သင့်အား သူတို့ကြားနာစေလိုသည့် သတင်းကောင်း
သင့်အား သူတို့ကြားနာစေလိုသည့် သတင်းကောင်း
ယေရှုမြေကြီးပေါ်ရှိခဲ့စဉ်က တပည့်တို့သည် ကိုယ်တော်ထံချဉ်းကပ်ပြီး “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော . . . နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်” ကိုမေးခဲ့ကြသည်။ နိုင်ငံစုံဆင်နွှဲသည့်စစ်ပွဲများ၊ ငတ်မွတ်ခေါင်းပါးမှုများ၊ ကပ်ရောဂါများ၊ မြေငလျင်များ၊ မတရားမှုတိုးပွားခြင်း၊ မှားယွင်းသောဘာသာရေးဆရာတို့သည် လူများစွာကိုလမ်းလွဲစေခြင်း၊ ကိုယ်တော့်တပည့်စစ်တို့ကို မုန်းတီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်း၊ လူတို့သည် ဖြောင့်မတ်ခြင်းတရားကို ချစ်မြတ်နိုးမှုခေါင်းပါးလာခြင်းတို့ဖြစ်မည်ဟု ယေရှုပြန်လည်ဖြေကြားခဲ့သည်။ ဤအရာများစတင်ဖြစ်ပျက်ခြင်းက မျက်မြင်မရနည်းဖြင့် ခရစ်တော်ရောက်ရှိနေခြင်းနှင့် ကောင်းကင်နိုင်ငံတည်ထောင်ရန်နီးကြောင်းဖော်ပြသည်။ ဤကား သတင်းကောင်းဖြစ်သည်။ ထို့ကြောင့် နိမိတ်တွင်အပါအဝင်ဖြစ်သော ဤစကားများကို ယေရှုထပ်ဆင့်၍မိန့်တော်မူခဲ့သည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင်] နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လော[က] နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။”—မဿဲ ၂၄:၃-၁၄။
လက်ရှိဖြစ်ပျက်နေသည့် ကမ္ဘာ့အခြင်းအရာတို့ကိုယ်နှိုက်သည်ဆိုးသော်လည်း ယင်းတို့အမှတ်သညာပြုသည့် ခရစ်တော်ရောက်ရှိနေခြင်းကား ကောင်းသောအရာဖြစ်သည်။ အထက်တွင်ဖော်ပြထားသော အခြေအနေများသည် အနှံ့အပြားကြိုတင်ကြွေးကြော်ထားသည့် ၁၉၁၄ ခုနှစ်တွင် စတင်ဖြစ်ပျက်ခဲ့သည်! ယင်းသည် တစ်ပါးအမျိုးသားများကာလကုန်ဆုံးခြင်းနှင့် လူ့အုပ်ချုပ်ရေးမှ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးကာလမတိုင်မီ စပ်ကူးမပ်ကူးကာလ၏အစဖြစ်သည်။
ဤစပ်ကူးမပ်ကူးကာလရှိမည်အကြောင်း ဆာလံ ၁၁၀:၁၊ ၂ နှင့် ဗျာ. ၁၂:၇-၁၂ တို့ကဖော်ပြသည်။ ခရစ်တော်သည် ဒုတိယအကြိမ်မကြွလာမီ ကောင်းကင်ဘုံရှိခမည်းတော်၏ လက်ယာတော်ဘက်တွင် ထိုင်နေမည်ဟုဖော်ပြထားသည်။ ထို့နောက် ကောင်းကင်တွင် စစ်ဖြစ်မည်၊ စာတန်မြေကြီးသို့ပစ်ချခြင်းခံရမည်၊ မြေကြီးသည် အမင်္ဂလာဖြစ်မည်၊ ခရစ်တော်သည် ရန်သူတို့အလယ်တွင်အုပ်ချုပ်မည်။ ဆိုးသွမ်းမှုသည် ‘ကြီးစွာသောဆင်းရဲခြင်း’ ဖြင့်ဖျက်သိမ်းခံရပြီး အာမဂေဒုန်စစ်ပွဲတွင် နိဂုံးချုပ်ကာ ငြိမ်းချမ်းသောခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေး လိုက်ပါလာမည်။—မဿဲ ၂၄:၂၁၊ ၃၃၊ ၃၄; ဗျာ. ၁၆:၁၄-၁၆။
ကျမ်းစာကဤသို့ဆိုသည်– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစား၂ တိမောသေ ၃:၁-၅။
တတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”—အချို့က ဤအရာများသည် လူ့သမိုင်းတွင် ယခင်ကတည်းကဖြစ်ခဲ့သည်ဟု ဆင်ခြေတက်ကောင်းတက်နိုင်သည်၊ သို့သော် ယင်းတို့သည် ထပ်တူအတိုင်းအတာဖြင့် တစ်ခါကမျှ မဖြစ်ခဲ့ဖူးသည်မှာ အမှန်တရားပင်ဖြစ်၏။ သမိုင်းပညာရှင်များနှင့် အကျယ်ဖွင့်ရှင်းပြသူတို့က ၁၉၁၄ ခုနှစ်မှစပြီးတွေ့ကြုံဖြစ်ပျက်ရသည့်အရာတို့သည် ကမ္ဘာတွင် တစ်ခါမျှမဖြစ်ခဲ့ဘူးဟုဆိုကြသည်။ (စာမျက်နှာ ၇ရှု။) ဘေးဒုက္ခတို့သည် ဖြစ်ခဲ့သမျှတို့ထက် ပို၍ကြီးမားကျယ်ပြန့်သည်။ ထို့အပြင် နောက်ဆုံးကာလနှင့်ပတ်သက်သော ခရစ်တော်၏နိမိတ်ပါ အခြားအသွင်အပြင်များနှင့်ပတ်သက်၍ ဤအချက်များကို ထည့်စဉ်းစားသင့်သည်– ခရစ်တော်ရောက်ရှိနေခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ကမ္ဘာချီကြွေးကြော်ခြင်းသည် သမိုင်းတွင် တစ်ခါမျှမကြုံစဖူး ကြီးမားကျယ်ပြန့်နေသည်။ ဟောပြောခြင်းကြောင့် ယေဟောဝါသက်သေတို့ခံရသည့် နှိပ်စက်ညှဉ်းပန်းခြင်းသည် သူမတူအောင်ပင်ဖြစ်သည်။ သူတို့ထဲမှရာပေါင်းများစွာသောသူတို့သည် ဟစ်တလာ၏ချွေးတပ်စခန်းများတွင် သတ်ဖြတ်ခံခဲ့ရသည်။ ယနေ့ နေရာအချို့တွင် ယေဟောဝါသက်သေတို့၏လုပ်ငန်းသည် ပိတ်ပင်ခံရပြီး အခြားနေရာတို့တွင် ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်း၊ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံနေကြရသည်။ ယင်းတို့အားလုံးသည် ယေရှုပေးခဲ့သည့် နိမိတ်တွင် ပါဝင်သည်။
ဗျာ. ၁၁:၁၈၊ [ကဘ] တွင်ကြိုပြောထားသည့်အတိုင်း “လူမျိုးတို့သည် ယေဟောဝါ၏သစ္စာရှိသက်သေများကို အမျက်ထွက်ကြမည်။” ယင်းကား လူမျိုးတို့အပေါ် ယေဟောဝါ “ကိုယ်တော်တိုင်၏အမျက်” သွန်းမည်ကိုဖော်ပြသည်။ ဤကျမ်းပိုဒ်ကပင် “ဘုရားသခင်သည် မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်” ဟုဆိုထားသည်။ အသက်ကိုထိန်းသိမ်းထားသည့် မြေကြီး၏စွမ်းဆောင်မှုများပျက်စီးရန် ခြိမ်းခြောက်ခံရခြင်းသည် လူ့ရာဇဝင်တစ်လျှောက် တစ်ခါမျှမကြုံခဲ့ဖူးပါ။ သို့သော် ယခုထိုသို့မဟုတ်တော့! လူတို့သည် ဤမြေကြီးကို ဆက်၍ညစ်ညမ်းအောင်လုပ်နေပါက ကမ္ဘာသည် လူမနေနိုင်သည့်အထိဖြစ်သွားမည်ဟု သိပ္ပံပညာရှင်များက သတိပေးကြသည်။ သို့သော် ယေဟောဝါသည် “သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ” သောကြောင့် သူတို့မြေကြီးကိုဖျက်၍မပြီးဆုံးမီ ညစ်ညမ်းနေစေသူများအား ယေဟောဝါရှင်းပစ်တော်မူမည်။—ဟေရှာယ ၄၅:၁၈။
ဘုရားသခင်နိုင်ငံတော်အောက် မြေကြီးဆိုင်ရာကောင်းချီးများ
ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ မြေကြီးပေါ်တွင် လူများနေထိုင်သွားမည်ဟူသောအချက်သည် ကယ်တင်ခံရသူအားလုံး ကောင်းကင်သွားမည်ဟု ထင်မြင်သောကျမ်းစာယုံကြည်သူများအတွက် ထူးဆန်းနေမည်။ အကန့်အသတ်ရှိအရေအတွက်သာ ကောင်းကင်သို့သွားပြီး မြေကြီးပေါ်တွင် ထာဝစဉ်နေထိုင်သွားမည့်သူများမှာ ဆာလံ ၃၇:၁၁၊ ၂၉; ဗျာ. ၇:၉; ၁၄:၁-၅) ခရစ်တော်လက်အောက် ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာတစ်ခုလုံးကိုလွှမ်းမိုးအုပ်စိုးသွားမည့်အကြောင်း ဒံယေလကျမ်းက ပရောဖက်ပြုထားသည်။
အရေအတွက်အကန့်အသတ်မရှိသည့် လူအုပ်ကြီးဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (ထိုတွင် ခရစ်တော်အုပ်ချုပ်မည့်နိုင်ငံတော်ကို ယေဟောဝါ၏ တောင်နှင့်တူသော စကြဝဠာပိုင်သအုပ်စိုးမှုအာဏာတော်မှထွင်းထုထားသည့် ကျောက်တုံးနှင့် ပုံတင်ပြထားသည်။ မြေကြီးပေါ်ရှိ တန်ခိုးကြီးအာဏာစက်များကို တင်စားသည့်ရုပ်တုကြီးအား ထိုကျောက်တုံးက တိုက်ခိုက်၍ပျက်စီးစေပြီးနောက် “ရုပ်တုကိုထိခိုက်သောကျောက်မူကား တိုးပွားသဖြင့် တောင်ကြီးဖြစ်၍ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်။” ပရောဖက်ပြုချက်က ဆက်ပြောသည်မှာ– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၃၄၊ ၃၅၊ ၄၅။
ဤနိုင်ငံတော်နှင့် သန့်ရှင်းလှပသည့်ကမ္ဘာတွင် ထာဝစဉ်နေထိုင်ရန် ကျမ်းစာထောက်ခံသည့်မျှော်လင့်ချက်သည်ပင် ယေဟောဝါသက်သေများ သင့်ကိုပြောပြလိုသည့်အကြောင်းဖြစ်သည်။ ယခုအသက်ရှင်သော လူသန်းပေါင်းများစွာနှင့် သင်္ချိုင်းများရှိ လူသေသန်းပေါင်းများစွာတို့သည် ထိုနေရာတွင် ထာဝစဉ်အသက်ရှင်ခွင့်ရကြမည်။ မြေကြီးကိုဖန်ဆင်းပြီး ပထမလူသားမောင်နှံကို ထိုတွင်နေရာချရသည့် ဘုရားသခင့် မူလရည်ရွယ်ချက်သည် ခရစ်တော်အနှစ်တစ်ထောင်အုပ်ချုပ်ရေးအောက်တွင် ပြည့်စုံလာမည်။ ယင်းမြေကြီးပရဒိသုသည် မည်သည့်အခါမျှပျင်းရိငြီးငွေ့ဖွယ်ဖြစ်မည်မဟုတ်။ ဧဒင်ဥယျာဉ်တွင် အာဒံသည် အလုပ်တာဝန်အပ်နှင်းခြင်းခံရသကဲ့သို့ လူသားများလည်း ကမ္ဘာမြေကြီး၊ အပင်နှင့်တိရစ္ဆာန်တို့ကို ကြည့်ရှုစောင့်ရှောက်ရသည့် အားကြိုးမာန်တက်လုပ်ဆောင်ရမည့်အလုပ်ကို ဆောင်ရွက်ကြရမည်။ သူတို့သည် “ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၂; ကမ္ဘာဦး ၂:၁၅။
“[ဘုရားသခင်] နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ” ဟူသည့် ယေရှုသင်ပေးသောဆုတောင်းချက်အတိုင်း ဖြစ်လာမည်ကိုဖော်ပြသည့် ကျမ်းချက်များစွာရှိ၏။ (မဿဲ ၆:၁၀) သို့သော် ဤကျမ်းချက်တစ်ခုတည်းနှင့် လုံလောက်ပါပြီ– “ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း၊ ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်’ ဟု မိန့်တော်မူ၏။ တစ်ဖန်တုံ ‘ရေးထားလော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။’”—ဗျာ. ၂၁:၃-၅။
[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]
“ခဲယဉ်းသောကာလ” သို့သော် “သို့ပြီးမှအဆုံးသည်ဖြစ်လတ္တံ့”
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
နယ်သာလန်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
နိုင်ဂျီးရီးယား