လေ့လာရန် ဆောင်းပါး ၄၇
ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ သင်ခန်းစာများ
“ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် . . . အကျိုးဖြစ်ထွန်းစေတယ်။”—၂ တိ. ၃:၁၆။
သီချင်း ၉၈ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးတဲ့ ကျမ်းစာ
အကြိုသုံးသပ်ချက် *
၁-၂။ ဝတ်ပြုရာကျမ်းကို ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။
တမန်တော် ပေါလုက မိတ်ဆွေ တိမောသေကို “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် . . . အကျိုးဖြစ်ထွန်းစေတယ်” လို့ ပြောခဲ့တယ်။ (၂ တိ. ၃:၁၆) အဲဒီအထဲမှာ ဝတ်ပြုရာကျမ်းလည်း ပါဝင်တယ်။ ဒီကျမ်းကို သင် ဘယ်လို ထင်သလဲ။ တချို့က ဒီနေ့ခေတ်နဲ့ မသက်ဆိုင်တဲ့ ပညတ်ချက်တွေ ရေးထားတဲ့ ကျမ်းလို့ မြင်တယ်။ ခရစ်ယာန်စစ်တွေကတော့ အဲဒီလိုမယူဆဘူး။
၂ ဝတ်ပြုရာကျမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၅၀၀ လောက်က ရေးခဲ့ပြီး “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့” ယေဟောဝါ ထိန်းသိမ်းခဲ့တာ ဖြစ်တယ်။ (ရော. ၁၅:၄) ဝတ်ပြုရာကျမ်းက ယေဟောဝါရဲ့ အတွေးကို သိမြင်စေတဲ့အတွက် ကျွန်တော်တို့ ဆန်းစစ်သင့်တယ်။ ဒီကျမ်းကနေ သင်ခန်းစာများစွာ ရနိုင်တယ်။ အဲဒီထဲက လေးခုကို သုံးသပ်ကြည့်ကြစို့။
ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်ပုံ
၃။ နှစ်စဉ် အပြစ်ဖြေရာနေ့မှာ ပူဇော်သက္ကာတွေ ဘာကြောင့် ဆက်သရသလဲ။
၃ ပထမ သင်ခန်းစာ– ယေဟောဝါရဲ့ နှစ်သက်မှု ရမှ ကျွန်တော်တို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ လက်ခံမယ်။ အစ္စရေးတွေဟာ နှစ်စဉ် အပြစ်ဖြေရာနေ့မှာ တိရစ္ဆာန် ပူဇော်သက္ကာတွေ ဆက်သကြတယ်။ သူတို့ရဲ့ အပြစ်တွေ ဆေးကြောသန့်စင်ခံရဖို့ လိုအပ်ကြောင်း အဲဒီပူဇော်သက္ကာတွေက အမှတ်ရစေတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ ပုရောဟိတ်မင်းက တိရစ္ဆာန် ပူဇော်သက္ကာရဲ့ သွေးကို အသန့်ရှင်းဆုံး အခန်းထဲ ယူမလာခင် လုပ်ရမှာ ရှိတယ်။ အဲဒါက
အစ္စရေးတွေရဲ့ အပြစ် ခွင့်လွှတ်ခံရခြင်းထက် ပိုအရေးကြီးတယ်။၄။ ဝတ်ပြုရာ ၁၆:၁၂၊ ၁၃ အရ အပြစ်ဖြေရာနေ့မှာ အသန့်ရှင်းဆုံး အခန်းထဲ ပုရောဟိတ်မင်း ပထမအကြိမ် ဝင်ချိန်မှာ ဘာလုပ်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၄ ဝတ်ပြုရာ ၁၆:၁၂၊ ၁၃ ကိုဖတ်ပါ။ အပြစ်ဖြေရာနေ့မှာ ဘာတွေ လုပ်သလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ပုရောဟိတ်မင်းဟာ တဲတော်ထဲ ဝင်တယ်။ အဲဒီနေ့ အသန့်ရှင်းဆုံး အခန်းထဲ ဝင်တဲ့ သုံးကြိမ်ထဲမှာ ဒါဟာ ဦးဆုံးအကြိမ်ပဲ။ လက်တစ်ဖက်မှာ နံ့သာပေါင်း ထည့်ထားတဲ့ ခွက်ကို ကိုင်ပြီး နောက်တစ်ဖက်မှာ မီးခဲ အပြည့်ပါတဲ့ ရွှေခွက်ကို ကိုင်ထားတယ်။ အသန့်ရှင်းဆုံးအခန်း ဝင်ပေါက်ကို ကာထားတဲ့ ကန့်လန့်ကာရှေ့ ခဏ ရပ်တယ်။ ပြီးနောက် ရိုသေလေးစားစိတ်အပြည့်နဲ့ အသန့်ရှင်းဆုံး အခန်းထဲ ဝင်ပြီး ပဋိညာဉ်သေတ္တာရှေ့မှာ ရပ်တယ်။ ဒါဟာ ယေဟောဝါဘုရားရှေ့ ရပ်နေတာနဲ့ တူတယ်။ ပုရောဟိတ်မင်းက မီးခဲခွက်ထဲ နံ့သာပေါင်း ထည့်လိုက်တဲ့အခါ တစ်ခန်းလုံး မွှေးရနံ့ သင်းပျံ့သွားတယ်။ * အပြစ်ဖြေရာအလှူရဲ့ သွေးကို ယူပြီး အခန်းထဲ နောက်တစ်ကြိမ် ပြန်ဝင်ဦးမယ်။ အပြစ်ဖြေရာအလှူရဲ့ သွေးကို မပူဇော်ခင် နံ့သာပေါင်းကို ပူဇော်ကြောင်း သတိပြုပါ။
၅။ အပြစ်ဖြေရာနေ့မှာ နံ့သာပေါင်း ပူဇော်တာကနေ ဘာသင်ယူနိုင်သလဲ။
၅ အပြစ်ဖြေရာနေ့မှာ နံ့သာပေါင်း ပူဇော်တာကနေ ဘာသင်ယူနိုင်သလဲ။ သစ္စာရှိ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်ဟာ နံ့သာပေါင်းနဲ့ တူတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ဆာ. ၁၄၁:၂။ ဗျာ. ၅:၈) ပုရောဟိတ်မင်းက နံ့သာပေါင်းကို ယေဟောဝါရှေ့ ရိုသေလေးစားစိတ်နဲ့ ယူလာကြောင်း အမှတ်ရပါ။ ကျွန်တော်တို့လည်း ယေဟောဝါဆီ ရိုသေလေးစားစိတ်နဲ့ ဆုတောင်းကြတယ်။ စကြဝဠာ ဖန်ဆင်းရှင်နဲ့ ကျွန်တော်တို့ သားအဖလို ရင်းနှီးခွင့် ရထားလို့ သိပ်ကျေးဇူးတင်ကြတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို မိတ်ဆွေအဖြစ် ဘုရား လက်ခံတယ်။ (ဆာ. ၂၅:၁၄) ဒီအခွင့်ထူးကို အလွန် တန်ဖိုးထားလို့ ဘုရား စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး။
၆။ ပုရောဟိတ်မင်းက ပူဇော်သက္ကာတွေ မပူဇော်ခင် နံ့သာပေါင်းကို ပူဇော်တာကနေ ဘာသိရသလဲ။
၆ ပုရောဟိတ်မင်းဟာ ပူဇော်သက္ကာတွေ မပူဇော်ခင် နံ့သာပေါင်းကို အရင် ပူဇော်ကြောင်း သတိရပါ။ နံ့သာပေါင်းကို အရင် ပူဇော်ခြင်းအားဖြင့် ဘုရားသခင့်နှစ်သက်မှု ရအောင် လုပ်တယ်။ ဒီကနေ ဘာသိရသလဲ။ ယေရှု မြေကြီးပေါ် ရှိစဉ်မှာ လူတွေရဲ့ ကယ်တင်ခြင်းအတွက် မိမိအသက်ကို ပူဇော်သက္ကာအဖြစ် မဆက်သခင် ပိုအရေးကြီးတဲ့အရာကို လုပ်ရမယ်။ အဲဒါက ဘာလဲ။ မိမိရဲ့ ပူဇော်သက္ကာကို ယေဟောဝါ လက်ခံစေဖို့ သစ္စာသမာဓိစောင့်သိတဲ့ လမ်းစဉ်ကို လိုက်ရမယ်။ ဒီနည်းအားဖြင့် ယေဟောဝါရဲ့ လမ်းစဉ်သာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြနိုင်မယ်။ ဖခင်ရဲ့ အချုပ်အခြာအာဏာ၊ တစ်နည်းအားဖြင့် အုပ်ချုပ်ပုံနည်းလမ်းဟာ ဖြောင့်မှန်ပြီး တရားမျှတကြောင်း ဖော်ပြနိုင်မယ်။
၇။ ယေရှုရဲ့ ဘဝလမ်းစဉ်ကို ဘုရားသခင် ဘာကြောင့် နှစ်သက်တာလဲ။
၇ ယေရှုဟာ မြေကြီးအသက်တာတစ်လျှောက်လုံး ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို အကြွင်းမဲ့ နာခံခဲ့တယ်။ စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံရပြီး နာကျင်စွာ သေဆုံးရမယ်ဆိုတာ သိနေတာတောင် ဖခင်ရဲ့ အုပ်ချုပ်ပုံနည်းလမ်းသာ အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ (ဖိ. ၂:၈) စမ်းသပ်မှုတွေ ကြုံရတဲ့အခါ ‘မျက်ရည်နဲ့ အော်ဟစ်ငိုကြွေးပြီး’ ဆုတောင်းတယ်။ (ဟီ. ၅:၇) ယေရှုရဲ့ ဆုတောင်းချက်တွေက ယေဟောဝါအပေါ်ထားတဲ့ သစ္စာစောင့်သိမှုကို ဖော်ပြတယ်။ နာခံမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကိုလည်း ပိုခိုင်မာစေတယ်။ ယေဟောဝါရှေ့မှာ မွှေးကြိုင်တဲ့ရနံ့နဲ့ တူတယ်။ ယေရှုရဲ့ ဘဝလမ်းစဉ် ကို ဘုရား နှစ်သက်တယ်။ ဒီလမ်းစဉ်က ဘုရားရဲ့ အချုပ်အခြာအာဏာကို သံသယ ကင်းရှင်းစေတယ်။
၈။ ယေရှုရဲ့ ဘဝလမ်းစဉ်ကို ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။
၈ ကျွန်တော်တို့လည်း သမာဓိစောင့်သိခြင်း၊ ယေဟောဝါရဲ့ နည်းလမ်းနဲ့ ပညတ်တွေကို လိုက်နာခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ စမ်းသပ်မှု ကြုံရတဲ့အခါ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့အတွက် ထက်သန်စွာ ဆုတောင်းကြတယ်။ ဒီနည်းနဲ့ ယေဟောဝါရဲ့ အုပ်ချုပ်ပုံနည်းလမ်းကို ထောက်ခံကြောင်း ပြကြတယ်။ ယေဟောဝါ ပြစ်တင်ရှုတ်ချထားတဲ့ အကျင့်တွေ ကျင့်နေရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား လက်ခံမှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ဟာ ယေဟောဝါရှေ့မှာ မွှေးကြိုင်တဲ့ နံ့သာပေါင်းနဲ့ တူမယ်၊ ကျွန်တော်တို့ရဲ့ သမာဓိစောင့်သိမှုနဲ့ နာခံမှုကို ကောင်းကင်ဖခင် နှစ်သက်မယ်ဆိုတာ စိတ်ချနိုင်တယ်။—ပညာ. ၂၇:၁၁။
ကျေးဇူးတင်စိတ်နဲ့ မေတ္တာက အမှုဆောင်ဖို့ လှုံ့ဆော်
၉။ မိတ်သဟာယအလှူတွေကို ဘာကြောင့် ဆက်သကြသလဲ။
၉ ဒုတိယ သင်ခန်းစာ– ယေဟောဝါကို ကျေးဇူးတင်လို့ ဝတ်ပြုကြတာ ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးအစ္စရေးတွေ ပူဇော်တဲ့ မိတ်သဟာယအလှူအကြောင်း သုံးသပ်ကြည့်ကြစို့။ * အစ္စရေးတွေဟာ “ကျေးဇူးတင်ချီးမွမ်းတဲ့အနေနဲ့” မိတ်သဟာယအလှူတွေ ဆက်သနိုင်ကြောင်း ဝတ်ပြုရာကျမ်းကနေ သိရတယ်။ (ဝတ်. ၇:၁၁-၁၃၊ ၁၆-၁၈) မလုပ်မနေရ မဟုတ်ဘဲ ဆန္ဒရှိလို့၊ ယေဟောဝါဘုရားကို ချစ်လို့ စေတနာအလျောက် ဆက်သတာ ဖြစ်တယ်။ ပူဇော်တဲ့သူ၊ မိသားစုနဲ့ ပုရောဟိတ်တွေက ပူဇော်တဲ့ တိရစ္ဆာန်ရဲ့ အသားကို စားကြတယ်။ တချို့အပိုင်းတွေကို တော့ ယေဟောဝါအတွက် သီးသန့် ဆက်သရတယ်။ ဘယ်အပိုင်းတွေလဲ။
၁၀။ ဝတ်ပြုရာ ၃:၆၊ ၁၂၊ ၁၄-၁၆ မှာ ဖော်ပြထားတဲ့ မိတ်သဟာယ ပူဇော်သက္ကာဟာ ယေရှုရဲ့ အမှုဆောင်ခြင်းနဲ့ ဘယ်လို ဆင်တူသလဲ။
၁၀ တတိယ သင်ခန်းစာ– ယေဟောဝါကို ချစ်လို့ အကောင်းဆုံး ပေးကြတယ်။ ယေဟောဝါဟာ တိရစ္ဆာန်ရဲ့ အဆီကို အကောင်းဆုံးအပိုင်းလို့ ရှုမြင်တယ်။ ကျောက်ကပ်တို့လို တချို့အပိုင်းတွေကိုလည်း အကောင်းဆုံးလို့ သတ်မှတ်တယ်။ (ဝတ်ပြုရာ ၃:၆၊ ၁၂၊ ၁၄-၁၆ ကိုဖတ်ပါ။) အဲဒီအပိုင်းတွေနဲ့ အဆီကို အစ္စရေးတွေ စေတနာအလျောက် ဆက်သတဲ့အခါ ယေဟောဝါ အလွန်နှစ်သက်တယ်။ အဲဒီလိုဆက်သတာက ဘုရားသခင်ကို အကောင်းဆုံး ပေးချင်ကြောင်း ဖော်ပြရာရောက်တယ်။ အလားတူပဲ ယေရှုဟာ ဘုရားကို ချစ်ပြီး အပြည့်အဝ အမှုဆောင်ခြင်းအားဖြင့် တလိုတလားစိတ်နဲ့ အကောင်းဆုံး ပေးဆက်ခဲ့တယ်။ (ယော. ၁၄:၃၁) အလိုတော်ဆောင်ရတာကို ယေရှု ကြည်နူးတယ်။ ဘုရားရဲ့ ပညတ်ကို အလွန် နှစ်သက်တယ်။ (ဆာ. ၄၀:၈) တလိုတလားစိတ်နဲ့ ယေရှု အမှုဆောင်တာကို မြင်တဲ့အခါ ယေဟောဝါ အလွန် နှစ်သက်မှာပဲ။
၁၁။ အမှုဆောင်လုပ်ငန်းက မိတ်သဟာယ အလှူနဲ့ ဘယ်လို တူသလဲ။ အဲဒါက ကျွန်တော်တို့ကို ဘယ်လို စိတ်သက်သာရာရစေသလဲ။
၁၁ မိတ်သဟာယ အလှူတွေလိုပဲ အမှုဆောင်လုပ်ငန်းက ဘုရားနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ခံစားချက်ကို ဖော်ပြတယ်။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ အကောင်းဆုံး ပေးနေကြတယ်။ ဘုရားနဲ့ ဘုရားရဲ့ လမ်းစဉ်ကို ချစ်လို့ သန်းနဲ့ချီတဲ့လူတွေ အမှုဆောင်တာကို မြင်တဲ့အခါ ယေဟောဝါ အလွန်နှစ်သက်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကိုသာမက စိတ်ရင်းကိုပါ ယေဟောဝါ မြင်ပြီး တန်ဖိုးထားကြောင်း သိရလို့ စိတ်သက်သာစရာပါပဲ။ ဥပမာ၊ အသက်ကြီးလို့ ဆန္ဒရှိသလောက် မလုပ်နိုင်တဲ့အခါ သင့်ရဲ့ ကန့်သတ်ချက်တွေကို ယေဟောဝါ နားလည်ပေးကြောင်း စိတ်ချပါ။ အများကြီး မလုပ်နိုင်ဘူးဆိုရင်တောင် မေတ္တာနဲ့ အတတ်နိုင်ဆုံး အမှုဆောင်နေတာကို ယေဟောဝါ မြင်တယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ပေးဆက်တာကို လက်ခံတယ်။
၁၂။ မိတ်သဟာယ ပူဇော်သက္ကာအပေါ် ယေဟောဝါရဲ့ သဘောထားကနေ ဘာကို စိတ်ချနိုင်သလဲ။
၁၂ မိတ်သဟာယ ပူဇော်သက္ကာကနေ ဘာသင်ယူနိုင်သလဲ။ တိရစ္ဆာန်ရဲ့ အကောင်းဆုံးအပိုင်းကို မီးရှို့ပူဇော်တဲ့အခါ တက်လာတဲ့ အငွေ့ကို ယေဟောဝါ နှစ်သက်တယ်။ ဒါကြောင့် သင့်ရဲ့ စိတ်ရောကိုယ်ပါ အမှုဆောင်ခြင်းကို ယေဟောဝါ နှစ်သက်ကြောင်း စိတ်ချနိုင်တယ်။ (ကော. ၃:၂၃) ဘုရားသခင် နှစ်သက်ပြီး ပြုံးနေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့ရဲ့ မေတ္တာပါ ကြိုးစားလုပ်ဆောင်မှု များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ယေဟောဝါ တန်ဖိုးထားပြီး ထာဝရ အမှတ်ရနေမှာပါ။—မ. ၆:၂၀။ ဟီ. ၆:၁၀။
ယေဟောဝါက မိမိအဖွဲ့အစည်းကို ကောင်းချီးပေး
၁၃။ ဝတ်ပြုရာ ၉:၂၃၊ ၂၄ အရ ပုရောဟိတ် ခန့်အပ်တာကို နှစ်သက်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။
၁၃ စတုတ္ထ သင်ခန်းစာ– ယေဟောဝါက မိမိအဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းကို ကောင်းချီးပေးနေတယ်။ ဘီစီ ၁၅၁၂၊ သိနာတောင်ခြေမှာ တဲတော် ဆောက်လုပ်တုန်းက ဘာဖြစ်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ (ထွ. ၄၀:၁၇) အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် ခန့်အပ်ချိန်မှာ မောရှေ ဦးဆောင်ပေးတယ်။ ပုရောဟိတ်တွေက ဦးဆုံးတိရစ္ဆာန်တွေကို ပူဇော်တဲ့အခါ အစ္စရေးအားလုံး စုရုံးလာကြတယ်။ (ဝတ်. ၉:၁-၅) အသစ်ခန့်အပ်လိုက်တဲ့ ပုရောဟိတ်တွေကို ယေဟောဝါ နှစ်သက်ကြောင်း ဘယ်လို ဖော်ပြသလဲ။ လူတွေကို အာရုန်နဲ့ မောရှေ ကောင်းချီးပေးချိန်မှာ ယေဟောဝါက ကောင်းကင်ကနေ မီးကျစေပြီး ပလ္လင်ပေါ် ကျန်နေတဲ့ ပူဇော်သက္ကာတွေကို လောင်ကျွမ်းစေတယ်။—ဝတ်ပြုရာ ၉:၂၃၊ ၂၄ ကိုဖတ်ပါ။
၁၄။ အာရုန်အမျိုး ပုရောဟိတ်တွေကို ယေဟောဝါ နှစ်သက်ကြောင်း ဖော်ပြခြင်းက ကျွန်တော်တို့အတွက် ဘာကြောင့် အရေးပါသလဲ။
၁၄ ပုရောဟိတ်မင်း ခန့်အပ်ချိန်မှာ မီးကျလာတာက ဘာကို ဖော်ပြသလဲ။ အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် ခန့်အပ်တာကို ယေဟောဝါ အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြတယ်။ ပုရောဟိတ်တွေကို ယေဟောဝါ ထောက်ခံကြောင်း အစ္စရေးတွေ မြင်တဲ့အခါ သူတို့လည်း အပြည့်အဝ ထောက်ခံရမယ်ဆိုတာ သိလာတယ်။ အဲဒါက ကျွန်တော်တို့နဲ့ သက်ဆိုင်သလား။ သက်ဆိုင်ပါတယ်။ အစ္စရေးခေတ် ပုရောဟိတ်တွေဟာ ပိုကြီးမြတ်တဲ့ ပုရောဟိတ်တွေကို ပုံဆောင်တယ်။ မဟာပုရောဟိတ်မင်းက ခရစ်တော် ဖြစ်ပြီး ၁၄၄,၀၀၀ က ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘုရင်နဲ့ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြမယ်။—၁၅-၁၆။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို နှစ်သက်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။
၁၅ ၁၉၁၉ မှာ ယေရှုက ဘိသိက်ခံ ညီအုပ်စုလေးကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်တယ်။ အဲဒီကျွန်က ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပြီး ခရစ်တော်ရဲ့ နောက်လိုက်တွေကို “အချိန်တန်အစာ” ဝေပေးတယ်။ (မ. ၂၄:၄၅) သစ္စာနဲ့ သတိပညာရှိ ကျွန်ကို ယေဟောဝါ နှစ်သက်ကြောင်း အထောက်အထားတွေကို သင် မြင်တွေ့သလား။
၁၆ သစ္စာရှိကျွန်ရဲ့ အလုပ်ကို စာတန်နဲ့ သူ့လောက,က တားဆီးတယ်။ ယေဟောဝါရဲ့ အကူအညီသာ မပါရင် ဒီလုပ်ငန်းကို ဘယ်လိုမှ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ကမ္ဘာစစ်ကြီးနှစ်ခု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊ မတရား ဆက်ဆံမှုတွေ ကြုံရပေမဲ့ သစ္စာနဲ့ သတိပညာရှိ ကျွန်ဟာ ခရစ်တော်နောက်လိုက်တွေအတွက် ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စာပေတွေ ဆက်ပြင်ဆင်ပေးတယ်။ ဒီနေ့၊ အချိန်တန်အစာကို ဘာသာစကား ၉၀၀ ကျော်နဲ့ အခမဲ့ ရနိုင်ပြီ။ ဘုရားသခင် ထောက်မနေတယ်ဆိုတဲ့ သက်သေပါပဲ။ ယေဟောဝါ ကောင်းချီးပေးနေကြောင်း ဖော်ပြတဲ့ နောက်သက်သေတစ်ခုကတော့ မ. ၂၄:၁၄) ဒီနေ့ခေတ် မိမိအဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်ပြီး ကြွယ်ဝစွာ ကောင်းချီးပေးနေတာ သေချာပါတယ်။
ဟောပြောခြင်းလုပ်ငန်းပါပဲ။ “မြေတစ်ခွင်လုံးမှာ” သတင်းကောင်း ဟောပြောနေကြတယ်။ (၁၇။ ယေဟောဝါ အသုံးပြုနေတဲ့ အဖွဲ့အစည်းကို ထောက်မကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၇ ‘ယေဟောဝါ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ ပါဝင်ခွင့်ရလို့ ငါ ကျေးဇူးတင်သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယေဟောဝါက မောရှေနဲ့ အာရုန်ခေတ်မှာ ကောင်းကင်ကနေ မီးကျစေပြီး နှစ်သက်ကြောင်း ဖော်ပြသလို ဒီနေ့လည်း မိမိအဖွဲ့အစည်းကို အသုံးပြုနေကြောင်း ထင်ရှားတဲ့သက်သေ ပြနေတယ်။ အဲဒီအတွက် ကျွန်တော်တို့ အလွန်ကျေးဇူးတင်ကြတယ်။ (၁ သက်. ၅:၁၈၊ ၁၉) ယေဟောဝါ သုံးနေတဲ့ အဖွဲ့အစည်းကို ဘယ်လို ထောက်မနိုင်သလဲ။ စာပေတွေ၊ အစည်းအဝေးနဲ့ အစည်းအဝေးကြီးတွေကနေ ရတဲ့ ကျမ်းစာအခြေပြု လမ်းညွှန်ချက်ကို နာခံခြင်း၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ခြင်းအားဖြင့် ထောက်မနိုင်တယ်။—၁ ကော. ၁၅:၅၈။
၁၈။ ဘာလုပ်ဖို့ သင် ဆုံးဖြတ်ထားသလဲ။
၁၈ ဝတ်ပြုရာကျမ်းကနေ ရတဲ့ သင်ခန်းစာတွေကို လက်တွေ့ ကျင့်သုံးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ကျွန်တော်တို့ရဲ့ ပူဇော်သက္ကာတွေကို ယေဟောဝါ နှစ်သက်လက်ခံပါစေ။ ယေဟောဝါကို ကျေးဇူးတင်စိတ်နဲ့ အမှုဆောင်ကြပါစို့။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ပြီး အကောင်းဆုံး ပေးဆက်ကြပါစို့။ ယေဟောဝါ ကောင်းချီးပေးနေတဲ့ အဖွဲ့အစည်းကို စိတ်ရောကိုယ်ပါ ထောက်မကြပါစို့။ ယေဟောဝါရဲ့ သက်သေဖြစ်ခွင့်အတွက် ကျေးဇူးတင်ကြောင်း အဲဒီနည်းတွေနဲ့ ဖော်ပြကြပါစို့။
သီချင်း ၉၆ ဘုရားသခင့်ကျမ်းစာ မြတ်ရတနာ
^ အပိုဒ်၊ 5 ဝတ်ပြုရာကျမ်းမှာ ရှေးခေတ် အစ္စရေးတွေကို ယေဟောဝါ ပေးတဲ့ ပညတ်တွေ ပါဝင်တယ်။ ခရစ်ယာန်တွေဟာ ပညတ်တရားအောက်မှာ မရှိပေမဲ့ အဲဒီကနေ အကျိုးရနိုင်ပါတယ်။ ဝတ်ပြုရာကျမ်းကနေ ရနိုင်တဲ့ အဖိုးတန် သင်ခန်းစာတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 4 တဲတော်မှာ ပူဇော်တဲ့ နံ့သာပေါင်းကို သန့်ရှင်းတဲ့အရာအဖြစ် ယူမှတ်တယ်။ ရှေးအစ္စရေးတွေဟာ ဝတ်ပြုရေးအတွက်ပဲ နံ့သာပေါင်းကို သုံးကြတယ်။ (ထွ. ၃၀:၃၄-၃၈) ပထမရာစု ခရစ်ယာန်တွေရဲ့ ဝတ်ပြုရေးမှာ နံ့သာပေါင်း သုံးခဲ့တဲ့ မှတ်တမ်း မရှိဘူး။
^ အပိုဒ်၊ 9 မိတ်သဟာယအလှူအကြောင်း ပိုသိနိုင်ဖို့ ထိုးထွင်းအမြင် အတွဲ ၂၊ စာ. ၅၂၆ (အင်္ဂလိပ်) ကိုကြည့်ပါ။
^ အပိုဒ်၊ 54 ပုံအညွှန်း– အပြစ်ဖြေရာနေ့မှာ အစ္စရေး ပုရောဟိတ်မင်းက တစ်ခန်းလုံး မွှေးကြိုင်သွားစေဖို့ နံ့သာပေါင်းနဲ့ မီးခဲခွက်ကို ယူပြီး အသန့်ရှင်းဆုံး အခန်းထဲ ဝင်လာနေစဉ်။ ပြီးနောက် အပြစ်ဖြေရာ ပူဇော်သက္ကာရဲ့ သွေးကို ယူပြီး အသန့်ရှင်းဆုံး အခန်းထဲ ပြန်ဝင်တယ်။
^ အပိုဒ်၊ 56 ပုံအညွှန်း– အစ္စရေးမိသားစုက ယေဟောဝါကို ကျေးဇူးတင်ကြောင်း ပြဖို့ သိုးကို မိတ်သဟာယ ပူဇော်သက္ကာအဖြစ် ပုရောဟိတ်ကို ပေးနေ။
^ အပိုဒ်၊ 58 ပုံအညွှန်း– ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်မှာ ဘုရားပညတ်တွေကို လိုက်နာခြင်း၊ နောက်လိုက်တွေ လိုက်နာနိုင်အောင် ကူညီခြင်းအားဖြင့် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ကြောင်း ဖော်ပြခဲ့တယ်။
^ အပိုဒ်၊ 60 ပုံအညွှန်း– ကျန်းမာရေး မကောင်းတဲ့ သက်ကြီးညီအစ်မဟာ စာရေးသက်သေခံခြင်းအားဖြင့် ယေဟောဝါကို အကောင်းဆုံး ပေးဆက်နေ။
^ အပိုဒ်၊ 62 ပုံအညွှန်း– ၂၀၁၉၊ ဖေဖော်ဝါရီလမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဂဲရစ်လော့ရှ်က ဂျာမန်လို ကမ္ဘာသစ်ဘာသာပြန် တည်းဖြတ်ကျမ်းကို ထုတ်ဝေ။ ပရိသတ်က ကျေးဇူးတင်ပြီး စိတ်လှုပ်ရှားနေကြ။ ဒီနေ့၊ ဂျာမနီက ကြေညာသူတွေဟာ ဒီညီအစ်မနှစ်ယောက်လို အမှုဆောင်မှာ ကျမ်းစာအသစ်ကို ဝမ်းသာအားရ အသုံးပြုနေကြတယ်။