မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၄ “သတင်းကောင်း ဟောပါ” နောက်ဆုံး အထူးအစည်းအဝေးကြီး ချီလီနိုင်ငံ၊ စန်တီယေဂိုမြို့မှာ ကျင်းပပြီးစီး

၂၀၂၄ “သတင်းကောင်း ဟောပါ” နောက်ဆုံး အထူးအစည်းအဝေးကြီး ချီလီနိုင်ငံ၊ စန်တီယေဂိုမြို့မှာ ကျင်းပပြီးစီး

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ကနေ ၂၀ ရက်နေ့အတွင်း၊ ချီလီနိုင်ငံ၊ စန်တီယေဂိုမြို့၊ အယ် ထရီဘိုလ် အစည်းအဝေးကြီးခန်းမမှာ “သတင်းကောင်း ဟောပါ” နောက်ဆုံး အထူးအစည်းအဝေးကြီး ကျင်းပခဲ့တယ်။ တက်ရောက်သူ စုစုပေါင်း ၉,၁၄၀ ရှိပြီး နှစ်ခြင်းခံသူ ၅၉ ယောက် ရှိတယ်။ ဒါဟာ ဒီနှစ်အတွင်း စန်တီယေဂိုမြို့မှာ ကျင်းပတဲ့ ဒုတိယ အထူးအစည်းအဝေးကြီးပါ။ ၂၀၂၄ ခုနှစ်၊ ဇွန်လကနေ အောက်တိုဘာလကြား၊ ကမ္ဘာတစ်ဝန်းမှာ ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးကြီး ၁၅ ခုထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။

ချီလီနိုင်ငံ၊ စန်တီယေဂိုမြို့၊ ယေဟောဝါသက်သေများရဲ့ အယ် ထရီဘိုလ် အစည်းအဝေးကြီးခန်းမမှာ တက်ရောက်သူများ

စန်တီယေဂိုမြို့မှာ ကျင်းပတဲ့၊ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးအထူးအစည်းအဝေးကြီးမှာ နှစ်ခြင်းခံသူ ၅၉ ယောက်ထဲက တစ်ယောက်

အထူးအစည်းအဝေးကြီး ကျင်းပတဲ့ မြို့က ဒေသခံတွေဟာ ကမ္ဘာတစ်ဝန်းက ကိုယ်စားလှယ်တွေ ရောက်မလာခင် လနဲ့ချီကတည်းက ကြိုတင်ပြင်ဆင်ကြတယ်။ ချီလီနိုင်ငံက ထောင်နဲ့ချီတဲ့ လုပ်အားပေးတွေလည်း ၁၆ နိုင်ငံက ကိုယ်စားလှယ် ၂,၃၉၇ ယောက်ကို အကောင်းဆုံး ကြိုဆိုဧည့်ခံနိုင်ဖို့ မမောမပန်းနိုင် ပြင်ဆင်လုပ်ဆောင်ခဲ့ကြတယ်။ ဒေသခံတွေက လုပ်အားပေးနိုင်ဖို့ ကိုယ့်အလုပ်ဇယားကို ချိန်ညှိခဲ့တာနဲ့ပတ်သက်ပြီး ညီအစ်မတစ်ယောက် အခုလို ပြောတယ်– “ကျွန်မဘက်က တစ်ခုခု ပေးဆပ်လိုက်ရတယ်လို့ နည်းနည်းမှ မခံစားရဘူး။ မောတော့မောတာပေါ့။ ဒါပေမဲ့ ကိုယ်ရလိုက်တဲ့ မိတ်ဆွေသစ်တွေ၊ မမေ့နိုင်တဲ့အမှတ်တရတွေနဲ့ ဘယ်ယှဉ်လို့ရမလဲ။”

စန်တီယေဂို အထူးအစည်းအဝေးကြီးကို တက်ရောက်ခဲ့တဲ့ အမေရိကန်ညီအစ်ကိုတစ်ယောက် ဒီလို ပြောပြတယ်– “လေဆိပ် ရောက်တဲ့အချိန်က စပြီး ညီအစ်ကို/မတွေဆီက မေတ္တာ တောက်လျှောက် ခံစားရတယ်။ စကားနဲ့တောင် ပြောမပြတတ်ဘူး။” ပီရူးနိုင်ငံက ညီအစ်မတစ်ယောက် အခုလို ပြောတယ်– “အထူးအစည်းအဝေးကြီးတက်တာ ကျွန်မအတွက် ဒါပထမဆုံးပါ။ ထင်ထားတာထက်တောင် အများကြီး ပိုကောင်းတယ်။ ယေဟောဝါက ကျွန်မကို ခွန်အားပေးပြီး အများကြီး အားပေးခဲ့တယ်။”

ချီလီဌာနခွဲဆီ လာလည်ပတ်သူတွေကို ဗေသလမိသားစုဝင်တွေ လက်ပြ နှုတ်ဆက်နေ။ လက်ထဲမှာ “ပရဒိသုမှာ ပြန်တွေ့ကြမယ်” ဆိုပြီး စာစီထားတဲ့ စကားလုံးတွေ ကိုင်ထား

နာမတော်ကို ဂုဏ်တင်ချီးမွမ်းခွင့် ရစေတဲ့ “သတင်းကောင်း ဟောပါ” ၂၀၂၄ အထူးအစည်းအဝေးကြီးတွေကို ယေဟောဝါ ကောင်းချီးသွန်းလောင်းပေးလို့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့အတူ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၃၄:၃

၂၀၂၄ အထူးအစည်းအဝေးကြီး ၁၅ ခုမှာ ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ ပျော်ရွှင်မှု၊ စည်းလုံးမှုကို မြင်တွေ့ရတဲ့ ဓာတ်ပုံများ

 

အာဆွန်စီယွန်မြို့၊ ပါရာဂွေး

ဘေမဟော့ဒေသ၊ ဂွါဒီလုနိုင်ငံ

ဘူဒါပက်စ်မြို့၊ ဟန်ဂေရီ။

ဟဲလ်စင်ကီမြို့၊ ဖင်လန်

လီအွန်မြို့၊ ပြင်သစ်။

ဖီလဒဲလ်ဖီးယားမြို့၊ အမေရိကန်ပြည်ထောင်စု

ပရော့ဂ်မြို့၊ ချက်ပြည်သူ့သမ္မတ

ရေကဗစ်မြို့၊ အိုက်စလန်

စန်တီယေဂိုမြို့၊ ချီလီ#၁

စန်တီယေဂိုမြို့၊ ချီလီ#၂

စန်တို ဒိုမင်ဂိုမြို့၊ ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံ

ဆိုဖီယာမြို့၊ ဘူလ်ဂေးရီးယား

ဆူဗာမြို့၊ ဖီဂျီကျွန်း

တမ်ပါမြို့၊ အမေရိကန်ပြည်ထောင်စု

ဇူးရစ်မြို့၊ ဆွစ်ဇာလန်