သီချင်း ၂၁
နိုင်ငံတော်ကို အမြဲ ဦးစားထားပါ
(မဿဲ ၆:၃၃)
-
၁။ ယေဟောဝါတွက် အဖိုးထိုက်ပြီး၊
နှစ်သက်ကြည်နူးဖွယ်ရာမှာ
အရာခပ်သိမ်း တည့်မတ်စေမယ့်
ခရစ်အုပ်ချုပ်တဲ့ နိုင်ငံပါ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါရဲ့ နိုင်ငံတော်နဲ့
ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။
လူမျိုးများကြား သီဆိုချီးမွမ်း၊
သစ္စာရှိစွာ ဝတ်ပြုကြ။
-
၂။ နက်ဖြန်နေ့တွက် ဆာငတ်မှာကို
ဘာကြောင့် စိုးရိမ်နေသလဲ။
နိုင်ငံတော်ကို ရှေးဦးရှာရင်
ဘုရား စီမံပေးပါမယ်။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါရဲ့ နိုင်ငံတော်နဲ့
ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။
လူမျိုးများကြား သီဆိုချီးမွမ်း၊
သစ္စာရှိစွာ ဝတ်ပြုကြ။
-
၃။ နိုင်ငံတော်သတင်း ကြွေးကြော်ပါ။
မျှော်လင့်ချက်မှာ ယေဟောဝါ၊
ဘုရားအုပ်ချုပ်မှု ဖြစ်တာကို
ထိုက်တန်သူအား သိစေပါ။
(ထပ်ကျော့ပိုဒ်)
ယေဟောဝါရဲ့ နိုင်ငံတော်နဲ့
ဖြောင့်မတ်ခြင်းကို ဦးစွာရှာ။
လူမျိုးများကြား သီဆိုချီးမွမ်း၊
သစ္စာရှိစွာ ဝတ်ပြုကြ။
(ဆာ. ၂၇:၁၄။ မ. ၆:၃၄။ ၁၀:၁၁၊ ၁၃။ ၁ ပေ. ၁:၂၁ တို့ကိုလည်း ကြည့်ပါ။)