မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်း ၃၅

ဘုရားသခင့်သည်းခံခြင်းအတွက် ကျေးဇူးတင်ခြင်း

ဘုရားသခင့်သည်းခံခြင်းအတွက် ကျေးဇူးတင်ခြင်း

(၂ ပေတရု ၃:၁၅)

၁။ ကြီးမြတ် ယေဟောဝါ၊ တန်ခိုးကြီးမား၊

မှန်ရာကိုချစ်ကြောင်း ကြေညာထား။

မြေပေါ်မှာ ဆိုးယုတ်မှု အုပ်စိုး၊

ကိုယ်တော့်၏စိတ်တော် နာကျင်စေ။

လူတွေဆိုသလို မနှောင့်နှေးပါ၊

မကောင်းမှု ပယ်ချိန် နီးလာလျက်ပါ။

ကိုယ်တော်ကိုသာ မျှော်လင့်ကိုးစား၊

တရား၊ သည်းခံမှုတွက် ကျေးဇူးတင်။

၂။ တစ်ထောင်နှစ်ပေါင်း ကြာသည့်ကာလမှာ

ကိုယ်တော်အတွက် တစ်ရက်ပမာ။

ကိုယ်တော့်နေ့ကြီးသို့ ရှေ့ရှုသွား၊

နောက်မကျ ရောက်လာမည်ထိုနေ့။

အပြစ်ပြုခြင်း မနှစ်သက်သော်ငြား၊

အပြစ်သား ပြောင်းလဲလျှင် ကိုယ်တော်ဝမ်းသာ။

မျှော်လင့်ချက်သစ်နှင့် ရှေ့မျှော်မြင်၊

နာမတော်မြတ်ချီးမွမ်း ကျေးဇူးတင်။

(လု. ၁၅:၇; ၂ ပေ. ၃:၈၊ ၉ တို့ကိုလည်းကြည့်ပါ။)