လေ့လာရန် ဆောင်းပါး ၄၂
နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
“ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။” —၁ တိ. ၄:၁၆။
သီချင်း ၇၇ မှောင်မိုက်လောကထဲက အလင်း
အကြိုသုံးသပ်ချက် *
၁။ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ အသက်ကယ် လုပ်ငန်း ဖြစ်မှန်း ကျွန်တော်တို့ ဘယ်လို သိရသလဲ။
တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ အသက်ကယ် လုပ်ငန်း ဖြစ်တယ်။ ဘယ်လို သိရသလဲ။ မဿဲ ၂၈:၁၉၊ ၂၀ မှာ ယေရှုက “သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ” လို့ မိန့်မှာတယ်။ နှစ်ခြင်းခံဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကယ်တင်ခြင်း ရဖို့ လုပ်ဆောင်ရမယ့် တောင်းဆိုချက်တစ်ခု ဖြစ်လို့ပဲ။ ပူဇော်သက္ကာအဖြစ် ယေရှု အသေခံပြီး ထမြောက်ခဲ့လို့သာ ကယ်တင်ခံရဖို့ လမ်းပွင့်သွားတယ်ဆိုတာကို နှစ်ခြင်းခံမယ့်သူ ယုံကြည်ရမယ်။ ဒါကြောင့်လည်း တမန်တော် ပေတရုက “အခုအချိန်မှာ ခင်ဗျားတို့ကို ကယ်တင်တဲ့အရာဟာ နှစ်ခြင်းပဲ။ ရှင်ပြန်ထမြောက်လာတဲ့ ယေရှုခရစ်ကို ယုံကြည်တဲ့အတွက် ခင်ဗျားတို့ နှစ်ခြင်းခံခဲ့ကြတယ်” လို့ ပြောခဲ့တာ။ (၁ ပေ. ၃:၂၁) ဒါကြောင့် လူတစ်ယောက် နှစ်ခြင်းခံတဲ့အခါ ကယ်တင်ခံရဖို့ မျှော်လင့်ချက် ရှိလာတယ်။
၂။ ၂ တိမောသေ ၄:၁၊ ၂ အရ ကျွန်တော်တို့ ဘယ်လို သွန်သင်သူတွေ ဖြစ်သင့်သလဲ။
၂ တပည့်ဖြစ်စေဖို့ “သွန်သင်ခြင်း နည်းပညာ” တိုးတက်အောင် လုပ်ရမယ်။ (၂ တိမောသေ ၄:၁၊ ၂ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ “သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ယေရှု မိန့်မှာခဲ့လို့ပဲ။ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ “မဆုတ်မနစ် လုပ်ဆောင်” မယ်ဆိုရင် “ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ တမန်တော် ပေါလု ပြောတယ်။ ဒါကြောင့်လည်း ‘ကိုယ့်ရဲ့ သွန်သင်ချက်ကို အမြဲ ဂရုစိုက်ပါ’ လို့ ပြောတာ ဖြစ်တယ်။ (၁ တိ. ၄:၁၆) သွန်သင်ခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်း ဆက်စပ်နေတဲ့အတွက် ကျွန်တော်တို့ သွန်သင်ခြင်း စွမ်းရည် တိုးတက်ချင်ကြပါတယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝန်းမှာ လူသန်းပေါင်းများစွာကို ကျမ်းစာအမှန်တရား ပုံမှန် သွန်သင်ပေးနေကြတယ်။ ဒါပေမဲ့ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း နောက်ထပ် လူများစွာကို ယေရှုခရစ်ရဲ့ နှစ်ခြင်းခံပြီးသား တပည့် ဖြစ်လာအောင် ကူညီပေးချင်ကြတယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သားကို ကူညီပေးဖို့ လုပ်ရမယ့် အချက် ငါးချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ကျမ်းစာကို ထိထိရောက်ရောက် သုံးပါ
၄။ ကျမ်းစာသင်တဲ့အခါ သင်ပေးသူ ချုပ်တည်းမှု ရှိဖို့ ဘာကြောင့် လိုအပ်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၄ ကျွန်တော်တို့က ကိုယ်သွန်သင်ပေးတဲ့ ကျမ်းစာ အမှန်တရားကို မြတ်နိုးလို့ အများကြီး ရှင်းပြချင်ကြတယ်။ ဒါပေမဲ့ ကင်းမျှော်စင် သင်တန်းနဲ့ အသင်းတော် ကျမ်းစာ လေ့လာမှု ကိုင်သူတွေ၊ ကျမ်းစာသင်ပေးသူတွေဟာ စကား အများကြီး မပြောသင့်ဘူး။ ချုပ်တည်းမှု ရှိရမယ်။ ကျမ်းချက်တစ်ချက် ဒါမှမဟုတ် အကြောင်းအရာ တစ်ခုနဲ့ပတ်သက်ပြီး သိထားသမျှ မရှင်းပြသင့်ဘူး။ * (ယော. ၁၆:၁၂) နှစ်ခြင်းခံတုန်းက သင် သိထားတဲ့ ကျမ်းစာ အသိပညာနဲ့ အခု သိထားတဲ့ အသိပညာကို နှိုင်းယှဉ်ကြည့်ပါ။ အဲဒီတုန်းက အခြေခံ အယူဝါဒတွေလောက်ပဲ သိခဲ့တာ။ (ဟီ. ၆:၁) နှစ်တွေကြာပြီးမှ အခုလောက် သိလာတာ။ ဒါကြောင့် သင်သားကို တစ်ထိုင်တည်း အားလုံး သင်ပေးဖို့ မကြိုးစားပါနဲ့။
၅။ (က) ၁ သက်သာလောနိတ် ၂:၁၃ အရ ကျမ်းစာသင်သားကို ကျွန်တော်တို့ ဘာနားလည်စေချင်သလဲ။ (ခ) သိလာတာတွေနဲ့ပတ်သက်ပြီး သင်သား ထုတ်ပြောလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။
၅ သင်ယူနေတဲ့အရာတွေဟာ ကျမ်းစာထဲက ဖြစ်ကြောင်း သင်သားကို ကျွန်တော်တို့ နားလည်စေချင်တယ်။ (၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။) အဲဒီလို နားလည်လာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။ ကျမ်းချက်တွေကို ကိုယ်ကပဲ အမြဲ ရှင်းပြမယ့်အစား သူ့ကို ပြန်ရှင်းပြခိုင်းပါ။ သူနဲ့ ဘယ်လို သက်ဆိုင်ကြောင်း နားလည်အောင် ကူညီပေးပါ။ ဖတ်လိုက်တဲ့ ကျမ်းချက်နဲ့ပတ်သက်ပြီး ဘယ်လို ထင်တယ်၊ ခံစားရတယ်ဆိုတာ သိဖို့ မေးခွန်းတွေကို ထိထိရောက်ရောက် သုံးပါ။ (လု. ၁၀:၂၅-၂၈) ဥပမာ၊ “ဒီကျမ်းချက်က ယေဟောဝါရဲ့ ဘယ်အရည်အသွေးကို သိလာစေသလဲ။ ဒီကျမ်းစာ အမှန်တရားကနေ ဘယ်လို အကျိုးရနိုင်သလဲ။ အခု သိလာတာနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ” စတာတွေ မေးပါ။ (ပညာ. ၂၀:၅) အရေးကြီးဆုံးကတော့ သင်သား ဘယ်လောက် သိသလဲဆိုတာ မဟုတ်ဘဲ သိလာတာတွေကို ဘယ်လောက် မြတ်နိုးတယ်၊ ဘယ်လောက် လက်တွေ့ကျင့်သုံးတယ် ဆိုတာပဲ။
၆။ အတွေ့အကြုံရှိ ကြေညာသူကို သင်အံမှု ခေါ်သွားတာ ဘာကြောင့် အကျိုးရှိနိုင်သလဲ။
၆ ကျမ်းစာသင်အံမှု သွားတဲ့အခါ အတွေ့အကြုံရှိ ကြေညာသူတမန်တော် ၁၈:၂၄-၂၆ နဲ့ နှိုင်းယှဉ်ပါ။) ပြီးနောက် သင်ယူနေတဲ့ အကြောင်းအရာကို သင်သား တကယ် နားလည်လက်ခံတယ်လို့ ထင်သလားဆိုတာ အတွေ့အကြုံရှိ ကြေညာသူကို မေးပါ။ တစ်ပတ်နှစ်ပတ်လောက် ကိုယ်ပျက်ကွက်မယ်ဆိုရင် သင်အံမှု ဆက်ကျင်းပပေးဖို့ အဲဒီကြေညာသူကို တောင်းဆိုပါ။ ဒါမှ သင်အံမှုကို ပုံမှန် ဆက်လုပ်နိုင်မယ့်အပြင် သင်အံမှု ဘယ်လောက် အရေးကြီးကြောင်း သင်သား နားလည်လာမယ်။ ဒါ “ကိုယ့်” သင်အံမှု၊ ကိုယ်သင်မှ ဖြစ်မယ်လို့ သဘောမထားပါနဲ့။ အရေးကြီးဆုံးက ပုံမှန် လေ့လာဖြစ်ဖို့ပဲ။ သင်သားရဲ့ အကောင်းဆုံးအကျိုးကို သင် လိုလားတယ် မဟုတ်လား။
တွေကို ခေါ်သွားလေ့ ရှိသလား။ ခေါ်သွားတယ်ဆိုရင် သင် ကျမ်းစာသင်အံမှု ကျင်းပပုံကို ဘယ်လို ထင်သလဲ၊ ကျမ်းစာကို ထိထိရောက်ရောက် အသုံးပြုနေတယ်လို့ ထင်သလားဆိုပြီး သူတို့ကို မေးနိုင်တယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်ချင်ရင် နှိမ့်ချမှု ရှိရမယ်။ (စိတ်ထက်သန်မှု၊ ယုံကြည်စိတ်ချမှု အပြည့်နဲ့ သွန်သင်ပါ
၇။ သင်ယူနေတဲ့အရာတွေအတွက် စိတ်ထက်သန်လာအောင် သင်သားကို ဘာက ကူညီပေးမလဲ။
၇ ကျမ်းစာ အမှန်တရားနဲ့ပတ်သက်ပြီး သင့်ရဲ့ စိတ်ထက်သန်မှု၊ ယုံကြည်စိတ်ချမှုကို သင်သား တွေ့မြင်ဖို့ လိုတယ်။ (၁ သက်. ၁:၅) ဒါမှ သင်ယူနေတဲ့အရာတွေအတွက် ပိုစိတ်ထက်သန်လာမယ်။ ကျမ်းစာမူတွေအတိုင်း နေထိုင်ခြင်းကနေ သင် ဘယ်လို အကျိုးရကြောင်း သင့်တော်တဲ့အခါတိုင်း ပြောပြပါ။ ဒါဆိုရင် ကျမ်းစာ လမ်းညွှန်ချက်တွေက သူ့အတွက်လည်း အကျိုးရှိနိုင်ကြောင်း နားလည်လာပါလိမ့်မယ်။
၈။ သင်သားကို ကူညီဖို့ ဘာလုပ်နိုင်သေးသလဲ။ ဘာကြောင့်လဲ။
၈ သင်သား ရင်ဆိုင်နေရတဲ့ အခက်အခဲမျိုးကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့သူတွေရဲ့ တွေ့ကြုံမှုတွေ ပြောပြပါ။ အဲဒီလို အတွေ့အကြုံ ရှိသူ တစ်ယောက်ယောက် အသင်းတော်မှာ ရှိတယ်ဆိုရင် သင်အံမှု ခေါ်သွားပါ။ သူ့အတွေ့အကြုံကနေ သင်သား အကျိုးရနိုင်တယ်။ ဒါမှမဟုတ် jw.org မှာ တင်ထားတဲ့ “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဆောင်းပါးတွဲတွေ * ထဲက အတွေ့အကြုံတွေကို ပြောပြနိုင်တယ်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းက ပညာရှိရာ ရောက်ကြောင်း သိဖို့ အဲဒီဆောင်းပါးတွေ၊ ဗီဒီယိုတွေက ကူညီပေးပါလိမ့်မယ်။
၉။ မိသားစု၊ မိတ်ဆွေတွေကို သိလာတာတွေ ပြန်ပြောပြဖို့ သင်သားကို ဘယ်လို အားပေးနိုင်သလဲ။
၉ သင်သားဟာ အိမ်ထောင်သည် ဖြစ်မယ်ဆိုရင် သူ့အိမ်ထောင်ဖက်ကော ကျမ်းစာ လေ့လာနေသလား။ မလေ့လာသေးဘူးဆိုရင် သင်အံမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါ။ ယော. ၁:၄၀-၄၅) ဘယ်လိုနည်းနဲ့ အားပေးနိုင်သလဲ။ “ဒီအချက်ကို မိသားစုတွေကို ဘယ်လို ရှင်းပြမလဲ” ဒါမှမဟုတ် “ဒီအချက် မှန်တယ်ဆိုတာ မိတ်ဆွေကို ရှင်းပြဖို့ ဘယ်ကျမ်းချက် သုံးမလဲ” လို့ မေးနိုင်တယ်။ ဒီနည်းအားဖြင့် သင်သားကို သွန်သင်သူ ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်တယ်။ သူ အရည်အချင်း ပြည့်မီလာတဲ့အခါ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူအဖြစ် အမှုဆောင်လုပ်ငန်းမှာ ပါဝင်လာနိုင်တယ်။ ကျမ်းစာ လေ့လာချင်တဲ့သူ တစ်ယောက်ယောက်ကို သိသလားလို့ သင်သားကို မေးနိုင်တယ်။ သိတယ်ဆိုရင် အဲဒီလူကို ချက်ချင်း ဆက်သွယ်ပြီး သင်အံမှု ကမ်းလှမ်းပါ။ ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ ဗီဒီယို * ပြပါ။
မိသားစုနဲ့ မိတ်ဆွေတွေကို သိလာတာတွေ ပြန်ပြောပြဖို့ သင်သားကို အားပေးပါ။ (အသင်းတော်မှာ မိတ်ဖွဲ့ဖို့ သင်သားကို အားပေးပါ
၁၀။ ၁ သက်သာလောနိတ် ၂:၇၊ ၈ အရ ပေါလုရဲ့ ပုံသက်သေကို ကျမ်းစာသင်ပေးသူ ဘယ်လို တုပနိုင်သလဲ။
၁၀ သွန်သင်ပေးသူဟာ သင်သားကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှု ပြရမယ်။ တစ်ချိန်မှာ ညီအစ်ကို/မ ဖြစ်လာမယ့်သူအဖြစ် ရှုမြင်ရမယ်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) လောကအပေါင်းအသင်းတွေ ဖြတ်ရမှာ၊ ယေဟောဝါကို ဝတ်ပြုဖို့ အပြောင်းအလဲတွေ လုပ်ရမှာ မလွယ်ဘူး။ ဒါကြောင့် အသင်းတော်မှာ မိတ်ဆွေစစ်တွေ ရှာတွေ့နိုင်ဖို့ သင်သားကို ကူညီပေးရမယ်။ ကျမ်းစာသင်ပေးချိန်မှာသာမက အခါအားလျော်စွာ ပေါင်းသင်းပေးခြင်းအားဖြင့် သင်သားအတွက် မိတ်ဆွေ ဖြစ်ပေးပါ။ ဖုန်းဆက်တာ၊ မက်ဆေ့ခ်ျ ပို့တာ၊ ခဏတစ်ဖြုတ် ဝင်လည်တာတွေက သူတို့ကို အမှန်တကယ် ဂရုစိုက်ကြောင်း ပြရာရောက်တယ်။
၁၁။ ကျမ်းစာသင်သားတွေကို အသင်းတော်မှာ ကျွန်တော်တို့ ဘာရှာတွေ့စေချင်သလဲ။ ဘာကြောင့်လဲ။
၁၁ “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုတဲ့ စကားအတိုင်းပဲ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာလည်း အသင်းတော်တစ်ခုလုံးရဲ့ ပူးပေါင်းလုပ်ဆောင်မှု လိုအပ်တယ်။ ဒါကြောင့် ထိရောက်တဲ့ ကျမ်းစာသွန်သင်သူတွေဟာ သင်သားကို အသင်းတော်မှာ ရှိတဲ့ ပုံသက်သေကောင်းသူတွေနဲ့ မိတ်ဆက်ပေးကြတယ်။ ဘုရားလူမျိုးနဲ့ ပေါင်းသင်းတဲ့အခါ သင်သားဟာ ယုံကြည်ခြင်း ခိုင်ခံ့လာပြီး စိတ်ဓာတ်ခွန်အား ရရှိနိုင်မှာ ဖြစ်တယ်။ အသင်းတော်ဝင် ဖြစ်တယ်၊ ဘုရားရဲ့ မိသားစုဝင် ဖြစ်တယ်လို့ သူတို့ကို ကျွန်တော်တို့ ခံစားရစေချင်တယ်။ ညီအစ်ကို/မတွေနဲ့ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ဒါမှ ယေဟောဝါကို မချစ်တဲ့သူတွေနဲ့ လွယ်လွယ်လေး အဆက်ဖြတ်နိုင်မှာ ဖြစ်တယ်။ (ပညာ. ၁၃:၂၀) မိတ်ဆွေဟောင်းတွေ မပေါင်းသင်းတော့ပေမဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ မိတ်ဆွေစစ်တွေ ရှာတွေ့နိုင်မှန်း သူ သိလာပါလိမ့်မယ်။—မာ. ၁၀:၂၉၊ ၃၀။ ၁ ပေ. ၄:၄။
ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်း ပန်းတိုင်အကြောင်း အလေးပေးပြောပါ
၁၂။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းအကြောင်း သင်သားကို ဘာကြောင့် ပြောပြသင့်သလဲ။
၁၂ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်းအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျမ်းစာသင်အံမှု လုပ်နေရတဲ့ ပန်းတိုင်ကိုက နှစ်ခြင်းခံပြီးသား တပည့် ဖြစ်လာစေဖို့ ဖြစ်တယ်။ လအနည်းငယ်ကြာ ကျမ်းစာ လေ့လာပြီး အစည်းအဝေးတွေ စတက်လာပြီဆိုရင် သင်သားဟာ ကျမ်းစာသင်အံမှု အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သင့်ပြီ။ အဲဒါကတော့ ယေဟောဝါသက်သေ တစ်ယောက်အဖြစ် ယေဟောဝါကို စတင်ဝတ်ပြုလာဖို့ပဲ။
၁၃။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ သင်သား ဘယ်အဆင့်တွေ လုပ်ရမလဲ။
၁၃ စိတ်ရင်းမှန်တဲ့ ကျမ်းစာသင်သားဟာ နှစ်ခြင်းခံတဲ့ ပန်းတိုင်ကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းပါလိမ့်မယ်။ အရင်ဆုံး ယေဟောဝါအကြောင်း သိလာမယ်၊ ယေဟောဝါကို ချစ်ပြီး ယုံကြည်လာမယ်။ (ယော. ၃:၁၆။ ၁၇:၃) ယေဟောဝါနဲ့ရော အသင်းတော်က ညီအစ်ကို/မတွေနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာမယ်။ (ဟီ. ၁၀:၂၄၊ ၂၅။ ယာ. ၄:၈) လုပ်မိတဲ့ အမှားတွေအတွက် နောင်တရပြီး မကောင်းတဲ့ အကျင့်တွေကို စွန့်လွှတ်မယ်။ (တ. ၃:၁၉) ကိုယ့်ယုံကြည်ချက်အကြောင်းလည်း တခြားသူတွေကို ပြောပြလာမယ်။ (၂ ကော. ၄:၁၃) ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံမယ်။ (၁ ပေ. ၃:၂၁။ ၄:၂) လူတိုင်းအတွက် အပျော်ရွှင်ရဆုံးနေ့ပါပဲ။ ပန်းတိုင်ကို တစ်ဆင့်ချင်း တက်လှမ်းလာတဲ့အခါ သင်သားကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပေးပါ။ ဆက်တက်လှမ်းဖို့ အားပေးပါ။
သင်သားရဲ့ တိုးတက်မှုကို ပုံမှန် ဆန်းစစ်ပါ
၁၄။ သင်သားရဲ့ တိုးတက်မှုကို ဘယ်လို ဆန်းစစ်နိုင်သလဲ။
၁၄ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် သင်သားကို ကူညီပေးဖို့ ကျွန်တော်တို့ စိတ်ရှည်ရမယ်။ ဒါပေမဲ့ ယေဟောဝါကို တကယ် ဝတ်ပြုချင်စိတ် ရှိမရှိ သိဖို့လည်း လိုအပ်တယ်။ ယေရှုရဲ့ မိန့်မှာချက်တွေကို နာခံဖို့ သင်သား ကြိုးစားနေတဲ့ လက္ခဏာတွေ တွေ့ရသလား။ ဒါမှမဟုတ် ကျမ်းစာ လေ့လာချင်ရုံ သက်သက်ပဲလား။
၁၅။ သင်သား တိုးတက်နေမနေ ဘယ်အချက်တွေကနေ သိနိုင်သလဲ။
၁၅ သင်သားရဲ့ တိုးတက်မှုကို ပုံမှန် ဆန်းစစ်ပါ။ ဥပမာ၊ ယေဟောဝါနဲ့ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို ထုတ်ပြောသလား။ ယေဟောဝါဆီ ဆုတောင်းသလား။ (ဆာ. ၁၁၆:၁၊ ၂) ကျမ်းစာ ဖတ်ရတာကို ပျော်မွေ့သလား။ (ဆာ. ၁၁၉:၉၇) အစည်းအဝေးတွေ ပုံမှန် တက်နေပြီလား။ (ဆာ. ၂၂:၂၂) ဘဝပုံစံကို လိုအပ်သလို ပြုပြင်ပြောင်းလဲနေပြီလား။ (ဆာ. ၁၁၉:၁၁၂) မိတ်ဆွေတွေ၊ မိသားစုဝင်တွေကို သိလာတာတွေ ပြန်ပြောပြနေပြီလား။ (ဆာ. ၉:၁) အရေးကြီးဆုံးကတော့ ယေဟောဝါသက်သေ ဖြစ်ချင်နေပြီလား။ (ဆာ. ၄၀:၈) သင်သားဟာ အဲဒီကဏ္ဍတွေမှာ တိုးတက်မနေဘူးဆိုရင် ဘာကြောင့်လဲဆိုတာ သိအောင် လုပ်ပါ။ ပြီးနောက် အဲဒီအကြောင်း ပွင့်ပွင့်လင်းလင်း၊ ကြင်ကြင်နာနာ ဆွေးနွေးပါ။ *
၁၆။ သင်အံမှုကို ရပ်သင့်မသင့် ဘယ်အချက်တွေကနေ သိနိုင်သလဲ။
၁၆ ကျမ်းစာသင်အံမှု ဆက်လုပ်သင့်မသင့် ပုံမှန် ဆန်းစစ်ပါ။ သင်သားဟာ သင်အံမှုအတွက် ကြိုတင် မပြင်ဆင်ဘူး၊ အစည်းအဝေးတွေ တက်ဖို့ စိတ်မပါဘူး၊ အကျင့်ဆိုးတွေ ကျင့်နေတုန်းပဲ၊ မှားယွင်းတဲ့ ဘာသာရေး အသင်းဝင် ဖြစ်နေတုန်းပဲဆိုရင် သူနဲ့ ကျမ်းစာ ဆက်သင်နေတာဟာ ကျွဲပါး စောင်းတီးသလို ဖြစ်နေပါလိမ့်မယ်။ သင်ယူနေတာတွေကို တကယ် မလေးမြတ်ဘူး၊ မပြုပြင် မပြောင်းလဲချင်ဘူးဆိုရင် ဘာကြောင့် ဆက်သင်နေဦးမှာလဲ။
၁၇။ ၁ တိမောသေ ၄:၁၆ အရ ကျမ်းစာသွန်သင်သူအားလုံး ဘာလုပ်ရမလဲ။
၁၇ တပည့် ဖြစ်စေပါဆိုတဲ့ တာဝန်ကို ကျွန်တော်တို့ အလေးအနက် ထားတယ်။ သင်သားကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကူညီပေးချင်တယ်။ ဒါကြောင့် ကျမ်းစာကို ထိထိရောက်ရောက် အသုံးပြုပြီး စိတ်ထက်သန်မှု၊ ယုံကြည်စိတ်ချမှု အပြည့်နဲ့ သွန်သင်ပေးကြတယ်။ အသင်းတော်မှာ မိတ်ဖွဲ့ဖို့ သင်သားကို အားပေးတယ်။ ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်း ပန်းတိုင်အကြောင်း အလေးပေးပြောတယ်။ သင်သားရဲ့ တိုးတက်မှုကို ပုံမှန် ဆန်းစစ်တယ်။ (“ နှစ်ခြင်းခံတဲ့အထိ သင်သား တိုးတက်လာအောင် သွန်သင်သူတွေ လုပ်ဆောင်ရမယ့် အရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။) အသက်ကယ် လုပ်ငန်းမှာ ပါဝင်ခွင့် ရလို့ ကျွန်တော်တို့ ဝမ်းသာကြတယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို အတတ်နိုင်ဆုံး ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။
သီချင်း ၇၉ ကြံ့ကြံ့ခံရပ်တည်နိုင်အောင် သင်ပေးပါ
^ အပိုဒ်၊ 5 ကျမ်းစာသင်ပေးတဲ့အခါ ယေဟောဝါ နှစ်သက်တဲ့ အတွေး၊ ခံစားချက်၊ လုပ်ရပ်တွေကို လူတွေ သိလာအောင် ကူညီပေးခွင့် ရတယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ရဲ့ သွန်သင်ခြင်း စွမ်းရည် တိုးတက်အောင် လုပ်ဆောင်နိုင်ပုံကို ဆွေးနွေးသွားပါမယ်။
^ အပိုဒ်၊ 4 ၂၀၁၆၊ စက်တင်ဘာ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာ ပါတဲ့ “ကျမ်းစာသင်အံမှု လုပ်နေချိန်မှာ ဒီအလေ့အထတွေကို ရှောင်ပါ” ဆောင်းပါးကို ကြည့်ပါ။
^ အပိုဒ်၊ 8 ကျွန်တော်တို့အကြောင်း > တွေ့ကြုံမှုများ မှာ ကြည့်ပါ။
^ အပိုဒ်၊ 9 JW Library® ထဲက MEDIA > OUR MEETINGS AND MINISTRY > TOOLS FOR THE MINISTRY မှာကြည့်ပါ။
^ အပိုဒ်၊ 15 ၂၀၂၀၊ မတ် ကင်းမျှော်စင် “ယေဟောဝါကို ချစ်တဲ့မေတ္တာက နှစ်ခြင်းခံဖို့ လှုံ့ဆော်၊” “နှစ်ခြင်းခံဖို့ အသင့်ဖြစ်ပြီလား” ဆောင်းပါးတွေကို ကြည့်ပါ။
^ အပိုဒ်၊ 77 ပုံအညွှန်း– ကျမ်းစာသင်အံမှု ပြီးနောက် အတွေ့အကြုံရှိ ညီအစ်မက ကျမ်းစာသင်ပေးတဲ့ ညီအစ်မကို သင်အံမှုမှာ စကား အများကြီး မပြောဖို့ အကြံပေးနေ။
^ အပိုဒ်၊ 79 ပုံအညွှန်း– ကျမ်းစာသင်သားဟာ ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်ပုံကို သင်အံမှုကနေ သိလာ။ နောက်ပိုင်း သိလာတာတွေအကြောင်း ခင်ပွန်းကို ပြောပြနေ။
^ အပိုဒ်၊ 81 ပုံအညွှန်း– သင်သားနဲ့ သူ့ရဲ့ ခင်ပွန်းဟာ နိုင်ငံတော်ခန်းမမှာ ခင်ခဲ့တဲ့ ညီအစ်ကို/မတစ်ယောက်ရဲ့ အိမ်မှာ ပေါင်းသင်းမှု လုပ်နေ။