သီချင်း ၃၇
ယေဟောဝါကို တစ်သက်တာလုံး ဝတ်ပြုခြင်း
-
၁။ အို ယေဟောဝါ၊ ချုပ်ခြာမင်းမြတ်၊
ကျွန်တော် ချစ်ပြီး နာခံ ကိုယ်တော်သာ။
အကြွင်းမဲ့ ဝတ်ပြု ခံထိုက်သူ၊
ကိုယ်တော်ကိုသာ စဉ်ဝတ်ပြုနေမှာ။
အမိန့်တော်များကို သစ္စာရှိ လိုက်နာ၊
သတိပေးချက် မြတ်နိုးလှပါ။
(ထပ်ကျော့ပိုဒ်)
အို ယေဟောဝါ၊ ထိုက်တော်မူသော
အကြွင်းမဲ့ ဆည်းကပ်မှု ဆက်ပါတယ်။
-
၂။ အမှုတော်များ ကိုယ်တော်ကို ချီးမြှောက်၊
ကမ္ဘာ၊ ကြယ်၊ လတို့ ဘုန်းတော် ကြေညာ။
သစ္စာရှိဖို့၊ ဘုန်းကျော်စောဖို့
ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားနေမှာ။
မှုဆောင်သွားမယ်၊ တစ်သက်လုံးပေးကာ
သက်သေပြမယ်၊ စစ်မှန်သစ္စာ။
(ထပ်ကျော့ပိုဒ်)
အို ယေဟောဝါ၊ ထိုက်တော်မူသော
အကြွင်းမဲ့ ဆည်းကပ်မှု ဆက်ပါတယ်။
(တရား. ၆:၁၅။ ဆာ. ၄၀:၈။ ၁၁၃:၁-၃။ ဒေ. ၅:၄။ ယော. ၄:၃၄ တို့ကိုလည်း ကြည့်ပါ။)