သီချင်း ၄၀
သင့်ကို ဘယ်သူ ပိုင်သလဲ
-
၁။ သင့်ကို အဘယ်သူပိုင်။
ဘယ်ဘုရား သင်နာခံနေ။
သင်ပျပ်ဝပ်သူဟာ သင့်သခင်ပဲ။
သင်ဝတ်ပြုသူ၊ သင့်ဘုရားပဲ။
ဘုရားနှစ်ပါးစလုံး၊
အကြွင်းမဲ့ မဆည်းကပ်နိုင်၊
သင့်စိတ်နှလုံးထဲ ရှိထားတဲ့အတိုင်း
နောက်ဆုံး သင် ရွေးချယ်ဝတ်ပြု။
-
၂။ သင့်ကို အဘယ်သူပိုင်။
ဘယ်ဘုရား သင်နာခံနေ။
တစ်ပါးက မှားပြီး တစ်ပါးသာ မှန်၊
ရွေးချယ်ရမှာတော့ သင့်တာဝန်။
လောကတိုင်းနိုင်ငံပေါ်
သင်သစ္စာစောင့်သိဆဲလား။
ဒီလို မဟုတ်ဘဲ မှန်သောဘုရားကို
အမြဲ သင် နာခံမလား။
-
၃။ ငါ့ကို အဘယ်သူပိုင်။
ယေဟောဝါ ငါနာခံမယ်။
ကောင်းကင်ဖခင်ကို ငါဝတ်ပြုပြီး
အကြွင်းမဲ့ သစ္စာဝတ် ဖြေမယ်။
တန်ဖိုးကြီးနဲ့ ဝယ်ထား၊
ဘုရားပေါ် သစ္စာမြဲမယ်။
အသက်ရှင်သရွေ့ ငါပေးဆပ်သွားမယ်။
နေ့စဉ် နာမ ဂုဏ်ပြုမယ်။
(ယောရှု ၂၄:၁၅။ ဆာ. ၁၁၆:၁၄၊ ၁၈။ ၂ တိ. ၂:၁၉ တို့ကိုလည်း ကြည့်ပါ။)