မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

မာလာဝီ

အမှုဆောင်အုပ်စု

အမှုဆောင်လုပ်ငန်း

အကြီးအကဲ အစည်းအဝေး

ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ ဗာနဗနဲ့ တမန်တော်ပေါလုအကြောင်း မကြာခဏ ဖော်ပြတယ်။ သူတို့ဟာ နယ်လှည့်ကြီးကြပ်မှူးတွေအဖြစ် အမှုဆောင်ပြီး အစောပိုင်း အသင်းတော်တွေဆီ လည်ပတ်ခဲ့ကြတယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်ညီအစ်ကို/မတွေရဲ့ အကျိုးကို တကယ်စိတ်ဝင်စားလို့ပါပဲ။ ညီအစ်ကို/မတွေရဲ့ အခြေအနေကို သိဖို့ “ပြန်သွားပြီး လည်ပတ်ကြစို့” ဆိုပြီး ပေါလု ပြောခဲ့တယ်။ သူတို့ကို အားပေးဖို့အတွက် မိုင်ရာနဲ့ချီတဲ့ခရီးကို သွားလိုစိတ် ရှိခဲ့တယ်။ (တမန်တော် ၁၅:၃၆) ယနေ့ ကျွန်တော်တို့ရဲ့ တိုက်နယ် ကြီးကြပ်မှူးတွေလည်း အဲ့ဒီစိတ်သဘောထားမျိုး ရှိကြတယ်။

ကျွန်တော်တို့ကို လာအားပေးတယ်။ တိုက်နယ်ကြီးကြပ်မှူးတိုင်းက အသင်းတော် ၂၀ ဝန်းကျင်လောက်ကို တစ်နှစ်မှာ နှစ်ကြိမ် လည်ပတ်ပြီး အသင်းတော်တစ်ခုမှာ တစ်ပတ်နေတယ်။ အဲဒီညီအစ်ကိုတွေနဲ့ အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် သူတို့ဇနီးတွေရဲ့ အတွေ့အကြုံတွေကနေ ကျွန်တော်တို့ အကျိုးများစွာ ရနိုင်တယ်။ လူကြီးလူငယ်မရွေးကို သိကျွမ်းအောင် ကြိုးစားကြတယ်။ သူတို့ဟာ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်လိုကြပြီး ကျွန်တော်တို့ရဲ့ ကျမ်းစာသင်အံမှုတွေကို လိုက်လိုကြတယ်။ အကြီးအကဲတွေနဲ့အတူ သိုးထိန်းလည်ပတ်မှု လုပ်ကြတယ်။ အစည်းအဝေးနဲ့ စည်းဝေးပွဲတွေမှာ ဟောပြောချက်တွေ ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို အားရှိစေကြတယ်။—တမန်တော် ၁၅:၃၅

အားလုံးကို စိတ်ဝင်စားမှု ပြကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်ရဲ့ အခြေအနေကို အထူးစိတ်ဝင်စားကြတယ်။ အသင်းတော်ရဲ့ တိုးတက်မှု အခြေအနေတွေကို ပြန်သုံးသပ်ဖို့ အကြီးအကဲနဲ့ အသင်းတော်အမှုထမ်းတွေကို တွေ့ဆုံကြတယ်။ တာဝန်တွေ ဘယ်လိုထမ်းဆောင်ရမလဲဆိုတဲ့ လက်တွေ့ကျအကြံဉာဏ်တွေ ပေးကြတယ်။ ရှေ့ဆောင်တွေကို လယ်ကွင်းမှာ အောင်မြင်မှုရအောင် ကူညီပေးတယ်။ လူသစ်တွေနဲ့သိအောင်ကြိုးစားပြီး အမှန်တရားမှာ ဘယ်လိုတိုးတက်ခဲ့တယ်ဆိုတာကို သူတို့ကြားချင်ကြတယ်။ အဲဒီညီအစ်ကိုတစ်ဦးစီက ကျွန်တော်တို့အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်နေကြတဲ့ “လုပ်ဖော်ဆောင်ဖက်” တွေ ဖြစ်တယ်။ (၂ ကောရိန္သု ၈:၂၃) သူတို့ရဲ့ ယုံကြည်ခြင်း၊ ဘုရားသခင်အပေါ် စိတ်နှလုံး အကြွင်းမဲ့ ပေးဆက်ခြင်းတို့ကို ကျွန်တော်တို့ အတုယူသင့်တယ်။—ဟီဘရူး ၁၃:၇

  • တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်တွေကို ဘာရည်ရွယ်ချက်အတွက် လည်ပတ်ကြသလဲ။

  • သူတို့ရဲ့ လည်ပတ်မှုကနေ ဘယ်လိုအကျိုးရနိုင်မလဲ။