အခန်း ၁၄
ဘုရားသခင့်မိတ်ဆွေများသည် မကောင်းမှုကို ရှောင်ကြဉ်ကြ
မကောင်းမှုပြုရန် စာတန် လူတို့ကိုဖြားယောင်းသွေးဆောင်သည်။ ဘုရားသခင့်မိတ်ဆွေဖြစ်လိုသူတစ်ဦးသည် ယေဟောဝါစက်ဆုပ်ရွံရှာရာများကို မုန်းတီးဖို့လိုသည်။ (ဆာလံ ၉၇:၁၀) ဘုရားသခင့်မိတ်ဆွေများ ရှောင်ကြဉ်ကြသောအရာအချို့ကား–
လိင်ဆိုင်ရာအပြစ်များ။ “သူ့မယားကိုမပြစ်မှားရ။” (ထွက်မြောက်ရာ ၂၀:၁၄၊ ကဘ) လက်မထပ်မီ လိင်ဆက်ဆံခြင်းသည်လည်း မှား၏။—၁ ကောရိန္သု ၆:၁၈။
သောက်ကြူးခြင်း။ “သေရည်သေရက်နှင့်ယစ်မူးသောသူ . . . သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။”—၁ ကောရိန္သု ၆:၁၀။
လူသတ်မှု၊ ကိုယ်ဝန်ဖျက်ချခြင်း။ “လူ့အသက်ကိုမသတ်ရ။”—ထွက်မြောက်ရာ ၂၀:၁၃၊ ကဘ။
ခိုးယူခြင်း။ “သူ့ ဥစ္စာကိုမခိုးရ။”—ထွက်မြောက်ရာ ၂၀:၁၅၊ ကဘ။
လိမ်လည်ခြင်း။ ယေဟောဝါသည် “မုသာ၌ကျင်လည်သောလျှာ” ကိုမုန်းတော်မူ၏။—သုတ္တံ ၆:၁၇။
ဆာလံ ၁၁:၅) “ဇာတိပကတိအကျင့်တို့တွင် . . . အမျက်ထွက်ခြင်း [ပါဝင်၏။]”—ဂလာတိ ၅:၁၉၊ ၂၀။
အကြမ်းဖက်ခြင်းနှင့် မထိန်းချုပ်နိုင်သောအမျက်ဒေါသ။ “လုယူဖျက်ဆီးလိုသောသူကို [ယေဟောဝါ] မုန်းတော်မူ၏။” (လောင်းကစားခြင်း။ “လောဘလွန်ကျူး . . . သူတို့နှင့် မပေါင်းဖော်ရ။”—၁ ကောရိန္သု ၅:၁၁။
လူမျိုးနွယ်၊ လူမျိုးစုမုန်းတီးခြင်းများ။ “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ . . . သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။”—မဿဲ ၅:၄၃၊ ၄၄။
ဘုရားသခင်မိန့်တော်မူရာများသည် ကျွန်ုပ်တို့ကောင်းကျိုးအတွက်ဖြစ်၏။ မကောင်းမှုများကို ရှောင်ကြဉ်ခြင်းသည် အစဉ်သဖြင့်မလွယ်ကူချေ။ ယေဟောဝါနှင့် ကိုယ်တော့်သက်သေများ၏အကူအညီဖြင့် ဘုရားသခင်မနှစ်သက်ရာများကို သင်ရှောင်ကြဉ်နိုင်သည်။—ဟေရှာယ ၄၈:၁၇; ဖိလိပ္ပိ ၄:၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅။