အခန်း ခြောက်
ဘုရားသခင်ဆီ သူရင်ဖွင့်ဆုတောင်းခဲ့
၁၊ ၂။ (က) ခရီးသွားဖို့ ဟန္နပြင်ဆင်နေပေမဲ့ ဘာကြောင့် စိတ်ဆင်းရဲနေသလဲ။ (ခ) ဟန္နရဲ့ အဖြစ်အပျက်ကနေ ဘာသင်ယူနိုင်သလဲ။
ဟန္နဟာ ပြဿနာကို ကြိုးစားမေ့ပျောက်ထားပြီး ခရီးထွက်ဖို့ အထုပ်အပိုးတွေ ပြင်ဆင်နေတယ်။ တကယ်တော့ ဒီအချိန်ဟာ ပျော်စရာကောင်းတဲ့အချိန် ဖြစ်သင့်ပါတယ်။ သူ့ရဲ့ခင်ပွန်း ဧလကာနဟာ မိသားစုနဲ့အတူ ရှိလောမြို့က တဲတော်မှာ နှစ်စဉ် သွားဝတ်ပြုလေ့ရှိတယ်။ ယေဟောဝါဘုရားက ဒီအချိန်အခါတွေမှာ လူတွေကို ပျော်ရွှင်စေချင်တယ်။ (တရားဟောရာ ၁၆:၁၅ ကိုဖတ်ပါ။) ဟန္နဟာ ငယ်ငယ်ကတည်းက အဲဒီပွဲတွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့မှာ သေချာတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေက စပြီး သူ့ဘ၀ ပြောင်းလဲသွားတယ်။
၂ ဧလကာနဟာ ဇနီး ဟန္နကို ချစ်ပေမဲ့ ပေနိန္နလို့ခေါ်တဲ့ နောက်ဇနီးတစ်ယောက် ရှိတယ်။ ပေနိန္နဟာ ဟန္နကို စိတ်ဆင်းရဲအောင်လုပ်ဖို့ ကြံစည်ထားပုံရတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီလိုပွဲတော်နေ့တွေမှာတောင် ဟန္နကို စိတ်ဆင်းရဲအောင် လုပ်တယ်။ ဘယ်လိုလုပ်သလဲ။ ယေဟောဝါဘုရားကို ယုံကြည်အားကိုးတဲ့အတွက် ဖြေရှင်းရခက်တဲ့ ဒီအခြေအနေမျိုးကို ဟန္န ဘယ်လို ရင်ဆိုင်နိုင်ခဲ့သလဲ။ သင့်ဘ၀မှာလည်း ပျော်ရွှင်မှု ပျောက်ဆုံးစေတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုရင် ဟန္နရဲ့ အဖြစ်အပျက်ကနေ အားယူနိုင်ပါတယ်။
‘ဘာလို့ ငိုနေတာလဲ’
၃၊ ၄။ ဟန္နမှာ ဘယ်ပြဿနာကြီးနှစ်ခု ရှိသလဲ။ တစ်ခုစီက သူ့အတွက် ဘာကြောင့် အရမ်းခက်တာလဲ။
၃ ဟန္နရဲ့ဘ၀မှာ ပြဿနာကြီး နှစ်ခုရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ပထမပြဿနာအတွက် ဘာမှ မတတ်နိုင်သလို ဒုတိယပြဿနာကိုတော့ ပိုလို့တောင် မဖြေရှင်းနိုင်ဘူး။ ပထမ ပြဿနာက သူဟာ မယားပြိုင်ထားတဲ့ အိမ်ထောင်မှာ နေရပြီး ပြိုင်ဘက်ဇနီးရဲ့ မုန်းတီးမှုကို ခံနေရတယ်။ ဒုတိယပြဿနာကတော့ သူ ကလေးမရနိုင်ဘူး။ ဒါက သားသမီးလိုချင်တဲ့ ဘယ်ဇနီးအတွက်မဆို ခံရခက်တဲ့ အခြေအနေပါပဲ။ အဲဒီခေတ်က ယဉ်ကျေးမှုအရ ကလေးမရနိုင်တဲ့ အခြေအနေက တကယ့်ကို ဝမ်းနည်းကြေကွဲစရာပါပဲ။ မိသားစုတိုင်းက ကိုယ့်မိသားစုနာမည်ကို ဆက်ခံဖို့ မျိုးဆက်တွေ ရှိဖို့လိုတယ်။ ဒါကြောင့် သားသမီးမမွေးနိုင်ရင် အပြစ်တင်ခံရပြီး အရှက်ခွဲခံရတတ်တယ်။
၄ ပေနိန္နကသာ စိတ်ဆင်းရဲအောင် မလုပ်ရင် အဲဒီအခြေအနေကို ဟန္န ခံရပ်သွားနိုင်မှာပါ။ မယားပြိုင်ယူတဲ့ ဓလေ့ဟာ ဘယ်တော့မှ မကောင်းပါဘူး။ အဲဒီလို အိမ်ထောင်မျိုးမှာ ပြိုင်ဆိုင်မှု၊ ပဋိပက္ခ၊ စိတ်ဆင်းရဲစရာ ပြဿနာတွေ အမြဲရှိတယ်။ ဧဒင်ဥယျာဉ်မှာ ဘုရားသခင် ချမှတ်ပေးခဲ့တဲ့ တစ်လင်တစ်မယားစနစ်နဲ့ ကွာခြားတယ်။ (က. ၂:၂၄) ဒါကြောင့် ကျမ်းစာက မယားပြိုင်ယူတဲ့ ဓလေ့ကို ရှုတ်ချတာဖြစ်တယ်။ မယားပြိုင်ယူတဲ့ ဓလေ့ဟာ မကောင်းဘူးဆိုတာ ဧလကာနရဲ့ အိမ်ထောင်ရေး အခြေအနေက ဖော်ပြတယ်။
၅။ ဟန္နစိတ်ဆင်းရဲအောင် ပေနိန္န ဘာကြောင့်လုပ်တာလဲ။ ဘယ်လို လုပ်သလဲ။
၅ ဧလကာနက ဟန္နကို ပိုချစ်တယ်။ ဂျူးထုံးစံအတိုင်း ဟန္နနဲ့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာမှ ပေနိန္နကို ယူခဲ့ပုံရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေနိန္နက ဟန္နကို အရမ်းမနာလိုဖြစ်နေလို့ နည်းအမျိုးမျိုးနဲ့ ဟန္နကို စိတ်ဆင်းရဲအောင် လုပ်တယ်။ ပေနိန္နဟာ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးလာလို့ ဘဝင်မြင့်လာတယ်။ ဟန္နကို အထက်စီးကနေ ဆက်ဆံတယ်။ သားသမီးမရနိုင်လို့ စိတ်ဆင်းရဲနေတဲ့ ဟန္နကို နှစ်သိမ့်မယ့်အစား အဲဒါကို အခွင့်ကောင်းယူပြီး ထိုးနှက်တယ်။ ပေနိန္နက ဟန္နကို “စိတ်ဆင်းရဲအောင်၊ မခံချိမခံသာဖြစ်အောင် အမြဲပြောလေ့ရှိတယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ရှ. ၁:၆) ပေနိန္နဟာ ဟန္နကို တမင်တကာ စိတ်ဆင်းရဲအောင်လုပ်နေတာ အောင်မြင်နေတယ်။
၆၊ ၇။ (က) ဧလကာနက ဟန္နကို ကြိုးစားနှစ်သိမ့်ပေမဲ့ အဖြစ်အပျက်အားလုံးကို ဘာကြောင့် မပြောပြတာလဲ။ (ခ) ဟန္န ကလေးမရတာက သူ့ကို ယေဟောဝါ မနှစ်သက်လို့လား။ ရှင်းပြပါ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၆ ဘုရားသခင်ကို ဝတ်ပြုဖို့ ရှိလောမြို့ကို နှစ်စဉ် သွားကြတဲ့အချိန်က ပေနိန္နအတွက် အခွင့်အသာဆုံး အချိန်ပဲ။ အဲဒီအချိန်မှာ ဧလကာနဟာ ယေဟောဝါဘုရားကို ပူဇော်ဖို့ ပေနိန္နနဲ့ သူ့ “သားသမီးတွေ” ကို ဝေစုတွေ ခွဲဝေပေးတတ်တယ်။ သူချစ်မြတ်နိုးတဲ့ ဟန္နကိုတော့ အထူးဝေစုတစ်ခု ပေးတယ်။ အဲဒီအခါ မနာလိုတဲ့ ပေနိန္နက ဟန္နကို အထက်စီးကနေ ဆက်ဆံပြီး ကလေးမမွေးနိုင်တာကို အခွင့်ကောင်းယူ ပြောလွန်းလို့ ဟန္နခမျာ ငိုယိုပြီး မစားနိုင် မသောက်နိုင်တဲ့အထိ ဖြစ်ရရှာတယ်။ ဧလကာနက ချစ်ဇနီး စိတ်ဆင်းရဲပြီး မစားနိုင် မသောက်နိုင် ဖြစ်နေတာကို သတိပြုမိလို့ သူ့ကို ဒီလို အားပေးနှစ်သိမ့်တယ်– “ဟန္နရယ်၊ ဘာလို့ မစားမသောက်ဘဲ ငိုနေတာလဲ။ ဘာလို့ ဒီလောက် စိတ်ထိခိုက်နေတာလဲ။ ငါဟာ မင်းအပေါ် သားဆယ်ယောက်ထက်တောင် ပိုကောင်းတယ် မဟုတ်လား။”—၁ ရှ. ၁:၄-၈။
၇ သားသမီး မမွေးနိုင်တဲ့အတွက် ဟန္န စိတ်ဆင်းရဲနေတာကို ဧလကာန အကဲခတ်မိတာ ချီးကျူးစရာပါ။ ဟန္နလည်း သူရဲ့ ချစ်ခင်ကြင်နာတဲ့ စကားတွေကို တန်ဖိုးထားမှာ သေချာတယ်။ * ဒါပေမဲ့ ပေနိန္နရဲ့ မလိုတမာစိတ်အကြောင်း ဧလကာန ဘာမှမပြောသလို သူ့ကို ဟန္န တိုင်ပြောတယ်လို့လည်း ကျမ်းစာမှာ မဖော်ပြဘူး။ ပေနိန္နအကြောင်း ပြောပြလိုက်မယ်ဆိုရင် သူ့ရဲ့အခြေအနေ ပိုဆိုးသွားနိုင်တာကို ဟန္န ကြိုမြင်လို့ဖြစ်မယ်။ ပြောပြလိုက်ရင်ကော အခြေအနေတွေကို ဧလကာန ပြောင်းလဲပေးနိုင်မှာ မို့လို့လား။ ဟန္နကို ပေနိန္န ပိုမုန်းလာနိုင်တဲ့အပြင် ပေနိန္နရဲ့ သားသမီးတွေနဲ့ အစေခံတွေကလည်း သူ့ကို မုန်းလာနိုင်တယ်။ အဲဒီအခါ ဟန္နဟာ မိသားစုရဲ့ အပယ်ခံ ပိုပြီး ဖြစ်လာနိုင်စရာအကြောင်း ရှိတယ်။
အိမ်မှာ မစာမနာ ဆက်ဆံခံရတဲ့အခါ နှစ်သိမ့်မှုရဖို့ ယေဟောဝါဘုရားကို ဟန္န အားကိုးခဲ့
၈။ မတရား ဆက်ဆံခံရတဲ့အခါ၊ မလိုတမာ ဆက်ဆံခံရတဲ့အခါ ယေဟောဝါဟာ တရားမျှတတဲ့ဘုရား ဖြစ်တယ်ဆိုတာကို သတိရတာက ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။
တရားဟောရာ ၃၂:၄ ကိုဖတ်ပါ။) အဲဒါကို ဟန္န သိထားပုံရတယ်။ ဒါကြောင့်လည်း ယေဟောဝါဘုရားကို သူ အကူအညီ တောင်းခဲ့တာပေါ့။
၈ ပေနိန္နရဲ့ သေးသိမ်တဲ့ စိတ်ထားကို ဧလကာန သိသိ၊ မသိသိ ယေဟောဝါကတော့ ဖြစ်ပျက်သမျှကို သိမြင်နေပါတယ်။ ကျမ်းစာထဲမှာ ဖြစ်ရပ်အားလုံးကို ဖော်ပြထားတဲ့အတွက် မနာလို မုန်းတီးစိတ်နဲ့ အသေးအဖွဲလို့ ထင်ရတဲ့ အပြုအမူတွေ ပြုလုပ်သူတွေအတွက် ဒါက သတိပေးချက်ဖြစ်တယ်။ ဟန္နလို အပြစ်မဲ့ပြီး သင့်သင့်မြတ်မြတ် နေချင်သူတွေအတွက်တော့ နှစ်သိမ့်မှုဖြစ်စေတယ်။ တရားမျှတတဲ့ ဘုရားသခင်က ကိစ္စရပ်တွေကို အချိန်တန်တဲ့အခါ မိမိနည်းလမ်းအတိုင်း အားလုံးကို တည့်မတ်ပေးပါလိမ့်မယ်။ (“မျက်နှာညှိုးငယ် မနေတော့ဘူး”
၉။ ရှိလောမြို့ကိုသွားတဲ့ လမ်းခရီးမှာ ပေနိန္န ဘယ်လိုလုပ်မယ်ဆိုတာ ဟန္န သိနေလျက်နဲ့ လိုက်လာတာကနေ ဘာသင်ခန်းစာ ရသလဲ။
၉ နံနက်စောစောကတည်းက တစ်မိသားစုလုံး အလုပ်ရှုပ်နေကြတယ်။ ကလေးတွေကအစ အားလုံး ခရီးထွက်ဖို့ အသင့်ပြင်နေကြတယ်။ ဒီမိသားစုကြီးဟာ ရှိလောမြို့ကိုရောက်ဖို့ ဧဖရိမ်တောင်တန်းဒေသကို ဖြတ်ကျော်ရတဲ့ မိုင် ၂၀ ကျော်ခရီးကို သွားရတော့မယ်။ * အဲဒီခရီးကို တစ်ရက်နှစ်ရက်လောက် ခြေကျင်လျှောက်ရမယ်။ ဒီအခါ ပေနိန္န ဘယ်လိုလုပ်မယ်ဆိုတာ ဟန္န ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူ အိမ်မှာ မနေခဲ့ပါဘူး။ ဟန္နရဲ့ စံနမူနာက ယနေ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေသူတွေအတွက် အတုယူစရာပဲ။ တခြားသူတွေရဲ့ လုပ်ရပ်အမှားကြောင့် ဘုရားသခင်ကို မကိုးကွယ်တော့ဘူးလို့ ဆုံးဖြတ်တာက မိုက်မဲရာကျတယ်။ အဲဒီလိုသာ လုပ်မယ်ဆိုရင် အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ထောက်ကူပေးမယ့် ကောင်းချီးတွေကို ရတော့မှာမဟုတ်ဘူး။
၁၀၊ ၁၁။ (က) ဟန္နဟာ အခွင့်အရေးရတာနဲ့ တဲတော်ကို ဘာလို့ ထွက်သွားသလဲ။ (ခ) ဟန္နဟာ ကောင်းကင်ဖခင်ဆီ ဘယ်လို ရင်ဖွင့်ခဲ့သလဲ။
၁၀ ဒီမိသားစုကြီးဟာ ကွေ့ကောက်တဲ့ တောင်ပေါ်လမ်းတွေမှာ တစ်နေ့လုံး လျှောက်လာပြီးနောက် ရှိလောမြို့အနီးကို ရောက်လာကြတယ်။ တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိတဲ့ အဲဒီမြို့ဟာ ပိုမြင့်မားတဲ့ တောင်ကုန်းတွေ အလယ်မှာရှိတယ်။ ရောက်ခါနီးလေ ယေဟောဝါဘုရားဆီ ဆုတောင်းတဲ့အခါ ဘာထည့်တောင်းရမလဲလို့ စဉ်းစားလေပဲ။ မြို့ကိုရောက်တာနဲ့ မိသားစုဟာ အစာစားကြတော့တယ်။ ဟန္နကျတော့ အခွင့်အရေးရတာနဲ့ ယေဟောဝါဘုရားရဲ့ တဲတော်ဆီကို ထွက်သွားတယ်။ ပုရောဟိတ်မင်း ဧလိက တံခါးတိုင်နားမှာ ထိုင်နေတယ်။ ဟန္နကတော့ ဘုရားသခင်ကိုပဲ အာရုံပြုနေတဲ့အတွက် ဧလိကို သတိမထားမိဘူး။ တဲတော်မှာ ဆုတောင်းရင် ဘုရား နားထောင်မယ်လို့ ဟန္န ယုံကြည်စိတ်ချတယ်။ သူ့ရဲ့ပြဿနာကို ဘယ်သူမှ အပြည့်အ၀ နားလည်မပေးနိုင်ပေမဲ့ ကောင်းကင်မှာရှိတဲ့ သူ့ဖခင်ကတော့ နားလည်ပေးနိုင်မှာပဲ။ ဟန္နဟာ စိတ်သောကကို ကြိတ်မှိတ်မခံစားနိုင်တော့ဘဲ ငိုချလိုက်ပါတော့တယ်။
၁၁ သူဟာ တသိမ့်သိမ့် တုန်ခါနေအောင် ငိုရှိုက်ရင်း ယေဟောဝါဘုရားဆီ ဆုတောင်း၁ ရှ. ၁:၉-၁၁။
နေတယ်။ ဝမ်းနည်းကြေကွဲလွန်းလို့ အသံမထွက်ဘဲ ရေရွတ်နေတဲ့ သူ့ရဲ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်နေတယ်။ ကောင်းကင်ဖခင်ဆီ အချိန်အကြာကြီး ဆုတောင်းပြီး ရင်ဖွင့်ချလိုက်တယ်။ သားသမီးရဖို့လောက်ပဲ သူ ဆုတောင်းနေတာ မဟုတ်ဘူး။ ဟန္နဟာ ဘုရားသခင်ဆီကနေ ကောင်းချီးရချင်ရုံလောက်သာ မဟုတ်ဘဲ ဘုရားကို ပြန်ပေးလိုစိတ်လည်း ရှိတယ်။ ဒါကြောင့် သားတစ်ယောက်ရရင် အဲဒီသားကို ယေဟောဝါဘုရားရဲ့ အမှုတော်ကို တစ်သက်လုံး ထမ်းဆောင်စေမယ်လို့ သူ ကတိသစ္စာပြုခဲ့တယ်။—၁၂။ ဟန္နရဲ့ စံနမူနာက ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး ဘာဖော်ပြသလဲ။
၁၂ ဒီလိုနည်းနဲ့ ဟန္နဟာ ဆုတောင်းချက်နဲ့ ပတ်သက်ပြီး ဘုရားသခင့်ကျေးကျွန် အားလုံးအတွက် စံနမူနာကောင်းဖြစ်ပါတယ်။ မေတ္တာပြည့်ဝတဲ့ မိဘကို အားကိုးယုံကြည်တဲ့ ကလေးငယ်တစ်ယောက်လိုပဲ ကျွန်တော်တို့လည်း ယေဟောဝါဘုရားဆီ ရင်ဖွင့် ပြောဆိုသင့်တယ်။ ဒီလိုလုပ်ဖို့ ယေဟောဝါဘုရား ဖိတ်ခေါ်ထားတယ်။ (ဆာလံ ၆၂:၈။ ၁ သက်သာလောနိတ် ၅:၁၇ တို့ကိုဖတ်ပါ။) တမန်တော်ပေတရုဟာ ယေဟောဝါဘုရားဆီ ဆုတောင်းတာနဲ့ ပတ်သက်လို့ နှစ်သိမ့်မှုဖြစ်စေတဲ့ ဒီစကားတွေကို ရေးသားဖို့ စွမ်းအားတော် အကူအညီရခဲ့တယ်– “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေ. ၅:၇။
၁၃၊ ၁၄။ (က) ဟန္နရဲ့ အပြုအမူကိုမြင်ပြီး ဧလိ ဘယ်လို ချက်ချင်း ကောက်ချက်ချလိုက်သလဲ။ ဘာကြောင့်လဲ။ (ခ) ဧလိကို ဟန္နတုံ့ပြန်ပုံက ဘာကြောင့် အတုယူစရာ ဖြစ်သလဲ။
၁၃ ဒါပေမဲ့ လူသားတွေက ယေဟောဝါဘုရားလို နားလည်မှု၊ စာနာမှု မပြနိုင်ကြဘူး။ ဟန္န ငိုရင်း ဆုတောင်းနေချိန်မှာ စကားပြောသံ ကြားလိုက်လို့ လန့်ဖျပ်သွားတယ်။ အသံရှင်ကတော့ ဟန္နကို ကြည့်နေတဲ့ ပုရောဟိတ်မင်း ဧလိပါပဲ။ ဧလိက “မင်း ဘာလို့ ဝိုင်မူးနေတာလဲ။ မသောက်နဲ့တော့” လို့ပြောတယ်။ နှုတ်ခမ်းတလှုပ်လှုပ်နဲ့ ငိုနေတဲ့ ဟန္နရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ အမူအယာတွေကို ဧလိ သတိပြုမိတယ်။ ဘာဖြစ်တာလဲလို့ မေးမယ့်အစား ဟန္န မူးနေတယ်လို့ပဲ ချက်ချင်း ကောက်ချက်ချလိုက်တယ်။—၁ ရှ. ၁:၁၂-၁၄။
၁၄ စိတ်သောက ရောက်နေချိန်မှာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ မဟုတ်မမှန် စွပ်စွဲပြောဆိုခံရတဲ့ ဟန္နခမျာ ဘယ်လောက်တောင် စိတ်ထိခိုက်သွားမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ဒီကိစ္စမှာလည်း ဟန္နဟာ ချီးကျူးထိုက်တဲ့ ယုံကြည်ခြင်း စံနမူနာရှင်တစ်ဦး ဖြစ်ပါတယ်။ လူ့မစုံလင်မှုတွေ တွေ့ရပေမဲ့ ယေဟောဝါဘုရားကို သူ ဆက်ဝတ်ပြုတယ်။ ဧလိကိုလည်း တလေးတစားနဲ့ ဖြစ်ကြောင်းကုန်စင် ရှင်းပြခဲ့တယ်။ ဧလိက သူမှားသွားမှန်း သိလိုက်လို့ “စိတ်အေးအေး ထားပြီး သွားပါ။ အစ္စရေးတို့ရဲ့ ဘုရားသခင်က မင်းအသနားခံတဲ့အတိုင်း လုပ်ပေးပါစေ” လို့ ချိုချိုသာသာ ပြန်ပြောလိုက်တယ်။—၁ ရှ. ၁:၁၅-၁၇။
၁၅၊ ၁၆။(က)ဟန္နဟာ တဲတော်မှာ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်း လိုက်တဲ့အခါ ဘာအကျိုးရသလဲ။ (ခ) စိတ်ညှိုးငယ်နေတဲ့အခါ ဟန္နလို ဘာလုပ်နိုင်သလဲ။
၁၅ တဲတော်မှာ ယေဟောဝါဘုရားကို ရင်ဖွင့်ဆုတောင်း ဝတ်ပြုခဲ့လို့ ဟန္န ဘာအကျိုးရသလဲ။ အဲဒီနောက် သူ “ထွက်သွားပြီး စားသောက်တယ်။ မျက်နှာညှိုးငယ် မနေတော့ဘူး” လို့ ကျမ်းစာက ဖော်ပြတယ်။ (၁ ရှ. ၁:၁၈) အဲဒီကျမ်းချက်ကိုပဲ ဘာသာပြန်ကျမ်းတစ်ကျမ်း (The Jerusalem Bible) က “သူသည် ဝမ်းမနည်းတော့ချေ” လို့ ပြန်ဆိုထားတယ်။ ဟန္န စိတ်သက်သာရာ ရသွားပြီ။ သူ့ကို ဖိစီးနေတဲ့ ဝန်ထုပ်ကြီးကို သူ့ထက်ပိုပြီး အစွမ်းခွန်အား ကြီးမားတဲ့ ကောင်းကင်ဖခင်ဆီ လွှဲပြောင်းပေးလိုက်ပြီ။ (ဆာလံ ၅၅:၂၂ ကိုဖတ်ပါ။) ဘုရားသခင်အတွက် ကြီးလေး၊ ခက်ခဲလွန်းတဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အရင်ကရော၊ အခုပါ မရှိသလို နောင်လည်း ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။
၁၆ ကျွန်တော်တို့ဟာ လေးလွန်းတဲ့ဝန်ကို ထမ်းနေရတယ်၊ စိတ်ဖိစီး ခံနေရတယ်ဆိုရင် ဟန္နလို “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဆီမှာ ရင်ဖွင့် ဆုတောင်းသင့်တယ်။ (ဆာ. ၆၅:၂) ယုံကြည်ခြင်းအပြည့်နဲ့ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ရဲ့ ဝမ်းနည်းခြင်းအစား “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ခံစားရမှာ သေချာတယ်။—ဖိ. ၄:၆၊ ၇။
“ဒို့ရဲ့ ဘုရားသခင်လို ခိုင်မြဲတဲ့ကျောက်ဆောင်မျိုး မရှိပါဘူး”
၁၇၊ ၁၈။ (က) ဟန္နရဲ့ ကတိသစ္စာကို သဘောတူကြောင်း ဧလကာန ဘယ်လို ဖော်ပြသလဲ။ (ခ) ပေနိန္နက ဟန္နကို နောက်ထပ် ဘာမလုပ်နိုင်တော့ဘူးလဲ။
၁၇ နောက်နေ့မနက်မှာ ဟန္နဟာ ဧလကာနနဲ့အတူ တဲတော်ကို ပြန်သွားတယ်။ ဆုတောင်းခဲ့တဲ့အကြောင်းနဲ့ ကတိသစ္စာပြုခဲ့တဲ့အကြောင်း ခင်ပွန်းဖြစ်သူကို ဟန္န ပြောပြပါလိမ့်မယ်။ အကြောင်းကတော့ မောရှေပညတ်အရ ဇနီးသည်ဟာ ခင်ပွန်းသည်ရဲ့ သဘောတူညီချက် မရဘဲ ကတိသစ္စာ ပြုခဲ့မယ်ဆိုရင် အဲဒါကို ခင်ပွန်းက ပယ်ဖျက်ပိုင်ခွင့်ရှိလို့ပါ။ (တော. ၃၀:၁၀-၁၅) ဒါပေမဲ့ အဲဒီ သစ္စာတည်ကြည်တဲ့ ခင်ပွန်းဟာ ဇနီးရဲ့ ကတိသစ္စာကို မပယ်ဖျက်ခဲ့ပါဘူး။ အဲဒီအစား သူတို့ဇနီးမောင်နှံဟာ အိမ်မပြန်ခင် တဲတော်မှာ ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်ကြတယ်။
၁၈ ဟန္နကို စိတ်ပျက်၀မ်းနည်းအောင် မလုပ်နိုင်တော့ဘူးဆိုတာ ပေနိန္န ဘယ်အချိန်လောက်မှာ သိသွားသလဲ။ မှတ်တမ်းမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဟန္န “မျက်နှာညှိုးငယ် မနေတော့ဘူး” ဆိုတဲ့ အသုံးအနှုန်းကို ကြည့်ရင် သူဟာ အဲဒီအချိန်ကစပြီး ပျော်ရွှင်နေပြီ၊ စိတ်ညှိုးငယ် မနေတော့ဘူးဆိုတာ သိနိုင်ပါတယ်။ ဒီတော့ မလိုတမာစိတ်နဲ့လုပ်တဲ့ လုပ်ရပ်တွေဟာ ဟန္နစိတ်ကို မထိခိုက်တော့မှန်း မကြာခင်မှာပဲ ပေနိန္န သိလာတယ်။ အဲဒီနောက် ကျမ်းစာထဲမှာ ပေနိန္နရဲ့နာမည် ထပ်မပါတော့ဘူး။
၁၉။ ဟန္န ဘာကောင်းချီး ရသလဲ။ အဲဒီကောင်းချီးကို ဘယ်သူ့ဆီကရမှန်း ဟန္န သိကြောင်း ဘယ်လိုဖော်ပြသလဲ။
၁၉ စိတ်ငြိမ်သက်မှု ရခဲ့တဲ့ ဟန္နဟာ အချိန်တန်တော့ ဝမ်းသာပျော်ရွှင် ရတော့တယ်။ သူ့မှာ ကိုယ်ဝန်ရှိနေပါပြီ။ ဟန္န သိပ်ဝမ်းသာပေမဲ့ ဒီကောင်းချီးကို ဘယ်သူ့ဆီက ရတယ်ဆိုတာ လုံးဝမမေ့ဘူး။ သားယောက်ျားလေး မွေးဖွားလာတဲ့အခါ “ဘုရားသခင့်နာမည်” လို့ အဓိပ္ပာယ်ရှိတဲ့ ရှမွေလဆိုပြီး နာမည်ပေးတယ်။ ဒီနာမည်က ဘုရားသခင့်နာမည်ကို ဟန္န အမြဲခေါ်ဆိုပြီး အကူအညီ တောင်းခဲ့တာကို ထင်ရှားစေတယ်။ အဲဒီနှစ်မှာ ဟန္နဟာ ရှိလောမြို့ကို မိသားစုနဲ့အတူ မလိုက်သွားဘူး။ ကလေးနို့ပြတ်တဲ့အထိ အိမ်မှာ ကလေးနဲ့အတူ သုံးနှစ် နေရစ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ချစ်မြတ်နိုးရတဲ့ သားလေးနဲ့ ခွဲခွာရမယ့်နေ့အတွက် သူ အားမွေးနေပါတော့တယ်။
၂၀။ ယေဟောဝါဘုရားကို ပေးခဲ့တဲ့ကတိအတိုင်း ဟန္နနဲ့ ဧလကာနတို့ ဘာလုပ်ကြသလဲ။
၂၀ ကလေးနဲ့ ခွဲနေရတာ မလွယ်ပါဘူး။ ရှိလောမြို့ကို ရှမွေလလေး ရောက်သွားတဲ့အခါ တဲတော်မှာ အမှုထမ်းနေတဲ့ အမျိုးသမီးတချို့က ကလေးကို ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်ပေးမယ်ဆိုတာ ဟန္န သိပါတယ်။ ဒါပေမဲ့ ရှမွေလက အရမ်းငယ်သေးတယ်။ ဘယ်မိခင်က ကိုယ့်သားနဲ့ ခွဲချင်ပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဟန္နနဲ့ ဧလကာနဟာ သားလေးကို မပေး
ချင်ပေးချင်နဲ့ မဟုတ်ဘဲ ကျေးဇူးတင်စိတ် အပြည့်နဲ့ တဲတော်ကို ခေါ်လာခဲ့တယ်။ ဘုရားသခင့်အိမ်တော်ကို ရောက်တဲ့အခါ သူတို့ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ ပြီးတဲ့နောက် လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပြုခဲ့တဲ့ကတိသစ္စာအကြောင်း ဧလိကို ဟန္န ပြောပြပြီး ရှမွေလလေးကို ဧလိလက်ထဲ အပ်လိုက်တယ်။၂၁။ ဟန္နရဲ့ ဆုတောင်းချက်ဟာ ယေဟောဝါအပေါ် သူ့ယုံကြည်ခြင်းရဲ့ အတိမ်အနက်ကို ဘယ်လို ဖော်ပြသလဲ။ (“ ထူးခြားတဲ့ ဆုတောင်းချက်နှစ်ခု” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၂၁ အဲဒီနောက် ဟန္န ဆုတောင်းလိုက်တယ်။ ဟန္နရဲ့ဆုတောင်းချက်ကို ကျမ်းစာထဲမှာ မှတ်တမ်းတင်ထိုက်တယ်လို့ ဘုရားသခင် ယူမှတ်ခဲ့တယ်။ ၁ ရှမွေလ ၂:၁-၁၀ မှာ မှတ်တမ်းတင်ထားတဲ့ သူ့ရဲ့ဆုတောင်းချက် တစ်ကြောင်းချင်းစီကို ဖတ်ကြည့်ရင် သူ့ရဲ့ယုံကြည်ခြင်း အတိမ်အနက်ကို တွေ့နိုင်တယ်။ ယေဟောဝါဘုရားဟာ မိမိတန်ခိုးတော်ကို အံ့သြစရာ ကောင်းလောက်အောင် အသုံးပြုနိုင်စွမ်းရှိတယ်လို့ သူ ချီးမွမ်းပြောဆိုတယ်။ မောက်မာသူတွေကို နှိမ့်ချနိုင်စွမ်း၊ ဖိနှိပ်ခံရသူတွေကို ကောင်းချီးပေးနိုင်စွမ်း ရှိတဲ့အကြောင်း၊ အသက်ကို ချွေယူနိုင်စွမ်းနဲ့ ကယ်တင်နိုင်စွမ်း အပြည့်အဝ ရှိတဲ့အကြောင်းလည်း ချီးမွမ်းပြောဆိုတယ်။ သူ့ကောင်းကင်ဖခင်ရဲ့ ပြိုင်ဘက်ကင်းတဲ့ သန့်ရှင်းမှု၊ တရားမျှတမှုနဲ့ ဖြောင့်မတ် တည်ကြည်မှုတို့ကိုလည်း ချီးမွမ်းပြောဆိုခဲ့တယ်။ “ဒို့ရဲ့ ဘုရားသခင်လို ခိုင်မြဲတဲ့ကျောက်ဆောင်မျိုး မရှိပါဘူး” လို့ သူပြောနိုင်ခဲ့တယ်။ ယေဟောဝါဘုရားဟာ အပြည့်အ၀ ယုံကြည်စိတ်ချထိုက်ပါတယ်။ ကိုယ်တော်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး၊ အကူအညီတောင်းတဲ့ ဖိနှိပ်ခံရသူတွေ၊ နိမ့်ကျသူတွေအားလုံးအတွက် ခိုလှုံရာ ဖြစ်တယ်။
၂၂၊ ၂၃။ (က) မိဘတွေ သူ့ကိုချစ်တယ်ဆိုတာ ရှမွေလ ဘယ်လိုသိခဲ့သလဲ။ (ခ) ယေဟောဝါဘုရားက ဟန္နကို ဘာကောင်းချီးတွေ ဆက်ပေးသေးသလဲ။
၂၂ ယေဟောဝါအပေါ် ယုံကြည်ခြင်း အပြည့်အဝရှိတဲ့ မိခင်ကောင်းတစ်ယောက် ရရှိထားတာဟာ ရှမွေလလေးအတွက် တကယ့်ကောင်းချီးပါပဲ။ ရှမွေလလေးဟာ သူ့အမေကို လွမ်းမှာပဲ။ ဒါပေမဲ့ အမေ သူ့ကို ပစ်ထားတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး။ ဟန္နဟာ တဲတော်မှာ အမှုထမ်းနေတဲ့ ရှိလောမြို့က သားလေးဆီ နှစ်တိုင်းလာပြီး လက်ပြတ်ဝတ်ရုံလေးတစ်ထည် အမြဲ ယူလာပေးတယ်။ ဟန္နကိုယ်တိုင် ချုပ်ပေးထားတဲ့ အဲဒီဝတ်ရုံလေးဟာ သားလေးကို သူ ဘယ်လောက်ချစ်တယ်၊ ၁ ရှမွေလ ၂:၁၉ ကိုဖတ်ပါ။) သားလေးကို ဝတ်ရုံဝတ်ပေးပြီး သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် သပ်ပေးနေတာ၊ သားလေးကို ချစ်မြတ်နိုးတဲ့အကြည့်နဲ့ ကြင်ကြင်နာနာ အားပေးစကား ပြောဆိုနေတာတွေကို မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီလိုအမေမျိုး ရှမွေလရထားတာက တကယ့်ကောင်းချီးပါပဲ။ ရှမွေလ ကြီးပြင်းလာတဲ့အခါ သူဟာ မိဘတွေအတွက်သာမက အစ္စရေးလူမျိုး တစ်မျိုးလုံးအတွက်ပါ ကောင်းချီးဖြစ်ခဲ့တယ်။
ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ ဖော်ပြနေပါတယ်။ (၂၃ ယေဟောဝါဘုရားက ဟန္နကို မေ့မထားဘဲ သားဖွားနိုင်စွမ်း ဆက်ပေးလို့ သူ့မှာ နောက်ထပ် သားသမီးငါးယောက် ရှိလာတယ်။ (၁ ရှ. ၂:၂၁) ဟန္နနဲ့ ကောင်းကင်ဖခင် ယေဟောဝါကြားက ရင်းနှီးမှုနှောင်ကြိုးဟာ နှစ်တွေ ကုန်လွန်လာတာနဲ့အမျှ ခိုင်မြဲသည်ထက် ခိုင်မြဲလာတယ်။ အဲဒါက ဟန္နအတွက် အကြီးမားဆုံး ကောင်းချီးပါပဲ။ ဟန္နရဲ့ ယုံကြည်ခြင်းကို အတုယူမယ်ဆိုရင် ကောင်းကင်ဖခင်နဲ့ ကိုယ့်ရဲ့ ရင်းနှီးမှုနှောင်ကြိုးလည်း ခိုင်မြဲသည်ထက် ခိုင်မြဲလာပါလိမ့်မယ်။
^ အပိုဒ်၊ 7 ယေဟောဝါက “ဟန္နကို သားဖွားခွင့်မပေးဘူး” လို့ ကျမ်းစာမှတ်တမ်းမှာ ဖော်ပြထားပေမဲ့ နှိမ့်ချပြီး သစ္စာတည်ကြည်တဲ့ ဒီအမျိုးသမီးကို ဘုရား မနှစ်သက်ဘူးလို့ မဖော်ပြထားပါဘူး။ (၁ ရှ. ၁:၅) ကိစ္စရပ်တချို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ဘုရား ဖြစ်ခွင့်ပြုထားတာကို ဘုရားလုပ်တဲ့ ပုံစံမျိုးနဲ့ ကျမ်းစာမှာ တစ်ခါတလေ ဖော်ပြတတ်တယ်။
^ အပိုဒ်၊ 9 ဧလကာနရဲ့ ဇာတိမြို့ ရာမဟာ ယေရှုခေတ်မှာ အရိမသဲလို့ခေါ်တဲ့မြို့နဲ့ တစ်မြို့တည်း ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်အပေါ် မူတည်ပြီး ဒီအကွာအဝေးကို တွက်ချက်ထားတာ ဖြစ်တယ်။