မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Anna Moneymaker/Getty Images

သတိနဲ့ စောင့်နေကြပါ

ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သိပ္ပံပညာရှင်တွေ ရွှေ့လိုက်ကြ—ကျမ်းစာအဆိုက ဘာလဲ

ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သိပ္ပံပညာရှင်တွေ ရွှေ့လိုက်ကြ—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီ aကို သန်းခေါင်ချိန်အနား ရွှေ့လိုက်ပါတယ်။ အဲဒီ သန်းခေါင်ချိန်ဆိုတာ ကမ္ဘာပျက်မယ့်အချိန်ကို ရည်ညွှန်းတယ်။

  •   “ယူကရိန်းစစ်ပွဲ၊ နျူကလီးယား တင်းမာမှုနဲ့ ရာသီဥတု ကပ်ဆိုက်နေမှုတွေကြောင့် ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သန်းခေါင်ချိန်အနား အနီးဆုံးနေရာကို အင်္ဂါနေ့တုန်းက ရွှေ့လိုက်ကြတယ်။ အရင်က အဲဒီလောက် တစ်ခါမှ မနီးဖူးဘူး။”—AFP International Text Wire.

  •   “ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သန်းခေါင်ချိန်အနား ၉၀ စက္ကန့်အလို နေရာကို ရွှေ့လိုက်ကြောင်း သိပ္ပံပညာရှင်တွေ အင်္ဂါနေ့တုန်းက ထုတ်ဖော်ပြောကြားခဲ့တယ်။ အာမဂေဒုန်ရောက်ဖို့ သိပ်နီးနေပြီ။”—ABC News.

  •   “လူသားမျိုးနွယ် ဆက်ရှင်သန်ဖို့ အန္တရာယ်အရှိဆုံး အခြေအနေ ဖြစ်နေတယ်လို့ နိုင်ငံတကာ သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က သတိပေးခဲ့တယ်။”—The Guardian.

 ကမ္ဘာမြေနဲ့ လူသားမျိုးနွယ် မကြာခင် ပျက်စီးတော့မှာလား။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေနဲ့ပတ်သက်ပြီး တွေးကြောက်နေဖို့ လိုသလား။ သမ္မာကျမ်းစာ အဆိုက ဘာလဲ။

အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ

 “ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။” လူသားတွေဟာ “ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဒေသနာ ၁:၄။ ဆာလံ ၃၇:၂၉) လူသားတွေကြောင့် ကမ္ဘာမြေနဲ့ သက်ရှိတွေ မပျက်စီးသွားပါဘူး။

 ဒါပေမဲ့ ပျက်စီးသွားမယ့်အရာကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ “ဒီလောက . . . ရွေ့သွားကွယ်ပျောက်နေတယ်” လို့ ဆိုထားတယ်။—၁ ယောဟန် ၂:၁၇

အပြုသဘောထား ဆက်ရှိနေပါ

 လက်ရှိ ကမ္ဘာ့ပြဿနာတွေ ဘယ်လိုပဲ ရှိပါစေ အပြုသဘောထား ဆက်ရှိနိုင်အောင် ကျမ်းစာက ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

 ကျမ်းစာကနေ အကျိုးအပြည့်အဝ ရနိုင်ဖို့ ကျွန်တော်တို့ရဲ့ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

a “လူတွေ တီထွင်ထားတဲ့ အန္တရာယ်ရှိ နည်းပညာတွေကြောင့် ကမ္ဘာပျက်စီးဖို့ ဘယ်လောက် နီးနေပြီဆိုတာ လူတွေကို သတိပေးဖို့ ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို ပြုလုပ်ထားတာဖြစ်တယ်။ ကမ္ဘာမြေကြီးပေါ်မှာ ဆက်အသက်ရှင်နေထိုင်ဖို့ ကိုင်တွယ်ဖြေရှင်းရမယ့် အန္တရာယ်တွေကို သတိပေးတဲ့အနေနဲ့ ဖန်တီးထားတာပါ။”—Bulletin of the Atomic Scientists.