ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း
ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း
ဂါစတာဗိုသည် ဘရာဇီးနိုင်ငံရှိ မြို့ငယ်လေးတစ်မြို့တွင် ကြီးပြင်းလာခဲ့သည်။ * လူကောင်းများသေလျှင် ကောင်းကင်သို့သွားသည်ဟု ကလေးဘဝကတည်းက သူသွန်သင်ခံခဲ့ရသည်။ သစ္စာရှိလူသားများသည် တစ်နေ့သောအခါ မြေကြီးပရဒိသုတွင် စုံလင်သောအသက်တာကိုခံစားရမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း သူလုံးဝမသိခဲ့ချေ။ (ဗျာဒိတ် ၂၁:၃၊ ၄) သူမသိခဲ့သည့်အရာတစ်ခုရှိသေးသည်။ ယခုပင် ဝိညာဉ်ရေးပရဒိသု၌ သူရှိနိုင်ကြောင်းမသိပါ။
ထိုဝိညာဉ်ရေးပရဒိသုအကြောင်း သင်ကြားဖူးသလော။ ၎င်းသည် အဘယ်အရာဖြစ်ကြောင်းနှင့် ၎င်းအဝင်ဖြစ်ဖို့ အဘယ်အရာလိုအပ်ကြောင်း သင်သိပါသလော။ အမှန်ပင်ပျော်ရွှင်လိုသူ မည်သူမဆိုသည် ထိုပရဒိသုအကြောင်း သိဖို့လိုအပ်သည်။
ဝိညာဉ်ရေးပရဒိသုကိုတွေ့ရှိခြင်း
လူတစ်ဦးသည် ယခုပင်ပရဒိသု၌ နေထိုင်နိုင်သည်ဟုဆိုခြင်းသည် လက်တွေ့မကျပုံပေါ်သည်။ ဤလောကသည် ပရဒိသုဖြစ်ဖို့ဝေးလေစွ။ “တစ်ဖန်တုံ နေအောက်မှာပြုလေသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သော [“နှစ်သိမ့်စေသောသူ၊” သမ္မာ] သူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ” ဟူသော ရှေးခေတ်ဟေဗြဲရှင်ဘုရင်တစ်ပါး၏ဖော်ပြချက်ကို ကြုံတွေ့ရသူအလွန်များသည်။ (ဒေ. ၄:၁) သန်းပေါင်းများစွာသောသူတို့သည် ယိုယွင်းသော . . .၊ ဘာသာရေးနှင့် စီးပွားရေးစနစ်များအောက် ဆင်းရဲခံရကြပြီး သက်သာရာမရှိ၊ ‘နှစ်သိမ့်ပေးသောသူ’ မရှိကြချေ။ အခြားသူများမှာမူ သူတို့ပေးချေရမည့်ငွေများကိုပေးဆောင်ကြရန်၊ သားသမီးများကိုပြုစုပျိုးထောင်ကာ ဆက်အသက်ရှင်ဖို့လိုအပ်သော အခြားအရာများစွာကိုပြုလုပ်ရန် ရုန်းကန်ကြရသည်။ ဤသူတို့သည်လည်း ဝန်အနည်းငယ်ပေါ့ပါးစေမည့်သူတစ်ဦး၊ နှစ်သိမ့်ပေးသောသူတစ်ဦးကို ဝမ်းပန်းတသာကြိုဆိုကြပေမည်။ သူတို့အားလုံးအတွက် ဘဝသည် ပရဒိသုနှင့်အလှမ်းဝေးလှသည်။
သို့ဖြစ်၍ ဝိညာဉ်ရေးပရဒိသုသည် အဘယ်တွင်ရှိသနည်း။ “ပရဒိသု” ဟုပြန်ဆိုထားသောစကားလုံးသည် ပန်းခြံ သို့မဟုတ် ဥယျာဉ်၊ ဆိတ်ငြိမ်၊ လန်းဆန်းစေသောနေရာတစ်ခုဟုသဘောဆောင်သည့် ဂရိ၊ ပါရှားနှင့် ဟေဗြဲစကားလုံးများနှင့်ဆက်နွှယ်သည်။ သမ္မာကျမ်းစာက မြေကြီးသည် တစ်နေ့သောအခါ ပကတိပရဒိသု၊ အပြစ်မဲ့သောလူသားမျိုးနွယ်အတွက် ဥယျာဉ်ကဲ့သို့သောနေအိမ် ဖြစ်လာလိမ့်မည်ဟုကတိပြုထားသည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ယင်းကိုစွဲမှတ်လျက် ဝိညာဉ်ရေးပရဒိသုသည် လူလူချင်းနှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း ငြိမ်သက်မှုခံစားခွင့်ပေးသော မျက်စိမွေ့လျော်ရာနှင့် စိတ်အေးချမ်းရာဝန်းကျင်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်သည်။ ဂါစတာဗိုတွေ့ရှိခဲ့သည့်အတိုင်း ထိုသို့သောပရဒိသုသည် ယနေ့ တည်ရှိပြီး ၎င်းတွင် ပါဝင်သူ တိုးများလာနေသည်။
အသက် ၁၂ နှစ်အရွယ်တွင် ဂါစတာဗိုသည် ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးဖြစ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။ သူ့မိဘ၏သဘောတူညီချက်ဖြင့် ဘာသာရေးကျောင်းတစ်ခုကို သူတက်ခဲ့သည်။ ထိုတွင် လူငယ်များကိုဆွဲဆောင်ဖို့ ချာ့ခ်ျက ကမကထပြုသော တေးဂီတ၊ ကဇာတ်ရုံနှင့် နိုင်ငံရေးတို့တွင် ပါဝင်ပတ်သက်လာသည်။ ဘုန်းတော်ကြီးတစ်ဦးသည် လူတို့အတွက် မိမိကိုယ်ကိုပေးဆက်ရ၍ အိမ်ထောင်ပြု၍မရကြောင်း သူသိထားသည်။ သို့တိုင် ဂါစတာဗိုသိသော ဘုန်းတော်ကြီးနှင့် သင်တန်းသားအချို့မှာ အကျင့်ပျက်နေကြသည်။ ထိုသို့သောဝန်းကျင်၌ ဂါစတာဗိုသည် မကြာမီ သောက်ကြူးစပြုလာသည်။ ဝိညာဉ်ရေးပရဒိသုကို သူရှာမတွေ့သေးကြောင်း ထင်ရှား၏။
တစ်နေ့တွင် ဂါစတာဗိုသည် မြေကြီးပရဒိသုတစ်ခုအကြောင်းဖော်ပြထားသော သမ္မာကျမ်းစာဝေစာတစ်စောင်ကိုဖတ်မိသည်။ ၎င်းက သူ့ကိုဘဝရည်ရွယ်ချက်အကြောင်း တွေးတောစေခဲ့သည်။ သူကဤသို့ပြောပြသည်– “သမ္မာကျမ်းစာကိုကျွန်တော်မကြာမကြာ စဖတ်ခဲ့တယ်၊ ဒါပေမဲ့ နားမလည်ခဲ့ဘူး။ ဘုရားသခင်မှာ နာမည်ရှိတယ်ဆိုတာကိုတောင် ကျွန်တော်မမြင်ခဲ့ဘူး။” သမ္မာကျမ်းစာကျောင်းမှထွက်ကာ ယေဟောဝါသက်သေများထံချဉ်းကပ်ပြီး သမ္မာကျမ်းစာကိုနားလည်ဖို့ အကူအညီတောင်းခဲ့သည်။ ထို့နောက် အလျင်အမြန်ပင်တိုးတက်လာပြီး မကြာမီတွင် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်
အပ်နှံခဲ့သည်။ ဂါစတာဗိုသည် ဝိညာဉ်ရေးပရဒိသုအကြောင်း သင်ယူနေခဲ့သည်။ဘုရားသခင့်နာမတော်အဖို့လူမျိုးတော်
ယေဟောဝါဟူသော ဘုရားသခင့်နာမတော်သည် သမ္မာကျမ်းစာကျောင်းသားတစ်ဦးအတွက် စိတ်ဝင်စားဖွယ်အချက်တစ်ချက်မျှသာမဟုတ်ကြောင်း ဂါစတာဗိုသိရှိလာသည်။ (ထွက်မြောက်ရာ ၆:၃) ၎င်းသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးပါသောအပိုင်းကဏ္ဍဖြစ်၏။ ယေရှုသည် မိမိ၏နောက်လိုက်များအား ဤသို့ဆုတောင်းရန်သွန်သင်ပေးခဲ့သည်– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) ခရစ်ယာန်များဖြစ်လာသော တစ်ပါးအမျိုးသားတို့အကြောင်းနှင့်ပတ်သက်၍ တပည့်တော်ယာကုပ်က ဤသို့ဆိုခဲ့သည်– “ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကိုနုတ်ယူ . . . တော်မူသည်။” (တမန်တော် ၁၅:၁၄) ပထမရာစုတွင် ခရစ်ယာန်အသင်းတော်သည် ‘ကိုယ်တော်၏နာမအဖို့လူများ’ ဖြစ်ခဲ့သည်။ ယနေ့ ဘုရားသခင့်နာမတော်အဖို့လူများရှိသလော။ ရှိပါသည်၊ ထိုလူမျိုးတော်မှာ ယေဟောဝါသက်သေများဖြစ်ကြောင်း ဂါစတာဗိုသိရှိလာခဲ့သည်။
ယေဟောဝါသက်သေများသည် နိုင်ငံနှင့် နယ်မြေပေါင်း ၂၃၅ ခန့်တွင် တက်ကြွစွာအမှုဆောင်လျက်ရှိကြသည်။ သူတို့သည် အမှုဆောင်သူအရေအတွက် ခြောက်သန်းကျော်ရှိပြီး သူတို့၏အစည်းအဝေးများကို အခြားစိတ်ဝင်စားသူရှစ်သန်းတို့က တက်ရောက်ခဲ့ကြသည်။ သူတို့၏လူထုအမှုဆောင်ခြင်းအတွက် လူသိများကြပြီး ယေရှု၏ဤစကားများကို သူတို့ပြည့်စုံစေကြသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လော [က] နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) သို့သော် ဂါစတာဗိုသည် ယေဟောဝါသက်သေများနှင့်ပေါင်းသင်းရာ၌ ဝိညာဉ်ရေးပရဒိသုကို မိမိတွေ့ရှိခဲ့ပြီဟု အဘယ်ကြောင့်ယူမှတ်ခဲ့ရသနည်း။ သူကဤသို့ပြောပြသည်– “လောကမှာ၊ အထူးသဖြင့် သမ္မာကျမ်းစာကျောင်းမှာ ကျွန်တော်မြင်တွေ့ခဲ့တာတွေကို ယေဟောဝါသက်သေများအလယ်မှာ တွေ့ရတာတွေနဲ့ ကျွန်တော်နှိုင်းယှဉ်ကြည့်ခဲ့တယ်။ အခြားကြီးခြားတာကတော့ သက်သေခံတွေအလယ်မှာရှိတဲ့ မေတ္တာပါပဲ။”
အခြားသူများလည်း ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အလားတူမှတ်ချက်များချခဲ့ကြပြီ။ ဘရာဇီးအမျိုးသမီးငယ်တစ်ဦးဖြစ်သော မစ်ရီယန်ကဤသို့ဆိုခဲ့သည်– “မိသားစုထဲမှာတောင် ဘယ်လိုပျော်ရွှင်ရမယ်ဆိုတာကို ကျွန်မမသိခဲ့ဘူး။ လက်တွေ့တင်ပြတဲ့မေတ္တာကို ကျွန်မဦးဆုံးတွေ့မြင်ခဲ့တာ ယေဟောဝါသက်သေတွေအလယ်မှာပဲ။” ခရစ္စတီယန်အမည်ရှိ အမျိုးသားတစ်ဦးက ဤသို့ဆိုခဲ့သည်– “မကြာမကြာ နတ်ဝိဇ္ဇာ [နတ်ဆိုးပညာ]အတတ်ကို ကျွန်တော်အပျော်တမ်းလေ့လာလိုက်စားခဲ့တယ်၊ ဘာသာရေးကတော့ ကျွန်တော့်အတွက် အရေးမပါခဲ့ဘူး။ ကျွန်တော့်ရဲ့လူမှုရေးအဆင့်အတန်းနဲ့ အင်ဂျင်နီယာတစ်ဦးအဖြစ် ကျွန်တော့်ရဲ့အလုပ်ကို ပိုပြီးတန်ဖိုးထားခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်တော့်ဇနီးဟာ ယေဟောဝါသက်သေတွေနဲ့ သမ္မာကျမ်းစာစလေ့လာတဲ့အခါ သူပြောင်းလဲသွားတာကို ကျွန်တော်တွေ့ခဲ့တယ်။ သူ့ဆီလာလည်ပတ်တဲ့ ခရစ်ယာန်အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့စိတ်ထက်သန်မှုကိုလည်း ကျွန်တော့်စိတ်ထဲစွဲမှတ်သွားမိတယ်။” လူတို့သည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ ထိုသို့အဘယ်ကြောင့်ဆိုကြရသနည်း။
ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း
ယေဟောဝါသက်သေများကို ထင်ရှားစေသောအရာတစ်ခုမှာ သမ္မာကျမ်းစာအသိပညာကို သူတို့တန်ဖိုးထားလေးမြတ်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာသည် မှန်ကန်ပြီး ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။ ထို့ကြောင့် သူတို့ဘာသာတရား၏အခြေခံများကိုသာ သိထားရုံမျှနှင့် သူတို့မကျေနပ်ကြပါ။ ကိုယ်ပိုင်လေ့လာမှုနှင့် သမ္မာကျမ်းစာဖတ်ရှုခြင်းကို ဆက်ပြုလုပ်ကြရသည့်အစီအစဉ် သူတို့၌ရှိသည်။ ယေဟောဝါသက်သေများနှင့် ကြာကြာပေါင်းလေလေ သမ္မာကျမ်းစာတွင် ကိုယ်တော်ဖော်ပြထားသည့် ဘုရားသခင်နှင့် ကိုယ်တော်၏အလိုတော်ကို ပိုမိုသိရှိလာလေလေဖြစ်သည်။
ယင်းသို့သောအသိပညာက အယူသီးခြင်းနှင့် ဘေးသင့်စေသည့်ထင်မြင်ယူဆချက်များစသော လူတို့ကိုပျော်ရွှင်မှုကင်းမဲ့စေသည့်အရာများမှ ယေဟောဝါသက်သေတို့ကို လွတ်မြောက်စေသည်။ ယေရှုက “[အမှန်] တရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုဆိုခဲ့၏၊ ထိုစကားများသည် မှန်ကန်ကြောင်း ယေဟောဝါသက်သေများတွေ့ရှိကြသည်။ (ယောဟန် ၈:၃၂) တစ်ချိန်က နတ်ဝိဇ္ဇာအတတ်လိုက်စားခဲ့သော ဖာနန်ဒိုကဤသို့ဆိုသည်– “ထာဝရအသက်အကြောင်းသိလာရတာက တကယ့်စိတ်သက်သာမှုတစ်ခုပဲ။ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော်ပါသေသွားမှာကို ကြောက်ခဲ့မိတယ်။” အမှန်တရားက ဖာနန်ဒိုကို နာမ်ဝိညာဉ်လောကနှင့် တမလွန်ဘဝဟုခေါ်ဆိုရာတို့ကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်စေခဲ့သည်။
သမ္မာကျမ်းစာတွင် ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် ပရဒိသုနှင့် အနီးကပ်ဆက်စပ်လျက်ရှိ၏။ ပရောဖက်ဟေရှာယက ဤသို့ဆိုခဲ့သည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ဟေရှာယ ၁၁:၉။
ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”—ဟေရှာယကြိုပြောခဲ့သော ငြိမ်သက်ခြင်းကိုဆောင်ကြဉ်းပေးဖို့ အသိပညာရှိခြင်းတစ်ခုတည်းဖြင့် မလုံလောက်သည်မှာမှန်ပါသည်။ လူတစ်ဦးသည် မိမိသိရှိလာရာနှင့်အညီ ပြုမူကျင့်ကြံရမည်ဖြစ်သည်။ ဖာနန်ဒိုကဤသို့မှတ်ချက်ချခဲ့သည်– “လူတစ်ဦးသည် ဝိညာဉ်အသီးများကိုမွေးမြူသောအခါ သူသည် ဝိညာဉ်ရေးပရဒိသုကို အထောက်အကူပြုသည်။” ခရစ်ယာန်များမွေးမြူသင့်သော အရည်အသွေးကောင်းများကို ‘ဝိညာဉ်တော်နှင့်ဆိုင်ရာအသီး’ ဟုခေါ်ဆိုခဲ့သော တမန်တော်ပေါလု၏စကားများကို ဖာနန်ဒိုရည်ညွှန်းနေခြင်းဖြစ်သည်။ ၎င်းတို့ကိုသူက ဤသို့စာရင်းဖော်ပြခဲ့သည်– “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းပေတည်း။”—ဂလာတိ ၅:၂၂၊ ၂၃။
ယင်းသို့သောအရည်အသွေးများကို ကြိုးစားမွေးမြူကြသူတို့နှင့် ပေါင်းဖော်ခြင်းသည် ပရဒိသုတွင်ရှိသကဲ့သို့ အဘယ်ကြောင့်အမှန်ပင်ဖြစ်ရကြောင်း သင်မြင်သလော။ ထိုသို့သောလူများအလယ်တွင် ပရောဖက်ဇေဖနိကြိုပြောခဲ့သော ဝိညာဉ်ရေးပရဒိသု တည်ရှိပါလိမ့်မည်။ သူကဤသို့ဆိုခဲ့သည်– “[သူ] တို့သည် မတရားသောအမှုကိုမပြုရကြ။ မုသာမပြောရကြ။ သူတို့နှုတ်၌လှည့်စားတတ်သောလျှာမရှိရ။ အဘယ်သူမျှမကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြလိမ့်မည်။”—ဇေဖနိ ၃:၁၃။
ချစ်ခြင်းမေတ္တာ၏အရေးပါသောကဏ္ဍ
ပေါလုဖော်ပြခဲ့သော ဝိညာဉ်အသီးများတွင် ပထမဆုံးမှာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း သင်သတိပြုမိပေမည်။ ၎င်းသည် သမ္မာကျမ်းစာတွင်များစွာဖော်ပြသော အရည်အသွေးတစ်ခုဖြစ်သည်။ ယေရှုက ဤသို့ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) မှန်ပါသည်၊ ယေဟောဝါသက်သေများသည် မစုံလင်ကြပါ။ ယေရှု၏တမန်တော်များကဲ့သို့ပင် သူတို့အကြားတွင် သဘောထားကွဲလွဲမှုများ တစ်ခါတစ်ရံရှိကြသည်။ သို့သော် သူတို့သည် တစ်ဦးကိုတစ်ဦးအမှန်ချစ်ကြပြီး ၎င်းအရည်အသွေးကိုမွေးမြူကြစဉ် ဝိညာဉ်တော်၏ထောက်မမှုရဖို့ သူတို့ဆုတောင်းကြသည်။
အကျိုးဆက်အနေနှင့် သူတို့၏ပေါင်းသင်းမှုသည် ထူးခြား၏။ သူတို့စပ်ကြားတွင် လူမျိုးစုအစွဲ သို့မဟုတ် ကွဲပြားနေသည့်မျိုးချစ်စိတ်ဓာတ်မရှိပါ။ အမှန်မှာ၊ ၂၀ ရာစုကုန်ခါနီးနှစ်များအတွင်း လူမျိုးစုသန့်စင်ရေး အမျိုးဖြုတ်သတ်ဖြတ်မှုတို့ကို ကြုံတွေ့ခဲ့ကြရသော သက်သေခံများစွာသည် မိမိတို့အသက်ကိုစွန့်သည့်တိုင် တစ်ဦးကိုတစ်ဦးကာကွယ်ပေးခဲ့ကြသည်။ သူတို့သည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်” လာကြသော်လည်း ကိုယ်တိုင်မခံစားရလျှင် နားမလည်နိုင်သော စည်းလုံးမှုကို သူတို့ခံစားရကြသည်။—ဗျာဒိတ် ၇:၉။
ဘုရားသခင့်အလိုတော်ဆောင်သူတို့အလယ်ရှိ ပရဒိသု
ဝိညာဉ်ရေးပရဒိသုတွင် လောဘကြီးခြင်း၊ အကျင့်ယိုယွင်းခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့အတွက် နေရာမရှိပါ။ ခရစ်ယာန်များသည် ဤသို့မှာကြားခံရကြသည်– “သင်တို့သည် လော [က] ပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။” (ရောမ ၁၂:၂) ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားသန့်ရှင်းစွာ အသက်ရှင်ကြပြီး အခြားနည်းများဖြင့် ဘုရားသခင့်အလိုတော်ကိုဆောင်ကြသောအခါ ဝိညာဉ်ရေးပရဒိသုဖြစ်ပေါ်လာစေရန် ဝိုင်းဝန်းကူညီကြပြီး မိမိကိုယ်တိုင်ကိုလည်း ပျော်ရွှင်မှုရရှိစေသည်။ ထိုသို့အမှန်ဖြစ်ကြောင်း ကာလာတွေ့ရှိခဲ့သည်။ သူကဤသို့ဆိုသည်– “ကိုယ့်ခြေပေါ်ကိုယ်ရပ်လာနိုင်အောင် အလုပ်ကြိုးစားဖို့ အဖေကကျွန်မကိုသွန်သင်ခဲ့တယ်။ ကျွန်မရဲ့တက္ကသိုလ်ပညာက လုံခြုံတယ်လို့ ကျွန်မကိုခံစားစေပေမဲ့လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ရဲ့ အသိပညာကသာလျှင်ပေးနိုင်တဲ့ မိသားစုစည်းလုံးမှုနဲ့ လုံခြုံမှုတို့ကို ကျွန်မတမ်းတမိတယ်။”
ဆာလံ ၅၅:၂၂; ၈၆:၁၆၊ ၁၇) ဘုရားသခင်သည် “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်” ၌ပင် မိမိအားဝတ်ပြုသူတို့နှင့်အတူရှိရန် ကတိပြုတော်မူသည်။ (ဆာလံ ၂၃:၄) ကျွန်ုပ်တို့ကိုထောက်မဖို့ ဘုရားသခင်အသင့်ရှိကြောင်း ယုံကြည်စိတ်ချခြင်းက ဝိညာဉ်ရေးပရဒိသု၏သော့ချက်တစ်ခုဖြစ်သည့် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကျွန်ုပ်တို့တွင်ဆက်တည်ရှိဖို့ အထောက်အကူပြုသည်။—ဖိလိပ္ပိ ၄:၇။
ဝိညာဉ်ရေးပရဒိသု၌မွေ့လျော်ခြင်းက ဘဝ၏ကာယရေးပြဿနာများကို မဖယ်ရှားပေးသည်မှာမှန်ပါသည်။ ခရစ်ယာန်များသည် ဖျားနာဆဲဖြစ်သည်။ သူတို့နေထိုင်ကြသောနိုင်ငံတွင် ပြည်တွင်းပဋိပက္ခဖြစ်နိုင်သည်။ လူအများမှာ ဆင်းရဲနွမ်းပါးလျက်ရှိသည်။ သို့တိုင် ဝိညာဉ်ရေးပရဒိသု၏ အရေးပါသောအပိုင်းကဏ္ဍတစ်ခုဖြစ်သည့် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းက ထောက်မကူညီမှုရဖို့အတွက် ကိုယ်တော့်အား ကျွန်ုပ်တို့မျှော်ကိုးနိုင်စေသည်။ ‘ကျွန်ုပ်တို့ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထား’ ရန်ကိုယ်တော်အမှန်ပင်ခေါ်ဖိတ်တော်မူ၏၊ အခက်ခဲဆုံးအခြေအနေများတွင် အံ့ဖွယ်နည်းဖြင့် ကိုယ်တော်ထောက်မပေးခဲ့ကြောင်း သက်သေထူနိုင်သူများစွာရှိပါသည်။ (ဝိညာဉ်ရေးပရဒိသုကို အထောက်အကူပြုခြင်း
ပန်းခြံ သို့မဟုတ် ဥယျာဉ်တစ်ခုသို့လည်ပတ်ခြင်းကို လူအများနှစ်သက်ကြသည်။ ဥယျာဉ်ထဲလမ်းလျှောက်လိုကြခြင်း၊ သို့မဟုတ် ခုံတန်းရှည်ပေါ်ထိုင်ကာ ပတ်ဝန်းကျင်ကို ရှုစားခြင်းအရသာကိုခံစားလိုကြသည်။ အလားတူပင် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခြင်းကို လူအများမွေ့လျော်လိုကြသည်။ ထိုသို့သောပေါင်းသင်းမှုသည် လန်းဆန်း၊ ငြိမ်သက်၍ ပြန်လည်အားပြည့်စေကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ သို့သော် လှပသောဥယျာဉ်တစ်ခုသည် ပရဒိသုအခြေအနေမျိုးတွင် ဆက်တည်ရှိနေဖို့ရန် ပြုပြင်ထိန်းသိမ်းမှုလိုသည်။ အလားတူ ပရဒိသုလုံးလုံးမဆန်သည့် ဤလောကတွင် ဝိညာဉ်ရေးပရဒိသုဆက်တည်ရှိနေခြင်းမှာ ယေဟောဝါသက်သေများက ပြုစုပျိုးထောင်ပေး၍ သူတို့၏ကြိုးပမ်းမှုများကို ဘုရားသခင်ကောင်းချီးပေးသောကြောင့်သာလျှင်ဖြစ်၏။ သို့ဖြစ်၍ ထိုပရဒိသုအတွက် အဓိပ္ပာယ်ပြည့်ဝစွာ မည်သို့ထောက်ကူနိုင်မည်နည်း။
ဦးဆုံး၊ ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုနှင့် အသင်ပေါင်းသင်းကာ သူတို့နှင့်သမ္မာကျမ်းစာလေ့လာပြီး ဝိညာဉ်ရေးပရဒိသု၏အခြေခံဖြစ်သော သမ္မာကျမ်းစာအသိပညာကို ဆည်းပူးဖို့လိုသည်။ ကာလာက “ဝိညာဉ်အစာမရှိဘဲ ဝိညာဉ်ရေးပရဒိသုမရှိနိုင်” ဟုဖော်ပြခဲ့သည်။ ၎င်းတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မှန်မှန်ဖတ်ရှုကာ ဖတ်ရှုသည့်အကြောင်းကို စဉ်းစားဆင်ခြင်ခြင်းပါဝင်သည်။ ဆည်းပူးစုဆောင်းခဲ့သောအသိပညာက သင့်ကို ယေဟောဝါဘုရားသခင်နှင့် ပို၍ရင်းနှီးစေမည်ဖြစ်ပြီး ကိုယ်တော်အား သင်ချစ်မြတ်နိုးလာပေလိမ့်မည်။ ထို့ပြင် ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်စကားပြောဆိုရန်၊ ကိုယ်တော့်အလိုတော်ကိုဆောင်ရွက်စဉ် သင့်ကိုထောက်မကူညီပေးရန်၊ ကိုယ်တော်၏လမ်းညွှန်မှုနှင့် ဝိညာဉ်တော်အတွက် တောင်းလျှောက်ရန် သင်သိကျွမ်းလာပါလိမ့်မည်။ ဆုတောင်းခြင်း၌စွဲမြဲကြဖို့ ကျွန်ုပ်တို့ကို ယေရှုမိန့်မှာခဲ့သည်။ (လုကာ ၁၁:၉-၁၃) တမန်တော်ပေါလုက “မခြားမလပ်ဆုတောင်း . . . ကြလော့” ဟုဆိုခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၇) ဝိညာဉ်ရေးပရဒိသု၏ အရေးပါသောအပိုင်းကဏ္ဍတစ်ခုမှာ ကျွန်ုပ်တို့အား ဘုရားသခင်နားညောင်းတော်မူကြောင်းကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ကိုယ်တော့်ထံဆုတောင်းလျက် စကားပြောဆိုခွင့်ရခြင်းဖြစ်သည်။
အချိန်ကုန်လာသည်နှင့်အမျှ သင်သိရှိလာရာများကြောင့် သင့်ဘဝသည် တိုးတက်ကောင်းမွန်လာပြီး နောက်ဆုံးတွင် ၎င်းတို့ကို သူတစ်ပါးအား သင်ပြောပြလိုလာမည်။ ထိုအခါ ယေရှု၏ဤမိန့်မှာချက်ကို သင်နာခံနိုင်ပါလိမ့်မည်– “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မဿဲ ၅:၁၆) ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့အား သိကျွမ်းခြင်းပညာကို သူတစ်ပါးအားဝေမျှခြင်းနှင့် လူသားတို့အား သူတို့ပြခဲ့သောကြီးမားသည့်မေတ္တာကို ချီးမွမ်းခြင်းတို့က ပျော်ရွှင်မှုများစွာပေးသည်။
မြေကြီးတစ်ပြင်လုံး ညစ်ညမ်းမှုကင်းပြီး သစ္စာရှိလူသားတို့အတွက် သင့်တော်သည့်စံရိပ်ငြိမ် ဥယျာဉ်နှင့်တူသော ပကတိပရဒိသုဖြစ်လာမည့်အချိန် ရောက်လာတော့မည်။ ဤ “ခဲယဉ်းသောကာလ” တွင် ဝိညာဉ်ရေးပရဒိသုတည်ရှိခြင်းသည် ဘုရားသခင့်တန်ခိုးတော်၏ သာဓကတစ်ရပ်ဖြစ်ပြီး အနာဂတ်တွင် ကိုယ်တော်ပြုလုပ်စွမ်းဆောင်မည့်အရာ၏အရိပ်ဖြစ်သည်။—၂ တိမောသေ ၃:၁။
ယခုပင်လျှင် ဝိညာဉ်ရေးပရဒိသုတွင် မွေ့လျော်နေကြသူတို့သည် ဟေရှာယ ၄၉:၁၀ ပါဤစကားများ ဝိညာဉ်ရေးအရပြည့်စုံခြင်းကို ကြုံတွေ့နေရကြသည်– “သူတို့သည် ရေစာကိုမငတ်မမွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည် မထိရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုပို့ဆောင်၍ စမ်းရေတွင်းအနားသို့ လမ်းပြလိမ့်မည်။” ၎င်းမှန်ကြောင်းကို ဟိုစေးသက်သေထူပါလိမ့်မည်။ သူသည် နာမည်ကြီးဂီတပညာရှင်တစ်ဦးဖြစ်လာဖို့ စိတ်ကူးယဉ်ခဲ့သည်၊ သို့သော် ခရစ်ယာန်အသင်းတော်နှင့်အတူ ဘုရားသခင့်အမှုတော်ထမ်းခြင်း၌ ကျေနပ်မှုပို၍ရရှိခဲ့သည်။ သူကဤသို့ဆိုသည်– “အခု အဓိပ္ပာယ်ပြည့်ဝတဲ့ဘဝကို ကျွန်တော်မွေ့လျော်နေတယ်။ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းထဲမှာ လုံခြုံတယ်လို့ခံစားရပြီး ယေဟောဝါဟာ ကျွန်တော်တို့ယုံကြည်အားထားနိုင်တဲ့ မေတ္တာရှင်ခမည်းတော်ဖြစ်တယ်လို့ ကျွန်တော်သိထားတယ်။” ဟိုစေး—နှင့် သူကဲ့သို့သော အခြားသူသန်းပေါင်းများစွာတို့၏ပျော်ရွှင်မှုကို—ဆာလံ ၆၄:၁၀ တွင်ဤသို့ကောင်းမွန်စွာဖော်ပြထားသည်– “ဖြောင့်မတ်သောသူသည် ထာဝရဘုရား၌ဝမ်းမြောက်၍ ခိုလှုံလိမ့်မည်။” ဝိညာဉ်ရေးပရဒိသု၏ အလွန်ကောင်းသည့်ဖော်ပြချက်ပါတကား!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 တကယ့်လူပုဂ္ဂိုလ်တို့ကိုဖော်ပြထားသည်၊ သို့သော် အချို့အမည်များကို ပြောင်းထားသည်။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးပရဒိသုတွင် မွေ့လျော်နေစဉ် ၎င်းကိုဝိုင်းဝန်းတိုးချဲ့ပေးပါလေ!