ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
လူများစွာက ဘုရားသခင့်နိုင်ငံတော် လာဖို့ ဆုတောင်းကြတယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲလို့ စဉ်းစားဖူးသလား။
ကျမ်းစာမှာ ပြောထားတာတွေကို စဉ်းစားကြည့်ပါ–
ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
ယေရှုခရစ် ဘုရင်အဖြစ် အုပ်ချုပ်မယ့် ကောင်းကင်အစိုးရ ဖြစ်ပါတယ်။—ဟေရှာယ ၉:၆၊ ၇။ လုကာ ၁:၃၁-၃၃။
ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲ
မကောင်းမှုအားလုံးကို ဖယ်ရှားပြီး ကမ္ဘာပေါ်မှာ လူတွေအတွက် ထာဝစဉ်တည်မယ့် ငြိမ်းချမ်းရေး ရရှိအောင် လုပ်ပေးပါလိမ့်မယ်။—ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀။
နိုင်ငံတော်ကို ဦးစားထားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ
ဘုရားသခင့်နိုင်ငံတော်ကို အပြည့်အဝ ထောက်ခံခြင်း၊ နိုင်ငံတော်တစ်ခုတည်းကသာ ကမ္ဘာမြေမှာ ဘုရားအလိုတော်ပြည့်စုံအောင် လုပ်ဆောင်ပေးမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချခြင်း ဖြစ်တယ်။—မဿဲ ၆:၃၃။ ၁၃:၄၄။