သီချင်း ၃၇
သမ္မာကျမ်းစာ—ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့်ဖြစ်
၁။ တရား စကားတော် အလင်းဖြစ်ပါ၊
မှောင်မိုက်ထဲ တို့အားလမ်းပြ။
သစ္စာရှိစွာ တို့လိုက်နာက၊
ကျမ်းမှန်တရား လွှတ်ပေးမည်သာ။
၂။ စွမ်းအားတော် ညွှန်သည့်ကျမ်းစာ၊
သွန်သင်တို့အား လိုအပ်ရာ။
ပဲ့ပြင်တည့်မတ်ဖို့ ထောက်ကူပေး၊
ကိုယ်တော်၏ ဆုံးမခြင်းကိုပေး။
၃။ ထက်ရပ်မှလာသောကျမ်းစာ၊
မြင်လာစေ ဘုရားမေတ္တာ။
နေ့စဉ်ဖတ်က ဉာဏ်ရှိစေမှာ၊
အသက်ဆုရဖို့ လမ်းညွှန်ပြ။
(ဆာ. ၁၁၉:၁၀၅; သု. ၄:၁၃ တို့ကိုလည်းကြည့်ပါ။)