အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်ပြီး ဘုရားသခင့်နိုင်ငံတော်က ဘယ်လိုဖြေရှင်းပေးမလဲ
အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေကို လူတွေ စိတ်ကုန်လှပြီ။ ၂၀၂၃ ခုနှစ် ကမ္ဘာချီစာရင်းကောက်ယူချက်အရ လူတွေရဲ့ ယုံကြည်မှုအနည်းဆုံးရထားတဲ့အုပ်စုက နိုင်ငံရေးခေါင်းဆောင်တွေပဲ။ a ယုံကြည်စိတ်ချလို့ရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လူတွေ အလိုရှိတယ်ဆိုတာ ရှင်းနေပါတယ်။
အပြည့်အဝ ယုံကြည်အားကိုးထိုက်ပြီး ရိုးသားဖြောင့်မှန်တဲ့၊ အကျင့်ပျက်ခြစားမှု လုံးဝမရှိတဲ့ ခေါင်းဆောင်တစ်ဦးအကြောင်း၊ အဲဒီခေါင်းဆောင် အုပ်ချုပ်မယ့် အစိုးရအကြောင်း ကျမ်းစာဆိုထားတယ်။ အဲဒီအစိုးရကတော့ ဘုရားသခင့်နိုင်ငံတော်ဖြစ်ပြီး ခေါင်းဆောင်ဟာ ယေရှုခရစ်တော်ပါ။—ဟေရှာယ ၉:၇။
လူတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ ဂရုစိုက်ကြောင်း လုပ်ရပ်နဲ့ ယေရှု သက်သေပြခဲ့တယ်။ (မဿဲ ၉:၃၅၊ ၃၆) ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်တဲ့ ယေရှုက မိမိအုပ်ချုပ်မှုကို လက်ခံသူအားလုံးအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးပါလိမ့်မယ်။—ဆာလံ ၇၂:၁၂-၁၄။
a 2023 Edelman Trust Barometer Global Report.