မေတ္တာနဲ့ တရားမျှတမှု ရှိတဲ့ ဘုရားသခင်
“ကိုအောင်နိုင်နဲ့ မစန္ဒာတို့၊ ကျွန်တော် တစ်ခုမေးပါရစေ။ ကလေးတစ်ယောက်ဆီမှာ မိဘတွေရဲ့ စရိုက်လက္ခဏာတွေ တွေ့ရတတ်တယ် မဟုတ်လား” လို့ ကိုစိုးမိုး မေးတယ်။
“ဟုတ်တယ်၊ သမီးလေးကို အမေနဲ့ သိပ်တူတယ်ဆိုပြီး ကျွန်တော် ပြောလေ့ရှိတယ်။ သမီးလေးမှာ သူ့အမေရဲ့ ပင်ကိုစရိုက်မျိုးတောင် ရှိတယ်” လို့ ကိုအောင်နိုင် ပြန်ပြောတယ်။
“သမီးလေးက သူ့အမေနဲ့ တကယ်တူပါတယ်။ ကျွန်တော်တို့ကို ပြုလုပ်သူ ကျွန်တော်တို့ရဲ့ ဖခင်နဲ့ပတ်သက်ပြီးတော့လည်း အလားတူ ပြောနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ယေဟောဝါ ဖန်ဆင်းခဲ့တဲ့အရာတွေကို ပြန်ကြည့်ရင် ကိုယ်တော့်အရည်အသွေးတွေနဲ့ ကိုယ်တော်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ သိမြင်နိုင်တယ်” လို့ ကိုစိုးမိုး ပြန်ပြောတယ်။
“စိတ်ဝင်စားစရာပဲ။ အဲဒီအကြောင်း တစ်ခါမှ မစဉ်းစားမိခဲ့ဘူး” လို့ ကိုအောင်နိုင် ပြောတယ်။
“တကယ်တော့ အဲဒီအကြောင်း သမ္မာကျမ်းစာမှာ ပါတယ်။ ရောမ ၁:၂၀ မှာ ဒီလိုဆိုထားတယ်– ‘ဘုရားသခင်ကို မမြင်ရပေမဲ့ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်’”လို့ ကိုစိုးမိုး ရှင်းပြတယ်။ အဲဒါ ဘယ်လိုဖြစ်နိုင်သလဲလို့ ကိုအောင်နိုင် မေးတယ်။
ကိုစိုးမိုး ဆက်ရှင်းပြတယ်– “ကောင်းပြီ၊ ကိုအောင်နိုင်။ ကိုယ့်ကလေးအပေါ်ထားတဲ့ ဖခင်တစ်ဦးရဲ့ မေတ္တာကို စဉ်းစားကြည့်ပါ။ ခင်ဗျားလို ဖခင်ကောင်းတစ်ဦးဟာ ကိုယ့်ကလေးတွေကို အမြဲဂရုစိုက်စောင့်ရှောက်တယ်။ တစ်ခါတလေ ကလေးက ဖခင်စကား နားမထောင်ဘဲ မရိုမသေ လုပ်မိနိုင်ပေမဲ့ ဖခင်က ကလေးရဲ့ လိုအပ်ရာကို ဆက်ထောက်ပံ့ပေးပြီး ဆက်ချစ်နေဆဲပဲ။ ဖခင်တစ်ဦးက ဘာကြောင့် အဲဒီလိုလုပ်တာလဲ။ အကြောင်းကတော့ ယေဟောဝါက မိသားစုကို ချစ်ခင်စုံမက်ပြီး ကလေးတွေကို မေတ္တာပြနိုင်တဲ့အစွမ်း မိဘတွေဆီမှာ ထည့်သွင်းဖန်ဆင်းထားလို့ပဲ။ မိဘမေတ္တာက ကျွန်တော်တို့အပေါ်မှာထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ရောင်ပြန်ဟပ်တယ်။
မဿဲ ၅:၄၅ မှာ ဒီလိုပြောတယ်– ‘ခင်ဗျားတို့ဟာ ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရားရဲ့ သားတွေဖြစ်မှန်း သက်သေပြပါ။ ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။’ မိုးရေနဲ့ နေပူရှိန်ကနေ ကျွန်တော်တို့ တကယ်အကျိုးခံစားကြရတယ် မဟုတ်လား။ ဒါတွေကြောင့် ကျွန်တော်တို့ ဆက်အသက်ရှင်နိုင်ပြီး အစားအစာတွေ စိုက်ပျိုးနိုင်တာ။ ပြီးတော့ အဲဒီအခြေခံ လိုအပ်ရာတွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပြီး ထောက်ပံ့ပေးနေတယ်။ ဒါတွေက ယေဟောဝါဟာ မေတ္တာရှင်ဘုရားသခင် ဖြစ်တယ်ဆိုတဲ့ အထောက်အထား မဟုတ်ဘူးလား။ တကယ်တော့ မေတ္တာဟာ ယေဟောဝါရဲ့ အဓိကအရည်အသွေး ဖြစ်တယ်ဆိုပြီး ကျမ်းစာက ပြောတယ်။ ၁ ယောဟန် ၄:၈ မှာ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်’ လို့ ဖတ်ရတယ်။”
“ယေဟောဝါကို ကျွန်တော်တို့ မသိရင်တောင်မှ ဖန်ဆင်းထားရာတွေကနေ ကျွန်တော်တို့ လိုအပ်ရာကို ထောက်ပံ့ပေးနေဆဲပဲ။ ဒါကြောင့်ကိုစိုးမိုးက ကိုအောင်နိုင်ကို တရားမျှတမှု အရည်အသွေးအကြောင်း စဉ်းစားစေတယ်။ “ခင်ဗျားဟာ ဖခင်ကောင်းတစ်ဦးအနေနဲ့ ကလေးတွေကို မျှမျှတတ မေတ္တာပြပြီး ဂရုစိုက်တယ် မဟုတ်လား။ တခြားသူတွေကို လေးစားတတ်ဖို့၊ တာဝန်သိတတ်တဲ့သူတွေအဖြစ် ကြီးပြင်းလာစေမယ်လို့ ကိုယ်ယုံကြည်တဲ့ အမူအကျင့်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ နေဖို့လည်း သင်ပေးမှာပဲ။ လူတွေဟာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုဝင်တွေအတွက် တရားမျှတမှု လိုလားကြတာ ထင်ရှားတယ်။ တရားမျှတစွာ ဆက်ဆံခံရတာကို ကျွန်တော်တို့ လိုချင်တယ်။ လူတွေကိုလည်း တရားမျှတမှုကို လေးမြတ်တန်ဖိုးထားစေချင်ကြတယ်။ ဘာကြောင့်လဲ။ ဒီတစ်ခါလည်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ရောင်ပြန်ဟပ်ကြတာဖြစ်တယ်။”
အဲ့ဒီနောက် ကိုစိုးမိုးက ကိုအောင်နိုင်နဲ့ မစန္ဒာကို ယေဟောဝါအကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေ ဖတ်ပြတယ်–
-
‘နည်းလမ်းတော်တွေ တရားမျှတတယ်။ သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရားပဲ။’—တရားဟောရာ ၃၂:၄။
-
“ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းကို ဘုရားမြတ်နိုးတယ်။”—ဆာလံ ၃၃:၅။
ကမ္ဘာဦး ၁:၂၇) ဒါပေမဲ့ ဘာက တရားတယ်၊ မတရားဘူးဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်မပြုခဲ့ဘူး။ ကိုယ်တော်ဟာ စံနှုန်းတွေနဲ့ ဥပဒေတွေကို သတ်မှတ်ပေးပြီး အဲ့ဒီအတိုင်း ကမ္ဘာမြေမှာရှိတဲ့ သားသမီးတွေကို အသက်ရှင်စေချင်တယ်။ ဘုရားသခင့် ဥပဒေတွေကို ချိုးဖောက်တဲ့အခါမှ မတရားမှုတွေ ဖြစ်ပေါ်လာတယ်။
တရားမျှတမှုကို ဖန်ဆင်းရှင် ယေဟောဝါ နှစ်သက်သလို ကျွန်တော်တို့လည်း နှစ်သက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော့်ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံခဲ့ကြရလို့ပဲ။ ဆိုလိုတာက ယေဟောဝါရဲ့ အရည်အသွေး တော်တော်များများကို ကျွန်တော်တို့ထဲမှာ ထည့်သွင်းဖန်ဆင်းထားတဲ့အတွက် ဒါတွေကို အတိုင်းအတာတစ်ခုအထိ တင်ပြနိုင်ကြတာပေါ့။ (ကိုစိုးမိုး ဆက်ပြောတယ်– “နောက်ထပ် ထူးခြားတဲ့အရာတစ်ခု ခင်ဗျားကို ပြောပြဦးမယ်။ နိုင်ငံအများစုရဲ့ ဥပဒေတွေနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ချီကရေးခဲ့တဲ့ သမ္မာကျမ်းစာ ဥပဒေတွေမှာ ဆင်တူချက် အများကြီးရှိနေတာ သိသလား။” ကိုအောင်နိုင်နဲ့ မစန္ဒာတို့ အံ့သြသွားကြတယ်။
ကိုစိုးမိုး ဆက်ပြောတယ်– “ဥပမာ၊ နိုင်ငံတော်တော်များများရဲ့ ဥပဒေတွေမှာ လူ့အသက်သတ်တာ၊ ခိုးတာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာတွေကို တားမြစ်ထားတယ်။ ဒါတွေအားလုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ ကျော်ကတည်းက ကျမ်းစာထဲမှာ ရေးထားတယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့အညီ အသက်ရှင်တဲ့အခါ ဘုရားသခင်ရဲ့ တရားမျှတမှုကို ကျွန်တော်တို့ ရောင်ပြန်ဟပ်နေတာဖြစ်ပြီး ပိုပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်တယ်။”
ကိုစိုးမိုး ပြောသမျှကို နားထောင်ပြီးနောက် ယေဟောဝါဟာ မေတ္တာရှင်နဲ့ တရားမျှတတဲ့ ဘုရားသခင် ဖြစ်ကြောင်း ကိုအောင်နိုင်နဲ့ မစန္ဒာတို့ သဘောပေါက်သွားပြီ။ တခြားသူတွေကို ပြောဆိုဆက်ဆံတဲ့အခါ မေတ္တာနဲ့ တရားမျှတမှု အရည်အသွေးတွေကို တင်ပြဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ သူတို့ အမြဲခံစားခဲ့ရတယ်။ သားသမီးတွေအပေါ် မေတ္တာနဲ့ တရားမျှတမှုကို အမြဲတင်ပြဖို့
ကြိုးစားကြတယ်။ အမြစ်စွဲနေတဲ့ အဲဒီဆန္ဒတွေ ရှိရတာဟာ တကယ်တော့ ဖန်ဆင်းရှင် ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ ရောင်ပြန်ဟပ်နေမှန်း သဘောပေါက်သွားကြတယ်။ယေဟောဝါရဲ့ အရည်အသွေးတွေကို သိရတဲ့အတွက် ကိုအောင်နိုင် သိပ်စိတ်လှုပ်ရှားခဲ့တယ်။ ယေဟောဝါဟာ သူ့အတွက် တကယ့်ပုဂ္ဂိုလ်စစ် ဖြစ်လာပြီး ဇနီးနဲ့ သားသမီးတွေအပေါ် ပိုမေတ္တာပြဖို့ လုပ်သင့်တဲ့အရာတစ်ခုခု ရှိတယ်လို့ စဉ်းစားတော့တယ်။ လူတိုင်းကို မေတ္တာပြပြီး တရားမျှတစွာ ပြောဆိုဆက်ဆံခြင်းအားဖြင့် ယေဟောဝါကို တုပနေတာက အကျိုးရှိမယ်လို့ တွေးမိတယ်။
ကိုစိုးမိုးက ဝမ်းသာအားရ ပြန်ပြောတယ်– “ဒါ သိပ်ကောင်းတာပေါ့၊ ကိုအောင်နိုင်။ ခင်ဗျား စဉ်းစားပုံဟာ ကျမ်းစာ အားပေးတဲ့အရာနဲ့ တကယ်ကိုက်ညီတယ်။ လူသိများတဲ့ ကျမ်းတစ်ချက် ပြချင်တယ်။” ကျမ်းစာကို ဖွင့်ပြီး အောက်ပါကျမ်းချက် ဖတ်ပြတယ်–
-
“ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—မဿဲ ၇:၁၂။
ယေဟောဝါမှာ မေတ္တာနဲ့ တရားမျှတမှုအပြင် အခြားအရည်အသွေးကောင်းတွေ ရှိသေးတယ်ဆိုပြီး ကိုစိုးမိုး ပြောပြတယ်။ ကိုအောင်နိုင်နဲ့ မစန္ဒာတို့ဟာ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်း ပိုသိချင်ကြတယ်။