မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ တရားမျှတမှု ရှိနိုင်ပါဦးမလား

သင် ဘယ်လို ထင်ပါသလဲ

  • ရှိနိုင်တယ်

  • မရှိနိုင်ဘူး

  • ရှိကောင်းရှိနိုင်တယ်

ကျမ်းစာ သွန်သင်ရာ

“ယေဟောဝါက နိမ့်ကျသူတွေဘက်ကနေ ခုခံကာကွယ်ပေးမယ်၊ နွမ်းပါးသူတွေကို တရားသဖြင့် စီရင်ပေးမယ်ဆိုတာ ကျွန်တော်သိပါတယ်။” (ဆာလံ ၁၄၀:၁၂) ကမ္ဘာပေါ်မှာ စစ်မှန်တဲ့တရားမျှတမှု ရှိလာအောင် ဘုရားနိုင်ငံတော်က လုပ်ဆောင်ပေးမယ်။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • လောလောဆယ် ကမ္ဘာပေါ်မှာရှိနေတဲ့ မမျှတမှုတွေကို ဘုရားသခင် မြင်တယ်။ ကိုယ်တော် တည့်မတ်ပေးမယ်။ —ဒေသနာ ၅:၈

  • ဘုရားသခင်ရဲ့ တရားမျှတမှုကြောင့် ကမ္ဘာပေါ်မှာ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှု ရှိလာမယ်။—ဟေရှာယ ၃၂:၁၆-၁၈

ဘုရားသခင်ဟာ လူတစ်မျိုးကို နောက်တစ်မျိုးထက် မျက်နှာသာ ပိုပေးသလား

လူတချို့ ယုံကြည်ရာ . . . ဘုရားသခင်က လူတချို့ကို ကောင်းချီးပေးပြီး တချို့ကိုကျတော့ ကျိန်စာတိုက်တယ်။ လူအားလုံးကို ဘုရား တန်းတူသဘောထားတယ်လို့ ယုံကြည်သူတွေလည်း ရှိတယ်။ သင် ဘယ်လို ထင်ပါသလဲ။

ကျမ်းစာ သွန်သင်ရာ

‘ဘုရားသခင် မျက်နှာမလိုက်ဘူး။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတယ်။’ (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားရှေ့မှာ လူအားလုံးဟာ တန်းတူပဲ။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • ကျမ်းစာမှာ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ” အတွက် “သတင်းကောင်း” ပါတယ်။ —ဗျာဒိတ် ၁၄:၆