သွန်သင်ခြင်း လေးထောင့်ကွက် ၁၀ခ
“ခြောက်သွေ့နေတဲ့အရိုး” နဲ့ “သက်သေနှစ်ယောက်”—ဘယ်လို ဆက်စပ်သလဲ
“ခြောက်သွေ့နေတဲ့အရိုး” နဲ့ “သက်သေနှစ်ယောက်” အကြောင်း ပရောဖက်ပြုချက်နှစ်ခုဟာ ၁၉၁၉ ခုနှစ်မှာ ပြည့်စုံလာတယ်။ ဘုရားသခင့် လူမျိုးစုကြီး အသက်ပြန်ရှင်လာခြင်း၊ (ရာစုနှစ်ချီ) ကြာတဲ့ ကာလရှည်အကြောင်းကို “ခြောက်သွေ့နေတဲ့အရိုး” စိတ်အာရုံက ကြိုတင်ဖော်ပြတယ်။ (ယေဇ. ၃၇:၂-၄။ ဗျာ. ၁၁:၁-၃၊ ၇-၁၃) ဘုရားကျေးကျွန် အုပ်စုငယ်လေး အသက်ပြန်ရှင်လာခြင်း၊ (၁၉၁၄ ခုနှစ် နှောင်းပိုင်းကနေ ၁၉၁၉ ခုနှစ် အစောပိုင်းကာလအတွင်း ပြည့်စုံခဲ့တဲ့) ကာလတိုအကြောင်းကို “သက်သေနှစ်ယောက်” အကြောင်း ပရောဖက်ပြုချက်က ဖော်ပြတယ်။ ပရောဖက်ပြုချက်နှစ်ခုလုံးက ပုံဆောင်ရှင်ပြန်ထမြောက်ခြင်းကို သရုပ်ဖော်တယ်။ ဘိသိက်ခံကျေးကျွန်တွေ “ထရပ်” ဖို့၊ မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ လွတ်မြောက်ဖို့၊ ပြန်လည်တည်ထောင်ထားတဲ့ အသင်းတော်မှာ စုရုံးလာဖို့ ယေဟောဝါ ကူညီပေးခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာ ပရောဖက်ပြုချက်နှစ်ခုလုံး ပြည့်စုံခဲ့တယ်။—ယေဇ. ၃၇:၁၀။
ဒါပေမဲ့ ပရောဖက်ပြုချက်နှစ်ခုရဲ့ ပြည့်စုံချက် ကွဲပြားပုံကို သတိပြုပါ။ “ခြောက်သွေ့နေတဲ့အရိုး” ပရောဖက်ပြုချက်က ဘိသိက်ခံ အကြွင်းအကျန်အားလုံး အသက်ပြန်ရှင်လာခြင်းအကြောင်း ကြိုဖော်ပြတယ်။ “သက်သေနှစ်ယောက်” ပရောဖက်ပြုချက်က ဘိသိက်ခံအကြွင်းအကျန်တချို့ အသက်ပြန်ရှင်ခြင်းအကြောင်း ကြိုဖော်ပြတယ်။ သူတို့ဟာ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်ခံရပြီး အဖွဲ့အစည်းကို ဦးဆောင်သူတွေ ဖြစ်တယ်။—မ. ၂၄:၄၅။ ဗျာ. ၁၁:၆။ *
“အရိုးတွေ ပြည့်နေတဲ့ ချိုင့်ဝှမ်းလွင်ပြင်”—ယေဇ. ၃၇:၁
-
အေဒီ ၁၀၀ နောက်ပိုင်း
ဘိသိက်ခံ ခရစ်ယာန်အသင်းတော် ပုံဆောင်သဘောအရ ကွပ်မျက်ခံရတဲ့ အေဒီ ဒုတိယရာစုနဲ့ နောက်ပိုင်း “ချိုင့်ဝှမ်းလွင်ပြင်” မှာ “အရိုး”တွေ ပြည့်ခဲ့
-
၁၉၁၉ ခုနှစ် အစောပိုင်း
၁၉၁၉။ ယေဟောဝါက ဘိသိက်ခံအားလုံးကို မဟာဗာဗုလုန်ကနေ လွတ်မြောက်စေပြီး ပြန်လည်တည်ထောင်ထားတဲ့ အသင်းတော်ထဲ စုသိမ်းချိန်မှာ “ခြောက်သွေ့နေတဲ့အရိုးတို့” အသက်ပြန်ရှင်လာခဲ့
“သက်သေနှစ်ယောက်”—ဗျာ. ၁၁:၃
-
၁၉၁၄ ခုနှစ် နှောင်းပိုင်း
“အထည်ကြမ်း ဝတ်ပြီး” ဟောပြောခြင်း
၁၉၁၄။ “သက်သေနှစ်ယောက်” က “အထည်ကြမ်း ဝတ်ပြီး” သုံးနှစ်ခွဲကြာ ဟောပြောခဲ့ကြတယ်။ အဲဒီကာလအဆုံးပိုင်းမှာ ပုံဆောင်သဘောအရ ကွပ်မျက်ခံရ
-
ပုံဆောင် သေဆုံးခြင်း
-
၁၉၁၉ ခုနှစ် အစောပိုင်း
၁၉၁၉။ အဖွဲ့အစည်းကို ဦးဆောင်ဖို့ ဘိသိက်ခံ အုပ်စုငယ်လေးကို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အဖြစ် ခန့်အပ်ချိန်မှာ “သက်သေနှစ်ယောက်” အသက်ပြန်ရှင်လာခဲ့
^ အပိုဒ်၊ 4 ၂၀၁၆ မတ်လ ကင်းမျှော်စင် “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။