အခန်း ၄
‘မျက်နှာလေးခု ရှိတဲ့ သတ္တဝါတွေ’ က ဘယ်သူတွေလဲ
အာရုံစိုက်ရာ။ သတ္တဝါတွေနဲ့ သူတို့ဆီက သင်ယူနိုင်ရာများ
၁၊ ၂။ မြေကြီးပေါ်က ကျေးကျွန်တွေကို အမှန်တရားအကြောင်း သင်ပေးတဲ့အခါ သင်ထောက်ကူတွေကို ယေဟောဝါ ဘာကြောင့် တစ်ခါတလေ သုံးသလဲ။
ကလေးငယ်တွေ ရှိတဲ့ မိသားစုတစ်စု စားပွဲမှာ ဝိုင်းထိုင်ပြီး ကျမ်းစာ လေ့လာနေကြတယ်လို့ မြင်ယောင်ကြည့်ပါ။ ကျမ်းစာအမှန်တရား နားလည်လာအောင် ကလေးတွေကို ကူညီပေးဖို့ ဖခင်က ရုပ်ပုံတွေ ပြနေတယ်။ ကလေးတွေရဲ့ အပြုံးနဲ့ အားတက်သရော မှတ်ချက်တွေက ဖခင်ရဲ့ သင်ကြားမှု အောင်မြင်တာကို ဖော်ပြတယ်။ ရုပ်ပုံတွေ သုံးခြင်းအားဖြင့် ယေဟောဝါအကြောင်း နားလည်လာစေတယ်။ ဒီလိုမှ မဟုတ်ရင် ကလေးရဲ့ အသက်အရွယ်ကြောင့် ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး။
၂ အလားတူပဲ မမြင်ရပေမဲ့ အမှန်တကယ် တည်ရှိရာတွေအကြောင်း လူ့သားသမီးတွေကို သင်ပေးဖို့ သင်ထောက်ကူတွေ ယေဟောဝါ သုံးခဲ့တယ်။ မဟုတ်ရင် နားလည်နိုင်မှာ မဟုတ်ဘူး။ ဥပမာ၊ ယေဟောဝါက မိမိအကြောင်း နက်နဲတဲ့ အမှန်တရားတွေ ရှင်းပြဖို့ ယေဇကျေလကို အံ့ဩစရာ ပုံရိပ်တွေပါတဲ့ စိတ်အာရုံ ပြခဲ့တယ်။ ရှေ့အခန်းမှာ အဲဒီလိုပုံရိပ်တွေပါတဲ့ စိတ်အာရုံတစ်ခု လေ့လာခဲ့ကြတယ်။ အခု စိတ်အာရုံ အပိုင်းတစ်ပိုင်းကို သတိပြုကြရအောင်။ အဓိပ္ပာယ်ကို နားလည်ခြင်းက ယေဟောဝါနဲ့ ပိုရင်းနှီးစေဖို့ ကူညီပေးပုံကို သုံးသပ်ကြည့်ကြရအောင်။
‘သတ္တဝါလေးပါးနဲ့ တူတဲ့ အရာကို မြင်တယ်’
၃။ (က) ယေဇကျေလ ၁:၄၊ ၅ အရ စိတ်အာရုံမှာ ယေဇကျေလ ဘာမြင်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) (ခ) ယေဇကျေလ ဘယ်လို မှတ်တမ်းတင်ထားတာကို သတိပြုမိသလဲ။
၃ ယေဇကျေလ ၁:၄၊ ၅ ကိုဖတ်ပါ။ ယေဇကျေလက “သတ္တဝါလေးပါးနဲ့ တူတဲ့အရာ” ကို ကောင်းကင်တမန်၊ လူ၊ တိရစ္ဆာန်အသွင်တွေနဲ့ ဖော်ပြတယ်။ သတ္တဝါတွေနဲ့ “တူတဲ့အရာ” ကို မြင်တယ်လို့ ဖော်ပြတဲ့အခါ ယေဇကျေလ မှတ်တမ်းတင်ထားပုံကို သတိပြုပါ။ ယေဇကျေလ အခန်းကြီး ၁ ပါ စိတ်အာရုံတစ်ခုလုံးကို ဖတ်တဲ့အခါ “တူတဲ့၊” “လို၊” “သဏ္ဌာန်” စတဲ့ အသုံးအနှုန်းတွေကို ထပ်ခါထပ်ခါ သုံးထားတာ သတိပြုမိပါလိမ့်မယ်။ (ယေဇ. ၁:၁၃၊ ၂၄၊ ၂၆) မမြင်နိုင်ပေမဲ့ ကောင်းကင်မှာ အမှန်တကယ် တည်ရှိတဲ့အရာတွေရဲ့ ဆင်တူချက်၊ ပုံရိပ်လောက်ကိုပဲ မြင်ခဲ့ရကြောင်း ယေဇကျေလ သဘောပေါက်တယ်။
၄။ (က) စိတ်အာရုံကြောင့် ယေဇကျေလ ဘာဖြစ်သွားသလဲ။ (ခ) ခေရုဗိမ်တွေအကြောင်း ယေဇကျေလ ဘာသိခဲ့မှာ သေချာသလဲ။
၄ စိတ်အာရုံ မြင်ကွင်းတွေ၊ အသံတွေကြောင့် ယေဇကျေလ အံ့ဩသွားမှာပဲ။ သတ္တဝါလေးပါးရဲ့ ပုံသဏ္ဌာန်က “မီးကျီးခဲတွေ” နဲ့ တူတယ်။ မြန်ဆန်တဲ့ရွေ့လျားမှုက “လျှပ်စီးတွေ တဖျတ်ဖျတ် လက်” နေသလိုပဲ။ အတောင်ခတ်သံက “ရေလုံးကြီးရဲ့ အသံ” လို၊ ရွေ့လျားမှုက “စစ်ချီသံလိုပဲ။” (ယေဇ. ၁:၁၃၊ ၁၄၊ ၂၄-၂၈။ “သတ္တဝါတွေကို ကျွန်တော် ဆက်ကြည့်နေတုန်း” လေးထောင့်ကွက်ကို ကြည့်ပါ။) နောက်ပိုင်း စိတ်အာရုံတစ်ခုမှာ ဒီသတ္တဝါလေးပါးဟာ “ခေရုဗိမ်တွေ၊” ခွန်အားကြီး ကောင်းကင်တမန်တွေ ဖြစ်ကြောင်း ယေဇကျေလ ဖော်ပြခဲ့တယ်။ (ယေဇ. ၁၀:၂) ယေဇကျေလဟာ ပုရောဟိတ်မိသားစုမှာ ကြီးပြင်းလာတယ်။ ဒါကြောင့် ခေရုဗိမ်တွေဟာ ဘုရားရောက်ရှိခြင်းနဲ့ ဆက်နွှယ်ကြောင်း၊ ဘုရားအမှုတော် ဆောင်သူတွေ ဖြစ်ကြောင်း ကောင်းကောင်းသိခဲ့မှာ သေချာတယ်။—၁ ရာ. ၂၈:၁၈။ ဆာ. ၁၈:၁၀။
‘တစ်ပါးစီမှာ မျက်နှာလေးခုစီ ရှိ’
၅။ (က) ခေရုဗိမ်တွေနဲ့ မျက်နှာလေးခုက ယေဟောဝါရဲ့ ကြီးမြတ်တဲ့ တန်ခိုးတော်နဲ့ ဘုန်းတော်ကို ဘယ်လို ထင်ရှားစေသလဲ။ (ခ) စိတ်အာရုံရဲ့ ဒီအပိုင်းက ဘုရားသခင့်နာမတော် အဓိပ္ပာယ်နဲ့ပတ်သက်ပြီး ဘာကြောင့် အမှတ်ရစေသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)
၅ ယေဇကျေလ ၁:၆၊ ၁၀ ကိုဖတ်ပါ။ ခေရုဗိမ်တစ်ပါးစီမှာ (လူ၊ ခြင်္သေ့၊ နွား၊ လင်းယုန်) မျက်နှာလေးခုစီ ရှိတာကို ယေဇကျေလ သတိပြုမိတယ်။ မျက်နှာလေးခုကို မြင်လိုက်ရတဲ့အခါ ယေဟောဝါရဲ့ သာလွန်ထူးကဲတဲ့ တန်ခိုးတော်၊ ဘုန်းတော်နဲ့ပတ်သက်ပြီး ယေဇကျေလ စွဲမှတ်သွားတယ်။ ဘာကြောင့်လဲ။ မျက်နှာတစ်ခုစီက ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တို့နဲ့ ပြည့်စုံတဲ့ သတ္တဝါရဲ့ မျက်နှာ ဖြစ်တယ်။ ခြင်္သေ့က ခံ့ညားတဲ့ သားရဲတိရစ္ဆာန်။ နွားက ကြီးမားတဲ့ အိမ်မွေးတိရစ္ဆာန်။ လင်းယုန်က ခွန်အားကြီးတဲ့ငှက်။ လူက ဘုရားရဲ့ မြေကြီးဖန်ဆင်းရာတွေထဲမှာ အထွတ်အထိပ်၊ မြေကြီးပေါ်ရှိ တခြားဖန်ဆင်းရာအားလုံးကို အုပ်စိုးတဲ့သူ။ (ဆာ. ၈:၄-၆) ခေရုဗိမ်တစ်ပါးစီမှာရှိတဲ့ မျက်နှာလေးခုက ဖန်ဆင်းခံတွေကို ကိုယ်စားပြုတဲ့ တန်ခိုးကြီး သတ္တဝါ လေးပါးကို ပုံဆောင်တယ်။ ဒါတောင်မှ တန်ခိုးကြီး သတ္တဝါလေးပါးစလုံး အမြင့်မြတ်ဆုံး အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ ပလ္လင်အောက်မှာပဲ ရှိနေကြတာကို ယေဇကျေလ မြင်ခဲ့ရတယ်။ ရည်ရွယ်တော်မူချက် ပြည့်စုံစေဖို့ ဖန်ဆင်းရာတွေကို ယေဟောဝါ အသုံးပြုနိုင်ကြောင်း ဖော်ပြတဲ့ သရုပ်ဖော်ချက်ပါပဲ။ * ယေဟောဝါနဲ့ပတ်သက်ပြီး ဆာလံဆရာ ကြွေးကြော်တဲ့အတိုင်း “ဘုန်းတန်ခိုးတော်လည်း မိုးနဲ့ မြေထက် မြင့်မားတယ်။”—ဆာ. ၁၄၈:၁၃။
၆။ မျက်နှာလေးခုရဲ့ ထပ်ဆင့် တင်စားချက်အကြောင်း နားလည်ဖို့ ယေဇကျေလကို ဘာက ကူညီပေးခဲ့တာ ဖြစ်နိုင်သလဲ။
၆ အချိန်တွေ ကုန်လွန်ပြီးနောက် မြင်ခဲ့တာတွေကို ယေဇကျေလ ပြန်စဉ်းစားခဲ့တယ်။ က. ၄၉:၉၊ ၂၇) ဘာကြောင့်လဲ။ ခြင်္သေ့နဲ့ ဝံပုလွေတို့က ဒီအမျိုးသားတွေရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ စရိုက်လက္ခဏာ၊ ဂုဏ်ရည်တွေကို တင်စားလို့ပါပဲ။ မောရှေ ရေးခဲ့တဲ့ ဒီဥပမာတွေ စိတ်ထဲ ပေါ်လာပြီး ခေရုဗိမ်မျက်နှာတွေကလည်း ထူးခြားတဲ့ အရည်အသွေး၊ ဂုဏ်ရည်လက္ခဏာတွေကို တင်စားတာ ဖြစ်ရမယ်လို့ ယေဇကျေလ ကောက်ချက်ချမိမှာပဲ။ ဘယ်ဂုဏ်ရည်တွေလဲ။
သူ့ခေတ်မတိုင်ခင် ဘုရားကျေးကျွန်တွေက တင်စားတဲ့သဘောနဲ့ တိရစ္ဆာန်တွေကို သုံးခဲ့ကြတာ ယေဇကျေလ အမှတ်ရနိုင်တယ်။ ဥပမာ၊ ဘိုးဘေးယာကုပ်က သားယုဒကို ခြင်္သေ့၊ သားဗင်ယာမိန်ကို ဝံပုလွေနဲ့ တင်စားခဲ့တယ်။ (ယေဟောဝါနဲ့ ကောင်းကင်မိသားစုရဲ့ ဂုဏ်ရည်များ
၇၊ ၈။ ခေရုဗိမ်မျက်နှာလေးခုက တစ်ခါတရံ ဘယ်ဂုဏ်ရည်တွေနဲ့ ဆက်စပ်နေသလဲ။
၇ ယေဇကျေလခေတ်မတိုင်ခင် အသက်ရှင်ခဲ့ကြတဲ့ ကျမ်းရေးသူတွေက ခြင်္သေ့၊ လင်းယုန်၊ နွားတို့ကို ဘယ်အရည်အသွေးတွေနဲ့ ဆက်စပ်ဖော်ပြခဲ့ကြသလဲ။ ဒီကျမ်းပိုဒ်တွေကို သတိပြုကြည့်ပါ– “ခြင်္သေ့လို ရဲရင့်တဲ့စိတ်ဓာတ်ရှိသူတွေ။” (၂ ရှ. ၁၇:၁၀။ ပညာ. ၂၈:၁) “လင်းယုန်က . . . အထက်ကို ပျံသန်း” ပြီး “ဟိုးအဝေးကြီးကို လှမ်းမြင်နိုင်တယ်။” (ယောဘ ၃၉:၂၇၊ ၂၉) “နွားထီးရဲ့ ခွန်အားကြောင့် သီးနှံတွေ အလျှံပယ်ထွက်တာ။” (ပညာ. ၁၄:၄) ဒီကျမ်းပိုဒ်တွေကို အခြေခံပြီး ခြင်္သေ့မျက်နှာကို ရဲရင့်မှုနဲ့ တရားမျှတမှု၊ လင်းယုန်မျက်နှာကို မြော်မြင်နိုင်တဲ့ ဉာဏ်ပညာ၊ နွားမျက်နှာကို ခွန်အားအဖြစ် ကျွန်တော်တို့ရဲ့ စာပေတွေမှာ မကြာခဏ ဖော်ပြခဲ့တယ်။
၈ ဒါဆိုရင် “လူမျက်နှာ” က ဘာလဲ။ (ယေဇ. ၁၀:၁၄) တိရစ္ဆာန်တွေ တင်ပြနိုင်တဲ့ အရည်အသွေး မဟုတ်ဘဲ ဘုရားပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရတဲ့ လူသားတွေပဲ တင်ပြနိုင်တဲ့ အရည်အသွေးကို ရည်ညွှန်းနေတာ ဖြစ်ရမယ်။ (က. ၁:၂၇) “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ . . . ချစ်ပါ၊” “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ” ဆိုတဲ့ ဘုရားပညတ်မှာ လူသားတွေမှာပဲ ရှိတဲ့ ထူးခြားတဲ့ အရည်အသွေးကို တွေ့ရတယ်။ (တရား. ၆:၅။ ဝတ်. ၁၉:၁၈) ကိုယ်ကျိုးစွန့် မေတ္တာပြခြင်းအားဖြင့် ဒီပညတ်တွေကို ကျွန်တော်တို့ လိုက်နာတဲ့အခါ ယေဟောဝါရဲ့ မေတ္တာတော်ကို ရောင်ပြန်ဟပ်နေကြတာပါ။ တမန်တော်ယောဟန် ရေးခဲ့သလို “ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။” (၁ ယော. ၄:၈၊ ၁၉) ဒါကြောင့် “လူမျက်နှာ” က ချစ်ခြင်းမေတ္တာကို တင်စားပါတယ်။
၉။ ခေရုဗိမ်မျက်နှာတွေနဲ့ ဆက်စပ်နေတဲ့ ဂုဏ်ရည်တွေက ဘယ်သူ့ဂုဏ်ရည်တွေလဲ။
၉ ဒီဂုဏ်ရည်တွေက ဘယ်သူ့ဂုဏ်ရည်တွေလဲ။ ခေရုဗိမ်တွေက ကောင်းကင်တမန်တွေကို ကိုယ်စားပြုတာမို့ စိတ်အာရုံပါ ခေရုဗိမ်တွေရဲ့ ဂုဏ်ရည်တွေဟာ ယေဟောဝါရဲ့ ကောင်းကင်မိသားစုဝင် သစ္စာရှိ နာမ်ဝိညာဉ်သားအားလုံးရဲ့ ဂုဏ်ရည်တွေ ဖြစ်ပါတယ်။ (ဗျာ. ၅:၁၁) ဒီ့ပြင် ယေဟောဝါဟာ ခေရုဗိမ်တွေရဲ့ အသက်ရင်းမြစ် ဖြစ်လို့ သူတို့မှာရှိတဲ့ ဂုဏ်ရည်အားလုံးရဲ့ ရင်းမြစ်လည်း ဖြစ်ပါတယ်။ (ဆာ. ၃၆:၉) ဒါကြောင့် ခေရုဗိမ်တွေရဲ့ မျက်နှာက ယေဟောဝါကိုယ်တိုင်ရဲ့ ဂုဏ်ရည်တော်တွေကို တင်စားပါတယ်။ (ယောဘ ၃၇:၂၃။ ဆာ. ၉၉:၄။ ပညာ. ၂:၆။ မိ. ၇:၁၈) ဒီထူးခြားတဲ့ ဂုဏ်ရည်တော်တွေကို ယေဟောဝါ ပြတဲ့ နည်းလမ်းတချို့က ဘာတွေလဲ။
၁၀၊ ၁၁။ ယေဟောဝါရဲ့ အဓိက ဂုဏ်ရည်တော်လေးပါးအကြောင်း ဖော်ပြချက်တွေကနေ အကျိုးခံစားနေရတဲ့ နည်းလမ်းတချို့က ဘာတွေလဲ။
ဆာ. ၃၇:၂၈။ တရား. ၁၀:၁၇) ဒါကြောင့် ကျွန်တော်တို့ ဘယ်လို ဘဝနောက်ခံပဲ ရှိပါစေ ဘုရားကျေးကျွန်တွေ ဖြစ်လာဖို့၊ ဆက်ဖြစ်နေဖို့၊ အဆုံးမဲ့ ကောင်းချီးတွေ ခံစားဖို့ အခွင့်အရေး ရှိကြတယ်။ ဉာဏ်ပညာ။ “ဉာဏ်ပညာရှိ” တဲ့ ဘုရား ယေဟောဝါက “လက်တွေ့ကျဉာဏ်ပညာ” အပြည့်ပါတဲ့ ကျမ်းစာ ပြင်ဆင်ပေးထားတယ်။ (ယောဘ ၉:၄။ ပညာ. ၂:၇) ကျမ်းစာပါ ပညာရှိလမ်းညွှန်ချက်တွေကို လက်တွေ့ကျင့်သုံးခြင်းက နေ့စဉ် ဘဝပြဿနာတွေကို ဖြေရှင်းဖို့၊ အဓိပ္ပာယ်ရှိရှိ အသက်ရှင်ဖို့ ကူညီပေးတယ်။ တန်ခိုး။ “တန်ခိုးကြီး” တဲ့ ဘုရား ယေဟောဝါက ကျွန်တော်တို့ကို “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးဖို့ သန့်ရှင်းသော စွမ်းအားတော်ကို အသုံးပြုတယ်။ ဘယ်လောက်ပဲ ပြင်းထန်ခက်ခဲတဲ့ စမ်းသပ်မှုမျိုး ကြုံရပါစေ အောင်မြင်ကျော်လွှားနိုင်အောင် ကျွန်တော်တို့ကို ခွန်အားရှိစေတယ်။—နာ. ၁:၃။ ၂ ကော. ၄:၇။ ဆာ. ၄၆:၁။
၁၀ တရားမျှတမှု။ “တရားမျှတမှုကို မြတ်နိုး” တဲ့ ဘုရား ယေဟောဝါဟာ “မျက်နှာမလိုက်တဲ့ အရှင်” ပါ။ (၁၁ ချစ်ခြင်းမေတ္တာ။ “ခိုင်မြဲတဲ့မေတ္တာ ကြီးမား” တဲ့ ဘုရား ယေဟောဝါက သစ္စာရှိ ဝတ်ပြုကိုးကွယ်သူတွေကို ဘယ်တော့မှ မစွန့်ဘူး။ (ဆာ. ၁၀၃:၈။ ၂ ရှ. ၂၂:၂၆) ကျန်းမာရေး မကောင်းလို့၊ အသက်ကြီးလာလို့ အရင်ကလောက် အမှုမဆောင်နိုင်တော့တဲ့အခါမှာတောင် ကျွန်တော်တို့ ပြခဲ့ဖူးတဲ့မေတ္တာကို ယေဟောဝါ အမှတ်ရကြောင်း သိရခြင်းက နှစ်သိမ့်မှု ဖြစ်စေတယ်။ (ဟီ. ၆:၁၀) ယေဟောဝါရဲ့ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုး၊ ချစ်ခြင်းမေတ္တာတို့ကနေ ကျွန်တော်တို့ အကျိုးကျေးဇူးများစွာ ရခဲ့ကြပါပြီ။ အနာဂတ်မှာလည်း ဒီအရေးကြီးတဲ့ ဂုဏ်ရည်တော်လေးပါးကနေ အကျိုးခံစားကြရဦးမှာပါ။
၁၂။ ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေအကြောင်း နားလည်နိုင်စွမ်းနဲ့ပတ်သက်ပြီး ဘာကို သတိရသင့်သလဲ။
၁၂ လူသားတွေအနေနဲ့ ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေအကြောင်း “အရိပ်အမြွက်ပဲ” နားလည်နိုင်ကြတယ်ဆိုတာ သတိရသင့်တယ်။ (ယောဘ ၂၆:၁၄) “ကိုယ်တော့်ကြီးမြတ်မှုကို စိစစ်လို့ မကုန်နိုင်” လို့ “အနန္တတန်ခိုးရှင်အကြောင်း ကျွန်တော်တို့ အပြည့်အဝ နားမလည်နိုင်ဘူး။” (ယောဘ ၃၇:၂၃။ ဆာ. ၁၄၅:၃) ဒါကြောင့် ယေဟောဝါရဲ့ ဂုဏ်ရည်တော်တွေကို ရေတွက်လို့၊ ခွဲခြားသတ်မှတ်လို့ မရဘူး။ (ရောမ ၁၁:၃၃၊ ၃၄ ကိုဖတ်ပါ။) ဘုရားဂုဏ်ရည်တော်တွေဟာ အရေအတွက်၊ အတိုင်းအတာ အကန့်အသတ် မရှိကြောင်း ယေဇကျေလ စိတ်အာရုံက ဖော်ပြတယ်။ (ဆာ. ၁၃၉:၁၇၊ ၁၈) ဒီအရေးကြီးအမှန်တရားကို စိတ်အာရုံရဲ့ ဘယ်အပိုင်းက ပေါ်လွင်စေသလဲ။
‘မျက်နှာလေးခု အတောင်လေးခု’
၁၃၊ ၁၄။ ခေရုဗိမ်မျက်နှာလေးခုက ဘာကို ကိုယ်စားပြုသလဲ။ ဘာကြောင့် ဒီလိုကောက်ချက် ချနိုင်သလဲ။
၁၃ မျက်နှာတစ်ခုတည်း မဟုတ်ဘဲ လေးခုတောင် ရှိတဲ့ ခေရုဗိမ်တွေကို စိတ်အာရုံမှာ ယေဇကျေလ မြင်ခဲ့တယ်။ ဒါက ဘာကို ဖော်ပြသလဲ။ ကျမ်းစာမှာ ပြည့်ဝစုံလင်ခြင်းကို ဖော်ပြဖို့ လေးဂဏန်းကို မကြာခဏ သုံးကြောင်း သတိရပါ။ (ဟေရှာ. ၁၁:၁၂။ မ. ၂၄:၃၁။ ဗျာ. ၇:၁) ဒီစိတ်အာရုံမှာ ယေဇကျေလက လေးဂဏန်းကို ၁၁ ကြိမ်ထက်မနည်း ဖော်ပြထားတယ်။ (ယေဇ. ၁:၅-၁၈) ဘာကောက်ချက် ချနိုင်သလဲ။ ခေရုဗိမ်လေးပါးက သစ္စာရှိ နာမ်ဝိညာဉ်သားအားလုံးကို ကိုယ်စားပြုသလို မျက်နှာလေးခုကလည်း ယေဟောဝါ ပိုင်ဆိုင်သမျှ ဂုဏ်ရည်တော်အားလုံးကို ကိုယ်စားပြုတယ်။ *
၁၄ ခေရုဗိမ်မျက်နှာလေးခုမှာ ဂုဏ်ရည်လေးခုထက်မက ပါဝင်ကြောင်း ဖော်ပြဖို့ စိတ်အာရုံပါ ဘီးလေးဘီးအကြောင်း နှိုင်းယှဉ်သုံးသပ်ကြည့်ပါ။ ဘီးတိုင်းဟာ အလွန်ထူးခြားတယ်။ ဒါပေမဲ့ ဘီးလေးဘီးကို ခြုံငုံကြည့်လိုက်တဲ့အခါ သီးခြားဘီးလေးဘီး မဟုတ်ဘဲ ရထားအခြေတည်ရာ ဖြစ်လာတယ်။ အလားတူပဲ မျက်နှာလေးခုကို ခြုံငုံကြည့်လိုက်တဲ့အခါ သီးခြားဂုဏ်ရည်လေးခု မဟုတ်ဘဲ အံ့ဖွယ်ဂုဏ်ရည်တော်အားလုံးရဲ့ အခြေတည်ရာ ဖြစ်လာတယ်။
သစ္စာရှိကျေးကျွန်အားလုံးရဲ့ အနီးအပါးမှာ ယေဟောဝါ ရှိ
၁၅။ ဦးဆုံး စိတ်အာရုံကနေ ဘယ်အားရှိစရာကောင်းတဲ့ အမှန်တရားကို ယေဇကျေလ သိခဲ့ရသလဲ။
၁၅ ယေဟောဝါနဲ့ ယေဇကျေလရဲ့ ဆက်ဆံရေးအကြောင်း အရေးကြီးတဲ့ အားရှိစရာ အမှန်တရားကို ဦးဆုံး စိတ်အာရုံကနေ သိရတယ်။ ဘာအမှန်တရားလဲ။ ဒီကျမ်းရဲ့ အဖွင့်စကားမှာ အဲဒီအမှန်တရားကို ဖော်ပြထားတယ်။ “ခါလဒဲပြည်” မှာ ရှိနေတဲ့အကြောင်း ဖော်ပြပြီးတဲ့နောက် ယေဇကျေလက ကိုယ်တိုင် တွေ့ကြုံရတာကို ဆက်ပြောတယ်– “ခါလဒဲပြည် . . . မှာ ရှိနေတုန်း ကျွန်တော့်အပေါ် ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတယ်။” (ယေဇ. ၁:၃) ယေဇကျေလက ဂျေရုဆလင်မြို့မှာ မဟုတ်ဘဲ ဗာဗုလုန်မှာ စိတ်အာရုံ ရခဲ့တာကို သတိပြုပါ။ * ဒီအချက်က ယေဇကျေလကို ဘာသိစေသလဲ။ ဂျေရုဆလင်မြို့၊ ဗိမာန်တော်တို့နဲ့ အလှမ်းဝေးနေပြီး နိမ့်ကျတဲ့ပြည်နှင်ခံတစ်ယောက် ဖြစ်ပေမဲ့ ယေဟောဝါနဲ့ ဝတ်ပြုရေးကနေတော့ အလှမ်းဝေး မနေပါဘူး။ ဘုရားကို စင်ကြယ်စွာ ဝတ်ပြုကိုးကွယ်ခြင်းဟာ နေရာ၊ အခြေအနေတွေပေါ် မမူတည်ကြောင်း၊ ယေဇကျေလရဲ့ စိတ်နှလုံး အခြေအနေနဲ့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လိုတဲ့ ဆန္ဒပေါ်မှာပဲ မူတည်ကြောင်း ဗာဗုလုန်ပြည်ရှိ ယေဇကျေလဆီ ယေဟောဝါ ရောက်လာခြင်းက ဖော်ပြနေတယ်။
၁၆။ (က) ယေဇကျေလ စိတ်အာရုံကနေ နှစ်သိမ့်မှုဖြစ်စေတဲ့ ဘယ်အာမခံချက် ရနိုင်သလဲ။ (ခ) ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ဖို့ ဘာက လှုံ့ဆော်ပေးသလဲ။
၁၆ ယေဇကျေလ သိခဲ့ရတဲ့ အမှန်တရားက ဒီနေ့ ကျွန်တော်တို့အတွက် ဘာကြောင့် အလွန်နှစ်သိမ့်မှု ဖြစ်ရသလဲ။ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်တယ်ဆိုရင် ဘယ်နေရာမှာပဲ နေထိုင်ပါစေ၊ ဘယ်လောက်ပဲ စိတ်ဖိစီးမှု ခံစားရပါစေ၊ ဘယ်လို အခြေအနေမှာပဲ အသက်ရှင်ရပါစေ ကျွန်တော်တို့အနီးအပါးမှာ ဘုရား ရှိနေမယ်ဆိုတာကို စိတ်ချစေတယ်။ (ဆာ. ၂၅:၁၄။ တ. ၁၇:၂၇) ကျေးကျွန်ယောက်တိုင်းအပေါ်ထားတဲ့ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာဟာ အလွန်ကြီးမားတာမို့ ကျွန်တော်တို့ကို လွယ်လွယ်နဲ့ အဆုံးရှုံး မခံဘူး။ (ထွ. ၃၄:၆) ဒါကြောင့် ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ ဘယ်တော့မှ မဝေးကွာဘူး။ (ဆာ. ၁၀၀:၅။ ရော. ၈:၃၅-၃၉) ဒီ့ပြင် ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်မှုနဲ့ ထူးကဲသာလွန်တဲ့ တန်ခိုးတော်အကြောင်း စိတ်အာရုံက ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ရထိုက်ကြောင်း သတိရစေတယ်။ (ဗျာ. ၄:၉-၁၁) မိမိကိုယ်တိုင်နဲ့ ဂုဏ်ရည်တော်တွေအကြောင်း အရေးကြီး အမှန်တရားတချို့ကို နားလည်ဖို့ စိတ်အာရုံတွေကို သင်ထောက်ကူအဖြစ် ယေဟောဝါ အသုံးပြုခဲ့တာ တကယ်ကျေးဇူးတင်စရာပါပဲ။ ယေဟောဝါရဲ့ နှစ်သက်ဖွယ် ဂုဏ်ရည်တော်တွေအကြောင်း နက်နက်နဲနဲ သိလာခြင်းက ဘုရားနဲ့ ပိုရင်းနှီးလာစေတယ်။ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနဲ့ ချီးမွမ်းဝတ်ပြုဖို့ လှုံ့ဆော်ပေးတယ်။—လု. ၁၀:၂၇။
၁၇။ နောက်အခန်းတွေမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးသုံးသပ်ကြမလဲ။
၁၇ ဝမ်းနည်းစရာကတော့ ယေဇကျေလခေတ်မှာ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ညစ်ညူးခဲ့တယ်။ ဘယ်လို ဖြစ်သွားရတာလဲ။ ယေဟောဝါ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ အတိတ်ဖြစ်ရပ်တွေက ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ဒီမေးခွန်းတွေကို နောက်အခန်းတွေမှာ သုံးသပ်သွားပါမယ်။
^ အပိုဒ်၊ 5 “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ်ရတဲ့ ယေဟောဝါဘုရားရဲ့ နာမတော်ကို သတ္တဝါတွေအကြောင်း ယေဇကျေလ သရုပ်ဖော်ချက်က အမှတ်ရစေတယ်။ ရည်ရွယ်တော်မူချက် ပြည့်စုံစေဖို့ ဖန်ဆင်းရာတွေကို လိုအပ်တာမှန်သမျှ ယေဟောဝါ ဖြစ်လာစေနိုင်ကြောင်း နာမတော်က ဖော်ပြတယ်။—ကမ္ဘာသစ် ဘာသာပြန်ကျမ်း နောက်ဆက်တွဲ က၄ ကို ကြည့်ပါ။
^ အပိုဒ်၊ 13 နှစ်တွေတစ်လျှောက် ကျွန်တော်တို့ရဲ့ စာပေတွေမှာ ယေဟောဝါရဲ့ ဂုဏ်ရည်တော် ၅၀ လောက် လေ့လာခဲ့ကြတယ်။—ကျမ်းစာလေ့လာမှုလမ်းညွှန်၊ “ယေဟောဝါဘုရားသခင်” ဆိုတဲ့ ခေါင်းစဉ်အောက်က “ယေဟောဝါရဲ့ အရည်အသွေးများ” ခေါင်းစဉ်ငယ်မှာ ကြည့်ပါ။
^ အပိုဒ်၊ 15 “ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ရှိနေတုန်း ဆိုတဲ့ စကားက တခြားအရာတွေထက် အံ့ဩစရာကောင်းတဲ့ အချိန်အခါကို ဖော်ပြတယ်။ . . . ဗာဗုလုန်ပြည်မှာ ဘုရား ရောက်ရှိနေတယ်ဆိုတာ စိတ်သက်သာရာရစရာပါပဲ” လို့ ကျမ်းစာအနက်ဖွင့်သူတစ်ဦး ဆိုထားတယ်။