လေ့လာရန် ဆောင်းပါး ၄၁
“ကရုဏာ ကြီးမားလှတဲ့ ဘုရားသခင်” ကို ကျွန်တော်တို့ ဝတ်ပြုကြ
“ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်။”—ဆာ. ၁၄၅:၉။
သီချင်း ၄၄ နိမ့်ကျသူရဲ့ ဆုတောင်းစကား
အကြိုသုံးသပ်ချက် *
၁။ ကရုဏာရှိသူလို့ ပြောလိုက်ရင် စိတ်ထဲ ဘာပေါ်လာနိုင်သလဲ။
ကရုဏာရှိသူလို့ ပြောလိုက်ရင် ကြင်နာသူ၊ လှိုက်လှဲနွေးထွေးသူ၊ ထောက်ထားစာနာသူ၊ ရက်ရောသူကို မျက်စိထဲ မြင်ယောင်မိမယ်။ ယေရှု ပြောတဲ့ ရှမာရိလူ ပုံဥပမာလည်း စိတ်ထဲ ပေါ်လာနိုင်တယ်။ လူမျိုးခြား ဖြစ်တဲ့ ရှမာရိလူဟာ ဓားပြတိုက်ခံရလို့ ဒဏ်ရာရနေတဲ့ ဂျူးကို တွေ့တဲ့အခါ “သနားသွား” ပြီး “သနားစိတ်နဲ့ ကူညီ” ပေးတယ်။ (လု. ၁၀:၂၉-၃၇) ဒီဥပမာက ဘုရားရဲ့ ကရုဏာကို ပေါ်လွင်စေတယ်။ ကရုဏာဟာ ဘုရားမေတ္တာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ကို ဘုရားသခင် နေ့တိုင်း ကရုဏာရှိရှိ ဆက်ဆံတယ်။
၂။ ကရုဏာ ပြနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။
၂ ကရုဏာ ပြနိုင်တဲ့ နောက်တစ်နည်း ရှိသေးတယ်။ ပြစ်ဒဏ် ခံထိုက်သူကို ပြစ်ဒဏ် မပေးဖို့ ဆုံးဖြတ်ခြင်း ဖြစ်တယ်။ ယေဟောဝါဟာ အဲဒီနည်းနဲ့ ကျွန်တော်တို့ကို ကရုဏာပြတယ်။ “ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး” လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၁၀၃:၁၀) ဒါပေမဲ့ အပြစ်ပြုသူကို ပြတ်ပြတ်သားသား ဆုံးမတဲ့အခါတွေလည်း ရှိတယ်။
၃။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၃ ဒီဆောင်းပါးမှာ မေးခွန်း သုံးခုကို ဆွေးနွေးပါမယ်– ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသလဲ။ ဆုံးမတာနဲ့ ကရုဏာ ပြတာ ဆက်စပ်သလား။ ကရုဏာ ပြဖို့ ဘာက ကူညီပေးနိုင်သလဲ။ အဲဒီမေးခွန်းတွေကို ကျမ်းစာမှာ ဘယ်လို ဖြေထားကြောင်း ကြည့်ကြစို့။
ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသလဲ
၄။ ယေဟောဝါ ဘာကြောင့် ကရုဏာ ပြသလဲ။
၄ မေတ္တာ ရှိလို့ ယေဟောဝါ ကရုဏာ ပြတယ်။ ဘုရားသခင်ဟာ ‘ကရုဏာ ကြီးမားတယ်’ လို့ တမန်တော် ပေါလု ပြောတယ်။ မစုံလင်တဲ့ ဘိသိက်ခံ ဧ. ၂:၄-၇) ဒါပေမဲ့ ဘိသိက်ခံတွေကိုပဲ ယေဟောဝါ ကရုဏာ ပြတာ မဟုတ်ဘူး။ “ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောတယ်။ (ဆာ. ၁၄၅:၉) လူတွေကို ယေဟောဝါ ချစ်တဲ့အတွက် ကရုဏာ ပြသင့်တဲ့ အကြောင်းရင်း ရှိတိုင်း ကရုဏာ ပြတယ်။
ကျေးကျွန်တွေကို ကောင်းကင်အသက်တာ မျှော်လင့်ချက် ပေးတဲ့ ဘုရားကရုဏာအကြောင်း ပေါလု ပြောနေတာ။ (၅။ ယေဟောဝါ ကရုဏာ ရှိကြောင်း ယေရှု ဘယ်လို သိလာသလဲ။
၅ ကရုဏာ ပြရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်ကြောင်း တခြားဘယ်သူထက်မဆို ယေရှု ပိုသိတယ်။ မြေကြီးပေါ် မလာခင် နှစ်ထောင်ပေါင်းများစွာ ဖခင်နဲ့အတူ ကောင်းကင်မှာ ရှိခဲ့တယ်။ (ပညာ. ၈:၃၀၊ ၃၁) အပြစ်ရှိတဲ့ လူသားတွေကို ဖခင် ဘယ်လို ကရုဏာ ပြကြောင်း အကြိမ်ကြိမ် တွေ့ခဲ့တယ်။ (ဆာ. ၇၈:၃၇-၄၂) ဒါကြောင့် ဖခင်ရဲ့ ကရုဏာအကြောင်း မကြာခဏ အလေးပေး သွန်သင်တယ်။
၆။ ဖခင်ရဲ့ ကရုဏာကို နားလည်ဖို့ ယေရှု ဘယ်လို ဥပမာ ပေးသလဲ။
၆ ရှေ့ဆောင်းပါးမှာ သိရတဲ့အတိုင်း ကရုဏာ ပြရတာကို ယေဟောဝါ ဘယ်လောက် နှစ်သက်ကြောင်း သားမိုက် ပုံဥပမာကို သုံးပြီး ယေရှု သွန်သင်ပေးတယ်။ သားဖြစ်သူဟာ အိမ်ကနေ ထွက်သွားတယ်။ “အပျော်အပါး လိုက်စားပြီး ပိုင်ဆိုင်သမျှကို သုံးဖြုန်းပစ်တယ်။” (လု. ၁၅:၁၃) နောက်ပိုင်း၊ အကျင့်ပျက်လမ်းစဉ် လိုက်မိလို့ နောင်တရတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အိမ်ပြန်လာတယ်။ ဖခင် ဘယ်လို တုံ့ပြန်မလဲဆိုတာ သိဖို့ ကြာကြာ မစောင့်လိုက်ရပါဘူး။ “ဖခင်က သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်” လို့ ယေရှု ပြောတယ်။ သားကို အရှက်မခွဲဘူး။ ကရုဏာ ရှေ့ထားပြီး ခွင့်လွှတ်တယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သားဖြစ်သူ ကြီးလေးတဲ့ အပြစ် လုပ်ခဲ့ပေမဲ့ နောင်တ ရတဲ့အခါ ခွင့်လွှတ်ပေးတယ်။ ပုံဥပမာထဲက ကရုဏာ ရှိတဲ့ ဖခင်ဟာ ယေဟောဝါကို ပုံဆောင်တယ်။ အပြစ်ကျူးလွန်သူတွေသာ စစ်မှန်တဲ့ နောင်တ ရမယ်ဆိုရင် ယေဟောဝါ လိုလိုလားလား ခွင့်လွှတ်မှာ ဖြစ်ကြောင်း ပုံဥပမာကနေ ယေရှု ဖော်ပြတယ်။—လု. ၁၅:၁၇-၂၄။
၇။ ယေဟောဝါရဲ့ ဉာဏ်ပညာနဲ့ ကရုဏာ ဘယ်လို ဆက်စပ်သလဲ။
၇ ဉာဏ်ပညာ ရှိလို့ ယေဟောဝါ ကရုဏာ ပြတယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာဟာ ခံစားချက် မပါတဲ့ အသိပညာ သက်သက်ပဲ မဟုတ်ဘူး။ “အထက်က လာတဲ့ ဉာဏ်ပညာ” ဟာ “ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ယာ. ၃:၁၇) မေတ္တာရှိတဲ့ မိဘလိုပဲ ကရုဏာဟာ သားသမီးတွေကို အကျိုးပြုမှန်း ယေဟောဝါ သိတယ်။ (ဆာ. ၁၀၃:၁၃။ ဟေရှာ. ၄၉:၁၅) ကျွန်တော်တို့ မစုံလင်ပေမဲ့ ဘုရားကရုဏာကြောင့် မျှော်လင့်ချက် ရှိလာတယ်။ ယေဟောဝါဟာ ဉာဏ်ပညာ ရှိတဲ့အတွက် ကရုဏာ ပြသင့်တဲ့ အကြောင်းရင်း ရှိတိုင်း ကရုဏာ ပြတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကရုဏာဟာ မျှတမှု ရှိတယ်။ အမှားလုပ်တာကို ခွင့်ပြုတဲ့အထိတော့ ကရုဏာ မပြဘူး။
၈။ တစ်ခါတလေ အပြစ်ကျူးလွန်သူကို ဘာလုပ်ဖို့ လိုသလဲ။ ဘာကြောင့်လဲ။
၈ ဘုရားကျေးကျွန်တစ်ယောက် တမင်တကာ အပြစ်လမ်းစဉ် လိုက်နေတယ် ဆိုပါစို့။ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ ‘သူနဲ့ မပေါင်းဖော်နဲ့’ လို့ အသင်းတော်ကို ပေါလု ပြောတယ်။ (၁ ကော. ၅:၁၁) နောင်တ မယူတဲ့ အပြစ်ကျူးလွန်သူတွေကို အသင်းတော်ကနေ နှင်ထုတ်တယ်။ သစ္စာရှိ ညီအစ်ကို/မတွေကို ကာကွယ်ဖို့၊ ယေဟောဝါရဲ့ စံနှုန်းတွေကို ထောက်ခံကြောင်း ပြဖို့ပါ။ ဒါပေမဲ့ နှင်ထုတ်ခြင်း အစီအစဉ်ကို ဘုရားကရုဏာအဖြစ် ရှုမြင်ဖို့ တချို့အတွက် ခက်နိုင်တယ်။ တကယ်ပဲ ဘုရား ကရုဏာ မရှိတာလား။ ကြည့်ကြစို့။
နှင်ထုတ်ခြင်းဟာ ကရုဏာ ပြရာ ရောက်သလား
၉-၁၀။ ဟီဘရူး ၁၂:၅၊ ၆ အရ နှင်ထုတ်ခြင်းဟာ ကရုဏာ ရှိတဲ့ အစီအစဉ် ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ဥပမာ ပေးပါ။
၉ ကိုယ်သိကျွမ်းချစ်ခင်သူ တစ်ယောက်ယောက်ကို “ယေဟောဝါသက်သေတစ်ဦး မဟုတ်တော့ပါ” လို့ အသင်းတော် အစည်းအဝေးမှာ ကြေညာတဲ့အခါ ကျွန်တော်တို့ အကြီးအကျယ် စိတ်ထိခိုက်ကြတယ်။ နှင်ထုတ်တဲ့အထိ လုပ်ဖို့ လိုလို့လားဆိုပြီး စဉ်းစားမိနိုင်တယ်။ နှင်ထုတ်တာဟာ တကယ်ပဲ ကရုဏာ ပြရာ ရောက်သလား။ ရောက်ပါတယ်။ ဆုံးမသင့်သူကို မဆုံးမဘဲ နေတာဟာ ပညာ ရှိရာ၊ ကရုဏာ ပြရာ၊ မေတ္တာ ရှိရာ မရောက်ဘူး။ (ပညာ. ၁၃:၂၄) နှင်ထုတ်ခံရသူဟာ နောင်တ ရပြီး လမ်းစဉ် ပြောင်းနိုင်သလား။ ပြောင်းနိုင်ပါတယ်။ နှင်ထုတ်ခံလိုက်ရလို့ ကိုယ့်အပြစ် ဘယ်လောက် ကြီးမှန်း၊ နောင်တယူပြီး အကျင့်ပြောင်းဖို့ လိုမှန်း၊ ယေဟောဝါဆီ ပြန်လာဖို့ လိုမှန်း သိလာတယ်လို့ အပြစ်ကျူးလွန်မိခဲ့သူ များစွာ ပြောကြတယ်။—ဟီဘရူး ၁၂:၅၊ ၆ ကို ဖတ်ပါ။
၁၀ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ သိုးတစ်ကောင် နာနေတာ သိုးထိန်း သတိထားမိတယ်။ သိုးကို ကုသပေးနေတုန်း တခြားသိုးတွေနဲ့ ခွဲထားရမယ်ဆိုတာ သိုးထိန်း သိတယ်။ ဒါပေမဲ့ သိုးဆိုတာ အုပ်စုလိုက် နေတတ်တဲ့ သတ္တဝါမျိုးပါ။ သိုးအုပ်နဲ့အတူ နေချင်တယ်။ ခွဲထားခံရတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလိုခွဲထားလို့ သိုးထိန်း ကြမ်းတယ်၊ ရက်စက်တယ်လို့ ပြောလို့ ရမလား။ မရပါဘူး။ နာနေတဲ့ သိုးကို တခြားသိုးတွေနဲ့ ရောထားရင် ရောဂါ ကူးစက်သွားနိုင်မှန်း သိုးထိန်း သိတယ်။ ခွဲထားတာက သိုးအုပ်တစ်အုပ်လုံးကို ကာကွယ်ရာ ရောက်တယ်။—ဝတ်ပြုရာ ၁၃:၃၊ ၄ နဲ့ နှိုင်းယှဉ်ပါ။
၁၁။ (က) နှင်ထုတ်ခံရသူဟာ ဖျားနာနေတဲ့ သိုးနဲ့ ဘယ်လို တူနိုင်သလဲ။ (ခ) နှင်ထုတ်ခံရသူဟာ ဘယ်ပြင်ဆင်ပေးချက်တွေကနေ အကူအညီ ရနိုင်သလဲ။
၁၁ ခရစ်ယာန်တစ်ယောက် နှင်ထုတ်ခံရတဲ့အခါ သူ့ကို ဖျားနာနေတဲ့ သိုးအဖြစ် ယူမှတ်နိုင်တယ်။ ဘုရားရေးရာဘက် ဖျားနာနေတာ။ (ယာ. ၅:၁၄) ဘုရားရေးရာဘက် ဖျားနာတာဟာလည်း ပကတိ ဖျားနာသလိုပဲ ကူးစက်နိုင်တယ်။ ဒါကြောင့် အခြေအနေတချို့မှာ အသင်းတော်နဲ့ သီးခြား ခွဲထားဖို့ လိုတယ်။ ဒီဆုံးမမှုဟာ သိုးတော်စုထဲက သစ္စာရှိသူတွေအတွက် ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြတယ်။ အမှားလုပ်သူကိုလည်း မိမိအပြစ် ဘယ်လောက် ကြီးလေးကြောင်း သိလာဖို့၊ နောင်တ ရဖို့ ကူညီပေးနိုင်တယ်။ နှင်ထုတ်ခံရသူဟာ နှင်ထုတ်ခံရချိန်အတွင်း အစည်းအဝေးတွေ တက်နိုင်တယ်။ ဒီလိုနည်းနဲ့ ကျမ်းစာ လမ်းညွှန်ချက်တွေ ရပြီး ဘုရားရေးရာဘက် ပြန်ကျန်းမာလာနိုင်တယ်။ ကိုယ်ပိုင်အတွက် ကျမ်းစာစာပေတွေ ရယူနိုင်တယ်။ JW ရုပ်သံ® အစီအစဉ်တွေလည်း ကြည့်နိုင်တယ်။ တိုးတက်မှုကို အကြီးအကဲတွေ သတိထားမိတဲ့အခါ သီးသန့် အကြံဉာဏ်တွေ၊ လမ်းညွှန်ချက်တွေ မကြာမကြာ ပေးပြီး ဘုရားရေးရာဘက် ကျန်းမာ လာအောင် ကူညီပေးနိုင်တယ်။ အချိန်တန်တဲ့အခါ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ပြန်လက်ခံနိုင်တယ်။ *
၁၂။ နောင်တမယူတဲ့ အပြစ်ကျူးလွန်သူကို အကြီးအကဲတွေ ဘယ်လို မေတ္တာကရုဏာ ပြနိုင်သလဲ။
၁၂ နောင်တ မယူတဲ့ အပြစ်ကျူးလွန်သူကိုသာ နှင်ထုတ်ကြောင်း သတိရဖို့ အရေးကြီးတယ်။ နှင်ထုတ်ခြင်းဟာ ကြီးလေးတဲ့ ကိစ္စ ဖြစ်ကြောင်း၊ ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း၊ “တော်သင့်ရုံပဲ” ယေဟောဝါ ဆုံးမကြောင်း အကြီးအကဲတွေ သိကြတယ်။ (ယေ. ၃၀:၁၁) အကြီးအကဲတွေဟာ ညီအစ်ကို/မတွေကို ချစ်ကြတယ်။ ညီအစ်ကို/မတွေနဲ့ ဘုရား ဆက်ဆံရေး ထိခိုက်စေမယ့်အရာ တစ်ခုမှ သူတို့ လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အပြစ်ကျူးလွန်သူကို အသင်းတော်ကနေ အချိန်အတိုင်းအတာ တစ်ခုအထိ နှင်ထုတ်တာဟာ မေတ္တာကရုဏာ ပြရာ ရောက်တယ်။
၁၃။ ကောရိန္သုမြို့က ခရစ်ယာန် တစ်ယောက်ကို ဘာကြောင့် နှင်ထုတ်ဖို့ လိုသလဲ။
၁၃ ပထမရာစုမှာ နောင်တ မရတဲ့ အပြစ်ကျူးလွန်သူ တစ်ယောက်ကို တမန်တော် ပေါလု ဘယ်လို ဆက်ဆံကြောင်း စဉ်းစားကြည့်ပါ။ ကောရိန္သုမြို့က ခရစ်ယာန် တစ်ယောက်ဟာ ဖခင်ရဲ့ ဇနီးနဲ့ ဖောက်ပြန်နေတယ်။ ထိတ်လန့်တုန်လှုပ်စရာပါပဲ။ ရှေးအစ္စရေးခေတ်မှာ “ဖခင်ရဲ့ မိန်းမနဲ့ ဖောက်ပြန်တဲ့သူဟာ ဖခင်ကို အရှက်ခွဲရာ ရောက်တယ်။ နှစ်ယောက်စလုံးကို သေဒဏ်ပေးရမယ်” လို့ ယေဟောဝါ မိန့်မှာထားတယ်။ (ဝတ်. ၂၀:၁၁) ဒီလူကို သေဒဏ်ပေးဖို့တော့ ပေါလု ပြောလို့ မရဘူး။ ဒါပေမဲ့ နှင်ထုတ်ဖို့တော့ ညွှန်ကြားတယ်။ အဲဒီလူရဲ့ အကျင့်ပျက်မှုက အသင်းတော်မှာ ရှိတဲ့ တခြားသူတွေကို ထိခိုက်နေပြီ။ တချို့ဆိုရင် ဒီလုပ်ရပ်ကို ကြီးလေးတဲ့ အပြစ်လို့တောင် မယူမှတ်ကြတော့ဘူး။—၁ ကော. ၅:၁၊ ၂၊ ၁၃။
၁၄။ ကောရိန္သုမြို့က နှင်ထုတ်ခံရသူကို ပေါလု ဘယ်လို ကရုဏာ ပြသလဲ။ ဘာကြောင့်လဲ။ (၂ ကောရိန္သု ၂:၅-၈၊ ၁၁)
၁၄ နောက်ပိုင်း၊ အချိန်နည်းနည်း ကြာတော့ အဲဒီလူ အကြီးအကျယ် ပြောင်းလဲတာကို ပေါလု သိလာတယ်။ သူ တကယ် နောင်တ ရနေပြီ။ သူ့လုပ်ရပ်က အသင်းတော်ကို အရှက်တကွဲ ဖြစ်စေခဲ့ပေမဲ့ ပေါလု “ပြင်းပြင်းထန်ထန်” မဆုံးမချင်ဘူး။ သူ့ကို “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေးကြ” ဖို့၊ “ဒီလိုမှ မဟုတ်ရင် သူ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေလိမ့်မယ်” ဆိုပြီး အကြီးအကဲတွေကို ပေါလု ပြောတယ်။ နောင်တယူတဲ့လူကို ပေါလု သနားစာနာတယ်။ လုပ်မိတဲ့ အပြစ်အတွက် ဝမ်းနည်းကြေကွဲလွန်းပြီး ၂ ကောရိန္သု ၂:၅-၈၊ ၁၁ ကို ဖတ်ပါ။
ခွင့်လွှတ်မှု ရဖို့ မကြိုးစားတော့တဲ့အထိ ဖြစ်သွားမှာ ပေါလု စိုးရိမ်တယ်။—၁၅။ အကြီးအကဲတွေဟာ ပြတ်ပြတ်သားသား ဆုံးမတာနဲ့ ကရုဏာ ပြတာကို ဘယ်လို ဟန်ချက်ညီစေကြသလဲ။
၁၅ ယေဟောဝါကို တုပတဲ့အနေနဲ့ အကြီးအကဲတွေဟာ ကရုဏာ ပြရမယ်။ လိုအပ်လာတဲ့အခါ ပြတ်ပြတ်သားသား ဆုံးမပေမဲ့ ကရုဏာပြဖို့ အကြောင်းရင်း ရှိတဲ့အခါတိုင်း အတတ်နိုင်ဆုံး ကရုဏာ ပြကြတယ်။ မဆုံးမဘဲ လွှတ်ထားတာဟာ ကရုဏာ ပြတာ မဟုတ်ဘူး။ ဒါဆိုရင် အကြီးအကဲတွေပဲ ကရုဏာ ပြဖို့ လိုတာလား။
ကရုဏာ ပြဖို့ ကျွန်တော်တို့အားလုံးကို ဘာက ကူညီပေးနိုင်သလဲ
၁၆။ ပညာအလိမ္မာ ၂၁:၁၃ အရ ကရုဏာ မပြသူကို ယေဟောဝါ ဘာလုပ်မလဲ။
၁၆ ခရစ်ယာန်အားလုံး ယေဟောဝါရဲ့ ကရုဏာကို တုပဖို့ ကြိုးစားကြတယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း တစ်ခုကတော့ တခြားသူတွေကို ကရုဏာ မပြသူရဲ့ ဆုတောင်းချက်ကို ယေဟောဝါ နားထောင်မှာ မဟုတ်လို့ပဲ။ (ပညာအလိမ္မာ ၂၁:၁၃ ကို ဖတ်ပါ။) ကိုယ့်ဆုတောင်းချက်ကို ယေဟောဝါ နားမထောင်တာမျိုး ကျွန်တော်တို့ တစ်ယောက်မှ မဖြစ်ချင်ကြဘူး။ ဒါကြောင့် အကြင်နာမဲ့တဲ့ သဘောထားမျိုး မဝင်အောင် ကြိုးစားကြတယ်။ စိတ်နာကျင်ကြေကွဲနေတဲ့ ခရစ်ယာန် တစ်ယောက် ပြောတာကို နားပိတ်ထားမယ့်အစား “ဆင်းရဲသားရဲ့ အော်ဟစ်သံကို” လိုလိုလားလား နားထောင်ပေးကြတယ်။ “ကရုဏာ မပြတဲ့သူကို ဘုရားသခင်ကလည်း ကရုဏာ မပြဘဲ တရားစီရင်လိမ့်မယ်” ဆိုတဲ့ ကျမ်းစာ အကြံဉာဏ်ကို နှလုံးသွင်းကြတယ်။ (ယာ. ၂:၁၃) ကိုယ်တိုင် ကရုဏာ ပြခံရဖို့ ဘယ်လောက် လိုအပ်ကြောင်း နှိမ့်ချစွာ သတိရမယ်ဆိုရင် တခြားသူတွေကို ကရုဏာ ပြဖို့ ပိုလွယ်လာပါလိမ့်မယ်။ အထူးသဖြင့် နောင်တယူတဲ့ အပြစ်ကျူးလွန်သူ အသင်းတော်ထဲ ပြန်လာတဲ့အခါ ကရုဏာ ပြဖို့ လိုတယ်။
၁၇။ ဘုရင် ဒါဝိဒ် ဘယ်လို ကရုဏာ ပြသလဲ။
၁၇ ကျမ်းစာ ပုံနမူနာတွေက ကရုဏာ ပြဖို့၊ ရက်စက်ကြမ်းတမ်းတဲ့ သဘောထားကို ရှောင်ဖို့ ကူညီပေးနိုင်တယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်အကြောင်း စဉ်းစားကြည့်ပါ။ ဒါဝိဒ်ဟာ ကရုဏာ ပြလေ့ရှိသူ ဖြစ်တယ်။ ဘိသိက်ခံ ဘုရင် ရှောလု မိမိကို လိုက်သတ်နေတာတောင် လက်စားမချေဘူး။ အငြိုးမထားဘူး။—၁ ရှ. ၂၄:၉-၁၂၊ ၁၈၊ ၁၉။
၁၈-၁၉။ ဒါဝိဒ် ကရုဏာ မပြခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို ပြောပြပါ။
၁၈ ဒါဝိဒ် အမြဲတော့ ကရုဏာ ပြတာ မဟုတ်ဘူး။ တစ်ကြိမ်မှာ စရိုက်ကြမ်းတဲ့ နာဗလ မလေးမစား ပြောပြီး ဒါဝိဒ်နဲ့ လူတွေကို အစားအစာ မပေးဘူး။ အဲဒီအခါ ဒါဝိဒ် ဒေါသထွက်ပြီး နာဗလနဲ့ အိမ်သား ယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နာဗလရဲ့ ကြင်နာတတ်တဲ့ ဇနီး အဘိဂဲလ ချက်ချင်း ဝင်ကူလို့ လူမသတ်မိအောင် ဒါဝိဒ် ရှောင်နိုင်ခဲ့တယ်။—၁ ရှ. ၂၅:၉-၂၂၊ ၃၂-၃၅။
၁၉ နောက်တစ်ကြိမ်မှာ ပရောဖက် နာသန်က ဆင်းရဲတဲ့ အိမ်နီးချင်းဆီက ချစ်ရတဲ့ သိုးကို လုယူတဲ့ သူဌေးအကြောင်း ဒါဝိဒ်ကို ပြောတယ်။ “အသက်ရှင်နေတဲ့ ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ အဲဒီလူဟာ သေဒဏ်ခံထိုက်တယ်” လို့ ဒါဝိဒ် ဒေါသတကြီး တုံ့ပြန်တယ်။ (၂ ရှ. ၁၂:၁-၆) သိုးကို ခိုးတဲ့သူဟာ လေးဆ ပြန်လျော်ရမယ်ဆိုတဲ့ မောရှေပညတ်ကို ဒါဝိဒ် သိတယ်။ (ထွ. ၂၂:၁) ဒါပေမဲ့ သေဒဏ်ခံထိုက်တယ်လို့ ဒါဝိဒ် ပြောတာဟာ ပြင်းထန်တဲ့ စီရင်ချက် ပဲ။ တကယ်တော့ ဒါဝိဒ်ကိုယ်တိုင်ရဲ့ အပြစ်ဟာ ဒီ့ထက် အဆမတန် ကြီးလေးကြောင်း နားလည်အောင် ပုံဥပမာ သုံးပြီး နာသန် ကူညီပေးနေတာ။ နာသန်ရဲ့ ပုံဥပမာထဲက သိုးလုယူသူကို ဒါဝိဒ် စီရင်တာထက် ဒါဝိဒ်ကို ယေဟောဝါ အဆမတန် ကရုဏာ ပြခဲ့တယ်။—၂ ရှ. ၁၂:၇-၁၃။
၂၀။ ဒါဝိဒ်ရဲ့ ပုံနမူနာကနေ ဘာသိရသလဲ။
၂၀ ဒါဝိဒ် ဒေါသထွက်တဲ့အခါ နာဗလနဲ့ အိမ်သား ယောက်ျားအားလုံးကို သတ်ဖို့ ဆုံးဖြတ်တယ်။ နောက်တစ်ကြိမ်မှာလည်း နာသန်ရဲ့ ပုံဥပမာထဲက လူ သေဒဏ်ခံထိုက်တယ်လို့ ပြောတယ်။ ပုံမှန်အားဖြင့် စိတ်နူးညံ့သူ တစ်ယောက်ဟာ သိုးလုယူသူကို ဘာကြောင့် ဒီလောက် ပြင်းပြင်းထန်ထန် စီရင်ရတာလဲလို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ အဲဒီတုန်းက ဒါဝိဒ်ရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ။ ကိုယ်တိုင် အပြစ်လုပ်ထားလို့ သိစိတ် ညစ်ညူးနေတယ်။ ကြမ်းတမ်းတဲ့၊ ပြစ်တင်စီရင်လိုတဲ့ သဘောထားဟာ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့ လက္ခဏာ မဟုတ်ဘူး။ တကယ်တော့ ဆန့်ကျင်ဘက်ပဲ။ “ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်” လို့ နောက်လိုက်တွေကို ယေရှု ပြင်းပြင်းထန်ထန် သတိပေးတယ်။ (မ. ၇:၁၊ ၂) ဒါကြောင့် ကြမ်းတမ်းခက်ထန်တဲ့ သဘောထားကို ရှောင်ဖို့၊ ဘုရားသခင်လိုပဲ “ကရုဏာ ကြီးမား” ဖို့ ကြိုးစားကြပါစို့။
၂၁-၂၂။ ကရုဏာ ပြနိုင်တဲ့ လက်တွေ့ကျ နည်းတချို့က ဘာတွေလဲ။
၂၁ ကရုဏာဟာ ခံစားချက်လောက်သာ မဟုတ်ဘူး။ “လုပ်ရပ်နဲ့ ပြတဲ့ စာနာမှု” ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ကြတယ်။ ဒါကြောင့် မိသားစု၊ အသင်းတော်၊ ပတ်ဝန်းကျင်မှာ အကူအညီ လိုနေသူတွေကို ရှာပါ။ တကယ်တော့ ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိနေတယ်။ တစ်ယောက်ယောက် နှစ်သိမ့်မှု လိုနေသလား။ စားစရာလေး ပေးတာဖြစ်စေ၊ တခြား တစ်နည်းနည်းနဲ့ဖြစ်စေ လက်တွေ့ကျကျ ကူညီပေးနိုင်မလား။ အသင်းတော်ထဲ ပြန်ရောက်လာတဲ့ ခရစ်ယာန် တစ်ယောက်ကို နှစ်သိမ့်ပေးဖို့၊ အားရှိအောင် ပေါင်းသင်းပေးဖို့ လိုနေသလား။ တခြားသူတွေကို နှစ်သိမ့်မှု ဖြစ်စေတဲ့ သတင်းကောင်း ဝေမျှပေးနိုင်မလား။ အဲဒါဟာ ကျွန်တော်တို့ ဆုံတွေ့ရသူတိုင်းကို ကရုဏာ ပြနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်း ဖြစ်တယ်။—ယောဘ ၂၉:၁၂၊ ၁၃။ ရော. ၁၀:၁၄၊ ၁၅။ ယာ. ၁:၂၇။
၂၂ ကျွန်တော်တို့သာ မျက်စိရှင်ရှင် ထားမယ်ဆိုရင် ကရုဏာ ပြဖို့ အခွင့်အရေး များစွာ ရှိကြောင်း သိလာပါလိမ့်မယ်။ ကျွန်တော်တို့ ကရုဏာ ပြတဲ့အခါ “ကရုဏာ ကြီးမားလှတဲ့” ကောင်းကင်ဖခင် ဘုရားသခင် သိပ်ဝမ်းသာမှာ သေချာပါတယ်။
သီချင်း ၄၃ ကျေးဇူးတင်ချီးမွမ်းတဲ့ ဆုတောင်းစကား
^ အပိုဒ်၊ 5 ကရုဏာဟာ ယေဟောဝါရဲ့ စွဲမက်ဖွယ် အကောင်းဆုံး အရည်အသွေးတစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ယောက်တိုင်း ဒီအရည်အသွေးကို မွေးမြူဖို့ လိုတယ်။ ယေဟောဝါ ဘာကြောင့် ကရုဏာ ပြကြောင်း၊ ဘုရားသခင့် ဆုံးမမှုမှာ အမြဲ ကရုဏာ ပါတယ်လို့ ဘာကြောင့် ပြောနိုင်ကြောင်း၊ ကျွန်တော်တို့ ဘယ်လို ပြနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 11 အသင်းတော်ထဲ ပြန်ရောက်လာသူ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ဘယ်လို လုပ်ဆောင်နိုင်ကြောင်း၊ အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်ကြောင်း သိဖို့ ဒီစာစောင်ရဲ့ “ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် တည်ဆောက်ပါ” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 60 ပုံအညွှန်း– ဖခင်ဟာ သားမိုက် အိမ်ပြန်လာတာကို အိမ်မိုးပြားပေါ်ကနေ လှမ်းမြင်ပြီး ကြိုဖို့ ပြေးသွား။
^ အပိုဒ်၊ 64 ပုံအညွှန်း– အပြစ်လုပ်မိထားလို့ စိတ်ဖိစီးနေတဲ့ ဘုရင် ဒါဝိဒ်ဟာ နာသန်ရဲ့ ပုံဥပမာ ကြားတဲ့အခါ ဒေါသတကြီး ဖြစ်ပြီး သူဌေး သေဒဏ်ခံထိုက်တယ်လို့ ပြော။