မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့မြေ၊ သူတို့ဓလေ့

အယ်လ်ဆာဗေးဒေါသို့ အလည်တစ်ခေါက်

အယ်လ်ဆာဗေးဒေါသို့ အလည်တစ်ခေါက်

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ နီးပါးက စပိန်လူမျိုးတွေဟာ အခု အယ်လ်ဆာဗေးဒေါလို့ သိထားတဲ့ နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။ အယ်လ်ဆာဗေးဒေါမှာ နေထိုင်ခဲ့ကြတဲ့ အဓိကလူမျိုးစုတွေက သူတို့ရဲ့နယ်မြေကို ကူစ်ကက်လန် လို့ခေါ်ဆိုခဲ့ကြပြီး “ရတနာတိုင်းပြည်” လို့အဓိပ္ပာယ်ရှိပါတယ်။ ဒီနေ့ အယ်လ်ဆာဗေးဒေါမှာ နေထိုင်သူတွေဟာ မူလတိုင်းရင်းသားတွေနဲ့ လာရောက်အခြေချနေထိုင်တဲ့ ဥရောပသားတွေကနေတစ်ဆင့် ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒေါလူမျိုးတွေဟာ အလုပ်ကြိုးစားမှု၊ ရင်းနှီးဖော်ရွေမှုတွေကြောင့် လူသိများတယ်။ သူတို့ဟာ ယဉ်ကျေးပျူငှာကြပြီး ရိုသေလေးစားမှုလည်း ရှိကြတယ်။ လူတွေဟာ စကားလက်ဆုံမပြောခင်၊ အလုပ်မစခင်မှာ တစ်ယောက်ကိုတစ်ယောက် မင်္ဂလာနံနက်ခင်း လို့ အဓိပ္ပာယ်ရတဲ့ “ဘွယ်နော့စ်ဒီရဲ့စ်” နဲ့ မင်္ဂလာနေ့လည်ခင်း လို့ အဓိပ္ပာယ်ရှိတဲ့ “ဘွယ်နော့စ်တာဒဲစ်” စတဲ့ စကားတွေနဲ့ နှုတ်ဆက်ပြောဆိုကြတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ ကျေးလက်ဒေသတွေနဲ့ မြို့ငယ်လေးတွေမှာဆိုရင် လမ်းမှာတွေ့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ဘဲသွားတာကို ရိုင်းပြတဲ့ အပြုအမူအဖြစ် ရှုမြင်ကြတယ်။

ကော်ဖီစိုက်ပျိုးခြင်းက အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ သမိုင်းကြောင်းမှာ အကြီးအကျယ်သြဇာလွှမ်း

အယ်လ်ဆာဗေးဒေါလူမျိုးတွေရဲ့ အနှစ်သက်ဆုံးအစားအစာကတော့ ပြောင်းမှုန့် ဒါမှမဟုတ် ဆန်မှုန့်နှစ်ထဲမှာ အမဲသား၊ ပဲ၊ ဒိန်ခဲနဲ့ တခြားအရာတွေ အစာသွတ်ထားတဲ့ ပူပူးစာ ဖြစ်ပါတယ်။ ပူပူးစာကို ခရမ်းချဉ်သီးအချဉ်ရည်အပြင် ဂေါ်ဖီ၊ မုန်လာဥ၊ ကြက်သွန်နီတို့ကို ငရုပ်သီး၊ ရှာလကာရည်နဲ့ ရောသုတ်ထားတဲ့ ကာတီဒိုနဲ့တွဲဖက်ပြီး စားကြတယ်။ တချို့က ဇွန်း၊ ခက်ရင်းနဲ့စားကြပေမဲ့ ရိုးရာဓလေ့ကတော့ လက်နဲ့စားတာ ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒေါလူမျိုးတွေရဲ့ အနှစ်သက်ဆုံးအစားအစာ ပူပူးစာ

လို့စ် တဲစီရို့စ် ရေတံခွန်၊ ဆူချီတိုတိုမြို့

ဒီအချက်ကို သိပါသလား။ အယ်လ်ဆာဗေးဒေါနိုင်ငံဟာ မီးတောင် ပေါများတဲ့နိုင်ငံ ဖြစ်ပါတယ်။ မီးတောင်ပေါင်း ၂၀ ကျော်ရှိပြီး တချို့က မီးတောင်ရှင်တွေဖြစ်တယ်။ လို့စ် တဲစီရို့စ် ရေတံခွန်ဟာ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆဋ္ဌဂံပုံစံရှိတဲ့ ကျောက်ဆောင်တွေပေါ်ကနေ စီးဆင်းနေပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ယေဟောဝါသက်သေ ၃၈,၀၀၀ ကျော်ရှိပြီး အသင်းတော် ၇၀၀ နီးပါးခန့်ရှိပါတယ်။ ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာလိုသူ ၄၃,၀၀၀ ခန့်ကို စပိန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ အယ်လ်ဆာဗေးဒေါ လက်သင်္ကေတပြ ဘာသာစကားတွေနဲ့ ကူညီပေးနေကြပါတယ်။