မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၇

ယေဟောဝါ၊ တို့ခွန်အား

ယေဟောဝါ၊ တို့ခွန်အား

(ဟေရှာယ ၁၂:၂)

  1. ၁။ မြင့်မြတ် ယေဟောဝါ၊ တို့အစွမ်းခွန်အား၊

    တို့ကယ်တင်ရှင်နဲ့ တို့ဝမ်းမြောက်ရာပါ။

    နားစိုက်သူ၊ ငြင်းပယ်သူ ဘယ်သူမဆိုအား

    ကိုယ်တော့်သတင်း ဖြန့်ဝေ သက်သေတို့များ။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ၊ တို့ကျောက်၊ တို့အား၊ တို့စွမ်းအင်၊

    ဘုရားနာမတော် ကြေညာ နေ့စဉ်

    ဘုန်းတောက် ယေဟောဝါ တန်ခိုးအနန္တ၊

    ကျွန်တော်တို့ ပုန်းခိုရာ ရဲတိုက်ကြီးပါ။

  2. ၂။ အလင်းတော်ထဲ ပျော်ရွှင်စွာ မှုထမ်းနေ၊

    ရှင်းလင်းစွာ မြင်လာရ မှန်သော တရားပေ။

    ကျမ်းမြတ်မှာ စူးစမ်းရှာ၊ အမိန့်တော် ကြား၊

    ဘုရား နိုင်ငံတော်ဘက် ရပ်တည်ပြတ်သား။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ၊ တို့ကျောက်၊ တို့အား၊ တို့စွမ်းအင်၊

    ဘုရားနာမတော် ကြေညာ နေ့စဉ်

    ဘုန်းတောက် ယေဟောဝါ တန်ခိုးအနန္တ၊

    ကျွန်တော်တို့ ပုန်းခိုရာ ရဲတိုက်ကြီးပါ။

  3. ၃။ ဝမ်းမြောက်စွာ အလိုတော် တို့ထမ်းလျက်ပါ။

    စာတန် ဖျက်လည်း ဘုရားကို ကိုးစားမြဲ။

    ဘုရား ကူမပေးပါ၊ သေခံရလည်း

    အဆုံးထိ ခိုင်မြဲကြမယ် ထွတ်အာဏာတွက်။

    (ထပ်ကျော့ပိုဒ်)

    ယေဟောဝါ၊ တို့ကျောက်၊ တို့အား၊ တို့စွမ်းအင်၊

    ဘုရားနာမတော် ကြေညာ နေ့စဉ်

    ဘုန်းတောက် ယေဟောဝါ တန်ခိုးအနန္တ၊

    ကျွန်တော်တို့ ပုန်းခိုရာ ရဲတိုက်ကြီးပါ။

(၂ ရှ. ၂၂:၃။ ဆာ. ၁၈:၂။ ဟေရှာ. ၄၃:၁၂ တို့ကိုလည်း ကြည့်ပါ။)