အပိုင်း ၇
ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲရသလဲ
လူများစွာဟာ ဘဝမှာ စစ်မှန်တဲ့ရည်ရွယ်ချက် မရှိပေမဲ့ ဘာကြောင့် ကြိုးစားရုန်းကန်နေကြရသလဲ။ “ဘဝဟာ တိုတောင်းတယ်။ ဒုက္ခတွေ ပြည့်နှက်နေတယ်။ လူဟာ ပန်းလိုပွင့်ပြီး ညှိုးနွမ်းသွားတယ်။ အရိပ်လို ကွယ်ပျောက်သွားတယ်။” (ယောဘ ၁၄:၁၊ ၂) ပရဒိသုမှာ ပထမလူသားမောင်နှံ နေထိုင်ခဲ့ချိန်က လူတွေရဲ့ တောက်ပတဲ့ အနာဂတ်ကို ပျက်စီးစေတဲ့အရာ ဖြစ်ပျက်ခဲ့တယ်။
၂ လူ့မိသားစု အမှန်တကယ် ပျော်ရွှင်နိုင်ဖို့ ဘုရားသခင်နဲ့ ကောင်းတဲ့ ဆက်ဆံရေး ရှိရမယ်။ အတင်းအကျပ် မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ဖြစ်ရမယ်။ (တရားဟောရာ ၃၀:၁၅-၂၀။ ယောရှု ၂၄:၁၅) စိတ်ရင်း မေတ္တာနဲ့ နာခံဝတ်ပြုမှုကို ယေဟောဝါ လိုလားတယ်။ (တရားဟောရာ ၆:၅) ဒါကြောင့် ဧဒင်ဥယျာဉ်မှာ ယေဟောဝါက တားမြစ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့တယ်။ ပထမလူသားမောင်နှံအနေနဲ့ ဘုရားသခင်ကို တကယ်သစ္စာစောင့်သိကြောင်း သက်သေထူခွင့် ရှိတယ်။ “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မင်း စိတ်ကြိုက်စားခွင့် ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့။ စားတဲ့နေ့မှာ မင်း သေကို သေရမယ်” လို့ အာဒံကို ဘုရားသခင် မိန့်မှာတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဒါဟာ စမ်းသပ်မှု ရိုးရိုးလေးပါပဲ။ ဥယျာဉ်ရှိ အပင်အားလုံးထဲက အပင်တစ်ပင်ရဲ့ အသီးကိုသာ မစားဖို့ အာဒံကို ယေဟောဝါ တားမြစ်ခဲ့တာပါ။ အဲဒီအပင်က ဉာဏ်ပညာအရှိဆုံး ဖန်ဆင်းရှင်ရဲ့ အကောင်းအဆိုး ဆုံးဖြတ်ပိုင်ခွင့်ကို တင်စားတယ်။ “တွဲဖက်ညီသူ” အဖြစ် ဘုရားသခင် ပေးခဲ့တဲ့ ဇနီးကို အဲဒီအမိန့်အကြောင်း အာဒံ ပြန်ပြောပြခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံပြီး အလိုတော်ကို ကျေးဇူးတင်လေးမြတ်စွာ ထောက်ခံခြင်းအားဖြင့် ဖန်ဆင်းရှင်၊ အသက်ပေးရှင်ကို ချစ်မြတ်နိုးကြောင်း ဖော်ပြခွင့်ရလို့ ကျေနပ်ပျော်ရွှင်ခဲ့ကြတယ်။
၃ တစ်နေ့၊ မြွေတစ်ကောင်က ဧဝကို “ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲ ပြောသလား” ဆိုပြီး မေးတယ်။ “ဥယျာဉ်ထဲက” အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကိုသာ မစားဖို့ တားမြစ်ထားပြီး စားရင် “သေရမယ်” လို့ ဧဝ ပြန်ဖြေတယ်။—ကမ္ဘာဦး ၃:၁-၃။
ဗျာဒိတ် ၁၂:၉) စာတန်မာရ်နတ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သလား။ မဖန်ဆင်းခဲ့ဘူး။ ယေဟောဝါ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်၊ ကောင်းမွန်တယ်။ (တရားဟောရာ ၃၂:၄) အဲဒီနာမ်ဝိညာဉ်သတ္တဝါက “အသရေဖျက်သူ” လို့ အဓိပ္ပာယ်ရှိတဲ့ မာရ်နတ်နဲ့ “ခုခံသူ” လို့ အဓိပ္ပာယ်ရှိတဲ့ စာတန်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖြစ်စေခဲ့တယ်။ သူက ဘုရားသခင်ရဲ့ နေရာကို ရယူချင်တဲ့ “ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံ” ပြီး ဖန်ဆင်းရှင်ကို စတင် ဆန့်ကျင်ပုန်ကန်ခဲ့တယ်။—ယာကုပ် ၁:၁၄။
၄ မြွေက ဘယ်သူလဲ။ ဗျာဒိတ်ကျမ်းမှာ “ရှေးမြွေဟောင်း” ကို “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်” လို့ ဖော်ပြထားတယ်။ (၅ စာတန်မာရ်နတ်က ဧဝကို “မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိ ပွင့်လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ်” လို့ ပြောတယ်။ (ကမ္ဘာဦး ၃:၄၊ ၅) အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို စားချင်စိတ် ဖြစ်ပေါ်လာအောင် စာတန် ဆွဲဆောင်ခဲ့တယ်။ ‘ဘုရားသခင်က ကောင်းတဲ့အရာတစ်ခုခုကို မပေးချင်လို့ ထိမ်ချန်ထားတာ။ အသီးကို စားကြည့်လိုက်၊ မင်းတို့လည်း ဘုရားလို ဖြစ်လာမယ်၊ အကောင်းအဆိုးကို ကိုယ်တိုင် ဆုံးဖြတ်တတ်လာမယ်’ လို့ စာတန် ပြောနေခြင်း ဖြစ်တယ်။ ဘုရားသခင်ကို လူတွေ ဝတ်မပြုအောင် အလားတူနည်းလမ်းကို ယနေ့ စာတန် အသုံးပြုနေတယ်။ ‘ကိုယ်ကြိုက်သလိုသာ လုပ်၊ အသက်ပေးရှင်အတွက် ပေးသင့်ပေးထိုက်တာကို ဘေးချိတ်ထားလိုက်’ လို့ ပြောနေတယ်။—ဗျာဒိတ် ၄:၁၁။
၆ အပင်ရဲ့အသီးက မစားရမနေနိုင်လောက်အောင် စားချင်စဖွယ် ဖြစ်လာတယ်။ ဒါနဲ့ ဧဝက အသီးကို ယူစားပြီး အာဒံကိုလည်း ကျွေးလိုက်တယ်။ အကျိုးဆက်ကို သိသိကြီးနဲ့ အာဒံက ဇနီးရဲ့စကားကို နားထောင်ပြီး အသီးကို စားလိုက်တယ်။ ရလဒ်က ဘာလဲ။ မိန်းမကို ယေဟောဝါ ဒီလိုစီရင်တယ်– “မင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဒုက္ခအများကြီး ကြုံရမယ်။ ဝေဒနာ ခံစားပြီး သားဖွားရမယ်။ ကိုယ့်ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်နေလိမ့်မယ်။ သူက မင်းကို ဩဇာလွှမ်းမိုးလိမ့်မယ်။” ယောက်ျားကိုလည်း “မြေကြီးဟာ ကျိန်စာသင့်ပြီ။ မြေထွက်သီးနှံ စားရဖို့ တစ်သက်လုံး မင်း ပင်ပင်ပန်းပန်း လုပ်ကိုင်ရလိမ့်မယ်။ မြေပေါ်မှာ ဆူးပင်တွေ၊ ချုံပင်တွေ ပေါက်လာမယ်။ မြေပေါ်မှာပေါက်တဲ့ အပင်တွေကို မင်း စားရမယ်။ မြေကြီးကဖြစ်လာတဲ့မင်းဟာ မြေကြီးကို ပြန်သွားချိန်အထိ ချွေးထွက်အောင် ပင်ပင်ပန်းပန်းလုပ်မှ အစာစားရမယ်။ မင်းဟာ မြေမှုန့်ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ကမ္ဘာဦး ၃:၆-၁၉။
ပြန်ရမယ်” လို့ မိန့်ဆိုတယ်။ အခု အာဒံနဲ့ ဧဝတို့ ကျေနပ်ပျော်ရွှင်မှုကို မိမိတို့ဘာသာ ရှာရတော့မယ်။ ဘုရားသခင့် ရည်ရွယ်ချက်နဲ့အညီ မဟုတ်ဘဲ ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ ပိုင်ဆိုင်ဖို့ လူ့ကြိုးပမ်းမှု အောင်မြင်မလား။ ပရဒိသုဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်ပြီး ကမ္ဘာအနှံ့ တိုးချဲ့သွားရမယ့် ပျော်ရွှင်ဖွယ်အလုပ်အစား အသက်ဆက်ရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရလို့ ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ ဘာမျှမလုပ်ဆောင်နိုင်တော့ဘူး။—၇ အကောင်းအဆိုး သိကျွမ်းရာအပင်ရဲ့ အသီးကို စားတဲ့နေ့မှာ ပထမလူသားမောင်နှံဟာ ဘုရားသခင့်အမြင်မှာ သေဆုံးသွားပြီး သူတို့ရဲ့ခန္ဓာကိုယ်လည်း တဖြည်းဖြည်း အိုမင်းရင့်ရော်လာတယ်။ သူတို့ သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲ။ လူသေတွေရဲ့ အခြေအနေကို ကျမ်းစာက ဒီလိုရှင်းပြတယ်– “အသက်ရှင်နေသူက သေရမှာကို သိတယ်။ သေလွန်သူကတော့ ဘာမှ မသိဘူး။ ဘာအကျိုးမှလည်း မရတော့ဘူး။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို လူတွေ မေ့သွားကြတယ်။” (ဒေသနာ ၉:၅။ ဆာလံ ၁၄၆:၄) သေပြီးနောက် အသက်ဆက်ရှင်နေတဲ့ “ဝိညာဉ်” ဆိုတာ မရှိဘူး။ အပြစ်ရဲ့အခက သေခြင်း ဖြစ်ပြီး မီးငရဲမှာ ထာဝစဉ် ညှဉ်းဆဲခံရခြင်း မဟုတ်ပါ။ ဒီ့ပြင် သေပြီးနောက် ကောင်းကင်မှာ ထာဝရ စံစားရမယ်ဆိုတာလည်း မဟုတ်ဘူး။ *
၈ ပိမ့်ချိုင့်နေတဲ့ ဒယ်အိုးတစ်လုံးနဲ့ မုန့်ဖုတ်ရင် အချိုင့်ပါတဲ့မုန့်တွေပဲ ရရှိမယ်။ အဲဒီလိုပဲ မစုံလင်တဲ့ လူယောက်ျားမိန်းမကနေ မစုံလင်သူတွေပဲ မွေးဖွားလာမယ်။ အဲဒါကို သမ္မာကျမ်းစာက ဒီလိုရှင်းပြတယ်– “အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။” (ရောမ ၅:၁၂) ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်ပါလျက် မွေးဖွားလာပြီး အချည်းနှီးအဖြစ်ကို ရောက်ကြရတယ်။ အာဒံ့သားစဉ်မြေးဆက်တွေရဲ့ အသက်တာဟာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတယ်။ ဒါပေမဲ့ လွတ်မြောက်ရာလမ်း ရှိပါသလား။
^ အပိုဒ်၊ 7 လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အသေးစိတ် အချက်အလက်တွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၆ မှာ တွေ့နိုင်တယ်။