သီချင်း ၂၉
နာမည်နဲ့ လျော်ညီအောင် နေထိုင်ပါ
-
၁။ မြင့်မြတ် ယေဟောဝါ၊ အနန္တတန်ခိုးရှင်၊
တရားမျှတ၊ မေတ္တာ ပြည့်ဝစုံလင်။
သစ္စာနဲ့ အဆုံးမဲ့ ဉာဏ်ပညာ ရင်းမြစ်၊
ထက်ကောင်းကင်မှာ အုပ်စိုး ဘုရင်အဖြစ်။
လူမျိုးတော်အနေနဲ့ မှုတော်မှာ မွေ့လျော်၊
နိုင်ငံတော် အမှန်တရား တို့ကြွေးကြော်။
(ထပ်ကျော့ပိုဒ်)
သက်သေခံ ဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။
နာမည်နဲ့ လျော်ညီအောင် နေထိုင်လိုပါ။
-
၂။ မြင့်မြတ်အမှုတော် လက်တွဲထမ်းရွက်ခြင်းဖြင့်
ညီအစ်ကိုပမာ မေတ္တာငြိမ်းချမ်း နှောင်ဖွဲ့။
အမှန်တရား သင်ပြ ဘုန်းတော် ထင်ရှားစေ၊
ချီးမွမ်းခြင်း တိုးပွားလို့ တို့ပျော်ရွှင်ရ။
တို့အား ယေဟောဝါနာမဖြင့် သိထားကြ၊
ခွင့်ထူးရထား ဂုဏ်သတင်း ကျော်စေဖို့။
(ထပ်ကျော့ပိုဒ်)
သက်သေခံ ဖြစ်ရခြင်း၊ ကြီးမြတ်ခွင့်ထူးပါ။
နာမည်နဲ့ လျော်ညီအောင် နေထိုင်လိုပါ။
(တရား. ၃၂:၄။ ဆာ. ၄၃:၃။ ဒံ. ၂:၂၀၊ ၂၁ တို့ကိုလည်း ကြည့်ပါ။)