အခန်း ၅၄
“အသက်မုန့်”
-
ယေရှုဟာ “ကောင်းကင်ကမုန့်” ဖြစ်
ဂါလိလဲအိုင်အရှေ့ဘက်မှာ ယေရှုက လူထောင်ချီကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးတယ်။ လူတွေက သူ့ကို ဘုရင်တင်မြှောက်ချင်တဲ့အခါ ရှောင်ထွက်သွားလိုက်တယ်။ အဲဒီညမှာ မုန်တိုင်းထန်နေတဲ့ အိုင်ရေပြင်ပေါ် လမ်းလျှောက်လာတယ်။ ပေတရုလည်း ရေပေါ်လမ်းလျှောက်လာပေမဲ့ ယုံကြည်ခြင်း ယိမ်းယိုင်တဲ့အတွက် နစ်တော့မလို ဖြစ်သွားတဲ့အခါ သူ့ကို ယေရှုကယ်လိုက်တယ်။ လေမုန်တိုင်းကို ငြိမ်သက်စေပြီး လှေမှောက်မယ့် အန္တရာယ်ကနေ တပည့်တွေကို ကယ်တင်လိုက်တယ်။
အခု အိုင်အနောက်ဘက် ကပေရနောင်မြို့ကို ပြန်ရောက်နေပြီ။ ယေရှု အံ့ဖွယ်နည်းနဲ့ ကျွေးမွေးခဲ့တဲ့လူတွေက သူ့ကိုတွေ့တော့ “ဆရာ၊ ဒီကို ဘယ်တုန်းက ရောက်လာတာလဲ” ဆိုပြီး မေးကြတယ်။ ဒါနဲ့ မုန့်စားရဖို့ သူ့ကို ရှာတာဆိုပြီး လူတွေကို ယေရှု ပြစ်တင်ဆုံးမတယ်။ ပြီးတော့ “ပျက်စီးတတ်တဲ့အစာကို မဟုတ်ဘဲ ထာဝရအသက်ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ” လို့ပြောတယ်။ သူတို့က “ဘုရားသခင့် နှစ်သက်မှုရဖို့ ဘာလုပ်ရမလဲ” လို့မေးကြတယ်။—ယောဟန် ၆:၂၅-၂၈။
ဘုရားသခင့်နှစ်သက်မှု ရဖို့ဆိုရင် ပညတ်တရားကို လိုက်လျှောက်ရမယ်လို့ သူတို့ထင်နေတာ။ ဒါပေမဲ့ ယေရှုက “ဘုရားသခင်စေလွှတ်တဲ့သူကို ယုံကြည်သက်ဝင်တာဟာ ဘုရားသခင်နှစ်သက်တဲ့ လုပ်ရပ်ပဲ” လို့ဖြေတယ်။ လူတွေကတော့ ယေရှုပြုလုပ်သမျှကို မြင်တာတောင်မှ ယေရှုကို မယုံကြည်ကြဘူး။ သူတို့ယုံကြည်နိုင်ဖို့ အံ့ဖွယ်အမှုတစ်ခု လုပ်ပြပါလို့ တောင်းဆိုကြတယ်။ “ဆရာ့ကို ယုံကြည်လာအောင် ဘယ်အံ့ဖွယ်အမှုကို ပြမှာလဲ။ ဘာတွေ လုပ်ပြမှာလဲ။ ကျွန်တော်တို့ ဘိုးဘေးတွေက ‘သူတို့အတွက် ကောင်းကင်ကမုန့်ကို ချပေးတယ်’ ဆိုတဲ့ ကျမ်းစကားအတိုင်း တောထဲမှာ ဘုရားသခင်ကျွေးတဲ့ မန္နမုန့်ကို စားခဲ့ရပါတယ်” လို့ပြောကြတယ်။—ယောဟန် ၆:၂၉-၃၁။ ဆာလံ ၇၈:၂၄။
အံ့ဖွယ်အမှု လုပ်ပြဖို့ သူတို့ တောင်းဆိုတဲ့အခါ ယေရှုက အံ့ဖွယ်နည်းနဲ့ ထောက်ပံ့ပေးတဲ့ အရှင်ဟာ တကယ်တမ်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူတွေကို အခုလို ထောက်ပြတယ်– “ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ မောရှေက ခင်ဗျားတို့အတွက် ကောင်းကင်က စစ်မှန်တဲ့မုန့်ကို မပေးခဲ့ဘူး။ အဖဘုရားကတော့ ကောင်းကင်က စစ်မှန်တဲ့မုန့်ကို ပေးတယ်။ ဘုရားသခင်ပေးတဲ့ အဲဒီမုန့်ဟာ ကောင်းကင်ကနေ ဆင်းလာပြီး လူ့လောကကို အသက်ရစေမယ့်သူပဲ။” ယေရှုပြောတာကို သူတို့သဘောမပေါက်ဘဲ “သခင်၊ ကျွန်တော်တို့ကို အဲဒီမုန့် အမြဲပေးပါလား” လို့တောင်းကြတယ်။ (ယောဟန် ၆:၃၂-၃၄) ယေရှုပြောတဲ့ “မုန့်” က ဘာကို ဆိုလိုသလဲ။
ယေရှု အခုလို ရှင်းပြတယ်– “ကျွန်တော်ဟာ အသက်မုန့်ပဲ။ ကျွန်တော့်ဆီ လာတဲ့သူဟာ ဘယ်တော့မှ ဆာလောင်မှာ မဟုတ်ဘူး။ ကျွန်တော့်ကို ယုံကြည်သက်ဝင်တဲ့သူကလည်း ဘယ်တော့မှ ရေငတ်မှာ မဟုတ်ဘူး။ ကျွန်တော် ပြောသားပဲ၊ ကျွန်တော့်ကို မြင်တာတောင် ခင်ဗျားတို့ မယုံကြဘူး။ . . . ကောင်းကင်ကနေ ကျွန်တော်ဆင်းလာတာဟာ ကိုယ့်ဆန္ဒအတိုင်း လုပ်ဖို့ မဟုတ်ဘူး။ ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ရဲ့ ဆန္ဒအတိုင်း လုပ်ဖို့ပါ။ အဲဒီအရှင်ရဲ့ ဆန္ဒကတော့ ကျွန်တော့်ကို ပေးထားတဲ့သူ တစ်ယောက်မှ မဆုံးရှုံးဖို့၊ နောက်ဆုံးသောနေ့မှာ သူတို့ကို ရှင်ပြန်ထမြောက်လာအောင် ကျွန်တော်လုပ်ပေးဖို့ပဲ။ သားတော်ကို အသိအမှတ်ပြုပြီး ယုံကြည်သက်ဝင်သူတွေ ထာဝရအသက်ရဖို့ အဖဘုရား ဆန္ဒရှိတယ်။”—ယောဟန် ၆:၃၅-၄၀။
အဲဒီစကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဂျူးတွေက ယေရှုကို ကဲ့ရဲ့ပြစ်တင်ကြတယ်။ သူ့ကိုယ်သူ “ကောင်းကင်ကလာတဲ့မုန့်” ဆိုပြီး ဘာဖြစ်လို့ ပြောရတာလဲ။ (ယောဟန် ၆:၄၁) သူတို့အတွက်တော့ ယေရှုဟာ ဂါလိလဲပြည်၊ နာဇရက်မြို့မှာ လူသားမိဘတွေကနေ မွေးဖွားလာတဲ့ သာမန်လူတစ်ယောက်ပဲ။ “သူဟာ ယောသပ်ရဲ့သား ယေရှုမဟုတ်လား။ သူ့မိဘတွေကို ငါတို့သိသားပဲ” လို့ပြောကြတယ်။—ယောဟန် ၆:၄၂။
ဒါနဲ့ သူတို့ကို ယေရှုပြန်ပြောတာက– “ခင်ဗျားတို့ ကဲ့ရဲ့ပြစ်တင်မနေနဲ့တော့။ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်သာ မဆွဲဆောင်ရင် ဘယ်သူမှ ကျွန်တော့်ဆီ မလာနိုင်ဘူး။ လာတဲ့သူကို နောက်ဆုံးသောနေ့မှာ ရှင်ပြန်ထမြောက်လာအောင် ကျွန်တော်လုပ်ပေးမယ်။ ပရောဖက်ကျမ်းတွေမှာ ‘သူတို့အားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်’ လို့ရေးထားတယ်။ အဖဘုရားရဲ့ စကားကို ကြားနာပြီး သင်ယူတဲ့သူတွေ ကျွန်တော့်ဆီ လာကြတယ်။ ဘုရားသခင်ဆီကလာတဲ့ ကျွန်တော်ကလွဲလို့ လူတစ်ယောက်မှ အဖဘုရားကို မမြင်ဖူးဘူး။ ကျွန်တော်တစ်ယောက်ပဲ မြင်ဖူးတာ။ ကျွန်တော် မှန်တာကို ပြောမယ်။ အမှန်အတိုင်း ပြောမယ်။ ယုံတဲ့သူ ထာဝရအသက် ရလိမ့်မယ်။”—ယောဟန် ၆:၄၃-၄၇။ ဟေရှာယ ၅၄:၁၃။
ယောဟန် ၃:၁၅၊ ၁၆) အခုကျတော့ လူအုပ်လိုက်ကြီးနဲ့ စကားပြောနေတာဖြစ်ပြီး သူတို့တွေ ထာဝရအသက် ရရှိရေးမှာ သူ့ရဲ့ အခန်းကဏ္ဍအကြောင်း ပြောပြတယ်။ မန္နမုန့်ဖြစ်ဖြစ်၊ ဂါလိလဲပြည်မှာ ရနိုင်တဲ့မုန့်ပဲဖြစ်ဖြစ် သူတို့ကို ထာဝရအသက် မပေးနိုင်ဘူး။ ဒါဆိုရင် ထာဝရအသက် ဘယ်လို ရနိုင်မလဲ။ “ကျွန်တော်ဟာ အသက်မုန့်ပဲ” လို့ ယေရှုထပ်ပြောတယ်။—ယောဟန် ၆:၄၈။
အစောပိုင်းမှာ နိကောဒင်နဲ့ စကားပြောတုန်းက လူသားကိုယုံကြည်ခြင်းနဲ့ ထာဝရအသက် ဆက်စပ်နေမှန်း အခုလိုပြောခဲ့တယ်– “[ဘုရားသခင်ရဲ့ တစ်ဦးတည်းသောသား] ကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက်ရနိုင်” တယ်။ (ကောင်းကင်ကမုန့်အကြောင်း ဆက်ဆွေးနွေးလိုက်တာ ကပေရနောင်မြို့ တရားဇရပ်မှာတော့ အထွတ်အထိပ်ကို ရောက်ခဲ့တယ်။