမှုစနိုင်ခဲ့၏။ ထိုအမျိုးသမီး၏ခင်ပွန်း အတိုက်အခံပြုလုပ်သည့်ကြားမှာပင် သူသည် သက်သေခံတစ်ဦးဖြစ်လာလေသည်။
အကျိုးဖြစ်ထွန်းသော အလွတ်သဘောသက်သေခံခြင်း
ပါရီမြို့၏လူထုသယ်ယူပို့ဆောင်ရေးစနစ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်။ ၎င်း၏နာမည်ကျော်မြေအောက်ရထားသည် နေ့စဉ် ခရီးသည် ၅,၀၀၀,၀၀၀ ကိုသယ်ပို့ပေးသည်။ ပါရီမြို့၏အချက်အချာကျသော မြေအောက်ဘူတာရုံ ရှာတ်လေ လေစ် အာလ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့်အရှုပ်ထွေးဆုံးနေရာဟုဆို၏။ ထိုတွင် လူတို့ကိုတွေ့ဆုံရန် အခွင့်အလမ်းများစွာရှိသည်။ အလက်ဇန္ဒရားသည် မြေအောက်ရထားနှင့် နေ့စဉ်အလုပ်တက်သည်။ တစ်နေ့တွင် သူသည် ကုသ၍မရသည့်သွေးကင်ဆာရောဂါသည် လူငယ်တစ်ဦးနှင့် စကားစမြည်ပြောဆိုခဲ့၏။ အလက်ဇန္ဒရားသည် သူ့ကို ပရဒိသုမျှော်လင့်ချက်ဝေစာတစ်စောင်ပေးခဲ့သည်။ ခြောက်ပတ်တိုင် ၎င်းအချိန်၊ ၎င်းနေရာ၌ပင် နေ့စဉ်ကျမ်းစာဆွေးနွေးခဲ့သည်။ ထို့နောက် တစ်နေ့တွင် ထိုလူမလာတော့ချေ။ များမကြာမီ သူ၏ဇနီးက မိမိခင်ပွန်းသည် အသည်းအသန်ဖြစ်နေသောကြောင့် ဆေးရုံသို့လာရန် အလက်ဇန္ဒရားကို ဖုန်းဆက်အကြောင်းကြားသည်။ ဝမ်းနည်းစရာမှာ အလက်ဇန္ဒရား အရောက်နောက်ကျသွားသည်။ ဤသူသေဆုံးပြီးနောက် သူ၏ဇနီးသည် ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း ဘောဒိုးမြို့သို့ ပြောင်းရွှေ့သွားရာ ထိုတွင် သူ့ထံ ဒေသခံသက်သေခံများ လည်ပတ်ခဲ့ကြသည်။ နောက်တစ်နှစ်အကြာတွင် ထိုမုဆိုးမသည် မိမိခင်ပွန်းထမြောက်လာခြင်းကို မြင်တွေ့ရန်မျှော်လင့်ချက်ရှိသည့် နှစ်ခြင်းခံပြီးသောခရစ်ယာန် ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်ကို ကြားသိရခြင်းမှာ အလက်ဇန္ဒရားအတွက် တကယ့်ကိုဝမ်းသာစရာသတင်းဖြစ်ခဲ့ပါသည်!—ယောဟန် ၅:၂၈၊ ၂၉။
သက်ကြီးပိုင်းခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ပါရီမြို့မှ ပြင်သစ်နိုင်ငံအလယ်ရှိ လီမိုဂျင်းစ်မြို့သို့သွားသော ရထားတစ်စီးပေါ်တွင် ရီနာတာနှင့်စကားပြောခဲ့သည်။ ရီနာတာသည် သူ၏နေရင်းနိုင်ငံပိုလန်တွင် ဘာသာဝါဒ၊ ဟေဗြဲစာနှင့် ဂရိစာတို့ကို ငါးနှစ်တိုင် သင်ကြားလေ့လာခဲ့သော်လည်း ဘုရားသခင်ကိုယုံကြည်ခြင်းမရှိတော့ချေ။ ယခင်သုံးလက ဘုရားသခင်ထံ သူဆုတောင်းခဲ့သည်။ ရီနာတာသည် သက်ကြီးပိုင်းညီအစ်မ၏စကားကို အမှန်တကယ်စိတ်ဝင်စားမှုမရှိသော်လည်း ပြန်တွေ့ဆုံလိမ့်မည်ဟု မထင်မှတ်သောကြောင့် မိမိ၏ဖုန်းနံပါတ်ကိုပေးလိုက်သည်။ သို့သော် ထိုညီအစ်မသည် ဇွဲကောင်းပြီး များမကြာမီအချိန်တွင် ရီနာတာထံ ပြန်လည်ပတ်ဖြစ်အောင် စီစဉ်ခဲ့သည်။ သက်သေခံမောင်နှံတစ်စုံသည် ရီနာတာထံရောက်ရှိသောအခါ ‘သူတို့ ငါ့ကို ဘာတွေသင်ပေးမှာလဲ’ ဟုသူစဉ်းစားခဲ့၏။ ရီနာတာသည် ကျမ်းစာသင်တန်းတက်ပြီးသော်လည်း ကျမ်းစာအမှန်တရားကို နှိမ့်ချစွာသင်ယူလက်ခံခဲ့သည်။ “ဒါဟာ အမှန်တရားပဲဆိုတာကို ကျွန်မချက်ချင်းသဘောပေါက်ခဲ့တယ်” ဟုသူပြောပြသည်။ ယခု သူသည် အခြားသူများအား ကျမ်းစာသတင်းတရားပြောပြခြင်း၌ ပျော်ရွှင်လျက်ရှိသည်။
မီရှယ်လ်သည် ကားမောင်းသင်တန်းတက်ခဲ့သည်။ သူ၏ကားမောင်းသင်တန်းမှ အခြားကျောင်းသားများသည် လက်မထပ်မီ လိင်ဆက်ဆံခြင်းအကြောင်း ပြောဆိုနေကြသည်။ ၎င်းကို မိမိမကြိုက်မနှစ်သက်ကြောင်း မီရှယ်ပြောပြသည်။ တစ်ပတ်အကြာတွင် ကားမောင်းနည်းပြဆရာမ စီလ်ဗီက “မင်းက ယေဟောဝါသက်သေလား” ဟုသူ့အားမေးသည်။ မီရှယ်၏ကျမ်းစာအခြေပြုရှုမြင်ချက်ကို စီလ်ဗီ စိတ်စွဲမှတ်ခဲ့သည်။ ကျမ်းစာသင်အံမှုစတင်ခဲ့ပြီး နောက်တစ်နှစ်တွင် စီလ်ဗီ နှစ်ခြင်းခံခဲ့၏။
ပါရီမြို့ရှိ ပန်းခြံနှင့်ဥယျာဉ်များစွာသည် လူတို့နှင့်စကားစမြည်ပြောဆိုရန် လှပနှစ်လိုဖွယ်ဝန်းကျင်ဖြစ်သည်။ ဇိုဇက်တ်သည် ခေတ္တနားချိန်ကို အခွင့်ကောင်းယူကာ အဘွားအိုအက်လဲန်လမ်းလျှောက်
နေသည့် ပန်းခြံသို့ရောက်သွားသည်။ သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် အံ့ချီးဖွယ်ကတိတော်များအကြောင်းကို ဇိုဇက်တ်ပြောပြခဲ့သည်။ ကျမ်းစာသင်အံမှုစဖို့ စီစဉ်ပြီး မကြာမီတွင် အက်လဲန်သည် နှစ်ခြင်းခံသည့်အဆင့်အထိ တိုးတက်ခဲ့သည်။ ယခု အသက် ၇၄ နှစ်အရွယ်အက်လဲန်သည် အလွန်သီးပွင့်သောမှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်နေပြီး ခရစ်ယာန်အမှန်တရားကို အခြားသူများအား ပျော်ရွှင်စွာ ပြောပြလျက်ရှိသည်။လူမျိုးအပေါင်းအတွက် အလင်း
ပါရီမြို့ရှိသက်သေခံများသည် စိတ်ဝင်စားဖွယ်ယဉ်ကျေးမှုအမျိုးမျိုးကို ပျော်မွေ့ရန် ရပ်ဝေးတိုင်းတစ်ပါးသို့ ခရီးထွက်စရာမလိုချေ။ လူဦးရေ ၂၀ ရာခိုင်နှုန်းနီးပါးသည် တိုင်းတစ်ပါးသားများဖြစ်ကြသည်။ ထိုတွင် ကွဲပြားသောဘာသာစကား ၂၅ မျိုးခန့်ဖြင့် ခရစ်ယာန်အသင်းတော်များနှင့် အုပ်စုများရှိသည်။
ပင်ကိုစွမ်းရည်နှင့် ဖန်တီးမှုစွမ်းရည်တို့သည် ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ထမ်းဆောင်ရန် ဤထူးခြားသောဒေသ၌ အကျိုးရလဒ်ကောင်းများ ရရှိစေသည်။ ဖိလစ်ပိုင်သက်သေခံတစ်ဦးသည် သူ၏ကိုယ်ပိုင်အထူးရပ်ကွက်တစ်ခုကို ဖန်တီးခဲ့သည်။ သူသည် ဈေးဝယ်နေစဉ် စတိုးဆိုင်များရှိ အခြားဖိလစ်ပိုင်လူများနှင့် မိတ်ဖွဲ့စကားပြောခြင်းဖြင့် ကျမ်းစာသင်အံမှုများစွာ စတင်နိုင်ခဲ့၏။
ကိုယ်တိုင်အစပြုဟောပြောခြင်းသည် အကျိုးနပ်ပေသည်။ ၁၉၉၆၊ ဒီဇင်ဘာလ၌ ကမ္ဘာကျော်ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မိမိတို့မြို့သို့ လာရောက်ဖျော်ဖြေမည့်သတင်းကို ရသောအခါ တိုင်းတစ်ပါးဘာသာစကားပြော အသင်းတော်တစ်ခုမှ သက်သေခံများသည် ဖျော်ဖြေသူများနှင့်တွေ့ဆုံရန် ကြိုးစားမည်ဟုဆုံးဖြတ်ခဲ့ကြသည်။ ပြပွဲပြီးနောက် တစ်ညနေပိုင်းတွင် ဟိုတယ်သို့ပြန်နေကြသော အနုပညာရှင်များအား သူတို့စကားစမြည်ပြောဆိုနိုင်ခဲ့ကြသည်။ ဤသို့အစပြုဟောပြောခဲ့ခြင်းကြောင့် သမ္မာကျမ်းစာ ၂၈ အုပ်၊ ခရစ်ယာန်စာအုပ် ၅၉ အုပ်၊ ဘရိုရှာ ၁၃၁ အုပ်နှင့် မဂ္ဂဇင်း ၂၉၀ ဝေငှနိုင်ခဲ့သည်။ ထိုမြို့တွင်သုံးပတ်နေခဲ့ပြီးနောက် ကျွမ်းဘားသမားတစ်ဦးက “ကျွန်တော် ယေဟောဝါသက်သေတစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲ” ဟုမေးခဲ့သည်။ နောက်တစ်ဦးက “ကျွန်တော့်နိုင်ငံမှာ ကျွန်တော်ဟောပြောမယ်” ဟူ၍ပြောဆိုခဲ့သည်။
တွေ့ရှိရန်ဖြစ်သော ဖုံးကွယ်နေသည့်ရတနာများ
ပါရီမြို့သို့ရောက်လာသော ဧည့်သည်များသည် သူတို့ကြည့်သမျှနေရာတိုင်းတွင် ရှေးခေတ်မှ နှစ်သက်ဖွယ်ဗိသုကာလက်ရာများကို ရှာဖွေကြသည်။ သို့သော် ထိုထက်အဖိုးတန်သောအရာများကို တွေ့ရှိရဆဲပင်။ အာနီဇာသည် သံတမန်တစ်ဦးဖြစ်သူဦးလေးနှင့် ပြင်သစ်နိုင်ငံသို့ရောက်ရှိလာသည်။ သူသည် သမ္မာကျမ်းစာကို အိမ်၌မှန်မှန်ဖတ်ရှုလေ့ရှိသည်။ တစ်နေ့ အိမ်မှ သုတ်သီသုတ်ပျာထွက်သွားစဉ် ရှေ့ဆောင်တစ်ဦးက သူ့အား သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း ဝေစာတစ်စောင်ပေးခဲ့သည်။ နောက်တစ်ပတ် ပြန်တွေ့ဆုံရန် ချိန်းလိုက်ရာ ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ အာနီဇာသည် မိသားစုထံမှ အတိုက်အခံများစွာခံခဲ့ရသည်။ နှစ်ခြင်းခံနိုင်သည့်အဆင့်အထိ သူ၏လေ့လာမှုတွင် တိုးတက်လာသည်။ အခြားသူများအား အမှန်တရားပြောပြရမည့်အခွင့်အရေးကို သူမည်သို့ရှုမြင်သနည်း။ “ကျွန်မက ရှက်တတ်တာကြောင့် ပထမပိုင်းမှာ ဟောပြောခြင်းလုပ်ငန်းဟာ မလွယ်ဘူး။ ဒါပေမဲ့ ကျမ်းစာကိုဖတ်တဲ့အခါ ကျွန်မလှုံ့ဆော်ခံရတယ်။ မဟောပြောရရင် ကျွန်မမနေနိုင်တော့ဘူး။” ‘သခင်ဘုရား၏အမှုတော်၌ အလုပ်များလျက်’ ရှိကြသော ပါရီမြို့ရှိသက်သေခံများစွာတို့တွင် ထိုစိတ်ထားကို ထူးခြားစွာတွေ့ရှိရသည်။—၁ ကောရိန္သု ၁၅:၅၈။
ကျမ်းစာအမှန်တရားသည် ပါရီမြို့၏မြို့စွန်များရှိ အိမ်ရာများထံသို့လည်း ထွန်းလင်းနေ၍ အခြား “ကျောက်မျက်များ” ကိုဖော်ထုတ်ပေးပါသည်။ ဘရုစ်သည် ဓာတ်ပြားအချို့ငှားရန် ယေဟောဝါသက်သေဖြစ်ခါစ သူ၏သူငယ်ချင်းထံ သွားလည်ပတ်ခဲ့သည်။ သူ၏သူငယ်ချင်းသည် ဘရုစ်၏အသိမိတ်ဆွေအချို့နှင့် ကျမ်းစာဆွေးနွေးနေသည်ကိုတွေ့ရှိရာ သူသည်လည်း နားထောင်ခဲ့သည်။ ဘရုစ်သည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သော်လည်း သူ့မှာပြဿနာအချို့ရှိနေသည်။ “ဒီဒေသမှာ ကျွန်တော်က နာမည်ကြီးတယ်။ ကျွန်တော့်အစ်ကိုအကြီးဆုံးဆိုရင် အမြဲတမ်းရန်ဖြစ်တဲ့သူ၊ ကျွန်တော်ကျတော့ ဆူညံတဲ့အကပါတီပွဲတွေ စီစဉ်တဲ့သူဖြစ်တယ်။ ကျွန်တော်သက်သေခံတစ်ဦးဖြစ်လာတာကို အခြားသူတွေ ဘယ်လိုလက်ခံနိုင်မှာလဲ။” ပါတီပွဲများလုပ်ပေးရန် အဆက်မပြတ်ပူဆာခံခဲ့ရသော်လည်း ထိုအလုပ်မျိုးကို ဘရုစ်မလုပ်တော့ချေ။ တစ်လအကြာတွင် သူသည် စတင်ဟောပြောခဲ့ရာ “ကျွန်တော် သက်သေခံဖြစ်လာရတဲ့အကြောင်းကို ဒီဒေသကလူတိုင်းလိုလို သိချင်ကြတယ်” ဟုသူပြောပြသည်။ မကြာမီ သူနှစ်ခြင်းခံခဲ့သည်။ အချိန်တန်သော် သူသည် ခရစ်ယာန်ဓမ္မအမှုသင်တန်းကျောင်း တက်ခွင့်ရခဲ့သည်။
ရတနာများရှာဖွေရာတွင် အကြီးအကျယ်အားထုတ်ရ၏။ သို့သော် ကြိုးစားအားထုတ်ရကျိုးနပ်သောအခါ တကယ့်ကိုရွှင်လန်းရသည်တကား! ဂျက်ကီ၊ ဘရူနိုနှင့် ဒေမီရမ်တို့သည် ပါရီမြို့တွင် မုန့်ဖုတ်သမားများဖြစ်ကြသည်။ “ကျွန်တော်တို့ တစ်ချိန်လုံးအလုပ်ထဲမှာပဲ၊ အိမ်မှာဘယ်တော့မှမရှိတဲ့အတွက် ကျွန်တော့်တို့ကိုတွေ့ဖို့မလွယ်ဘူး” ဟုဂျက်ကီပြောပြသည်။ မှန်မှန်ရှေ့ဆောင်ဖြစ်သူ ပက်ထရစ်သည် အဆောက်အဦတစ်ခု၏အပေါ်ဆုံးထပ်တွင် အခန်းငယ်အချို့ရှိသည်ကို တွေ့ရှိပြီးနောက် အနည်းဆုံးတစ်ခန်း၌လူနေမည်ဟု သူခန့်မှန်းခဲ့သည်။ နေ့ခင်းပိုင်းတစ်ခု၌ ထိုတွင် ခေတ္တတည်းနေသည့် ဂျက်ကီနှင့် နောက်ဆုံးတွင်တွေ့ဆုံခဲ့ရာ အခန်းရှင်များကိုတွေ့ရှိရန် သူ၏မဆုတ်မနစ်ကြိုးစားခဲ့ခြင်းသည် အကျိုးဖြစ်ထွန်းခဲ့လေသည်။ ရလဒ်ကားအဘယ်နည်း။ ထိုသူငယ်ချင်းသုံးဦးသည် သက်သေ
ခံများဖြစ်လာကြပြီး သီအိုကရက်တစ်လုပ်ငန်းတွင် သူတို့အား ပို၍ပါဝင်နိုင်စေသည့်အခြားအလုပ်ကို ရှာတွေ့ခဲ့ကြသည်။လေမုန်တိုင်းကို ငြိမ်သက်စေခြင်း
မကြာသေးမီက ပြင်သစ်နိုင်ငံရှိ လူထုဆက်သွယ်ရေးအချို့သည် ယေဟောဝါသက်သေများကို အန္တရာယ်ပြုသော ဘာသာရေးဂိုဏ်းတစ်ခုအဖြစ် ဖော်ပြခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် သက်သေခံများသည် အထူးသိကောင်းစရာပါသည့် ယေဟောဝါသက်သေများ—သင်သိဖို့လိုအပ်သည့်အရာ ဝေစာကို ကိုးသန်းကျော်ဖြန့်ချိရန် အင်တိုက်အားတိုက်ကြိုးစားခဲ့ကြသည်။ အမှန်ပင်အကျိုးရှိသော ရလဒ်များရရှိခဲ့၏။
လူတိုင်းထံ ဤဝေစာရောက်ရှိရန် အထူးကြိုးစားအားထုတ်ခဲ့ကြသည်။ အရာရှိများစွာတို့သည် သက်သေခံများကို ကျေးဇူးတင်ကြောင်း ပြောဆိုကြသည်။ စည်ပင်သာယာအကြံပေးပုဂ္ဂိုလ်တစ်ဦးက ဤသို့စာရေးအကြောင်းကြား၏– “ဒီဝေစာကို ယေဟောဝါသက်သေတွေ ဖြန့်ချိတာကောင်းတယ်။ အမှန်အတိုင်းသိရတယ်။” ဆရာဝန်တစ်ဦးက ဤသို့ပြောဆိုသည်– “ဒါကို ကျွန်တော်စောင့်နေတာကြာပြီ!” ပါရီမြို့မှလူတစ်ဦးက “ယေဟောဝါသက်သေများ—သင်သိဖို့လိုအပ်သည့်အရာ ဝေစာကို ကျွန်တော်အမှတ်မထင်ဖတ်လိုက်ရတယ်။ ပိုပြီးသိချင်သေးတယ်၊ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကိုလည်း လက်ခံချင်တယ်” ဟူ၍ စာရေးခဲ့သည်။ “သင်တို့ရဲ့ရိုးသားဖြောင့်မတ်မှုကို ကျေးဇူးတင်ပါတယ်” ဟုအခြားတစ်ဦးက ရေးခဲ့သည်။ ကက်သလစ်အမျိုးသမီးတစ်ဦးက သက်သေခံများအား ဤသို့ပြောခဲ့သည်– “ဒီမုသာစကားတွေကို အခုမှ ရှင်တို့ချေပလိုက်တာကိုး!”
ပါရီမြို့ရှိ သက်သေခံလူငယ်များစွာအတွက် အထူးရွှင်လန်းစရာမှာ ၁၉၉၇ ခုနှစ်၌ ကက်သလစ်ကမ္ဘာ့လူငယ်များနေ့တွင် ဟောပြောခြင်းကင်ပိန်းကို စီစဉ်ပေးခြင်းဖြစ်သည်။ အပူချိန်မှာ ၉၅ ဒီဂရီဖာရင်ဟိုက်ကျော်သော်လည်း သက်သေခံ ၂,၅၀၀ ခန့်ပါဝင်ခဲ့ကြ၏။ ရက်အနည်းငယ်အတွင်းပင် သူတို့သည် ကမ္ဘာအနှံ့အပြားမှလူငယ်များအား လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဘရိုရှာ ၁၈,၀၀၀ ကိုဝေငှခဲ့ကြသည်။ ယေဟောဝါ၏နာမတော်ကို ကောင်းစွာသက်သေခံခဲ့ရပြီး အမှန်တရားမျိုးစေ့များကို ကြဲနိုင်ခဲ့သည့်အပြင် ဤကင်ပိန်းသည် သက်သေခံလူငယ်များစွာကို အလွန်စိတ်အားထက်သန်စေခဲ့သည်။ အဆိုပါအထူးကြိုးစားအားထုတ်မှု၌ အပြည့်အဝပါဝင်နိုင်ရန် မိမိ၏အားလပ်ရက်အပန်းဖြေမှုကိုလျှော့လိုက်သည့် ညီအစ်မငယ်တစ်ဦးက ဤသို့စာရေးပို့သည်– “ယေဟောဝါရဲ့နာမတော်ကိုချီးမွမ်းဖို့ မိမိတို့ခွန်အားကိုအသုံးပြုကြတဲ့ ကိုယ်တော်ရဲ့ပျော်ရွှင်တဲ့လူတွေ ကမ္ဘာမြေကြီးပေါ်မှာရှိတယ်။ ဒီလောက်အကျိုးရှိတဲ့ ဒီနှစ်ရက်ဟာ တစ်သက်တာအားလပ်ရက်ရှိသမျှထက် တကယ်ကိုအကျိုးနပ်ခဲ့တယ်! (ဆာလံ ၈၄:၁၀)”
၁၉၉၈၊ ဖေဖော်ဝါရီ ၂၈ ရက်သည် ဂျာမနီနိုင်ငံတွင် ယေဟောဝါသက်သေများကို ပိတ်ပင်တားမြစ်ခဲ့သည့် ဟစ်တလာထုတ်ပြန်သောရုံးတော်အမိန့် ၆၅ ကြိမ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ ပြင်သစ်နိုင်ငံရှိသက်သေခံများသည် ထိုနေ့တွင် ယေဟောဝါ၏လူတို့ခံခဲ့ရသော ညှဉ်းပန်းနှိပ်စက်မှုကို အသေးစိတ်ဖော်ပြသည့် ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် ဗီဒီယိုခွေကို ငှားရမ်းထားသည့်ခန်းမများစွာတွင် လူထုရှေ့ပြသခဲ့ကြသည်။ ဖိတ်စာခုနစ်သန်းကျော် ဝေခဲ့သည်။ သမိုင်းပညာရှင်များနှင့် ယခင်အကျဉ်းသားဟောင်းများက စိတ်ထိခိုက်စရာသက်သေခံချက်များ တင်ပြပြောဆိုခဲ့ကြသည်။ ပါရီမြို့ပတ်ဝန်းကျင်တွင် သက်သေခံမဟုတ်သူများစွာအပါအဝင် လူပေါင်း ၅,၀၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။
ပါရီမြို့ရှိလူအများသည် ဝိညာဉ်ရေးအလင်းကို အလွန်တန်ဖိုးထားလေးမြတ်ကြရာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် အလင်းဆောင်သူများအဖြစ် တောက်ပစွာထွန်းလင်းနေကြသည်ကို ဝမ်းသာအားရကြသည်။ ယေရှုဤသို့မိန့်မြွက်ခဲ့သည့်အတိုင်းပင်ဖြစ်သည်– “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။” (မဿဲ ၉:၃၇) ပါရီမြို့တွင်းရှိ ဟောပြောခြင်းစိန်ခေါ်ချက်များကို ကျော်လွှားအောင်မြင်ရန် ယေဟောဝါသက်သေများ၏ အလျှော့မပေးသောစိတ်ဓာတ်ကြောင့် ယေဟောဝါအားချီးမွမ်းဖို့ အထူးအဓိပ္ပာယ်ဖြင့် ထိုမြို့ကို အလင်းမြို့တော်ဖြစ်စေခဲ့ပြီ။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မြို့တော်ခန်းမ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဂါးနီးယားဇာတ်ရုံ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လူဗားပြတိုက်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
တွေ့သမျှနေရာတိုင်းရှိ အလုပ်များသူတို့အား ကျမ်းစာသတင်းတရား ဟောပြောနေခြင်း