ဘဝအတ္ထုပ္ပတ္တိ
စိုးရိမ်သောကများကြား နှစ်သိမ့်မှု ရခဲ့
အိန္ဒုမြစ် အနောက်ဘက်ကမ်း၊ အခုခေတ် ပါကစ္စတန်နိုင်ငံမှာ ရှေးမြို့ဟောင်း ဆုခါ တည်ရှိတယ်။ ၁၉၂၉၊ နိုဝင်ဘာ ၉ ရက်တုန်းက အဲဒီမြို့မှာ ကျွန်တော် မွေးလာတယ်။ အဲဒီအချိန်လောက်မှာ မိဘတွေက အင်္ဂလိပ်လူမျိုး သာသနာပြုတစ်ယောက်ဆီက အရောင်ရင့်ရင့် စာအုပ်တွဲကို ရခဲ့တယ်။ ကျွန်တော် ကြီးပြင်းလာတဲ့အခါ အဲဒီစာအုပ်တွေက အမှန်တရား သိဖို့ ကူညီပေးတယ်။
အဲဒီစာအုပ်တွေကို သက်တံရောင်စုံစာအုပ်တွဲလို့ ခေါ်တယ်။ စဉ်းစားတွေးတောစေတဲ့ ပုံဥပမာတွေ ဝေဝေဆာဆာ ပါတယ်။ ဒါကြောင့် ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျမ်းစာအကြောင်းအရာတွေကို သိချင်စိတ် ဖြစ်လာတယ်။
ဒုတိယကမ္ဘာစစ်မီး အိန္ဒိယပင်လယ်ကွေ့အထိ ပျံ့လာတော့ ကျွန်တော့်ကမ္ဘာလေး ပြိုပျက်သွားတယ်။ မိဘတွေ ခွဲနေပြီးနောက် ကွာရှင်းလိုက်ကြတယ်။ ချစ်ရတဲ့မိဘနှစ်ပါး ဘာကြောင့် အချင်းချင်း စွန့်ခွာကြမှန်း နားမလည်နိုင်ခဲ့ဘူး။ စိတ်ထိခိုက်ပြီး အပယ်ခံလို့ ခံစားခဲ့ရတယ်။ တစ်ဦးတည်းသောသားဖြစ်နေတော့ သိပ်လိုအပ်နေတဲ့ နှစ်သိမ့်ထောက်မမှု မရခဲ့ဘူး။
အဲဒီတုန်းက အမေနဲ့ ကျွန်တော် ကရာချိမြို့တော်မှာ နေတယ်။ တစ်နေ့၊ အိမ်ကို ယေဟောဝါသက်သေ အသက်ကြီး ဆရာဝန် ဖရက် ဟာဒါကာ ရောက်လာတယ်။ ကျွန်တော်တို့ကို စာအုပ်တွဲတွေ ပေးခဲ့တဲ့ သာသနာပြုနဲ့ ဘာသာအတူတူပဲ။ ကျမ်းစာလေ့လာကြည့်ဖို့ အမေ့ကို ပြောတယ်။ အမေက လက်မခံ
ပေမဲ့ ကျွန်တော် စိတ်ဝင်စားလောက်တယ်လို့ ပြောလိုက်တယ်။ နောက်အပတ်မှာပဲ ညီအစ်ကို ဟာဒါကာနဲ့ ကျမ်းစာ စလေ့လာတယ်။အပတ်အနည်းငယ်ကြာပြီးနောက် ညီအစ်ကို ဟာဒါကာရဲ့ ဆေးခန်းမှာ အစည်းအဝေးတွေ စတက်တယ်။ အသက်ကြီး သက်သေခံ ၁၂ ယောက်လောက် လာတက်တယ်။ ကျွန်တော့်ကို သားအရင်းလို ဂရုစိုက်ပေးကြတယ်။ ကျွန်တော့်ဘေးမှာ ထိုင်ပြီး မိတ်ဆွေရင်းချာလို စကားပြောခဲ့တာ မှတ်မိနေတုန်းပဲ။
ညီအစ်ကို ဟာဒါကာက အမှုဆောင်လိုက်ထွက်ဖို့ ခေါ်တယ်။ အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက် အတိုလေးတွေကို ခရီးဆောင်ဓာတ်ပြားစက် သုံးပြီး ဖွင့်ပြတတ်အောင် သင်ပေးတယ်။ ဟောပြောချက်တချို့က တဲ့တိုးကြီး ဖြစ်နေလို့ အိမ်ရှင်တချို့ မကြိုက်ကြဘူး။ ကျွန်တော်ကတော့ ဟောပြောရတာ ကြိုက်တယ်။ တခြားသူတွေကို ကျမ်းစာအမှန်တရား ဝေမျှဖို့ သိပ်ထက်သန်နေတယ်။
အိန္ဒိယကို တိုက်ဖို့ ဂျပန်စစ်တပ်တွေ ချီတက်လာတဲ့အခါ ဗြိတိသျှအာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို ပိုနှိပ်ကွပ်လာတယ်။ ဒါကို ၁၉၄၃၊ ဇူလိုင်မှာ ကိုယ်တွေ့ ကြုံရတယ်။ ကျောင်းအုပ်ကြီးဖြစ်တဲ့ အင်္ဂလီကန် ဓမ္မဆရာက ကျွန်တော့်ကို “စာရိတ္တမကောင်းသူ” ဆိုပြီး ကျောင်းထုတ်လိုက်တယ်။ ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ ပေါင်းတာဟာ တခြားကျောင်းသားတွေအတွက် မကောင်းဘူးလို့ အမေ့ကို ပြောတယ်။ အမေလည်း လန့်ပြီး သက်သေခံတွေနဲ့ မပေါင်းခိုင်းတော့ဘူး။ နောက်ပိုင်း မိုင် ၈၅၀ လောက်ဝေးတဲ့ အဖေရှိရာ ပက်ရှ်ဝါမြို့ကို ပို့လိုက်တယ်။ ကျမ်းစာအကြောင်းအရာတွေ မရတော့တဲ့အပြင် သက်သေခံတွေနဲ့ မပေါင်းရတော့လို့ ယုံကြည်ခြင်း အားနည်းလာတယ်။
ယုံကြည်ခြင်း ပြန်ခိုင်ခံ့လာ
၁၉၄၇ မှာ အလုပ်ရှာဖို့ ကရာချိမြို့ကို ပြန်လာတယ်။ ဒေါက်တာ ဟာဒါကာရဲ့ ဆေးခန်းကို သွားလည်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။
ဆေးခန်းပြဖို့ လာတယ် ထင်ပြီး ‘ဘာဖြစ်နေလို့လဲ’ ဆိုပြီး မေးတယ်။
“ကျွန်တော် မဖျားပါဘူး။ ကျမ်းစာ ပြန်သင်ချင်လို့ပါ” ဆိုပြီး ပြောလိုက်တယ်။
“ဘယ်တော့ စသင်ချင်သလဲ” လို့ မေးတော့
“ဖြစ်နိုင်ရင် အခုပဲ သင်ချင်တယ်” လို့ ဖြေတယ်။
အဲဒီညနေမှာပဲ ကျမ်းစာဆက်သင်ဖြစ်တယ်။ ယုံကြည်ခြင်း ပြန်ခိုင်ခံ့လာတယ်လို့ ခံစားရတယ်။ သက်သေခံတွေနဲ့ အဆက်ဖြတ်ဖို့ အမေ ဖိအားပေးပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယေဟောဝါကို ကိုးကွယ်ဖို့ အခိုင်အမာ ဆုံးဖြတ်လိုက်ပြီ။ ၁၉၄၇၊ သြဂုတ် ၃၁ ရက်မှာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်တယ်။ မကြာခင်၊ အသက် ၁၇ နှစ်မှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။
ပျော်စရာ ရှေ့ဆောင်လုပ်ငန်း
ဗြိတိသျှအခြေစိုက် တပ်စခန်းရှိရာ ကွင့်တာမြို့မှာ ဦးဆုံး တာဝန်ကျတယ်။ ၁၉၄၇ မှာ ပါကစ္စတန်ကို အိန္ဒိယနဲ့ ခွဲလိုက်တယ်။ * ဒါကြောင့် ဘာသာရေး အကြမ်းဖက်မှု ပေါ်ပေါက်လာပြီး သမိုင်းမှာ အကြီးမားဆုံး နေရပ်စွန့်ခွာမှု ဖြစ်လာတယ်။ လူပေါင်း ၁၄ သန်းလောက် ထွက်ပြေးသွားကြတယ်။ အိန္ဒိယနိုင်ငံက မွတ်စလင်တွေ ပါကစ္စတန်ကို ရောက်လာပြီး ပါကစ္စတန်မှာ နေတဲ့ ဟိန္ဒူနဲ့ ဆစ်ခ်လူမျိုးတွေကတော့ အိန္ဒိယကို ပြောင်းသွားကြတယ်။ ဒီပဋိပက္ခတွေကြား လူပြည့်ကျပ်နေတဲ့ ရထားကို တွယ်စီးပြီး ကရာချိမြို့ကနေ ကွင့်တာမြို့ကို သွားခဲ့တယ်။
ကွင့်တာမြို့မှာ အသက် ၂၅ နှစ်ဝန်းကျင် အထူးရှေ့ဆောင် ဂျော့ခ်ျဆင်းနဲ့ ဆုံတယ်။ ကုန်းမြင့်ဒေသတစ်လျှောက် စီးဖို့ စက်ဘီးအဟောင်းတစ်စီး သူပေးတယ်။ ကျွန်တော် တစ်ယောက်တည်း ဟောရတာ များတယ်။ ခြောက်လအတွင်း ကျမ်းစာသင်အံမှု ၁၇ ခု ရလာတယ်။ သင်သားတချို့ သက်သေခံ ဖြစ်လာတယ်။ သူတို့ထဲက တစ်ယောက်က စစ်ဗိုလ် ဆာဒစ် မာစီ။ ကျမ်းစာစာပေတွေကို ပါကစ္စတန်နိုင်ငံရဲ့ ရုံးသုံးဘာသာစကား အူရဒူလို ဘာသာပြန်နိုင်ဖို့ ကျွန်တော်နဲ့ ဂျော့ခ်ျကို ကူညီပေးတယ်။ နောက်ပိုင်း ဆာဒစ် မာစီဟာ ထက်သန်တဲ့ ကြေညာသူ ဖြစ်လာတယ်။
နောက်တော့ ကရာချိမြို့ကို ကျွန်တော် ပြန်လာပြီး ဂိလဒ်ကျောင်းဆင်း သာသနာပြုအသစ်တွေဖြစ်တဲ့ ဟန်နရီ ဖင့်ခ်ျ၊ ဟာလီ ဖောရက်စ်တို့နဲ့ တွဲအမှုဆောင်တယ်။ သူတို့ဆီကနေ တန်ဖိုးမဖြတ်နိုင်တဲ့ လေ့ကျင့်မှု ရခဲ့တယ်။ တစ်ခေါက်တုန်းက ညီအစ်ကို ဖင့်ခ်ျနဲ့အတူ ပါကစ္စတန်မြောက်ပိုင်းမှာ သွားဟောတယ်။ ကျမ်းစာ
အမှန်တရား ဆာငတ်နေတဲ့၊ နှိမ့်ချတဲ့ အူရဒူစကားပြော ရွာသားတွေကို တောင်ခြေတစ်လျှောက် တွေ့ခဲ့တယ်။ နှစ်နှစ်အကြာမှာ ကျွန်တော် ဂိလဒ်ကျောင်း တက်ခွင့်ရတယ်။ အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် ပါကစ္စတန်မှာပဲ ပြန်တာဝန်ကျတယ်။ လာဟိုးမြို့ သာသနာပြုအိမ်မှာ သာသနာပြုညီအစ်ကို သုံးယောက်နဲ့အတူ နေတယ်။စိတ်ဒဏ်ရာ ပြန်သက်သာ
၁၉၅၄ မှာ လာဟိုးမြို့က သာသနာပြုတွေ မသင့်မြတ်ကြလို့ ဌာနခွဲရုံးက တာဝန်ပြောင်းရွှေ့ပေးလိုက်တယ်။ ကျွန်တော် ဘက်လိုက်မိလို့ ပြင်းပြင်းထန်ထန် ဆုံးမခံခဲ့ရတယ်။ ဘုရားရေးရာစိတ်ဓာတ် မရှိတဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပြီး တော်တော်ခံစားခဲ့ရတယ်။ ဒါနဲ့ ကရာချိကို ပြန်ပြောင်းလိုက်တယ်။ အဲဒီနောက် အသစ်ကနေ ပြန်စနိုင်ဖို့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ပြောင်းသွားတယ်။
လန်ဒန်က ကျွန်တော်တို့အသင်းတော်မှာ ဗေသလအိမ်သား အတော်များများ ရှိတယ်။ ဌာနခွဲအမှုထမ်း ပရိုက်စ် ဟုဇ်က ကျွန်တော့်ကို မေတ္တာနဲ့ လေ့ကျင့်ပေးတယ်။ ကမ္ဘာတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နေတဲ့ ဂျိုးဇက် ရပ်သဖော့ဒ်ဆီက ပြင်းထန်တဲ့ ဆုံးမမှု ရခဲ့ကြောင်း တစ်နေ့မှာ သူ ပြောပြတယ်။ သူ ဆင်ခြေပေးတဲ့အခါ ညီအစ်ကို ရပ်သဖော့ဒ်က ပြင်းပြင်းထန်ထန် ထပ်ဆုံးမတယ်။ ဒီအကြောင်း ပြုံးပြုံးလေး ပြောနိုင်လို့ အံ့ဩမိတယ်။ အစပိုင်းမှာ စိတ်ဆိုးပေမဲ့ ပြင်းထန်တဲ့ ဆုံးမမှု လိုအပ်ကြောင်း၊ ဆုံးမမှုဟာ ယေဟောဝါရဲ့ မေတ္တာ ဖော်ပြနည်း ဖြစ်ကြောင်း နောက်ပိုင်း သူ သဘောပေါက်သွားတယ်။ (ဟီ. ၁၂:၆) သူ့စကားကြောင့် ကျွန်တော် စိတ်ထိမိသွားပြီး အမှုတော်မှာ ပြန်ပျော်ရွှင်လာတယ်။
အဲဒီအချိန်လောက်မှာ အမေ လန်ဒန်ကို ပြောင်းလာတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ ဂျွန် အီး ဘားနဲ့ ကျမ်းစာ လေ့လာခဲ့တယ်။ တဖြည်းဖြည်း တိုးတက်လာပြီး ၁၉၅၇ မှာ နှစ်ခြင်းခံတယ်။ အဖေလည်း မဆုံးခင် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာသွားမှန်း နောက်ပိုင်း သိခဲ့ရတယ်။
လန်ဒန်မှာ အခြေချနေတဲ့ ဒန်းနစ်ညီအစ်မ လီနီနဲ့ ၁၉၅၈ မှာ ကျွန်တော် လက်ထပ်လိုက်တယ်။ နောက်တစ်နှစ်မှာ သမီးလေး ဂျဲန် မွေးပြီး နောက်ထပ် ကလေး လေးယောက် ရလာတယ်။ ဖူလမ်အသင်းတော်မှာ လုပ်ငန်းတော် အခွင့်ထူးတွေ ရလာတယ်။ အဲဒီအချိန်မှာ လီနီ ကျန်းမာရေး ချို့ယွင်းလာလို့ ပူနွေးတဲ့ သြစတြေးလျနိုင်ငံ၊ အယ်ဒလိတ်မြို့ကို ၁၉၆၇ မှာ ပြောင်းရွှေ့လာတယ်။
ကြေကွဲစရာ အဖြစ်ဆိုး
အယ်ဒလိတ်မြို့က ကျွန်တော်တို့ရဲ့ အသင်းတော်မှာ အသက်ကြီး ဘိသိက်ခံ ၁၂ ယောက် ရှိတယ်။ ဟောပြောခြင်းလုပ်ငန်းကို ထက်ထက်သန်သန် ဦးဆောင်ပေးကြတယ်။ ချက်ချင်းပဲ ကျွန်တော်တို့ရဲ့ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ပုံမှန် ပြန်ဖြစ်လာတယ်။
* ပါလာတဲ့အတွက် အသက်ရှည်မယ် မထင်ဘူး။ မပြောပြနိုင်လောက်အောင် စိတ်သောက ရောက်ခဲ့ရတယ်။ သူ့ကို အတတ်နိုင်ဆုံး ပြုစုရင်း ကျန်လေးယောက်ကိုလည်း ဂရုစိုက်ခဲ့ရတယ်။ ဒန်နီယယ်ရဲ့ နှလုံးမှာ အပေါက်နှစ်ပေါက် ရှိတော့ အောက်ဆီဂျင် ပြတ်ပြီး ပြာနှမ်းသွားတတ်လို့ ဆေးရုံကို ပြေးရတဲ့အခါတွေ ရှိတယ်။ သူဟာ ချူချာပေမဲ့ ဉာဏ်ကောင်း၊ သဘောကောင်းတယ်။ ယေဟောဝါကိုလည်း သိပ်ချစ်တယ်။ အစာမစားခင် မိသားစုလိုက် ဆုတောင်းချိန်မှာ လက်သေးသေးလေး နှစ်ဖက်ကို ဆုပ်၊ ခေါင်းညိတ်ပြီး “အာမင်” လို့ အားရပါးရ ပြောလေ့ရှိတယ်။
၁၉၇၉ မှာ ငါးယောက်မြောက်သား ဒန်နီယယ် မွေးလာတယ်။ ဒေါင်းရောဂါဒန်နီယယ် လေးနှစ်သားအရွယ်မှာ သွေးကင်ဆာ ဖြစ်လာတယ်။ လီနီနဲ့ ကျွန်တော် ကိုယ်ရော စိတ်ရော ချုံးချုံးကျသွားတယ်။ ဗုန်းဗုန်းလဲမတတ်ပဲ။ တအား စိတ်ဓာတ်ကျနေချိန်မှာ တိုက်နယ်ကြီးကြပ်မှူး နီဗေး ဘရမ်မစ် အိမ်ကို ရောက်လာတယ်။ သူလည်း မျက်ရည်ကျပြီး ကျွန်တော်တို့ကို ဖက်ထားတယ်။ အားလုံး ငိုကြတယ်။ မေတ္တာပါတဲ့ သူ့ရဲ့ အားပေးစကားတွေက နှစ်သိမ့်မှုဖြစ်စေတယ်။ မနက်တစ်နာရီလောက်မှ သူ ပြန်သွားတယ်။ မကြာပါဘူး။ ဒန်နီယယ် ဆုံးသွားရှာတယ်။ ဘဝမှာ အကြီးမားဆုံး ဆုံးၡုံးမှုပါပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့မေတ္တာ မခံစားရအောင် ဒန်နီယယ်ကို ဘာကမှ၊ သေခြင်းကတောင် မတားဆီးနိုင်မှန်း ယုံကြည်ရင်း ဖြေသိမ့်ခဲ့ရတယ်။ (ရော. ၈:၃၈၊ ၃၉) ကမ္ဘာသစ်မှာ သူထမြောက်လာမယ့်အချိန်ကို မျှော်လင့်နေပါတယ်။—ယော. ၅:၂၈၊ ၂၉။
တခြားသူတွေကို ကူညီရာမှာ ပျော်ရွှင်
ကျွန်တော် နှစ်ကြိမ် အကြီးအကျယ် လေဖြတ်ခဲ့ပေမဲ့ အကြီးအကဲအဖြစ် အမှုဆောင်နေတုန်းပဲ။ ကိုယ့်အတွေ့အကြုံကြောင့် တခြားသူတွေ၊ အထူးသဖြင့် အခက်အခဲကြား ရုန်းကန်နေရသူတွေကို စာနာသနားတတ်လာတယ်။ သူတို့ကို မဝေဖန်မိဖို့ ကြိုးစားတယ်။ ‘ဘဝနောက်ခံကြောင့် အဲဒီလိုဖြစ်နေတာလား။ သူတို့ကို ဂရုစိုက်ကြောင်း ငါ ဘယ်လို ပြမလဲ။ ယေဟောဝါရဲ့လမ်းစဉ် လိုက်ဖို့ ဘယ်လို အားပေးမလဲ’ လို့ စဉ်းစားတယ်။ အသင်းတော်မှာ သိုးထိန်းလည်ပတ်ရတာကို သိပ်ကြိုက်တယ်။ တခြားသူတွေကို နှစ်သိမ့်၊ လန်းဆန်းစေတဲ့အခါ ကိုယ်တိုင်လည်း နှစ်သိမ့်မှု၊ လန်းဆန်းမှု ခံစားရလို့ပဲ။
“စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ [ယေဟောဝါ] နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ပြောခဲ့တဲ့ ဆာလံဆရာလို ခံစားရတယ်။ (ဆာ. ၉၄:၁၉) မိသားစုပြဿနာ၊ ဘာသာရေး အတိုက်အခံ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာတွေ ကြုံရချိန်တစ်လျှောက် ဘုရား ထောက်မပေးခဲ့တယ်။ ယေဟောဝါဟာ ကျွန်တော့်အတွက် တကယ့်ဖခင်ပါပဲ။
^ စာပိုဒ်၊ 19 အရင်တုန်းက ပါကစ္စတန်နိုင်ငံမှာ အနောက်ပါကစ္စတန် (ယခု ပါကစ္စတန်) နဲ့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) တို့ ပါဝင်တယ်။
^ စာပိုဒ်၊ 29 ၂၀၀၆၊ ဧပြီလထုတ် နိုးလော့! “အကူအညီ အထူးလိုအပ်နေသည့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ခြင်း” ဆောင်းပါးကို ကြည့်ပါ။